Bundesliga Premier League

အဂၤလိပ္စာသင္ေနတဲ့ တီမို ဗာနာေၾကာင့္ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတုိ႔ လွဳပ္လွဳပ္ရွားရွားျဖစ္လာ

RB လုိက္ပ္ဇစ္အသင္းကေန လာမယ့္အေျပာင္းအေရႊ႕ေဈးကြက္မွာ ထြက္ခြာဖို႔ ရည္မွန္းခ်က္ထားေနတဲ့ တုိက္စစ္မွဴး တီမို ဗာနာအေနနဲ႔ သူ႕ရဲ႕ အနာဂတ္အတြက္ အဂၤလိပ္စာသင္ခန္းစာေတြကို သင္ယူေနၿပီဆုိတဲ့ သတင္းေၾကာင့္ သူ႕ကို ေစာင့္ၾကည့္ေနတဲ့ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဘက္က လွဳပ္လွဳပ္ရွားရွားျဖစ္လာခဲ့ပါတယ္။

ဥေရာပတစ္ခြင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနတဲ့ အႏၲရာယ္ေၾကာင့္ အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးရဲ႕ အနာဂတ္ကို ဒီေႏြရာသီမွာ ဆုံးျဖတ္ႏုိင္ဖို႔ မရွိေသးဘူးလို႔ ဆုိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ ျပန္ကစားဖို႔ ျပင္ဆင္ေနတဲ့ အေျခအေနနဲ႔အတူ သူ႕ရဲ႕ သတင္းေတြက တစ္ဖန္ျပန္လည္ထြက္ေပၚလာတာပါ။

ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ခ်င္ေနတဲ့ ဗာနာအတြက္ အဂၤလန္အသင္းေတြအေနနဲ႔ ေဈးသက္သက္သာသာနဲ႔ ေခၚယူလိုတယ္ဆုိရင္ ဧၿပီလ မကုန္ခင္ ကမ္းလွမ္းရမွာျဖစ္ၿပီး ဒါမွလည္း သူ႕ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးျဖစ္တဲ့ ေပါင္ ၅၁ သန္းနဲ႔ ေခၚယူႏုိင္မွာျဖစ္တယ္လို႔ အေစာပုိင္းသတင္းေတြအရ သိရပါတယ္။

စတုဂတ္အသင္းကေန RB လိုက္ပ္ဇစ္ကို ေျပာင္းေရႊ႕ကစားခဲ့ရမွာ ေျခစြမ္းတုိးတက္လာခဲ့ၿပီး ႏုိင္ငံ့လက္ေရြးစင္မွာ ေရြးခ်ယ္ခံခဲ့ရတဲ့အထိ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ဗာနာဟာ အသင္းနဲ႔အတူ ေဘာလုံးရာသီ ၄ ခုကို ျဖတ္သန္းၿပီးခဲ့ၿပီျဖစ္ၿပီး သူ႕ရဲ႕ေနာက္ေျခလွမ္းကိုေတာ့ အဂၤလန္နဲ႔ လီဗာပူးလ္ကို ဦးစားေပးအျဖစ္ စဥ္းစားထားသူလည္းျဖစ္ပါတယ္။

ဒီလိုအသက္အရြယ္မွာ ဒီလိုေျခစြမ္းမ်ဳိး ျပသထားႏုိင္တဲ့ တုိက္စစ္မွဴးကို ေပါင္ ၅၁ သန္းတည္းနဲ႔ ရရွိမယ္ဆိုရင္ေတာ့ အဂၤလန္အသင္းေတြအျပင္ ဥေရာပအသင္း ေတာ္ေတာ္မ်ားမ်ားက အလိုရွိေနၾကၿပီး လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးအျပင္ အသင္းႀကီး ၆ သင္းစာရင္းဝင္ အသင္းေတြရဲ႕ ၿပဳိင္ဆိုင္မွဳေတြကိုလည္း ျမင္ေတြ႕ရဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: RB လိုက်ပ်ဇစ်အသင်းကနေ လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ ထွက်ခွာဖို့ ရည်မှန်းချက်ထားနေတဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ သူ့ရဲ့ အနာဂတ်အတွက် အင်္ဂလိပ်စာသင်ခန်းစာတွေကို သင်ယူနေပြီဆိုတဲ့ သတင်းကြောင့် သူ့ကို စောင့်ကြည့်နေတဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ဘက်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါတယ်။

ဥရောပတစ်ခွင်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ အန္တရာယ်ကြောင့် အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးရဲ့ အနာဂတ်ကို ဒီနွေရာသီမှာ ဆုံးဖြတ်နိုင်ဖို့ မရှိသေးဘူးလို့ ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ပြန်ကစားဖို့ ပြင်ဆင်နေတဲ့ အခြေအနေနဲ့အတူ သူ့ရဲ့ သတင်းတွေက တစ်ဖန်ပြန်လည်ထွက်ပေါ်လာတာပါ။

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်နေတဲ့ ဗာနာအတွက် အင်္ဂလန်အသင်းတွေအနေနဲ့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူလိုတယ်ဆိုရင် ဧပြီလ မကုန်ခင် ကမ်းလှမ်းရမှာဖြစ်ပြီး ဒါမှလည်း သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။

စတုဂတ်အသင်းကနေ RB လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ကစားခဲ့ရမှာ ခြေစွမ်းတိုးတက်လာခဲ့ပြီး နိုင်ငံ့လက်ရွေးစင်မှာ ရွေးချယ်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဗာနာဟာ အသင်းနဲ့အတူ ဘောလုံးရာသီ ၄ ခုကို ဖြတ်သန်းပြီးခဲ့ပြီဖြစ်ပြီး သူ့ရဲ့နောက်ခြေလှမ်းကိုတော့ အင်္ဂလန်နဲ့ လီဗာပူးလ်ကို ဦးစားပေးအဖြစ် စဉ်းစားထားသူလည်းဖြစ်ပါတယ်။

ဒီလိုအသက်အရွယ်မှာ ဒီလိုခြေစွမ်းမျိုး ပြသထားနိုင်တဲ့ တိုက်စစ်မှူးကို ပေါင် ၅၁ သန်းတည်းနဲ့ ရရှိမယ်ဆိုရင်တော့ အင်္ဂလန်အသင်းတွေအပြင် ဥရောပအသင်း တော်တော်များများက အလိုရှိနေကြပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးအပြင် အသင်းကြီး ၆ သင်းစာရင်းဝင် အသင်းတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း မြင်တွေ့ရဖွယ်ရှိကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.