Premier League Transfer News

အာဆင်နယ်ရဲ့ တကယ်တမ်း အားနည်းတဲ့ နေရာအတွက် ရောက်လာနိုင်တဲ့ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ဖန်တီးမှုတွေအတွက် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် တကယ်တမ်းမှာ လူများပြီး ပွဲမစည်တဲ့ နေရာတစ်နေရာကိုလည်း ဖြည့်ဆည်းသွားရဖို့ ရှိနေသလို ဘန်ဝှိုက်နဲ့ ဆမ်ဘီ လိုကွန်ဂါတို့ကို ခေါ်ယူပြီးတာနဲ့ အဲ့ဒီနေရာအတွက် အရှိန်အဟုန်မြှင့်ရဖို့ ရှိနေပါတယ်။

ညာနောက်ခံလူနေရာဟာ ဟက်တာ ဘယ်လာရင်ရဲ့ ဒဏ်ရာ၊ အသင်းနဲ့ စိတ်ပါမှုနည်းလာတာနဲ့ သက်သတ်လွတ်စားသလိုလို ဖက်ရှင်တွေကိုပဲ အာရုံစိုက်သလိုလို လုပ်လာချိန်မှာ အာဆင်နယ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီး အသင်းတစ်ပွဲနိုင်ရင် အပင် ၁၀၀၀ စိုက်မယ်လို့ ပြောအပြီးမှာ ဆက်တိုက် နိုင်ပွဲပျောက်နေခဲ့တာကလည်း အဲ့ဒီတုန်းက ဟားစရာဖြစ်ခဲ့ရသေးတာပါ။

ပြီးခဲ့တဲ့ ရာသီဒုတိယဝက်နဲ့ လက်ရှိရာသီကြိုအထိ အသင်းနဲ့ အစေးသိပ်မကပ်ဘဲ ပဲများနေတဲ့ ပုံစံကိုပဲ ပြသနေတဲ့ စပိန်သားကို သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာကလည်း မလိုချင်တော့ဘဲ ပီအက်စ်ဂျီကပါ လက်ရှောင်သွားခဲ့ချိန်မှာ အချောင်ရရင် ခေါ်ယူလိုတဲ့ အင်တာမီလန်တစ်သင်းပဲ ကျန်ရှိနေပြီး အငှား+အပြီးသတ်ဝယ်ယူခွင့်ကို အာဆင်နယ်တို့ဘက်က မျက်စိမှိတ်ပြီး လိုက်လျောရဖို့လည်းဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ထည့်မတွက်တော့ရင် အကောင်းဆုံးအချိန်နဲ့ ခြေစွမ်းမရှိတော့တဲ့ ဆီးဒရစ် ဆွာရက်စ်၊ ဒူးဒဏ်ရာနောက်ပိုင်း အရင်လို မကောင်းသေးတဲ့ ကယ်လမ် ချိမ်းဘားစ်နဲ့ အသစ်ရောက်လာမယ့် ညာနောက်ခံလူစစ်စစ် မဟုတ်တဲ့ ဘန်ဝှိုက်တို့ပဲ ရှိတဲ့ နေရာအတွက်တော့ မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုမှာဖြစ်ပြီး ဒီအတွက် ကစားသမား ၃ ဦးကို အာဆင်နယ်တို့ ချိန်ရွယ်နေခဲ့တာပါ။

၁။ ဆာဂျင်ညို ဒက်စ်
ပြီးခဲ့တဲ့ နွေရာသီကမှ ယူရို ၂၁ သန်းနဲ့ ဘာစီလိုနာကို ရောက်လာခဲ့တဲ့ အိုင်းယက်စ်အကယ်ဒမီထွက်ဟာ ကာတာလန်အသင်းနဲ့အတူ နူးကမ့်မှာ အလျင်အမြန် အသားကျခဲ့ပြီး တစ်ရာသီလုံးမှာ ပွဲပေါင်း ၄၁ ပွဲအထိ ကစားပေးခဲ့သလို ပြိုင်ပွဲစုံသွင်းဂိုး ၃ ဂိုး ရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အမေရိကန် လက်ရွေးစင် ဒက်စ်ကို အာဆင်နယ်ဘက်က ပေါင် ၂၅ သန်း (ယူရို ၂၉.၁ သန်း) ပေးဖို့ အဆင်သင့်ဖြစ်နေပြီး ဘာစီလိုနာရဲ့ ဘဏ္ဏာရေးကျပ်တည်းမှုအရ အပြောင်းအရွှေ့ဖြစ်နိုင်ခြေ ရှိနေတာပါ။

၂။ မက်စ် အာရွန်စ်
နော့ဝစ်ချ်တို့ရဲ့ ပရီးမီးယားလိဂ်တစ်နှစ် ချန်ပီယံရှစ်တစ်နှစ် ကစားနေတဲ့ ပုံစံက သူတို့ဆီက ကစားသမားတွေကို ခေါ်ယူဖို့ ခက်စေပြီး ချက်ချင်း ရုန်းထနိုင်တဲ့ ပုံစံက ကစားသမားတွေကို ဆွဲဆောင်ဖို့ ခက်စေတာပါ။ အာဆင်နယ်တို့ အလိုရှိနေတာ သုံးနှစ်နီးပါး ရှိနေပြီဖြစ်တဲ့ အင်္ဂလန်သား အာရွန်စ်ကို ပြီးခဲ့တဲ့ နှစ်က ပေါင်သန်း ၄၀ သတ်မှတ်ထားခဲ့ပြီး ဒီနှစ်မှာလည်း သိပ်လျှော့ပေးဖို့ မရှိချိန်မှာ ဘွင်ဒီယာကိစ္စမှာ မျက်နှာပျက်ထားခဲ့တဲ့ နှစ်သင်းကြားက ဆက်ဆံရေးအရတော့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။

၃။ တာကဲဟီရို တိုမီယာစု
ဟီဒဲတိုရှီ နာကာတာနောက်မှာ ဘိုလိုညာအသင်းရဲ့ ဒုတိယမြောက် ဂျပန်ကစားသမားဖြစ်လာခဲ့တဲ့ တိုမီယာစုဟာ အရပ် ၆ ပေ ၂ လက်မနဲ့ ဗဟို နောက်ခံလူအဖြစ်ရော ညာနောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး နှစ်ရာသီကစားပြီးချိန်မှာ ပထမရာသီကို ညာနောက်ခံလူအဖြစ် အဓိက ကစားခဲ့ရပြီး ဒုတိယရာသီကိုတော့ ဗဟိုနောက်ခံလူအဖြစ် ဖြတ်သန်းခဲ့တာပါ။ ညာနောက်ခံလူအဖြစ် တိုက်စစ်လိုက်ပါခွင့်ရချိန်မှာ ပိုမိုခြေစွမ်းပြတတ်ပြီး ခေါ်ယူစဉ်က ယူရို ၉ သန်းပေးခဲ့ရတဲ့ ဂျပန်သားကို လက်ရှိမှာ အာဆင်နယ်တို့အနေနဲ့ ယူရိုသန်း ၂၀ နဲ့အထက် ပေးချေသွားရနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ဖန္တီးမႈေတြအတြက္ ကစားသမားသစ္ေတြ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ေပမယ့္ တကယ္တမ္းမွာ လူမ်ားၿပီး ပြဲမစည္တဲ့ ေနရာတစ္ေနရာကိုလည္း ျဖည့္ဆည္းသြားရဖို႔ ရွိေနသလို ဘန္ဝႈိက္နဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ကို ေခၚယူၿပီးတာနဲ႔ အဲ့ဒီေနရာအတြက္ အရွိန္အဟုန္ျမႇင့္ရဖို႔ ရွိေနပါတယ္။

ညာေနာက္ခံလူေနရာဟာ ဟက္တာ ဘယ္လာရင္ရဲ႕ ဒဏ္ရာ၊ အသင္းနဲ႔ စိတ္ပါမႈနည္းလာတာနဲ႔ သက္သတ္လြတ္စားသလိုလို ဖက္ရွင္ေတြကိုပဲ အာ႐ုံစိုက္သလိုလို လုပ္လာခ်ိန္မွာ အာဆင္နယ္အတြက္ စိုးရိမ္စရာျဖစ္လာခဲ့ၿပီး အသင္းတစ္ပြဲႏိုင္ရင္ အပင္ ၁၀၀၀ စိုက္မယ္လို႔ ေျပာအၿပီးမွာ ဆက္တိုက္ ႏိုင္ပြဲေပ်ာက္ေနခဲ့တာကလည္း အဲ့ဒီတုန္းက ဟားစရာျဖစ္ခဲ့ရေသးတာပါ။

ၿပီးခဲ့တဲ့ ရာသီဒုတိယဝက္နဲ႔ လက္ရွိရာသီႀကိဳအထိ အသင္းနဲ႔ အေစးသိပ္မကပ္ဘဲ ပဲမ်ားေနတဲ့ ပုံစံကိုပဲ ျပသေနတဲ့ စပိန္သားကို သူ႔ရဲ႕ အသင္းေဟာင္း ဘာစီလိုနာကလည္း မလိုခ်င္ေတာ့ဘဲ ပီအက္စ္ဂ်ီကပါ လက္ေရွာင္သြားခဲ့ခ်ိန္မွာ အေခ်ာင္ရရင္ ေခၚယူလိုတဲ့ အင္တာမီလန္တစ္သင္းပဲ က်န္ရွိေနၿပီး အငွား+အၿပီးသတ္ဝယ္ယူခြင့္ကို အာဆင္နယ္တို႔ဘက္က မ်က္စိမွိတ္ၿပီး လိုက္ေလ်ာရဖို႔လည္းျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ သူ႔ကို ထည့္မတြက္ေတာ့ရင္ အေကာင္းဆုံးအခ်ိန္နဲ႔ ေျခစြမ္းမရွိေတာ့တဲ့ ဆီးဒရစ္ ဆြာရက္စ္၊ ဒူးဒဏ္ရာေနာက္ပိုင္း အရင္လို မေကာင္းေသးတဲ့ ကယ္လမ္ ခ်ိမ္းဘားစ္နဲ႔ အသစ္ေရာက္လာမယ့္ ညာေနာက္ခံလူစစ္စစ္ မဟုတ္တဲ့ ဘန္ဝႈိက္တို႔ပဲ ရွိတဲ့ ေနရာအတြက္ေတာ့ မျဖစ္မေန အင္အားျဖည့္တင္းဖို႔ လိုမွာျဖစ္ၿပီး ဒီအတြက္ ကစားသမား ၃ ဦးကို အာဆင္နယ္တို႔ ခ်ိန္႐ြယ္ေနခဲ့တာပါ။

၁။ ဆာဂ်င္ညိဳ ဒက္စ္
ၿပီးခဲ့တဲ့ ေႏြရာသီကမွ ယူ႐ို ၂၁ သန္းနဲ႔ ဘာစီလိုနာကို ေရာက္လာခဲ့တဲ့ အိုင္းယက္စ္အကယ္ဒမီထြက္ဟာ ကာတာလန္အသင္းနဲ႔အတူ ႏူးကမ့္မွာ အလ်င္အျမန္ အသားက်ခဲ့ၿပီး တစ္ရာသီလုံးမွာ ပြဲေပါင္း ၄၁ ပြဲအထိ ကစားေပးခဲ့သလို ၿပိဳင္ပြဲစုံသြင္းဂိုး ၃ ဂိုး ရယူေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ အေမရိကန္ လက္ေ႐ြးစင္ ဒက္စ္ကို အာဆင္နယ္ဘက္က ေပါင္ ၂၅ သန္း (ယူ႐ို ၂၉.၁ သန္း) ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီး ဘာစီလိုနာရဲ႕ ဘဏၰာေရးက်ပ္တည္းမႈအရ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ေျခ ရွိေနတာပါ။

၂။ မက္စ္ အာ႐ြန္စ္
ေနာ့ဝစ္ခ်္တို႔ရဲ႕ ပရီးမီးယားလိဂ္တစ္ႏွစ္ ခ်န္ပီယံရွစ္တစ္ႏွစ္ ကစားေနတဲ့ ပုံစံက သူတို႔ဆီက ကစားသမားေတြကို ေခၚယူဖို႔ ခက္ေစၿပီး ခ်က္ခ်င္း ႐ုန္းထႏိုင္တဲ့ ပုံစံက ကစားသမားေတြကို ဆြဲေဆာင္ဖို႔ ခက္ေစတာပါ။ အာဆင္နယ္တို႔ အလိုရွိေနတာ သုံးႏွစ္နီးပါး ရွိေနၿပီျဖစ္တဲ့ အဂၤလန္သား အာ႐ြန္စ္ကို ၿပီးခဲ့တဲ့ ႏွစ္က ေပါင္သန္း ၄၀ သတ္မွတ္ထားခဲ့ၿပီး ဒီႏွစ္မွာလည္း သိပ္ေလွ်ာ့ေပးဖို႔ မရွိခ်ိန္မွာ ဘြင္ဒီယာကိစၥမွာ မ်က္ႏွာပ်က္ထားခဲ့တဲ့ ႏွစ္သင္းၾကားက ဆက္ဆံေရးအရေတာ့ အနည္းငယ္ခက္ခဲႏိုင္ပါတယ္။

၃။ တာကဲဟီ႐ို တိုမီယာစု
ဟီဒဲတိုရွီ နာကာတာေနာက္မွာ ဘိုလိုညာအသင္းရဲ႕ ဒုတိယေျမာက္ ဂ်ပန္ကစားသမားျဖစ္လာခဲ့တဲ့ တိုမီယာစုဟာ အရပ္ ၆ ေပ ၂ လက္မနဲ႔ ဗဟိုေနာက္ခံလူအျဖစ္ေရာ ညာေနာက္ခံလူအျဖစ္ပါ ကစားႏိုင္သူျဖစ္ၿပီး ႏွစ္ရာသီကစားၿပီးခ်ိန္မွာ ပထမရာသီကို ညာေနာက္ခံလူအျဖစ္ အဓိက ကစားခဲ့ရၿပီး ဒုတိယရာသီကိုေတာ့ ဗဟိုေနာက္ခံလူအျဖစ္ ျဖတ္သန္းခဲ့တာပါ။ ညာေနာက္ခံလူအျဖစ္ တိုက္စစ္လိုက္ပါခြင့္ရခ်ိန္မွာ ပိုမိုေျခစြမ္းျပတတ္ၿပီး ေခၚယူစဥ္က ယူ႐ို ၉ သန္းေပးခဲ့ရတဲ့ ဂ်ပန္သားကို လက္ရွိမွာ အာဆင္နယ္တို႔အေနနဲ႔ ယူ႐ိုသန္း ၂၀ နဲ႔အထက္ ေပးေခ်သြားရႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.