Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၂၁.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ခူးလကွယ်၊ အင်္ဂါနေ့။
တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၃၆ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၁၁:၂၁ အထိ ဥတ္တရာဘဒြပိုဒ်နက္ခတ်။ ကျော်လျှင် ရေဝတီနက္ခတ်။ ည ၂၂:၂၄ အထိ ဝေဒရိယုဂ်၊ အားနည်းခြင်း၊ လွှမ်းမိုးခံရခြင်း၊ ချင့်ချိန်နေရခြင်း၊ မိမိဆန္ဒကို ဦးစားမပေးဘဲ သူတပါးအရိပ်အခြေကို ကြည့်၍ ချင့်ချိန်လုပ်ဆောင်ပါ။ ကျော်လျှင် ဝိသကုမ္ဘယုဂ်၊ ကြွယ်ဝခြင်း၊ အထောက်အပံ့ရရှိခြင်း၊ သူတပါးအကူအညီ ရယူ၍ လုပ်ဆောင်ရမည့်ကိစ္စများအတွက် အထူးလုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၇:၂၄ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ နံနက် ၆:၃၆ အထိ သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။ ကျော်လျှင် စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၃၆ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)