International La Liga

ဒိတ်ဒိတ်ကြဲနောက်ခံလူနဲ့ နယ်သာလန်နည်းပြဟောင်းတို့ ပြောတဲ့ ဘယ်လွန်ဒေါဆုရှင်

အီတလီဂန္ထဝင်နောက်ခံလူ ဖာဘီယို ကန်နာဗာရိုနဲ့ ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းတို့ကတော့ ဒီနှစ်အတွက် ဘယ်လွန်ဒေါဆုကို ဘယ်သူရသင့်လဲဆိုတဲ့ မေးခွန်းအပေါ်မှာ သူတို့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ဖြေခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီပဲ ရသွားလိမ့်မယ်လို့ မြင်တဲ့အကြောင်းကို ပြောသွားခဲ့တာပါ။

လီယွန်နယ် မက်ဆီကတော့ သူ့အတွက် နိုင်ငံအသင်းနဲ့ ပထမဆုံးအောင်မြင်မှုအဖြစ် ကိုပါအမေရိကဖလားကို မကြာသေးမီကမှ ရယူထားသူဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက်လည်း ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့သလို ဖန်တီးပေးနိုင်ခဲ့တာတွေကြောင့် ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်ပါ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တုန်းက အီတလီအသင်းကို ဦးဆောင်ပြီး ကမ္ဘာ့ဖလားအရယူခဲ့သလို ဘယ်‌လွန်ဒေါဆုကို ရခဲ့တဲ့ ဖာဘီယို ကန်နာဗာရိုကတော့ မက်ဆီသာ ဒီနှစ် ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ကြောင်းကို ပြောခဲ့တာပါ။

သူက “မက်ဆီက သေချာပေါက် နံပါတ် ၁ ပဲ။ သူက ၂၀၂၁ ကိုပါအမေရိကရဲ့ အဓိကဇာတ်လိုက်ဖြစ်ခဲ့တာပဲလေ”လို့ သူ့အမြင်ကို Tutto Sports ကို ပြောသွားခဲ့ပါတယ်။ မက်ဆီက ဘယ်လွန်ဒေါဆု ၆ ကြိမ်အထိ ရရှိထားခဲ့ပြီးဖြစ်သလို ဒီနှစ်မှာလည်း အထူးခြေစွမ်းပြသထားနိုင်ခဲ့တာကြောင့်လည်း အီတလီသားကြီးက သူ့ကို ၇ ကြိမ်မြောက်ဆုရဦးမယ်လို့ အခိုင်အမာပြောထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းရဲ့ ကစားဟန်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အလူးအလဲခံနေရတဲ့ ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ် ကိုးမန်းကတော့ ဒီနှစ်အတွက် ဘယ်လွန်ဒေါဆုနဲ့ပတ်သက်ပြီး အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မက်ဆီပဲ ရသင့်ကြောင်း ထောက်ခံခဲ့ပါတယ်။

Barca TV+ မှာတော့ ကိုးမန်းက “မက်ဆီအနေနဲ့ ဘယ်လောက်တောင် ကိုပါအမေရိကဖလားကို လိုချင်နေခဲ့လဲ ကျွန်တော် ကောင်းကောင်းသိပါတယ်။ သူ့အနေနဲ့လည်း ပြိုင်ပွဲမပြိုင်ခင်မှာလည်း တစ်ရာသီလုံး ခြေစွမ်းပြကစားခဲ့ပြီးပြီလေ”လို့ ပြောခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက အာဂျင်တိုင်းသားကြီးရဲ့ အစွမ်းကို အသိအမှတ်ပြုခဲ့သလို “ကျွန်တော့်အတွက် သူက ဒီနှစ်မှာ ဘယ်လွန်ဒေါဆုကိုရဖို့ ရေပန်းအစားဆုံးပဲဗျာ”လို့ သူ့အမြင်ကို ထုတ်ဖော်သွားခဲ့ပါတယ်။

မက်ဆီအတွက်တော့ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုရယူခဲ့ပြီးချိန်မှာ ဒီနှစ်ရဲ့ ဘယ်လွန်ဒေါဆုကို အရယူဖို့ ရေပန်းအစားဆုံးကစားသမား ဖြစ်လာခဲ့ပြီး ၂၀၂၁ မှာ ချီးမြှင့်မယ့် ဆုကို ကိုးမန်းနဲ့ ကန်နာဗာရိုတို့ထင်သလို မက်ဆီပဲ ရသွားမှာလား၊ ဒါမှမဟုတ် မနှစ်က မရခဲ့တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးလား၊ တခြားကစား‌သမားတွေထဲကပဲလား ဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီဂႏၴဝင္ေနာက္ခံလူ ဖာဘီယို ကန္နာဗာ႐ိုနဲ႔ ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းတို႔ကေတာ့ ဒီႏွစ္အတြက္ ဘယ္လြန္ေဒါဆုကို ဘယ္သူရသင့္လဲဆိုတဲ့ ေမးခြန္းအေပၚမွာ သူတို႔ရဲ႕အျမင္ကို ပြင့္ပြင့္လင္းလင္းပဲ ေျဖခဲ့ၿပီး ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီပဲ ရသြားလိမ့္မယ္လို႔ ျမင္တဲ့အေၾကာင္းကို ေျပာသြားခဲ့တာပါ။

လီယြန္နယ္ မက္ဆီကေတာ့ သူ႔အတြက္ ႏိုင္ငံအသင္းနဲ႔ ပထမဆုံးေအာင္ျမင္မႈအျဖစ္ ကိုပါအေမရိကဖလားကို မၾကာေသးမီကမွ ရယူထားသူျဖစ္ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္လည္း ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့သလို ဖန္တီးေပးႏိုင္ခဲ့တာေတြေၾကာင့္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ပါ သတ္မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

၂၀၀၆ ခုႏွစ္တုန္းက အီတလီအသင္းကို ဦးေဆာင္ၿပီး ကမာၻ႔ဖလားအရယူခဲ့သလို ဘယ္‌လြန္ေဒါဆုကို ရခဲ့တဲ့ ဖာဘီယို ကန္နာဗာ႐ိုကေတာ့ မက္ဆီသာ ဒီႏွစ္ ဘယ္လြန္ေဒါဆုနဲ႔ ထိုက္တန္တယ္လို႔ ယုံၾကည္ေနတာျဖစ္ေၾကာင္းကို ေျပာခဲ့တာပါ။

သူက “မက္ဆီက ေသခ်ာေပါက္ နံပါတ္ ၁ ပဲ။ သူက ၂၀၂၁ ကိုပါအေမရိကရဲ႕ အဓိကဇာတ္လိုက္ျဖစ္ခဲ့တာပဲေလ”လို႔ သူ႔အျမင္ကို Tutto Sports ကို ေျပာသြားခဲ့ပါတယ္။ မက္ဆီက ဘယ္လြန္ေဒါဆု ၆ ႀကိမ္အထိ ရရွိထားခဲ့ၿပီးျဖစ္သလို ဒီႏွစ္မွာလည္း အထူးေျခစြမ္းျပသထားႏိုင္ခဲ့တာေၾကာင့္လည္း အီတလီသားႀကီးက သူ႔ကို ၇ ႀကိမ္ေျမာက္ဆုရဦးမယ္လို႔ အခိုင္အမာေျပာထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက အသင္းရဲ႕ ကစားဟန္ေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို အလူးအလဲခံေနရတဲ့ ဘာစီလိုနာအသင္းနည္းျပ ေရာ္နယ္လ္ ကိုးမန္းကေတာ့ ဒီႏွစ္အတြက္ ဘယ္လြန္ေဒါဆုနဲ႔ပတ္သက္ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ မက္ဆီပဲ ရသင့္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။

Barca TV+ မွာေတာ့ ကိုးမန္းက “မက္ဆီအေနနဲ႔ ဘယ္ေလာက္ေတာင္ ကိုပါအေမရိကဖလားကို လိုခ်င္ေနခဲ့လဲ ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ သူ႔အေနနဲ႔လည္း ၿပိဳင္ပြဲမၿပိဳင္ခင္မွာလည္း တစ္ရာသီလုံး ေျခစြမ္းျပကစားခဲ့ၿပီးၿပီေလ”လို႔ ေျပာခဲ့ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အာဂ်င္တိုင္းသားႀကီးရဲ႕ အစြမ္းကို အသိအမွတ္ျပဳခဲ့သလို “ကြၽန္ေတာ့္အတြက္ သူက ဒီႏွစ္မွာ ဘယ္လြန္ေဒါဆုကိုရဖို႔ ေရပန္းအစားဆုံးပဲဗ်ာ”လို႔ သူ႔အျမင္ကို ထုတ္ေဖာ္သြားခဲ့ပါတယ္။

မက္ဆီအတြက္ေတာ့ ႏိုင္ငံအသင္းနဲ႔အတူ ေအာင္ျမင္မႈရယူခဲ့ၿပီးခ်ိန္မွာ ဒီႏွစ္ရဲ႕ ဘယ္လြန္ေဒါဆုကို အရယူဖို႔ ေရပန္းအစားဆုံးကစားသမား ျဖစ္လာခဲ့ၿပီး ၂၀၂၁ မွာ ခ်ီးျမႇင့္မယ့္ ဆုကို ကိုးမန္းနဲ႔ ကန္နာဗာ႐ိုတို႔ထင္သလို မက္ဆီပဲ ရသြားမွာလား၊ ဒါမွမဟုတ္ မႏွစ္က မရခဲ့တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးလား၊ တျခားကစား‌သမားေတြထဲကပဲလား ဆိုတာကေတာ့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.