Serie A

ရိုးမားမှာ ဒရုန်းတွေသုံးပြီး ထရိန်နင်လုပ်နေတဲ့ မော်ရင်ညို တစ်ခေတ်ဆန်းပြီလား

ခေတ်ဟောင်းအတွေးအခေါ်သမားလို့ အမြဲလိုလို တံဆိပ်ခံထားရတဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ညိုကတော့ ရိုးမားနည်းပြသစ်အဖြစ် စတင်ကိုင်တွယ်နေချိန်မှာတော့ ရာသီကြိုပြင်ဆင်မှုအနေနဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး ဘောလုံးတော်လှန်ရေးကို ​ဆောင်ရွက်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်အောင် လုပ်ပြသွားခဲ့ပါတယ်။

မော်ရင်ညိုရဲ့ နည်းဗျူဟာပိုင်းဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ အတော်လေးဝေဖန်ခံထိခဲ့တာဖြစ်ပြီး သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ စပါးစ်အသင်းတို့မှာ လေးကန်တဲ့ ကစားဟန်နဲ့ စိတ်လှုပ်ရှားစရာမရှိတဲ့ ခံစစ်အသားပေးမှုကို ဦးတည်ခဲ့လို့ အဆိုပါအသင်းနှစ်သင်းလုံးမှာ ဖင်ပူအောင် ထိုင်ခုံမမြဲခဲ့ဘဲ ထုတ်ပယ်ခံခဲ့ရတဲ့ ဂုဏ်သိက္ခာကျဆင်းမှုကလည်း ရှိနေခဲ့တာပါ။

စပါးစ်အသင်းမှာဆိုရင် ဆုဖလားတလုံးမှ မရခဲ့ဘဲ တနှစ်ကျော်ကိုင်တွယ်အပြီး ထုတ်ပယ်ခံခဲ့ရတာဟာ သူ့ရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ပထမဆုံး အမည်းစက်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့သလို ရောက်လေရာအရပ်မှာ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့တဲ့ မော်ရင်ညိုရဲ့ ခမ်းနားမှုကလည်း ယုတ်လျော့သွားခဲ့တာကို တွေ့ရပါတယ်။

အခုတ​ကြိမ် ရိုးမားနည်းပြသစ်အဖြစ် ဘောလုံးလောကထဲကို တကျော့ပြန် ဝင်ရောက်လာခဲ့တဲ့ အသက် ၅၈ နှစ်သားကြီးဟာ အဟောင်းအမြင်းဆန်လွန်းလှတဲ့ သူ့ရဲ့ဘောလုံးအယူအဆတွေကို စွန့်ပစ်ခဲ့လေပြီလားလို့ ပြောစရာဖြစ်အောင်ကို ထရီဂိုးရီးယားလေ့ကျင့်ရေးကွင်းမှာ တက်တက်ကြွကြွလှုပ်ရှားနေတာကို တွေ့ခဲ့ရပါတယ်။

ရောမမြို့မှာ အရာရာအသစ်ဖြစ်အောင် ပြောင်းလဲနေတယ်လို့ ယူဆခံထားရတဲ့ ပေါ်တူဂီသားကြီးဟာ လေ့ကျင့်ရေးအစီအစဥ်မှာ ခေ​တ်မီနည်းပညာဖြစ်တဲ့ ဒရုန်းတွေကို အသုံးပြုပြီး ကစားသမားတဦးချင်းစီနဲ့ အသင်းလိုက်ကစားပုံကို စောင့်ကြည်နေရင်း ကြီးကြပ်ကွပ်ကဲနေတာကို တွေ့ရပြီး အားနည်းချက်တခုတွေ့တိုင်း အမြန်ဆုံးပြင်ဖို့ အကြံထုတ်နေတာပါ။

ဒရုန်းကနေ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုတွေကို အသင်းသားတွေဆီ ပြန်လည်ပြသပြီး အသင်းရဲ့ပုံစံမှာ အမှားအယွင်းနဲ့ အားနည်းချက်တွေကို ချက်ချင်းထောက်ပြပြီး ချက်ချင်းပြင်ဆင်ခိုင်း​နေတယ်လို့ သိရပြီး ဒါဟာ မော်ရင်ညိုအနေနဲ့ သူ့အသင်းရဲ့ အဆင့်မြှင့်တင်မှုမှာ အကူအညီကောင်းကောင်းဖြစ်စေတယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ဒရုန်းတွေသုံးပြီး စောင့်ကြည့်တဲ့စနစ်ကို လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ ဂျူလီယန် နာဂျယ်စ်မန်းက ဟော့ဖန်ဟိမ်းနည်းပြဘဝမှာ အသုံးပြုခဲ့တယ်လို့ သိရပြီး မော်ရင်ညိုက ဒီအကြံဥာဏ်ကို ကြိုက်နှစ်သက်လို့ အတုယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပြီး ချန်ပီယံလိဂ်ဖလား ၂ လုံးပိုင်ရှင် ရိုးမားနည်းပြကြီးအနေနဲ့ အတိတ်မှာ ကျဆုံးခဲ့တဲ့ မာန်မာနကို စိတ်သစ်၊ လူသစ်၊ အတွေးအခေါ်သစ်နဲ့ နည်းပြဘဝသစ်မှာ အောင်မြင်မှုအသစ်တွေနဲ့ ပြန်လည်အသက်သွင်းနိုင်မလားဆိုတာကတော့ …..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေခတ္ေဟာင္းအေတြးအေခၚသမားလို႔ အၿမဲလိုလို တံဆိပ္ခံထားရတဲ့ နည္းျပႀကီး ဂ်ိဳေဆး ေမာ္ရင္ညိဳကေတာ့ ႐ိုးမားနည္းျပသစ္အျဖစ္ စတင္ကိုင္တြယ္ေနခ်ိန္မွာေတာ့ ရာသီႀကိဳျပင္ဆင္မႈအေနနဲ႔ ေလ့က်င့္ေရးအစီအစဥ္မွာ ေခတ္မီနည္းပညာေတြကို အသုံးျပဳၿပီး ေဘာလုံးေတာ္လွန္ေရးကို ​ေဆာင္႐ြက္ေနၿပီလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေအာင္ လုပ္ျပသြားခဲ့ပါတယ္။

ေမာ္ရင္ညိဳရဲ႕ နည္းဗ်ဴဟာပိုင္းဟာ လြန္ခဲ့တဲ့ႏွစ္ပိုင္းေတြမွာ အေတာ္ေလးေဝဖန္ခံထိခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပါးစ္အသင္းတို႔မွာ ေလးကန္တဲ့ ကစားဟန္နဲ႔ စိတ္လႈပ္ရွားစရာမရွိတဲ့ ခံစစ္အသားေပးမႈကို ဦးတည္ခဲ့လို႔ အဆိုပါအသင္းႏွစ္သင္းလုံးမွာ ဖင္ပူေအာင္ ထိုင္ခုံမၿမဲခဲ့ဘဲ ထုတ္ပယ္ခံခဲ့ရတဲ့ ဂုဏ္သိကၡာက်ဆင္းမႈကလည္း ရွိေနခဲ့တာပါ။

စပါးစ္အသင္းမွာဆိုရင္ ဆုဖလားတလုံးမွ မရခဲ့ဘဲ တႏွစ္ေက်ာ္ကိုင္တြယ္အၿပီး ထုတ္ပယ္ခံခဲ့ရတာဟာ သူ႔ရဲ႕ နည္းျပဘဝသက္တမ္းတေလွ်ာက္ ပထမဆုံး အမည္းစက္အေနနဲ႔ မွတ္တမ္းဝင္သြားခဲ့သလို ေရာက္ေလရာအရပ္မွာ ခ်န္ပီယံဆုဖလားနဲ႔ ေအာင္ပြဲခံၿပီး ေဆးစက္က်ရာ အ႐ုပ္ထင္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ ခမ္းနားမႈကလည္း ယုတ္ေလ်ာ့သြားခဲ့တာကို ေတြ႕ရပါတယ္။

အခုတ​ႀကိမ္ ႐ိုးမားနည္းျပသစ္အျဖစ္ ေဘာလုံးေလာကထဲကို တေက်ာ့ျပန္ ဝင္ေရာက္လာခဲ့တဲ့ အသက္ ၅၈ ႏွစ္သားႀကီးဟာ အေဟာင္းအျမင္းဆန္လြန္းလွတဲ့ သူ႔ရဲ႕ေဘာလုံးအယူအဆေတြကို စြန္႔ပစ္ခဲ့ေလၿပီလားလို႔ ေျပာစရာျဖစ္ေအာင္ကို ထရီဂိုးရီးယားေလ့က်င့္ေရးကြင္းမွာ တက္တက္ႂကြႂကြလႈပ္ရွားေနတာကို ေတြ႕ခဲ့ရပါတယ္။

ေရာမၿမိဳ႕မွာ အရာရာအသစ္ျဖစ္ေအာင္ ေျပာင္းလဲေနတယ္လို႔ ယူဆခံထားရတဲ့ ေပၚတူဂီသားႀကီးဟာ ေလ့က်င့္ေရးအစီအစဥ္မွာ ေခ​တ္မီနည္းပညာျဖစ္တဲ့ ဒ႐ုန္းေတြကို အသုံးျပဳၿပီး ကစားသမားတဦးခ်င္းစီနဲ႔ အသင္းလိုက္ကစားပုံကို ေစာင့္ၾကည္ေနရင္း ႀကီးၾကပ္ကြပ္ကဲေနတာကို ေတြ႕ရၿပီး အားနည္းခ်က္တခုေတြ႕တိုင္း အျမန္ဆုံးျပင္ဖို႔ အႀကံထုတ္ေနတာပါ။

ဒ႐ုန္းကေန မွတ္တမ္းတင္ထားတဲ့ ဗြီဒီယိုေတြကို အသင္းသားေတြဆီ ျပန္လည္ျပသၿပီး အသင္းရဲ႕ပုံစံမွာ အမွားအယြင္းနဲ႔ အားနည္းခ်က္ေတြကို ခ်က္ခ်င္းေထာက္ျပၿပီး ခ်က္ခ်င္းျပင္ဆင္ခိုင္း​ေနတယ္လို႔ သိရၿပီး ဒါဟာ ေမာ္ရင္ညိဳအေနနဲ႔ သူ႔အသင္းရဲ႕ အဆင့္ျမႇင့္တင္မႈမွာ အကူအညီေကာင္းေကာင္းျဖစ္ေစတယ္လို႔ ယုံၾကည္ေနတာလည္း ျဖစ္ပါတယ္။

ဒ႐ုန္းေတြသုံးၿပီး ေစာင့္ၾကည့္တဲ့စနစ္ကို လက္ရွိဘိုင္ယန္ျမဴးနစ္နည္းျပ ဂ်ဴလီယန္ နာဂ်ယ္စ္မန္းက ေဟာ့ဖန္ဟိမ္းနည္းျပဘဝမွာ အသုံးျပဳခဲ့တယ္လို႔ သိရၿပီး ေမာ္ရင္ညိဳက ဒီအႀကံဥာဏ္ကို ႀကိဳက္ႏွစ္သက္လို႔ အတုယူခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရၿပီး ခ်န္ပီယံလိဂ္ဖလား ၂ လုံးပိုင္ရွင္ ႐ိုးမားနည္းျပႀကီးအေနနဲ႔ အတိတ္မွာ က်ဆုံးခဲ့တဲ့ မာန္မာနကို စိတ္သစ္၊ လူသစ္၊ အေတြးအေခၚသစ္နဲ႔ နည္းျပဘဝသစ္မွာ ေအာင္ျမင္မႈအသစ္ေတြနဲ႔ ျပန္လည္အသက္သြင္းႏိုင္မလားဆိုတာကေတာ့ …..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.