Premier League

21 July နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းရဲ့စိတ််ကို ပြောင်းလဲဖို့ ​ကြိုးစားခဲ့ပေမယ့် ပြင်သစ်သားအနေနဲ့ စိန်ခေါ်မှုအသစ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့လိုကြောင်း လေးလေးစားစား အသိပေးခဲ့ပြီး အိုးထရက်ဖို့ဒ်နဲ့ ၅ နှစ်စာချုပ် သဘောတူညီမှုရယူပြီးချိန်မှာ ရီးရဲလ်နဲ့ ယူနိုက်တက်တို့ရဲ့ ညှိနှိုင်းမှုကို စိတ်အေးလက်အေး စောင့်မျှော်နေကြောင်း သိရ။

ဗိုင်နယ်လ်ဒမ်ကို လက်လွှတ်ခဲ့ရလို့ ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို ချိတ်ဆက်လာတဲ့ ဘာစီလိုနာအသင်းဟာ နယ်သာလန်သားအတွက် ဘာစီလိုနာအသင်းသား ၄ ဦးထဲက တဦးနဲ့ တိုက်ရိုက်အလဲအထပ်လုပ်လိုနေကြောင်း သိရပြီး အဆိုပါ ၄ ဦးစာရင်းမှာ တိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်း၊ တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီ၊ ကွင်းလယ်လူ မီရာလမ် ပျာနစ်ချ်နဲ့ ဗဟိုခံစစ်မှုး ကလီးမက် လန်ဂလက်တို့ပါဝင်နေကြောင်း သိရ။

သရဲနီပရိသတ်ရဲ့ အချစ်တော်ကစားသမားဖြစ်တဲ့ ရာဖေးလ် ဒါဆေးလ်ဗားက ရင်းနင်းအသင်းရဲ့ ဆယ်ကျော်သက်ကွင်းလယ်လူ ကာမာဗင်ဂါအနေနဲ့ ယူနိုက်တက်အသင်းကိုသာ ရွေးချယ်သင့်တယ်လို့ တိုက်တွန်းမှုပြုလုပ်သွားပြီး နည်းပြဆိုးလ်ရှားစောင့်ကြည့်နေတဲ့ အသက် ၁၈ နှစ်အရွယ် ပြင်သစ်သားကို နောက်ရာသီမှာ အလွတ်နဲ့ထွက်ခွာခွင့်မပေးချင်တဲ့ ရင်းနင်းအသင်းက ယူရိုသန်း ၃၀ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေ။

ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဒီနွေရာသီမှာ အကြီးမားဆုံးအပြောင်းအရွှေ့အဖြစ် ဘာစီလိုနာအသင်းက ခေါ်ယူသွားမယ်လို့ အံ့အားသင့်ဖွယ် သတင်းထွက်ပေါ်လာခဲ့ပေမယ့် အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ပြင်သစ်သားဟာ ငွေကြေးချွတ်ခြုံကျနေတဲ့ စပိန်ဘီလူးကြီးတို့အတွက် မမျှော်လင့်နိုင်တဲ့ အိပ်မက်တခုဖြစ်တယ်လို့ ဆိုခဲ့ပြီး ပြင်သစ်မြေက ပီအက်စ်ဂျီအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတောင်ရရှိပြီးပြီလို့ သတင်းများထွက်ပေါ်နေ။

ဒီနွေအပြောင်းအရွှေ့မှာ ဗဟိုခံစစ်မှုး ၂ ဦးအထိ ရှာဖွေနေတဲ့ ယူနိုက်တက်ဟာ နာပိုလီကစားသမား ကူလီဘာလေကို ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ရာမှာ အီတလီကလပ်ကတော့ ပယ်ချသွားခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုနေတဲ့ ဆီနီဂေါသားအနေနဲ့ မပျော်မရွှင်ဖြစ်နေကြောင်း သိရ။

အဲဗာတန်နည်းပြ ရာဖာ ဘင်နီတက်ဇ်ဟာ ယူနိုက်တက်ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေကြောင်း သိရပြီး ရာသီကြိုမှာ ယူနိုက်တက်နဲ့ ပူးပေါင်းနေပေမယ့် ကီရန် ထရစ်ပီယာကြောင့် နေရာပျောက်သွားဖွယ် ရှိနေတဲ့ ပေါ်တူဂီသားကို ဆွဲ​ဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး ဆီးမက်စ် ကိုးလ်မန်းရဲ့နေရာကို ဆက်ခံသွားစေမယ်လို့ ရည်ရွယ်ထား။

အပြောင်းအရွှေ့စျေးကွက်မှာ ​ခြေကျင်းလိမ်နေတဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့အေးဂျင့်နဲ့ ညှိနှိုင်းမှုဟာ အဆင့်တခုအထိ တက်လှမ်းခဲ့ပြီလို့ သိရပြီး နောက်ဆုံးသတင်းအရ စပိန်သားကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းထားတဲ့ လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်လက်ထဲက ယူနိုက်တက်နည်းပြဆိုးလ်ရှား ဖြတ်ခုတ်ဖို့ စီစဥ်နေ။

ယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ ကစားသမားရဲ့ခြေစွမ်းကို နှစ်ခြိုက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်သားကို ​အပြီးသတ်ခေါ်ယူဖို့ တွန်းအားပေးလုပ်ဆောင်နေကြောင်း သိရပြီး နည်းပြဆိုးလ်ရှားက အသင်းမှာ သူ့ရဲ့အနာဂတ်ရှိနေကြောင်း အတည်ပြုခဲ့ပေမယ့် ပေါင်သန်း ၃၀ ရရင်တော့ ရောင်းထုတ်သွားဖွယ်ရှိ။

၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်မယ့် Golden Boy ‘ရွှေလူငယ်ဆု’ အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် အာမက် ဂျယ်လိုကို တနိုင်ငံတည်းသား အိုင်ဗရီကို့စ်ဂန္ထဝင်ကြီးဖြစ်တဲ့ ချယ်လ်ဆီးတိုက်စစ်မှုးဟောင်း ဒီဒီယာ ဒရော့ဘာက အထူးတလည်ချီးကျူးသွားခဲ့ပြီး အသက် ၁၈ နှစ်သားဟာ မိိမိတို့နိုင်ငံအတွက်သာမက အာဖရိတိုက်ကိုပါ ဂုဏ်ဆောင်နေတဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းရဲ့စိတ်ကို ပြောင်းလဲဖို့ ​ကြိုးစားခဲ့ပေမယ့် ပြင်သစ်သားအနေနဲ့ စိန်ခေါ်မှုအသစ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့လိုကြောင်း လေးလေးစားစား အသိပေးခဲ့ပြီး အိုးထရက်ဖို့ဒ်နဲ့ ၅ နှစ်စာချုပ် သဘောတူညီမှုရယူပြီးချိန်မှာ ရီးရဲလ်နဲ့ ယူနိုက်တက်တို့ရဲ့ ညှိနှိုင်းမှုကို စိတ်အေးလက်အေး စောင့်မျှော်နေကြောင်း သိရ။

ဗိုင်နယ်လ်ဒမ်ကို လက်လွှတ်ခဲ့ရလို့ ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကို ချိတ်ဆက်လာတဲ့ ဘာစီလိုနာအသင်းဟာ နယ်သာလန်သားအတွက် ဘာစီလိုနာအသင်းသား ၄ ဦးထဲက တဦးနဲ့ တိုက်ရိုက်အလဲအထပ်လုပ်လိုနေကြောင်း သိရပြီး အဆိုပါ ၄ ဦးစာရင်းမှာ တိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်း၊ တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီ၊ ကွင်းလယ်လူ မီရာလမ် ပျာနစ်ခ်ျနဲ့ ဗဟိုခံစစ်မှုး ကလီးမက် လန်ဂလက်တို့ပါဝင်နေကြောင်း သိရ။


ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဒီနွေရာသီမှာ အကြီးမားဆုံးအပြောင်းအရွှေ့အဖြစ် ဘာစီလိုနာအသင်းက ခေါ်ယူသွားမယ်လို့ အံ့အားသင့်ဖွယ် သတင်းထွက်ပေါ်လာခဲ့ပေမယ့် အပြောင်းအရွှေ့ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ပြင်သစ်သားဟာ ငွေကြေးချွတ်ခြုံကျနေတဲ့ စပိန်ဘီလူးကြီးတို့အတွက် မမျှော်လင့်နိုင်တဲ့ အိပ်မက်တခုဖြစ်တယ်လို့ ဆိုခဲ့ပြီး ပြင်သစ်မြေက ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုတောင်ရရှိပြီးပြီလို့ သတင်းများထွက်ပေါ်နေ။



အပြောင်းအရွှေ့ဈေးကွက်မှာ ​ခြေကျင်းလိမ်နေတဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့အေးဂျင့်နဲ့ ညှိနှိုင်းမှုဟာ အဆင့်တခုအထိ တက်လှမ်းခဲ့ပြီလို့ သိရပြီး နောက်ဆုံးသတင်းအရ စပိန်သားကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းထားတဲ့ လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်လက်ထဲက ယူနိုက်တက်နည်းပြဆိုးလ်ရှား ဖြတ်ခုတ်ဖို့ စီစဉ်နေ။


၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်မယ့် Golden Boy ‘ရွှေလူငယ်ဆု’ အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် အာမက် ဂျယ်လိုကို တနိုင်ငံတည်းသား အိုင်ဗရီကို့စ်ဂန္ထဝင်ကြီးဖြစ်တဲ့ ချယ်လ်ဆီးတိုက်စစ်မှုးဟောင်း ဒီဒီယာ ဒရော့ဘာက အထူးတလည်ချီးကျူးသွားခဲ့ပြီး အသက် ၁၈ နှစ်သားဟာ မိမိတို့နိုင်ငံအတွက်သာမက အာဖရိတိုက်ကိုပါ ဂုဏ်ဆောင်နေတဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟခဲ့။

REF: INTERNET SOURCES
SPORTS A2Z.