La Liga Premier League Transfer News

နှစ်နှစ်အကြာမှာ ရီးရဲလ်ကနေ ချဲလ်ဆီးကို ပြန်ဖို့ ဟာဇတ် ဆန္ဒရှိနေပြီတဲ့လား

ချဲလ်ဆီးအသင်းနဲ့အတူ အကောင်းဆုံးအဆင့်ကို တက်လှမ်းလာခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင် အီဒင် ဟာဇတ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ပြီး နှစ်နှစ်အကြာမှာ စပိန်မြေမှာ မပျော်ရွှင်တော့ဘဲ အသင်းဟောင်းရှိရာ အင်္ဂလန်မြေကို ပြန်လည်ခြေချလိုနေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က ဘာနေဗျူးကို ပေါင် ၈၅ သန်း (ယူရိုသန်း ၁၀၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယမ်သားအတွက် ရီးရဲလ်တို့အနေနဲ့ စာချုပ်ချုပ်ဆိုမှုတွေပါ ထည့်သွင်းတွက်ချက်ရင် ပေါင် ၁၀၃.၉ သန်း (ယူရိုသန်း ၁၂၀) အထိ ကုန်ကျခဲ့တာဖြစ်ပြီး သူ့အနေနဲ့ နှစ်ရာသီအတွင်းမှာ ပွဲ ၃၀ သာ ကစားပေးနိုင်ခဲ့တာအတွက် ငြိုငြင်မှုတွေလည်း ရှိနေခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဟာဇတ်ဟာ သူ့ရဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ကလွဲလို့ ဆုဖလားများစွာကို ရယူနိုင်ခဲ့တဲ့ ၇ နှစ်ကြာ သံယောဇဉ်တွေနဲ့ အသင်းဟောင်းကို လွမ်းနေပြီလို့ ဆိုပြီး လိုင်လီကနေ ရောက်လာခဲ့ကတည်းက စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေအတွက် ပွဲပေါင်း ၃၅၂ ပွဲ ကစားပြီး ဂိုးပေါင်း ၁၁၀ သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်သလို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရှုံးပွဲအပြီး ချဲလ်ဆီးအသင်းသားတွေနဲ့အတူ အောင်ပွဲခံမှုကလည်း လူပြောစရာဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ လာလီဂါဥက္ကဌ ဟားဗီးယား တီဘက်စ်ရဲ့ ပေါ်လစီအပြောင်းအလဲတွေကြားမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အပါအဝင် အသင်းကြီးတွေ အခက်အခဲတွေ့ခဲ့ပြီး နည်းပြအပြောင်းအလဲပါ ပြုလုပ်ထားတဲ့ တော်ဝင်အသင်းအနေနဲ့ ဟာဇတ်ရဲ့ လစာကိုပါ ထိပါးဖို့ ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။

ဟာဇတ်အနေနဲ့ နည်းပြ ကာလို အန်ချယ်လော့တီဆီကတစ်ဆင့် အသင်းက ထွက်ဖို့ တောင်းဆိုသွားမယ်လို့ သိရပြီး အီတလီသားကြီးအနေနဲ့ သူ့ကို အကောင်းဆုံးအသုံးချနိုင်ဖို့ ပြင်ဆင်ထားချိန်မှာ စည်းရုံးသွားဖို့က ထင်သလောက်မလွယ်ဘဲ ရီးရဲလ်မက်ဒရစ်ရဲ့ အရောင်းစာရင်းထဲကိုပဲ ရောက်ဖို့များနေတယ်လို့ ဆိုပါတယ်။

အသင်းမှာ လစာလျှော့ယူဖို့ ညှိနှိုင်းဖို့ ခက်မှာဖြစ်သလို ကစားပေးချင်စိတ် မရှိတော့တဲ့ ဘယ်လ်ဂျီယမ်သားကို ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကတော့ ပြောင်းရွှေ့ကြေးကိုပဲ ရောင်းထုတ်ရယူသွားနိုင်ဖို့ ဆုံးဖြတ်သွားဖွယ်ရှိနေပြီး ချဲလ်ဆီးပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့သလို ခုထိလည်း ချစ်နေဆဲဖြစ်တဲ့ သူ့ကို ပြန်လည်ခေါ်ယူဖို့ကတော့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ထောက်ခံချက်နဲ့ ကစားသမားတချို့ကို ရောင်းချသွားဖို့ လိုအပ်နေမယ်လို့ ယူဆရမှာပါ။

ဘယ်လ်ဂျီယမ်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ၄ ပွဲ ကစားခဲ့ပေမယ့် ပေါ်တူဂီကို အနိုင်ရတဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့လို့ အီတလီနဲ့ပွဲကို လွဲခဲ့ပြီး နောက်အဆင့်တွေကို တက်လှမ်းအောင် မကူညီပေးနိုင်ခဲ့တဲ့ ဟာဇတ်အနေနဲ့ လက်ရှိမှာ ပေါင်နောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်နေရပေမယ့် ပြင်းထန်မှု မရှိသလို ဒီထက်ကြီးမားတဲ့ သူ့ရဲ့ အလွမ်းဝေဒနာကို လန်ဒန်အနောက်ပိုင်းမှာ ပြန်လည်ကုစားပေးနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနဲ႔အတူ အေကာင္းဆုံးအဆင့္ကို တက္လွမ္းလာခဲ့တဲ့ ကြင္းလယ္ဖန္တီးရွင္ အီဒင္ ဟာဇတ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ၿပီး ႏွစ္ႏွစ္အၾကာမွာ စပိန္ေျမမွာ မေပ်ာ္႐ႊင္ေတာ့ဘဲ အသင္းေဟာင္းရွိရာ အဂၤလန္ေျမကို ျပန္လည္ေျခခ်လိုေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္က ဘာေနဗ်ဴးကို ေပါင္ ၈၅ သန္း (ယူ႐ိုသန္း ၁၀၀)နဲ႔ ေရာက္ရွိလာခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားအတြက္ ရီးရဲလ္တို႔အေနနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုမႈေတြပါ ထည့္သြင္းတြက္ခ်က္ရင္ ေပါင္ ၁၀၃.၉ သန္း (ယူ႐ိုသန္း ၁၂၀) အထိ ကုန္က်ခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ ႏွစ္ရာသီအတြင္းမွာ ပြဲ ၃၀ သာ ကစားေပးႏိုင္ခဲ့တာအတြက္ ၿငိဳျငင္မႈေတြလည္း ရွိေနခဲ့တာပါ။

အသက္ ၃၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟာဇတ္ဟာ သူ႔ရဲ႕ အေအာင္ျမင္ဆုံးျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကလြဲလို႔ ဆုဖလားမ်ားစြာကို ရယူႏိုင္ခဲ့တဲ့ ၇ ႏွစ္ၾကာ သံေယာဇဥ္ေတြနဲ႔ အသင္းေဟာင္းကို လြမ္းေနၿပီလို႔ ဆိုၿပီး လိုင္လီကေန ေရာက္လာခဲ့ကတည္းက စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြအတြက္ ပြဲေပါင္း ၃၅၂ ပြဲ ကစားၿပီး ဂိုးေပါင္း ၁၁၀ သြင္းယူေပးႏိုင္ခဲ့သူလည္းျဖစ္သလို ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ရႈံးပြဲအၿပီး ခ်ဲလ္ဆီးအသင္းသားေတြနဲ႔အတူ ေအာင္ပြဲခံမႈကလည္း လူေျပာစရာျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လာလီဂါဥကၠဌ ဟားဗီးယား တီဘက္စ္ရဲ႕ ေပၚလစီအေျပာင္းအလဲေတြၾကားမွာ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အပါအဝင္ အသင္းႀကီးေတြ အခက္အခဲေတြ႕ခဲ့ၿပီး နည္းျပအေျပာင္းအလဲပါ ျပဳလုပ္ထားတဲ့ ေတာ္ဝင္အသင္းအေနနဲ႔ ဟာဇတ္ရဲ႕ လစာကိုပါ ထိပါးဖို႔ ျပင္ဆင္လာခဲ့တာလည္းျဖစ္ပါတယ္။

ဟာဇတ္အေနနဲ႔ နည္းျပ ကာလို အန္ခ်ယ္ေလာ့တီဆီကတစ္ဆင့္ အသင္းက ထြက္ဖို႔ ေတာင္းဆိုသြားမယ္လို႔ သိရၿပီး အီတလီသားႀကီးအေနနဲ႔ သူ႔ကို အေကာင္းဆုံးအသုံးခ်ႏိုင္ဖို႔ ျပင္ဆင္ထားခ်ိန္မွာ စည္း႐ုံးသြားဖို႔က ထင္သေလာက္မလြယ္ဘဲ ရီးရဲလ္မက္ဒရစ္ရဲ႕ အေရာင္းစာရင္းထဲကိုပဲ ေရာက္ဖို႔မ်ားေနတယ္လို႔ ဆိုပါတယ္။

အသင္းမွာ လစာေလွ်ာ့ယူဖို႔ ညႇိႏႈိင္းဖို႔ ခက္မွာျဖစ္သလို ကစားေပးခ်င္စိတ္ မရွိေတာ့တဲ့ ဘယ္လ္ဂ်ီယမ္သားကို ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကေတာ့ ေျပာင္းေ႐ႊ႕ေၾကးကိုပဲ ေရာင္းထုတ္ရယူသြားႏိုင္ဖို႔ ဆုံးျဖတ္သြားဖြယ္ရွိေနၿပီး ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့သလို ခုထိလည္း ခ်စ္ေနဆဲျဖစ္တဲ့ သူ႔ကို ျပန္လည္ေခၚယူဖို႔ကေတာ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ေထာက္ခံခ်က္နဲ႔ ကစားသမားတခ်ိဳ႕ကို ေရာင္းခ်သြားဖို႔ လိုအပ္ေနမယ္လို႔ ယူဆရမွာပါ။

ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ၄ ပြဲ ကစားခဲ့ေပမယ့္ ေပၚတူဂီကို အႏိုင္ရတဲ့ ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့လို႔ အီတလီနဲ႔ပြဲကို လြဲခဲ့ၿပီး ေနာက္အဆင့္ေတြကို တက္လွမ္းေအာင္ မကူညီေပးႏိုင္ခဲ့တဲ့ ဟာဇတ္အေနနဲ႔ လက္ရွိမွာ ေပါင္ေနာက္ေၾကာဒဏ္ရာနဲ႔ ရင္ဆိုင္ေနရေပမယ့္ ျပင္းထန္မႈ မရွိသလို ဒီထက္ႀကီးမားတဲ့ သူ႔ရဲ႕ အလြမ္းေဝဒနာကို လန္ဒန္အေနာက္ပိုင္းမွာ ျပန္လည္ကုစားေပးႏိုင္မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.