La Liga Premier League Serie A

မန္စီးတီးပစ္မွတ္တိုက္စစ္မွဴးအတြက္ ဘာစီလိုနာ လက္ေလွ်ာ့ေၾကာင္းဆိုခဲ့လို႔ ပိုမိုနီးစပ္လာ

ဘာစီလိုနာအသင္းရဲ႕ နည္းျပ ကီေကး ဆီတီယန္အေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းနဲ႔အၿပဳိင္ ေခၚယူဖို႔ ႀကဳိးစားေနတဲ့ အင္တာမီလန္ တုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ေျပာင္းေရႊ႕ေၾကးကို သူတုိ႔အေနနဲ႔ တတ္ႏုိင္ဖို႔ မလြယ္ဘူးလို႔ ဝန္ခံလုိက္ၿပီး သူ႕အတြက္ ၿပဳိင္ပြဲကေန လက္ေလွ်ာ့တဲ့ အမူအရာကို ျပသလုိက္ပါတယ္။

ကာတာလန္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အသုံးစရိတ္ေတြနဲ႔ ကစားသမားေတြရဲ႕ စီမံခန္႔ခြဲမွဳပုိင္းမွာ ခါးသီးတဲ့ ၿပဳိင္ဘက္ ရီးရဲလ္မက္ဒရစ္လိုပဲ ပုိလွ်ံကစားသမားေတြေၾကာင့္ ခက္ခဲတဲ့ အေနအထားနဲ႔ ရင္ဆုိင္ေနရၿပီး ဒါကို ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြေလ်ာ့က်မွဳက ဘူးေလးရာ ဖ႐ုံဆင့္သလိုျဖစ္ၿပီး ကစားသမားေဟာင္း ေနမာတစ္ဦးတည္းကိုသာ ျပန္လည္ေခၚယူႏုိင္ဖို႔ ႀကဳိးစားသြားဖြယ္ရွိေနပါတယ္။

ကီေကး ဆီတီယန္ရဲ႕ ဝန္ခံခ်က္ကေတာ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔အတြက္ သတိေပးေခါင္းေလာင္းသံလည္းျဖစ္ခဲ့ၿပီး သူတုိ႔ႏွစ္သင္းအေနနဲ႔ေတာ့ မာတီနက္ဇ္အတြက္ အင္တာမီလန္အသင္းရဲ႕ သတ္မွတ္ေၾကးျဖစ္တဲ့ ေပါင္ ၉၇ သန္းခြဲကို အလြယ္တကူ ေပးေခ်ႏုိင္စြမ္းလည္း ရွိေနၾကတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ အာဂ်င္တီးနားတုိက္စစ္မွဴးအေနနဲ႔ ႏုိင္ငံအသင္းေဖာ္ လီယြန္နယ္ မက္ဆီနဲ႔ တြဲဖက္ကစားခြင့္ကို စြန္႔လႊတ္ရဖို႔ ရွိေနၿပီး တျခားအသင္းေဖာ္တစ္ဦးျဖစ္တဲ့ ဆာဂ်ီယို အေဂြ႐ိုနဲ႔ ပူးေပါင္းခြင့္ကိုေတာ့ ရရွိႏိုင္ေသးသလို မန္စီးတီးအသင္းက ပိုမိုအားေကာင္းတဲ့ ဆြဲေဆာင္မွဳျဖစ္ဖို႔လည္း ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ မာတီနက္ဇ္ဟာ ဦးစားေပးပစ္မွတ္မဟုတ္ဘဲ သူတုိ႔အသင္းအေနနဲ႔ ကြင္းလယ္၊ ဂိုးသမားနဲ႔ ခံစစ္ပုိင္းတို႔ကို ျပင္ဆင္သြားရဖို႔ ရွိေနၿပီး မန္စီးတီးကေတာ့ တုိက္စစ္မွဴးတစ္ဦးနဲ႔ ဗဟိုခံစစ္မွဴးတစ္ဦးသာ လိုအပ္ေနတာျဖစ္တဲ့အတြက္ အာဂ်င္တီးနားတုိက္စစ္မွဴးကို ဂြါဒီယိုလာအေနနဲ႔ အျမန္ဆုံးလက္ဦးမွဳရယူသြားလိမ့္မယ္လို႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းရဲ့ နည်းပြ ကီကေး ဆီတီယန်အနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေတဲ့ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို သူတို့အနေနဲ့ တတ်နိုင်ဖို့ မလွယ်ဘူးလို့ ဝန်ခံလိုက်ပြီး သူ့အတွက် ပြိုင်ပွဲကနေ လက်လျှော့တဲ့ အမူအရာကို ပြသလိုက်ပါတယ်။

ကာတာလန်အသင်းအနေနဲ့ သူတို့ရဲ့ အသုံးစရိတ်တွေနဲ့ ကစားသမားတွေရဲ့ စီမံခန့်ခွဲမှုပိုင်းမှာ ခါးသီးတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်လိုပဲ ပိုလျှံကစားသမားတွေကြောင့် ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး ဒါကို ကိုဗစ်-၁၉ ကြောင့် ဝင်ငွေလျော့ကျမှုက ဘူးလေးရာ ဖရုံဆင့်သလိုဖြစ်ပြီး ကစားသမားဟောင်း နေမာတစ်ဦးတည်းကိုသာ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။

ကီကေး ဆီတီယန်ရဲ့ ဝန်ခံချက်ကတော့ မန်ချက်စတာစီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့အတွက် သတိပေးခေါင်းလောင်းသံလည်းဖြစ်ခဲ့ပြီး သူတို့နှစ်သင်းအနေနဲ့တော့ မာတီနက်ဇ်အတွက် အင်တာမီလန်အသင်းရဲ့ သတ်မှတ်ကြေးဖြစ်တဲ့ ပေါင် ၉၇ သန်းခွဲကို အလွယ်တကူ ပေးချေနိုင်စွမ်းလည်း ရှိနေကြတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးအနေနဲ့ နိုင်ငံအသင်းဖော် လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ကစားခွင့်ကို စွန့်လွှတ်ရဖို့ ရှိနေပြီး တခြားအသင်းဖော်တစ်ဦးဖြစ်တဲ့ ဆာဂျီယို အဂွေရိုနဲ့ ပူးပေါင်းခွင့်ကိုတော့ ရရှိနိုင်သေးသလို မန်စီးတီးအသင်းက ပိုမိုအားကောင်းတဲ့ ဆွဲဆောင်မှုဖြစ်ဖို့လည်း ရှိနေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့တော့ မာတီနက်ဇ်ဟာ ဦးစားပေးပစ်မှတ်မဟုတ်ဘဲ သူတို့အသင်းအနေနဲ့ ကွင်းလယ်၊ ဂိုးသမားနဲ့ ခံစစ်ပိုင်းတို့ကို ပြင်ဆင်သွားရဖို့ ရှိနေပြီး မန်စီးတီးကတော့ တိုက်စစ်မှူးတစ်ဦးနဲ့ ဗဟိုခံစစ်မှူးတစ်ဦးသာ လိုအပ်နေတာဖြစ်တဲ့အတွက် အာဂျင်တီးနားတိုက်စစ်မှူးကို ဂွါဒီယိုလာအနေနဲ့ အမြန်ဆုံးလက်ဦးမှုရယူသွားလိမ့်မယ်လို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.