Article La Liga Ligue1

ပီအက်စ်ဂျီရောက် ဆာဂျီယို ရာမို့စ်ရဲ့ စိတ်ထိခိုက်စရာ အခိုက်အတန့်

ရီးရဲလ်မက်ဒရစ်အသင်းကနေ စာချုပ်ကုန်ဆုံးချိန်မှာ သက်တမ်းတိုးဖို့ မလုပ်တော့တဲ့ ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ ရက်စက်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကြောင့် ဘာနေဗျူးက ထွက်ခွာခဲ့ရပြီး ခါးသီးတဲ့ ပြိုင်ဘက်တွေနဲ့ ကင်းလွတ်ရာ ပြင်သစ်မြေ ပီအက်စ်ဂျီကို ရွေးချယ်ခဲ့တဲ့ ဆာဂျီယို ရာမို့စ်နဲ့ သူ့ရဲ့ ပရိသတ်တွေမှာလည်း စိတ်ထိခိုက်စရာ အခိုက်အတန့်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိနေခဲ့ပြီး လာလီဂါဖလား ၅ လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ ကျန်ဖလား ၁၃ လုံးကို စုဆောင်းနိုင်ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံလူဟာ လာလီဂါနဲ့ လက်ရွေးစင်အသင်းတွေမှာလည်း အဝါကတ်၊ အနီကတ်တွေ အများဆုံး လူကြမ်းကြီးဖြစ်ခဲ့ပေမယ့် ဘာနေဗျူးကို ခွဲခွာချိန်မှာတော့ မျက်ရည်ကျခဲ့ဖူးတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ကျောနံပါတ် ၄ အင်္ကျီကို ဝတ်ဆင်ဖို့ အကြောင်းဖန်လာချိန်မှာတော့ ရာမို့စ်အတွက် စိတ်ထိခိုက်စရာ ပုံစံတစ်ခုကို ပရိသတ်တွေ တွေ့မြင်ခဲ့ရပြီး ဝတ်စုံပြည့် ဝတ်ဆင်လို့အပြီးမှာ အသားကျနေတဲ့ မသိစိတ်က အသင်းခေါင်းဆောင်လက်ပတ်ကို လိုက်ရှာပြီးမှ မဟုတ်သေးဘူးဆိုပြီး စိတ်လျှော့လိုက်ရတဲ့ အခြေအနေက စိတ်မခိုင်သူတွေအတွက် ရင်ဆို့စရာဖြစ်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂိုးသမား အီကာ ကာဆီးယာ့စ် ထွက်သွားကတည်းက အသင်းခေါင်းဆောင်သစ်တာဝန်ကို ၂၀၁၅ ခုနှစ်မှာ စတင် ရယူခဲ့တဲ့ နောက်ခံလူဟာ ဒီရာသီကုန်မှာ အသင်းက ထွက်ခွာချိန်အထိ ၆ ရာသီဆက်တိုက် ကပ္ပတိန်လက်ပတ်ကို ပတ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီရဲ့ အဝတ်လဲခန်းအတွင်းမှာတော့ သူ့အတွက် နေ့စဉ်လုပ်ဆောင်မှုတွေကနေ အသားမကျတဲ့အရာကို စတင်ကြုံတွေ့ခဲ့ရတာပါ။

လက်ရှိ ပီအက်စ်ဂျီအသင်းခေါင်းဆောင်တာဝန်ကိုတော့ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးကို ပြောင်းသွားတဲ့ သီယာဂို ဆေးလ်ဗားရဲ့ နေရာမှာ ဘရာဇီးလ်သား မားကင်ညို့စ်က ဆက်ခံတာဝန်ယူနေတာဖြစ်ပြီး နည်းပြ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ ရာမို့စ်ဆီ လွှဲပြောင်းပေးဖို့ မဖြစ်နိုင်တာမို့ ပါရီရောက် စပိန်သားကြီးအနေနဲ့ ကျိတ်မှိတ်မျိုသိပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

မင်းသားတွေရဲ့ကွင်း Parc des Princes မှာ စတင်ခြေချကစားရမယ့် ရာမို့စ်ကတော့ ပီအက်စ်ဂျီအသင်းဟာ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး အသင်းဥက္ကဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီ၊ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ တိုက်စစ်မှူး နေမာတို့ဟာ ဆုဖလားတွေနဲ့ မြင့်မားတဲ့ အဆင့်အတန်းအတွက် အာမခံချက်လို့လည်း ဆိုသွားခဲ့တာပါ။

ဒါပေမယ့် အသက်အရွယ်ကြီးမှ အသင်းသစ်မှာ အသင်းခေါင်းဆောင်တစ်ယောက် မဟုတ်တော့ဘဲ အသင်းသားတစ်ဦးအဖြစ် ပြန်ကစားရမယ့် စပိန်သားကြီးအနေနဲ့ လက်ပတ်မရှိလို့ အခြေမကျတာဟာ ခဏတာပဲဖြစ်နိုင်ပြီး တာဝန်ယူမှုမြင့်မားပြီး ရဲရင့်ခက်မာတဲ့ လာလီဂါဖိုက်တာဟောင်းကြီးတစ်ယောက် အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်ဖို့ အသေအချာပဲဖြစ်နေဦးမယ်လို့ ဘောလုံးချစ်ပရိသတ်တွေ ခပ်ရဲရဲပဲ ပြောနိုင်ကြမှာဖြစ်ပါကြောင်း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းကေန စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ သက္တမ္းတိုးဖို႔ မလုပ္ေတာ့တဲ့ ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ ရက္စက္ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ဘာေနဗ်ဴးက ထြက္ခြာခဲ့ရၿပီး ခါးသီးတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ကင္းလြတ္ရာ ျပင္သစ္ေျမ ပီအက္စ္ဂ်ီကို ေ႐ြးခ်ယ္ခဲ့တဲ့ ဆာဂ်ီယို ရာမို႔စ္နဲ႔ သူ႔ရဲ႕ ပရိသတ္ေတြမွာလည္း စိတ္ထိခိုက္စရာ အခိုက္အတန႔္တစ္ခုကို ႀကဳံေတြ႕ခဲ့ရပါတယ္။

၂၀၀၅ ခုႏွစ္ကတည္းက ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ရွိေနခဲ့ၿပီး လာလီဂါဖလား ၅ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၄ လုံးနဲ႔ က်န္ဖလား ၁၃ လုံးကို စုေဆာင္းႏိုင္ခဲ့တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ စပိန္ေနာက္ခံလူဟာ လာလီဂါနဲ႔ လက္ေ႐ြးစင္အသင္းေတြမွာလည္း အဝါကတ္၊ အနီကတ္ေတြ အမ်ားဆုံး လူၾကမ္းႀကီးျဖစ္ခဲ့ေပမယ့္ ဘာေနဗ်ဴးကို ခြဲခြာခ်ိန္မွာေတာ့ မ်က္ရည္က်ခဲ့ဖူးတာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ေက်ာနံပါတ္ ၄ အက်ႌကို ဝတ္ဆင္ဖို႔ အေၾကာင္းဖန္လာခ်ိန္မွာေတာ့ ရာမို႔စ္အတြက္ စိတ္ထိခိုက္စရာ ပုံစံတစ္ခုကို ပရိသတ္ေတြ ေတြ႕ျမင္ခဲ့ရၿပီး ဝတ္စုံျပည့္ ဝတ္ဆင္လို႔အၿပီးမွာ အသားက်ေနတဲ့ မသိစိတ္က အသင္းေခါင္းေဆာင္လက္ပတ္ကို လိုက္ရွာၿပီးမွ မဟုတ္ေသးဘူးဆိုၿပီး စိတ္ေလွ်ာ့လိုက္ရတဲ့ အေျခအေနက စိတ္မခိုင္သူေတြအတြက္ ရင္ဆို႔စရာျဖစ္ခဲ့ရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ဂိုးသမား အီကာ ကာဆီးယာ့စ္ ထြက္သြားကတည္းက အသင္းေခါင္းေဆာင္သစ္တာဝန္ကို ၂၀၁၅ ခုႏွစ္မွာ စတင္ ရယူခဲ့တဲ့ ေနာက္ခံလူဟာ ဒီရာသီကုန္မွာ အသင္းက ထြက္ခြာခ်ိန္အထိ ၆ ရာသီဆက္တိုက္ ကပၸတိန္လက္ပတ္ကို ပတ္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီရဲ႕ အဝတ္လဲခန္းအတြင္းမွာေတာ့ သူ႔အတြက္ ေန႔စဥ္လုပ္ေဆာင္မႈေတြကေန အသားမက်တဲ့အရာကို စတင္ႀကဳံေတြ႕ခဲ့ရတာပါ။

လက္ရွိ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္တာဝန္ကိုေတာ့ ၿပီးခဲ့တဲ့ ရာသီက ခ်ဲလ္ဆီးကို ေျပာင္းသြားတဲ့ သီယာဂို ေဆးလ္ဗားရဲ႕ ေနရာမွာ ဘရာဇီးလ္သား မားကင္ညိဳ႕စ္က ဆက္ခံတာဝန္ယူေနတာျဖစ္ၿပီး နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ ရာမို႔စ္ဆီ လႊဲေျပာင္းေပးဖို႔ မျဖစ္ႏိုင္တာမို႔ ပါရီေရာက္ စပိန္သားႀကီးအေနနဲ႔ က်ိတ္မွိတ္မ်ိဳသိပ္ခဲ့ရတာလည္းျဖစ္ပါတယ္။

မင္းသားေတြရဲ႕ကြင္း Parc des Princes မွာ စတင္ေျခခ်ကစားရမယ့္ ရာမို႔စ္ကေတာ့ ပီအက္စ္ဂ်ီအသင္းဟာ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အေကာင္းဆုံးေနရာတစ္ခုျဖစ္တယ္လို႔ သူ႔ရဲ႕ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ၿပီး အသင္းဥကၠဌ နက္ဆာ အယ္လ္ခယ္လိုင္ဖီ၊ အားကစားဒါ႐ိုက္တာ လီယိုနာဒိုနဲ႔ တိုက္စစ္မႉး ေနမာတို႔ဟာ ဆုဖလားေတြနဲ႔ ျမင့္မားတဲ့ အဆင့္အတန္းအတြက္ အာမခံခ်က္လို႔လည္း ဆိုသြားခဲ့တာပါ။

ဒါေပမယ့္ အသက္အ႐ြယ္ႀကီးမွ အသင္းသစ္မွာ အသင္းေခါင္းေဆာင္တစ္ေယာက္ မဟုတ္ေတာ့ဘဲ အသင္းသားတစ္ဦးအျဖစ္ ျပန္ကစားရမယ့္ စပိန္သားႀကီးအေနနဲ႔ လက္ပတ္မရွိလို႔ အေျခမက်တာဟာ ခဏတာပဲျဖစ္ႏိုင္ၿပီး တာဝန္ယူမႈျမင့္မားၿပီး ရဲရင့္ခက္မာတဲ့ လာလီဂါဖိုက္တာေဟာင္းႀကီးတစ္ေယာက္ ေအာင္ျမင္မႈေတြအတြက္ တိုက္ပြဲဝင္ဖို႔ အေသအခ်ာပဲျဖစ္ေနဦးမယ္လို႔ ေဘာလုံးခ်စ္ပရိသတ္ေတြ ခပ္ရဲရဲပဲ ေျပာႏိုင္ၾကမွာျဖစ္ပါေၾကာင္း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.