ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို လႊဲေျပာင္းေရာင္းခ်ဖို႔အတြက္ ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္း ဦးေဆာင္တဲ့ အဖြဲ႕နဲ႔ အသင္းပုိင္ရွင္ မိုက္ အက္ရွ္လီတုိ႔ၾကား စရန္ေငြေတာင္ ေပးေခ်ၿပီးသြားၿပီလုိ႔ သိရၿပီး အလုံးစုံၿပီးေျမာက္ဖို႔အတြက္ သုံးပတ္ကေန တစ္လအတြင္း ျဖစ္ႏုိင္မယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
နယူးကာဆယ္လ္အသင္းကို လႊဲေျပာင္းရယူၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ အခ်မ္းသာဆုံးအသင္းလည္းျဖစ္လာမယ့္ အေနအထားလည္း ျဖစ္ေနခ်ိန္မွာ ေဆာ္ဒီႏုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမွဳ ရန္ပုံေငြအဖြဲ႕ကို ဦးေဆာင္ၿပီး ပုိင္ရွင္သစ္အျဖစ္ နာမည္ခံမယ့္သူကေတာ့ အိမ္ေရွ႕မင္းသား ဘင္ဆယ္လ္မန္း မဟုတ္ဘဲ အထက္ပါအဖြဲ႕ရဲ႕ဥကၠဌ ယက္ဆာ အယ္လ္ယူေမယန္ျဖစ္တယ္လို႔ သိရပါတယ္။
အဲ့ဒီ ေပါင္သန္း ၃၀၀ တန္ သေဘာတူညီခ်က္အတြက္ နယူးကာဆယ္လ္အသင္းပုိင္ရွင္ အက္ရွ္လီနဲ႔ ရန္ပုံေငြအဖြဲ႕တုိ႔ၾကား လိုအပ္တဲ့ စာရြက္စာတမ္းေတြကို လက္မွတ္ေရးထိုးၿပီးသြားၿပီလို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၿပီး ၿဗိတိန္ႏုိင္ငံရဲ႕ လုပ္ထုံးလုပ္နည္းေတြအရ တရားဝင္လႊဲေျပာင္းေၾကာင္း မွတ္ပုံတင္ေရးဆုိင္ရာကိစၥေတြပဲ က်န္ရွိေတာ့တာလုိ႔ ဆုိပါတယ္။
နယူးကာဆယ္လ္အသင္းရဲ႕ ရွယ္ယာေတြကို ခြဲေဝရာမွာ ေဆာ္ဒီရန္ပုံေငြအဖြဲ႕က ၈၀ ရာခိုင္ႏွဳန္း၊ သူတုိ႔ရဲ႕ မိတ္ဖက္ အမ်ဳိးသမီးလုပ္ငန္းရွင္ အမန္ဒါ စတိဗ္လီက ၁၀ ရာခိုင္ႏွဳန္းနဲ႔ အိမ္ၿခံေျမလုပ္ငန္းရွင္ ေဒးဗစ္နဲ႔ ဆုိင္မြန္ ႐ူဘင္တုိ႔ ညီအစ္ကိုက က်န္ ၁၀ ရာခိုင္ႏွဳန္းကို ပုိင္ဆုိင္မယ္လို႔ သိရၿပီး အသင္းကိုေတာ့ အယ္လ္ယူေမယန္က ဥကၠဌအျဖစ္ တာဝန္ခံမွာျဖစ္ပါတယ္။
အဂၤလန္ေျမာက္ပုိင္းကလပ္ ငွက္က်ားေတြရဲ႕ ဥကၠဌသစ္ျဖစ္လာမယ့္ အယ္လ္ယူေမယန္ဟာ ကမာၻ႕အႀကီးဆုံး ေရနံကုမၸဏီ အာရမ္ကိုရဲ႕ ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး အူဘာကုမၸဏီရဲ႕ ဘုတ္အဖြဲ႕ဝင္လည္းျဖစ္သလို အဂၤလိပ္လို ေကာင္းေကာင္းကၽြမ္းက်င္တဲ့ အုပ္ခ်ဳပ္ေရးမွဴးဟာ အသက္ ၅၀ အရြယ္မွာ နယ္ေျမသစ္မွာ ေအာင္ျမင္မွဳေတြရဖို႔ ဦးေဆာင္ႏုိင္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို လွှဲပြောင်းရောင်းချဖို့အတွက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ အသင်းပိုင်ရှင် မိုက် အက်ရှ်လီတို့ကြား စရန်ငွေတောင် ပေးချေပြီးသွားပြီလို့ သိရပြီး အလုံးစုံပြီးမြောက်ဖို့အတွက် သုံးပတ်ကနေ တစ်လအတွင်း ဖြစ်နိုင်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
နယူးကာဆယ်လ်အသင်းကို လွှဲပြောင်းရယူပြီးချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံးအသင်းလည်းဖြစ်လာမယ့် အနေအထားလည်း ဖြစ်နေချိန်မှာ ဆော်ဒီနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကို ဦးဆောင်ပြီး ပိုင်ရှင်သစ်အဖြစ် နာမည်ခံမယ့်သူကတော့ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်း မဟုတ်ဘဲ အထက်ပါအဖွဲ့ရဲ့ဥက္ကဌ ယက်ဆာ အယ်လ်ယူမေယန်ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ပေါင်သန်း ၃၀၀ တန် သဘောတူညီချက်အတွက် နယူးကာဆယ်လ်အသင်းပိုင်ရှင် အက်ရှ်လီနဲ့ ရန်ပုံငွေအဖွဲ့တို့ကြား လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးပြီးသွားပြီလို့လည်း သတင်းတွေက ဖော်ပြခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေအရ တရားဝင်လွှဲပြောင်းကြောင်း မှတ်ပုံတင်ရေးဆိုင်ရာကိစ္စတွေပဲ ကျန်ရှိတော့တာလို့ ဆိုပါတယ်။
နယူးကာဆယ်လ်အသင်းရဲ့ ရှယ်ယာတွေကို ခွဲဝေရာမှာ ဆော်ဒီရန်ပုံငွေအဖွဲ့က ၈၀ ရာခိုင်နှုန်း၊ သူတို့ရဲ့ မိတ်ဖက် အမျိုးသမီးလုပ်ငန်းရှင် အမန်ဒါ စတိဗ်လီက ၁၀ ရာခိုင်နှုန်းနဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဒေးဗစ်နဲ့ ဆိုင်မွန် ရူဘင်တို့ ညီအစ်ကိုက ကျန် ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မယ်လို့ သိရပြီး အသင်းကိုတော့ အယ်လ်ယူမေယန်က ဥက္ကဌအဖြစ် တာဝန်ခံမှာဖြစ်ပါတယ်။
အင်္ဂလန်မြောက်ပိုင်းကလပ် ငှက်ကျားတွေရဲ့ ဥက္ကဌသစ်ဖြစ်လာမယ့် အယ်လ်ယူမေယန်ဟာ ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီ အာရမ်ကိုရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အူဘာကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်လည်းဖြစ်သလို အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းကျင်တဲ့ အုပ်ချုပ်ရေးမှူးဟာ အသက် ၅၀ အရွယ်မှာ နယ်မြေသစ်မှာ အောင်မြင်မှုတွေရဖို့ ဦးဆောင်နိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.