La Liga Ligue1 Premier League Serie A

R9ဒိုကြီးကြောင့် မခံချင်စိတ်ဖြစ်ခဲ့တဲ့ CR7ဒိုလေးတစ်ယောက် အစွမ်းကုန်ကြိုးစားပြပြီး အောင်မြင်လာခဲ့တာလား

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှုးကြီး ရော်နယ်လ်ဒိုက ကမ္ဘာ့နံပါတ် ၁ ဖြစ်လာမယ့် ကစားသမား ၅ ဦးကို အတိအကျ ခန့်မှန်းသွားခဲ့ပြီး သူရဲ့ဟောကိန်းမှာတော့ ပေါ်တူဂီ GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို မပါဝင်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ ပေါ်တူဂီသားကြီးနဲ့ မက်ဆီတို့နှစ်ဦးဟာ ဘယ်လွန်ဒေါ ၁၂ ကြိမ်မှာ ၁၁ ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး လူကာ မိုဒရစ်က တကြိမ်ဆွတ်ခူးထားတာပါ။

ဒါပေမယ့် ဘရာဇီးလ်သားကြီးအနေနဲ့ သူ့ရဲ့ခန့်မှန်းမှုမှာတော့ မက်ဆီကိုသာ ထည့်သွင်းပြီး နေမာ၊ ဟာဇက်တို့လို ဝါရင့်တွေအပြင် အမ်ဘာပေလို လူငယ်ခြေတက်တွေလည်း ပါဝင်ခဲ့လာခဲ့ပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို ချန်လှပ်ခဲ့ခြင်းက မဟာအမှားသာဖြစ်ကြောင်း ပြီးခဲ့တဲ့ ယူရိုပွဲမှာ နိုင်ငံတကာ ဂိုးသွင်းအများဆုံး စံချိန်ပါတင်ပြီး အသက် ၃၆ နှစ်သားက သက်သေပြခဲ့သလားလို့ တွေးဆစရာပါ။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့သလို ဘလွန်ဒေါဆုကို ၂ ကြိမ်ဆွတ်ခူးထားခဲ့တဲ့ ဘရာဇီးလ်သားကြီးက ဘောလုံးလောကရဲ့အနာဂတ်ကို အခုလို ခန့်မှန်းသွားခဲ့တာကို တွေ့ရပြီး ဒါက တက်တက်စင်အောင် လွဲချော်မှုတွေရှိခဲ့သလို သွေးထွက်အောင် မှန်ကန်မှုတွေလည်း ပါဝင်လာခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ
မက်ဆီကတော့ ပြောစရာ၊ ညွှန်းနေစရာမလိုအောင်ကို ကမ္ဘာ့နံပါတ် ၁ ဘောလုံးသမားအဖြစ် ရပ်တည်နိုင်နေခြင်းဖြစ်သလို နူးကမ့်ကို စွန့်ခွာဖို့ ဆုံးဖြတ်မိခဲ့ချိန်မှာတောင် ဘာစီလိုနာအတွက် ကိုပါဒယ်လ်ရေးဖလားကို ယူပေးနိုင်စွမ်းရှိခဲ့သူပါ။ လက်ရှိမှာတော့ ကိုပါအမေရိကချန်ပီယံဘွဲနဲ့အတူ ဘာဆာမှာလည်း ဆက်လက်မြဲနေဖို့ ရှိနေသလို ဘလွန်ဒေါ ၇ ဆုရှင်ဖြစ်လာဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါပြီ။

မိုဟာမက် ဆာလား
လီဗာပူးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်​ဆုကို သီသီလေးလွဲချော်ခဲ့သလို အီဂျစ်သားရောက်ရှိလာချိန်မှာမှ အန်ဖီးလ်မြေရဲ့ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိပ်ဖလားကို တခမ်းတနားဗိုလ်ဝင်ခံစေခဲ့သလို ချန်ပီယံလိဂ်ချန်ပီယံအဖြစ်ပါ တင့်တယ်စေခဲ့ပြီး ရော်နယ်လ်ဒိုရဲ့ မျှော်မှန်းချက်ကို စိတ်မပျက်စေခဲ့သလို လက်ရှိမှာ ပေါင်သန်း ၁၀၀ တန်ကြေးရှိနေပါတယ်။

အီဒင် ဟာဇက်
၂၀၁၉ က ရော်နယ်ဒိုရဲ့ ခန့်မှန်းချက်မှာ ဟာဇက်အတွက်တော့ လွဲချော်သွားခဲ့တာကို တွေ့ရပြီး ချယ်လ်ဆီးကို စွန့်ခွာပြီး ဘာနေဗျူးမှာ စံမြန်းခဲ့တဲ့ ဘယ်လ်ဂျီယမ်သားဟာ ဒဏ်ရာပြဿနာတွေရဲ့ ဖိစီးမှုကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်က ဟာဇက်ရဲ့ခြေစွမ်းကို ပြန်ရတော့မှာမဟုတ်ဘူးလို့ ကိုယ်တိုင်ဝန်ခံယူခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် ၂ ရာသီအတွင်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ယူရိုမှာလည်း ကွာတားအဆင့်ကနေ အိမ်ပြန်ခဲ့ရတာပါ။

နေမာ
ရော်နယ်ဒိုနဲ့ တနိုင်ငံတည်းသား မှော်ခြေထောက်ပိုင်ရှင် နေမာရဲ့ ဘောလုံးပါရမီကတော့ အင်မတန်ထူးခြားသလို PSG ကို ချန်ပီယံလိဂ်ဖလား ရယူပေးဖို့တော့ အခုချိန်ထိ မစွမ်း​ဆောင်နိုင်သေးတာက သက်သေပြစရာတခုအဖြစ် ကျန်ရှိနေသေးပြီး ပြင်သစ်လိဂ်ရဲ့ အနူတောမှာ လူချောသွားလုပ်နေလေသလားလို့ မေးခွန်းထုတ်ခံထားရသလို မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ လွှမ်းမိုးမှုမှာ ဘလွန်ဒေါ​ဆုနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ရသူပါ။

ခီလီလျန် အမ်ဘာပေ
ပေါ်တူဂီသားကြီး ရော်နယ်ဒိုရဲ့ ကစားဟန်နဲ့ အနီးစပ်ဆုံးဆင်တူတယ်လို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ကစားသမားဘဝ နောက်တဆင့်တက်ဖို့တော့ လိုအပ်နေသေးတာကို တွေ့ရပြီး ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကတော့ မေးစရာမလိုအောင်ကို ထူးရှယ်အဆင့်ဖြစ်သလို ၂၀၁၇ မှာ မိုနာကိုကနေ PSG ကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့ခြင်းက ကမ္ဘာ့ဘောလုံးလောကကို ကိုင်လှုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“သူနဲ့ ကျွန်တော့်ကစားဟန်က အရာရာနီးပါးဆင်တူနေပါတယ်။ သူက ပြေးအားသိပ်ကောင်းတယ်။ သေသေသပ်သပ် အဆုံးသတ်နိုင်တယ်။ ရွေ့လျားမှုတွေက အဆင့်မြင့်တယ်။ ဘယ်ညာခြေနှစ်ဖက်စလုံးနဲ့လည်း ဂိုးကန်သွင်းနိုင်တယ်လေ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ဦးကို လာနှိုင်းယှဥ်ရင်တော့ လက်မခံနိုင်ပါဘူး။ မျိုးဆက်ကွာဟသလို အရာရာကွာဟသွားခဲ့ပါပြီ”လို့ ရော်နယ်ဒိုက အမ်ဘာပေအတွက် မှတ်ချက်ပေးခဲ့တာပါ။

ဘရာဇီးလ်တိုက်စစ်မှူးကြီးရော်နယ်လ်ဒိုရဲ့ ရွေးချယ်မှုမှာ မပါတာကို မခံချင်လို့ ပေါ်တူဂီသားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်သူမှ မယှဉ်နိုင်တဲ့ စံချိန်တွေကို ဆက်တိုက်တင်ပြီး အောင်မြင်မှုတွေ တခုပြီးတခု ယခုထိရယူနေတာလားဆိုတာကတော့ …

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႈးႀကီး ေရာ္နယ္လ္ဒိုက ကမာၻ႔နံပါတ္ ၁ ျဖစ္လာမယ့္ ကစားသမား ၅ ဦးကို အတိအက် ခန႔္မွန္းသြားခဲ့ၿပီး သူရဲ႕ေဟာကိန္းမွာေတာ့ ေပၚတူဂီ GOAT ႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒို မပါဝင္လာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ေပၚတူဂီသားႀကီးနဲ႔ မက္ဆီတို႔ႏွစ္ဦးဟာ ဘယ္လြန္ေဒါ ၁၂ ႀကိမ္မွာ ၁၁ ႀကိမ္အထိ ဆြတ္ခူးခဲ့ၿပီး လူကာ မိုဒရစ္က တႀကိမ္ဆြတ္ခူးထားတာပါ။

>

ဒါေပမယ့္ ဘရာဇီးလ္သားႀကီးအေနနဲ႔ သူ႔ရဲ႕ခန႔္မွန္းမႈမွာေတာ့ မက္ဆီကိုသာ ထည့္သြင္းၿပီး ေနမာ၊ ဟာဇက္တို႔လို ဝါရင့္ေတြအျပင္ အမ္ဘာေပလို လူငယ္ေျခတက္ေတြလည္း ပါဝင္ခဲ့လာခဲ့ေပမယ့္ ခရစၥတီယာႏို ေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့ျခင္းက မဟာအမွားသာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ယူ႐ိုပြဲမွာ ႏိုင္ငံတကာ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္ပါတင္ၿပီး အသက္ ၃၆ ႏွစ္သားက သက္ေသျပခဲ့သလားလို႔ ေတြးဆစရာပါ။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့သလို ဘလြန္ေဒါဆုကို ၂ ႀကိမ္ဆြတ္ခူးထားခဲ့တဲ့ ဘရာဇီးလ္သားႀကီးက ေဘာလုံးေလာကရဲ႕အနာဂတ္ကို အခုလို ခန႔္မွန္းသြားခဲ့တာကို ေတြ႕ရၿပီး ဒါက တက္တက္စင္ေအာင္ လြဲေခ်ာ္မႈေတြရွိခဲ့သလို ေသြးထြက္ေအာင္ မွန္ကန္မႈေတြလည္း ပါဝင္လာခဲ့ပါတယ္။ သူ႔ရဲ႕ အနာဂတ္ခန႔္မွန္းခ်က္ေၾကာင့္ မခံခ်င္စိတ္နဲ႔ ႀကိဳးစားေနခဲ့တဲ့ ေပၚတူဂီသားႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဘယ္သူမွ မယွဥ္ႏိုင္တဲ့ စံခ်ိန္မ်ားကို တင္ၿပီး ေအာင္ျမင္မႈေတြ ယခုထိ ရရွိေနတာက အဆိုးထဲက အေကာင္းပဲ ျဖစ္တယ္လို႔ ေျပာရမလို ျဖစ္ေနပါေတာ့တယ္။

လီယြန္နယ္ မက္ဆီ
မက္ဆီကေတာ့ ေျပာစရာ၊ ၫႊန္းေနစရာမလိုေအာင္ကို ကမာၻ႔နံပါတ္ ၁ ေဘာလုံးသမားအျဖစ္ ရပ္တည္ႏိုင္ေနျခင္းျဖစ္သလို ႏူးကမ့္ကို စြန္႔ခြာဖို႔ ဆုံးျဖတ္မိခဲ့ခ်ိန္မွာေတာင္ ဘာစီလိုနာအတြက္ ကိုပါဒယ္လ္ေရးဖလားကို ယူေပးႏိုင္စြမ္းရွိခဲ့သူပါ။ လက္ရွိမွာေတာ့ ကိုပါအေမရိကခ်န္ပီယံဘြဲနဲ႔အတူ ဘာဆာမွာလည္း ဆက္လက္ၿမဲေနဖို႔ ရွိေနသလို ဘလြန္ေဒါ ၇ ဆုရွင္ျဖစ္လာဖို႔လည္း ေရပန္းအစားဆုံးျဖစ္ေနပါၿပီ။

မိုဟာမက္ ဆာလား
လီဗာပူးလ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ေ႐ႊဖိနပ္​ဆုကို သီသီေလးလြဲေခ်ာ္ခဲ့သလို အီဂ်စ္သားေရာက္ရွိလာခ်ိန္မွာမွ အန္ဖီးလ္ေျမရဲ႕ ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိပ္ဖလားကို တခမ္းတနားဗိုလ္ဝင္ခံေစခဲ့သလို ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ပါ တင့္တယ္ေစခဲ့ၿပီး ေရာ္နယ္လ္ဒိုရဲ႕ ေမွ်ာ္မွန္းခ်က္ကို စိတ္မပ်က္ေစခဲ့သလို လက္ရွိမွာ ေပါင္သန္း ၁၀၀ တန္ေၾကးရွိေနပါတယ္။

အီဒင္ ဟာဇက္
၂၀၁၉ က ေရာ္နယ္ဒိုရဲ႕ ခန္႔မွန္းခ်က္မွာ ဟာဇက္အတြက္ေတာ့ လြဲေခ်ာ္သြားခဲ့တာကို ေတြ႕ရၿပီး ခ်ယ္လ္ဆီးကို စြန္႔ခြာၿပီး ဘာေနဗ်ဴးမွာ စံျမန္းခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားဟာ ဒဏ္ရာျပႆနာေတြရဲ႕ ဖိစီးမႈေၾကာင့္ လြန္ခဲ့တဲ့ ၁၀ ႏွစ္က ဟာဇက္ရဲ႕ေျခစြမ္းကို ျပန္ရေတာ့မွာမဟုတ္ဘူးလို႔ ကိုယ္တိုင္ဝန္ခံယူခဲ့ရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ ၂ ရာသီအတြင္း ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို ယူ႐ိုမွာလည္း ကြာတားအဆင့္ကေန အိမ္ျပန္ခဲ့ရတာပါ။

ေနမာ
ေရာ္နယ္ဒိုနဲ႔ တႏိုင္ငံတည္းသား ေမွာ္ေျခေထာက္ပိုင္ရွင္ ေနမာရဲ႕ ေဘာလုံးပါရမီကေတာ့ အင္မတန္ထူးျခားသလို PSG ကို ခ်န္ပီယံလိဂ္ဖလား ရယူေပးဖို႔ေတာ့ အခုခ်ိန္ထိ မစြမ္း​ေဆာင္ႏိုင္ေသးတာက သက္ေသျပစရာတခုအျဖစ္ က်န္ရွိေနေသးၿပီး ျပင္သစ္လိဂ္ရဲ႕ အႏူေတာမွာ လူေခ်ာသြားလုပ္ေနေလသလားလို႔ ေမးခြန္းထုတ္ခံထားရသလို မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ လႊမ္းမိုးမႈမွာ ဘလြန္ေဒါ​ဆုနဲ႔ အႀကိမ္ႀကိမ္ လြဲေခ်ာ္ခဲ့ရသူပါ။

ခီလီလ်န္ အမ္ဘာေပ
ေပၚတူဂီသားႀကီး ေရာ္နယ္ဒိုရဲ႕ ကစားဟန္နဲ႔ အနီးစပ္ဆုံးဆင္တူတယ္လို႔ သတ္မွတ္ခံထားရတဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ကစားသမားဘဝ ေနာက္တဆင့္တက္ဖို႔ေတာ့ လိုအပ္ေနေသးတာကို ေတြ႕ရၿပီး ျပင္သစ္နဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းကေတာ့ ေမးစရာမလိုေအာင္ကို ထူးရွယ္အဆင့္ျဖစ္သလို ၂၀၁၇ မွာ မိုနာကိုကေန PSG ကို ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းက ကမာၻ႔ေဘာလုံးေလာကကို ကိုင္လႈပ္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

“သူနဲ႔ ကြၽန္ေတာ့္ကစားဟန္က အရာရာနီးပါးဆင္တူေနပါတယ္။ သူက ေျပးအားသိပ္ေကာင္းတယ္။ ေသေသသပ္သပ္ အဆုံးသတ္ႏိုင္တယ္။ ေ႐ြ႕လ်ားမႈေတြက အဆင့္ျမင့္တယ္။ ဘယ္ညာေျခႏွစ္ဖက္စလုံးနဲ႔လည္း ဂိုးကန္သြင္းႏိုင္တယ္ေလ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏွစ္ဦးကို လာႏႈိင္းယွဥ္ရင္ေတာ့ လက္မခံႏိုင္ပါဘူး။ မ်ိဳးဆက္ကြာဟသလို အရာရာကြာဟသြားခဲ့ပါၿပီ”လို႔ ေရာ္နယ္ဒိုက အမ္ဘာေပအတြက္ မွတ္ခ်က္ေပးခဲ့တာပါ။

ဘရာဇီးလ္တိုက္စစ္မႉးႀကီးေရာ္နယ္လ္ဒိုရဲ႕ ေ႐ြးခ်ယ္မႈမွာ မပါတာကို မခံခ်င္လို႔ ေပၚတူဂီသားႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတစ္ေယာက္ အစြမ္းကုန္ႀကိဳးစားၿပီး ဘယ္သူမွ မယွဥ္ႏိုင္တဲ့ စံခ်ိန္ေတြကို ဆက္တိုက္တင္ၿပီး ေအာင္ျမင္မႈေတြ တခုၿပီးတခု ယခုထိရယူေနတာလားဆိုတာကေတာ့ …

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.