Premier League Transfer News

အာတီတာနဲ့ အာဆင်နယ်တို့ အပြောင်းအရွှေ့တွေအပြီး ရာသီသစ်မှာ ဘယ်လိုပွဲထွက်လာနိုင်လဲ

အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ သူလိုချင်တဲ့ အသင်းမျိုး ရရှိအောင် တဖြည်းဖြည်းချင်း ပုံဖော်နေပြီး ရလဒ်ပိုင်းတွေမှာ အားနည်းခဲ့တာကိုလည်း အဆိုအဆဲခံ ရှေ့ဆက်ရင်း အသင်းပိုင်ရှင် ခရိုယန်ကီတွေရဲ့ လိုက်လျောပံ့ပိုးမှုတွေ အောက်မှာ တိုးတက်လာနေသလို ဒီနွေရာသီ အပြောင်းအရွှေ့မှာတော့ တော်တော်လေး ရုပ်လုံးပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ ပေးပြီး ခေါ်ယူခဲ့တာက အသင်းရဲ့ အဓိက ပွဲထွက်ကစားသမားတစ်ဦးအဖြစ် နေရာပေးဖို့ မြေကြီးလက်ခတ်မလွဲဖြစ်နေသလို ခံစစ်မှာ အစီအစဉ်ထဲ မပါသူတွေကိုတော့ ရှင်းထုတ်သွားခဲ့ပြီး ဒီထဲမှာ အူနိုင်း အမ်မရီလက်ထက်က အားလုံးမျှော်လင့်ခဲ့ကြတဲ့ ဝီလီယမ် ဆာလီဘာလည်း ပါဝင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဘယ်နောက်ခံလူ မလုံလောက်မှုကို ဘင်ဖီကာရဲ့ နူနို တာဗာရက်စ်ကို ခေါ်ယူဖြေရှင်းထားပြီး ကီရန် တီယာနီရဲ့ အထောက်အကူအဖြစ် သင်ယူခိုင်းသွားဖို့ ရှိနေသလို ရှော်လ်ကာက ပြန်လာတဲ့ ဆိဒ် ကိုလာစီနက်ချ်ကိုတော့ ထွက်ခွင့်ပေးဖို့ ရှိနေပြီး ညာခြမ်းမှာလည်း ဟက်တာ ဘယ်လာရင်ကို ထွက်သွားရင်ပြီးရော လုပ်ဖို့ရှိနေပါတယ်။

ဒါကြောင့် အာတီတာရဲ့ ခံစစ်မှာ ရောင်းထုတ်ဖို့ မဖြစ်နိုင်သေးတဲ့ ဂိုးသမား လီနိုနဲ့ပဲ တည်ဆောက်ပြီး သူ့ရှေ့က ဘန်ဝှိုက်နဲ့ ဂါဘရီယယ်လ်တို့ကို တွဲပေးမှာဖြစ်သလို ဘယ်ခြမ်းမှာ တီယာနီနဲ့ ညာခြမ်းမှာတော့ ကယ်လမ် ချိမ်းဘားစ်နဲ့ ဆီးဒရစ် ဆွာရက်စ်တို့ကို အသုံးပြုသွားနိုင်ပါတယ်။ ဒါကတော့ ညာခြမ်းမှာ လိုချင်တဲ့ ဆာဂျင်ညို ဒက်စ်နဲ့ မက်စ် အာရွန်စ်တို့လို ကစားသမားတွေကို မရရှိခဲ့ရင်ပါ။

ကွင်းလယ်မှာ သောမတ်စ် ပါတေးက အဓိက ကစားသမားဖြစ်နိုင်ပြီး ဆမ်ဘီ လိုကွန်ဂါကတော့ ပရီးမီးယားလိဂ်မှာ သင်ယူရဦးမယ့်သူမျိုးအဖြစ် စမ်းသပ်သုံးစွဲမယ့်အချိန်မှာ ကွင်းလယ် Box to Box အတွက် ကစားသမားသစ်တစ်ဦး ထပ်မံခေါ်ယူသွားနိုင်ပြီး ဝုလ်ဗ်စ်ရဲ့ ရူဘင် နီဗက်စ်နဲ့ လီယွန်ရဲ့ ဟူဆင်းမ် အောဝါတို့ကို ရရှိနိုင်ဖို့ ကြိုးစားနေသလို ရီးရဲလ်က မာတင် အော်ဒီဂွါဒ်ကို ရနိုင်ခြေကိုတော့ စောင့်ကြည့်နေပါတယ်။

အာတီတာအနေနဲ့ ဒီရာသီမှာ ကွင်းလယ်တိုက်စစ်ကို အီမီးလ် စမစ်ရိုးကို ဦးဆောင်ခိုင်းဖို့ ရှိနေပြီး နောက်က ပါတေးနဲ့ ကစားသမားသစ်တစ်ယောက်ယောက်ကို ပံ့ပိုးခိုင်းသွားဖို့ ရှိနေသလို ဂရာနစ် ချာကာကိုတော့ ရောင်းထုတ်သွားမှာဖြစ်ပြီး ပရိသတ်တွေကတော့ ဆွစ်ဇာလန်သားနဲ့ ဘာမှ မထူးတဲ့ နီဗက်စ်အစား ဖန်တီးမှု ပိုမြင့်ပြီး ကစားပုံက အနုပညာပိုဆန်တဲ့ အောဝါကို (လက်စတာရဲ့ မက်ဒီဆန်ပါ ရနိုင်ခြေနည်းချိန်မှာ) တောင့်တနေကြတာပါ။

တိုက်စစ်မှာတော့ လာကာဇက်ကို ထုတ်ရောင်းဖို့ များနေပြီး အလုပ်မဖြစ်တဲ့ နယ်လ်ဆန်၊ နကီးတီးယားတို့လို လူငယ်တွေကို ရှင်းထုတ်သွားဖို့ ရှိနေသလို အရန်အဖြစ် ဖိုလာရင် ဘာလိုဂွန်ကို ထားရှိသွားဖို့ ရှိနေပါတယ်။ တိုက်စစ်မှာ ချဲလ်ဆီးရဲ့ တမ်မီ အေဘရာဟမ်ကို ငွေချေဖို့ ပုံစံက အေးဆေးဖြစ်ခဲ့ရင် Homegrown Quota အတွက်ပါ ဦးစားပေးခေါ်ယူသွားဖို့ ရှိနေပြီး အူဘာမီယန်းနဲ့ ဆာကာတို့က တောင်ပံတွေကို အပိုင်စားရနိုင်ပါတယ်။

ဒါက လက်ရှိ ပစ်မှတ်နဲ့ အပြောင်းအရွှေ့မှာ ရောင်းထုတ်နိုင်သူတွေကို ဖယ်ရှားပြီး ခန့်မှန်းထားခြင်းဖြစ်ပြီး အာတီတာအနေနဲ့ အသင်းမှာ လုပ်ခကြီးကြီးပေးပြီး ခြေစွမ်းမပြနိုင်တဲ့ အူဘာမီယန်းကို နောက်ဆုံးအနေနဲ့ ညှစ်ထုတ်သုံးစွဲနိုင်ဖို့ လုပ်ဆောင်လာမှာဖြစ်သလို တိုက်စစ်ပစ်မှတ် တော်တော်များများကလည်း အသင်းပြောင်းရွှေ့ကုန်ပြီဖြစ်လို့ ဆဲလ်တစ်ရဲ့ အော့ဒ်ဆွန်း အေဒူယာတစ်ယောက်သာ ကျန်ဦးမလား မျှော်လင့်ရမှာပါ။

ခံစစ်မှာတော့ ညာနောက်ခံလူသစ်တစ်ဦး ထပ်မံရရှိနိုင်ရင် ပိုကောင်းလာမှာဖြစ်သလို ဟိုးလ်ဒင်းကလည်း အရေးပါတဲ့ အလှည့်ကျကစားခွင့်နဲ့ ဖြည့်ဆည်းသွားနိုင်ပြီး ဂိုးသမားတစ်ဦးကိုတော့ ဘယ်သူရောက်လာမလဲ စောင့်ကြည့်ရဦးမှာဖြစ်တဲ့အတွက် နည်းပြ အာတီတာတစ်ယောက် အပိုင်းအစတွေ ဆက်တဲ့ Jigsaw Game မှာ သူ့ရဲ့ အာဆင်နယ်ကားချပ်ကို ဒီရာသီမှာ ဘယ်လောက်ပုံပေါ်အောင် တည်ဆောက်သွားနိုင်မလဲဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ သူလိုခ်င္တဲ့ အသင္းမ်ိဳး ရရွိေအာင္ တျဖည္းျဖည္းခ်င္း ပုံေဖာ္ေနၿပီး ရလဒ္ပိုင္းေတြမွာ အားနည္းခဲ့တာကိုလည္း အဆိုအဆဲခံ ေရွ႕ဆက္ရင္း အသင္းပိုင္ရွင္ ခ႐ိုယန္ကီေတြရဲ႕ လိုက္ေလ်ာပံ့ပိုးမႈေတြ ေအာက္မွာ တိုးတက္လာေနသလို ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕မွာေတာ့ ေတာ္ေတာ္ေလး ႐ုပ္လုံးေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေပါင္သန္း ၅၀ ေပးၿပီး ေခၚယူခဲ့တာက အသင္းရဲ႕ အဓိက ပြဲထြက္ကစားသမားတစ္ဦးအျဖစ္ ေနရာေပးဖို႔ ေျမႀကီးလက္ခတ္မလြဲျဖစ္ေနသလို ခံစစ္မွာ အစီအစဥ္ထဲ မပါသူေတြကိုေတာ့ ရွင္းထုတ္သြားခဲ့ၿပီး ဒီထဲမွာ အူႏိုင္း အမ္မရီလက္ထက္က အားလုံးေမွ်ာ္လင့္ခဲ့ၾကတဲ့ ဝီလီယမ္ ဆာလီဘာလည္း ပါဝင္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ရလဒ္ေတြ ဆိုး႐ြားခဲ့တဲ့ အေၾကာင္းရင္းတစ္ခုျဖစ္တဲ့ ဘယ္ေနာက္ခံလူ မလုံေလာက္မႈကို ဘင္ဖီကာရဲ႕ ႏူႏို တာဗာရက္စ္ကို ေခၚယူေျဖရွင္းထားၿပီး ကီရန္ တီယာနီရဲ႕ အေထာက္အကူအျဖစ္ သင္ယူခိုင္းသြားဖို႔ ရွိေနသလို ေရွာ္လ္ကာက ျပန္လာတဲ့ ဆိဒ္ ကိုလာစီနက္ခ်္ကိုေတာ့ ထြက္ခြင့္ေပးဖို႔ ရွိေနၿပီး ညာျခမ္းမွာလည္း ဟက္တာ ဘယ္လာရင္ကို ထြက္သြားရင္ၿပီးေရာ လုပ္ဖို႔ရွိေနပါတယ္။

ဒါေၾကာင့္ အာတီတာရဲ႕ ခံစစ္မွာ ေရာင္းထုတ္ဖို႔ မျဖစ္ႏိုင္ေသးတဲ့ ဂိုးသမား လီႏိုနဲ႔ပဲ တည္ေဆာက္ၿပီး သူ႔ေရွ႕က ဘန္ဝႈိက္နဲ႔ ဂါဘရီယယ္လ္တို႔ကို တြဲေပးမွာျဖစ္သလို ဘယ္ျခမ္းမွာ တီယာနီနဲ႔ ညာျခမ္းမွာေတာ့ ကယ္လမ္ ခ်ိမ္းဘားစ္နဲ႔ ဆီးဒရစ္ ဆြာရက္စ္တို႔ကို အသုံးျပဳသြားႏိုင္ပါတယ္။ ဒါကေတာ့ ညာျခမ္းမွာ လိုခ်င္တဲ့ ဆာဂ်င္ညိဳ ဒက္စ္နဲ႔ မက္စ္ အာ႐ြန္စ္တို႔လို ကစားသမားေတြကို မရရွိခဲ့ရင္ပါ။

ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးက အဓိက ကစားသမားျဖစ္ႏိုင္ၿပီး ဆမ္ဘီ လိုကြန္ဂါကေတာ့ ပရီးမီးယားလိဂ္မွာ သင္ယူရဦးမယ့္သူမ်ိဳးအျဖစ္ စမ္းသပ္သုံးစြဲမယ့္အခ်ိန္မွာ ကြင္းလယ္ Box to Box အတြက္ ကစားသမားသစ္တစ္ဦး ထပ္မံေခၚယူသြားႏိုင္ၿပီး ဝုလ္ဗ္စ္ရဲ႕ ႐ူဘင္ နီဗက္စ္နဲ႔ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါတို႔ကို ရရွိႏိုင္ဖို႔ ႀကိဳးစားေနသလို ရီးရဲလ္က မာတင္ ေအာ္ဒီဂြါဒ္ကို ရႏိုင္ေျခကိုေတာ့ ေစာင့္ၾကည့္ေနပါတယ္။

အာတီတာအေနနဲ႔ ဒီရာသီမွာ ကြင္းလယ္တိုက္စစ္ကို အီမီးလ္ စမစ္႐ိုးကို ဦးေဆာင္ခိုင္းဖို႔ ရွိေနၿပီး ေနာက္က ပါေတးနဲ႔ ကစားသမားသစ္တစ္ေယာက္ေယာက္ကို ပံ့ပိုးခိုင္းသြားဖို႔ ရွိေနသလို ဂရာနစ္ ခ်ာကာကိုေတာ့ ေရာင္းထုတ္သြားမွာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ ဆြစ္ဇာလန္သားနဲ႔ ဘာမွ မထူးတဲ့ နီဗက္စ္အစား ဖန္တီးမႈ ပိုျမင့္ၿပီး ကစားပုံက အႏုပညာပိုဆန္တဲ့ ေအာဝါကို (လက္စတာရဲ႕ မက္ဒီဆန္ပါ ရႏိုင္ေျခနည္းခ်ိန္မွာ) ေတာင့္တေနၾကတာပါ။

တိုက္စစ္မွာေတာ့ လာကာဇက္ကို ထုတ္ေရာင္းဖို႔ မ်ားေနၿပီး အလုပ္မျဖစ္တဲ့ နယ္လ္ဆန္၊ နကီးတီးယားတို႔လို လူငယ္ေတြကို ရွင္းထုတ္သြားဖို႔ ရွိေနသလို အရန္အျဖစ္ ဖိုလာရင္ ဘာလိုဂြန္ကို ထားရွိသြားဖို႔ ရွိေနပါတယ္။ တိုက္စစ္မွာ ခ်ဲလ္ဆီးရဲ႕ တမ္မီ ေအဘရာဟမ္ကို ေငြေခ်ဖို႔ ပုံစံက ေအးေဆးျဖစ္ခဲ့ရင္ Homegrown Quota အတြက္ပါ ဦးစားေပးေခၚယူသြားဖို႔ ရွိေနၿပီး အူဘာမီယန္းနဲ႔ ဆာကာတို႔က ေတာင္ပံေတြကို အပိုင္စားရႏိုင္ပါတယ္။

ဒါက လက္ရွိ ပစ္မွတ္နဲ႔ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္ႏိုင္သူေတြကို ဖယ္ရွားၿပီး ခန႔္မွန္းထားျခင္းျဖစ္ၿပီး အာတီတာအေနနဲ႔ အသင္းမွာ လုပ္ခႀကီးႀကီးေပးၿပီး ေျခစြမ္းမျပႏိုင္တဲ့ အူဘာမီယန္းကို ေနာက္ဆုံးအေနနဲ႔ ညႇစ္ထုတ္သုံးစြဲႏိုင္ဖို႔ လုပ္ေဆာင္လာမွာျဖစ္သလို တိုက္စစ္ပစ္မွတ္ ေတာ္ေတာ္မ်ားမ်ားကလည္း အသင္းေျပာင္းေ႐ႊ႕ကုန္ၿပီျဖစ္လို႔ ဆဲလ္တစ္ရဲ႕ ေအာ့ဒ္ဆြန္း ေအဒူယာတစ္ေယာက္သာ က်န္ဦးမလား ေမွ်ာ္လင့္ရမွာပါ။

ခံစစ္မွာေတာ့ ညာေနာက္ခံလူသစ္တစ္ဦး ထပ္မံရရွိႏိုင္ရင္ ပိုေကာင္းလာမွာျဖစ္သလို ဟိုးလ္ဒင္းကလည္း အေရးပါတဲ့ အလွည့္က်ကစားခြင့္နဲ႔ ျဖည့္ဆည္းသြားႏိုင္ၿပီး ဂိုးသမားတစ္ဦးကိုေတာ့ ဘယ္သူေရာက္လာမလဲ ေစာင့္ၾကည့္ရဦးမွာျဖစ္တဲ့အတြက္ နည္းျပ အာတီတာတစ္ေယာက္ အပိုင္းအစေတြ ဆက္တဲ့ Jigsaw Game မွာ သူ႔ရဲ႕ အာဆင္နယ္ကားခ်ပ္ကို ဒီရာသီမွာ ဘယ္ေလာက္ပုံေပၚေအာင္ တည္ေဆာက္သြားႏိုင္မလဲဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.