La Liga Premier League

ေပါင္ ၄၃ သန္းပဲ က်သင့္ေတာ့မယ့္ ေတာင္ပံသမားအတြက္ မန္ယူနဲ႔အၿပဳိင္ အာဆင္နယ္ႀကဳိးစားဖို႔ရွိေန

အာဆင္နယ္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းကေန ေလွ်ာ့ေဈးနဲ႔ ေရာင္းခ်ေတာ့မယ့္ ေတာင္ပံကစားသမား အူစမန္ ဒမ္ဘီလီကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔အတူ ယွဥ္ၿပဳိင္ေခၚယူသြားႏုိင္ေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာခဲ့ၾကပါတယ္။

ေဒါ့မြန္အသင္းကေန ေပါင္ ၁၀၅ သန္းနဲ႔ ေခၚယူခဲ့တဲ့ ဒီအသက္ ၂၂ ႏွစ္အရြယ္ ျပင္သစ္ေတာင္ပံကစားသမားဟာ ဘယ္ညာေတာင္ပံႏွစ္ဖက္စလုံးမွာ ေျခႏွစ္ေခ်ာင္းလုံးကို အသုံးျပဳကစားတတ္သူျဖစ္ၿပီး ဒီရာသီမွာ ဘယ္ေျခနဲ႔ ညာေျခ တူညီတဲ့ စြမ္းေဆာင္မွဳေတြနဲ႔ ထူးျခားတဲ့ မွတ္တမ္းကို ပုိင္ဆုိင္ထားသူလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းကေတာ့ ဒီႏွစ္ သူတုိ႔ရဲ႕ တုိက္စစ္ပုိင္းကို ေျမလွန္ၿပီး ကစားသမားသစ္ေတြကို ေခၚယူဖို႔ လုပ္ေဆာင္ေနရာမွာ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိနဲ႔ ဒမ္ဘီလီတုိ႔ဟာ ရွင္းထုတ္ၿပီး ေငြရွာရမယ့္သူေတြအျဖစ္ သတ္မွတ္ခံထားရၿပီး ႏွစ္ဦးစလုံးကို တစ္ဝက္ေဈးထက္ ေလ်ာ့နည္းတဲ့ ပမာဏေတြနဲ႔ ေရာင္းခ်ဖို႔ စီစဥ္ေနတာပါ။

ဒမ္ဘီလီရဲ႕ ေဒါ့မြန္မွာ ျပသခဲ့တဲ့ ေျခစြမ္းက ဘာစီလိုနာတုိ႔ ေဈးႀကီးေပးၿပီး ေခၚယူရေလာက္ေအာင္ ျဖစ္ခဲ့ေပမယ့္ ေနာက္ပုိင္းမွာ ဒဏ္ရာေတြ မ်ားျပားလာတာက စဥ္းစားရမယ့္အခ်က္ျဖစ္ေနၿပီး ဒီအသက္အရြယ္မွာ ေျခစြမ္းျမင့္မားမွဳအရဆုိရင္ေတာ့ အေလာင္းအစားလုပ္ဖို႔ စဥ္းစားႏုိင္ေပမယ့္ ကိုယ့္ရဲ႕ ေဆးအဖြဲ႕ရဲ႕ အင္အားကို ထည့္တြက္ၿပီးမွ ေခၚယူရမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလားကို ဆြတ္ခူးခဲ့ဖူးတဲ့ ခ်န္ပီယံေတာင္ပံကစားသမားကို ေဈးေပါေပါနဲ႔ ေခၚယူႏုိင္မွာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကို ေရာက္ကတည္းက သုံးရာသီအတြင္းမွာ ငါးႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ တံေကာက္ေၾကာဒဏ္ရာကေတာ့ ေပါ့ေပါ့တန္တန္ စဥ္းစားလို႔ ရမွာမဟုတ္တာေၾကာင့္ ကင္းရွင္းေၾကာင္းအျပင္ ထပ္မံျဖစ္ေပၚလာခဲ့ရင္ ကုသႏုိင္မလား ျပင္ဆင္ၿပီးမွ ေခၚယူရဖြယ္ရွိေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကနေ လျှော့ဈေးနဲ့ ရောင်းချတော့မယ့် တောင်ပံကစားသမား အူစမန် ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ယှဉ်ပြိုင်ခေါ်ယူသွားနိုင်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ကြပါတယ်။

ဒေါ့မွန်အသင်းကနေ ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒီအသက် ၂၂ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားဟာ ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ ခြေနှစ်ချောင်းလုံးကို အသုံးပြုကစားတတ်သူဖြစ်ပြီး ဒီရာသီမှာ ဘယ်ခြေနဲ့ ညာခြေ တူညီတဲ့ စွမ်းဆောင်မှုတွေနဲ့ ထူးခြားတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဒီနှစ် သူတို့ရဲ့ တိုက်စစ်ပိုင်းကို မြေလှန်ပြီး ကစားသမားသစ်တွေကို ခေါ်ယူဖို့ လုပ်ဆောင်နေရာမှာ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုနဲ့ ဒမ်ဘီလီတို့ဟာ ရှင်းထုတ်ပြီး ငွေရှာရမယ့်သူတွေအဖြစ် သတ်မှတ်ခံထားရပြီး နှစ်ဦးစလုံးကို တစ်ဝက်ဈေးထက် လျော့နည်းတဲ့ ပမာဏတွေနဲ့ ရောင်းချဖို့ စီစဉ်နေတာပါ။

ဒမ်ဘီလီရဲ့ ဒေါ့မွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းက ဘာစီလိုနာတို့ ဈေးကြီးပေးပြီး ခေါ်ယူရလောက်အောင် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေ များပြားလာတာက စဉ်းစားရမယ့်အချက်ဖြစ်နေပြီး ဒီအသက်အရွယ်မှာ ခြေစွမ်းမြင့်မားမှုအရဆိုရင်တော့ အလောင်းအစားလုပ်ဖို့ စဉ်းစားနိုင်ပေမယ့် ကိုယ့်ရဲ့ ဆေးအဖွဲ့ရဲ့ အင်အားကို ထည့်တွက်ပြီးမှ ခေါ်ယူရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ဖူးတဲ့ ချန်ပီယံတောင်ပံကစားသမားကို ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကို ရောက်ကတည်းက သုံးရာသီအတွင်းမှာ ငါးကြိမ်အထိ ရရှိခဲ့ဖူးတဲ့ တံကောက်ကြောဒဏ်ရာကတော့ ပေါ့ပေါ့တန်တန် စဉ်းစားလို့ ရမှာမဟုတ်တာကြောင့် ကင်းရှင်းကြောင်းအပြင် ထပ်မံဖြစ်ပေါ်လာခဲ့ရင် ကုသနိုင်မလား ပြင်ဆင်ပြီးမှ ခေါ်ယူရဖွယ်ရှိကြောင်းလည်း သုံးသပ်ရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.