Premier League

ဟာရီကိန္း၊ ဆန္ခ်ဳိနဲ႔ ဂရီလစ္ရွ္တုိ႔ သုံးဦးစလုံးကို ေခၚယူႏုိင္ရင္ မန္ယူထိပ္တန္းျပန္ေရာက္ၿပီလို႔ ရွီးရားဆို

ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္တုိက္စစ္မွဴးႀကီး အလန္ ရွီးရားက မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ထိပ္တန္းအဆင့္ကို ျပန္ေရာက္ဖို႔ဆုိရင္ တုိက္စစ္မွဴး ဟာရီကိန္း၊ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ ကြင္းလယ္ကစားသမား ဂ်က္ခ္ ဂရီလစ္ရွ္တုိ႔ကို ေခၚယူရမွာျဖစ္ၿပီး သူတုိ႔သုံးဦးလုံးကို ရရင္ေတာ့ အေကာင္းဆုံးျဖစ္ၿပီလို႔ ေျပာၾကားလုိက္ပါတယ္။

အသင္းကေန ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ အနားယူသြားၿပီးေနာက္ပုိင္း ၂၀၁၃ ခုႏွစ္ကစလုိ႔ ပရီးမီးယားလိဂ္မွာ တစ္ႀကိမ္မွ ဗိုလ္မစြဲေတာ့တဲ့ ယူႏုိက္တက္ဟာ ၿပဳိင္ပြဲအေပၚ လႊမ္းမိုးမွဳနဲ႔ အရွိန္အဝါလည္း က်ဆင္းလာခဲ့ၿပီး နည္းျပသစ္ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ ဒုတိယရာသီမွာေတာ့ ျပန္လည္တုိးတက္မွဳတခ်ဳိ႕ကို ျမင္ခဲ့ရတာပါ။

ရွီးရားကေတာ့ ဟိုအရင္က ခ်န္ပီယံလိဂ္ကို ရယူႏုိင္ခဲ့တဲ့ အဆင့္မ်ဳိးကို ျပန္လည္ေရာက္ရွိဖို႔ဆုိရင္ အားျဖည့္မွဳ ႀကီးႀကီးမားမား ျပဳလုပ္ရမယ္လို႔ ယုံၾကည္ေနၿပီး ဘဏၰာေရးခိုင္မာတဲ့ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားအတြက္ေတာ့ ပါးပါးနပ္နပ္ လုပ္ေဆာင္ႏုိင္ရင္ ေငြက်ပ္ေနတဲ့ အသင္းေတြဆီက ကစားသမားေတြကို အရင္ေပါက္ေဈးထက္ ေလွ်ာ့ၿပီး ေခၚယူႏုိင္လိမ့္မယ္လုိ႔လည္း ဆုိပါတယ္။

“ယူႏိုက္တက္အေနနဲ႔ နာမည္ႀကီးကစားသမား သုံးေလးဦး ေခၚယူရပါလိမ့္မယ္။ ကၽြန္ေတာ္ သိသေလာက္ေတာ့ ဟာရီကိန္း၊ ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ ဂ်က္ ဂရီလစ္ရွ္တုိ႔ကို သူတုိ႔ ေဆြးေႏြးေနပါတယ္။ ဒီသုံးဦးဟာ အသင္းမွာ လိုအပ္ေနတဲ့ ကစားသမားမ်ဳိးေတြျဖစ္ၾကၿပီး သူတုိ႔ေတြအေနနဲ႔ ထိပ္တန္းအဆင့္ကို ျပန္လည္တက္ေရာက္ဖို႔ဆိုရင္ မျဖစ္မေန ေခၚယူသင့္တဲ့သူမ်ဳိးေတြလည္းျဖစ္ပါတယ္”လုိ႔ ရွီးရားက ေျပာၾကားလုိက္ပါတယ္။

ဒါေပမယ့္ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္းႀကီးက သူတုိ႔ေတြအေနနဲ႔ ဒီကစားသမားသုံးေယာက္စလုံးကို မေခၚယူႏုိင္တာမ်ဳိးလည္း ျဖစ္ႏုိင္ၿပီး လက္ရွိကိုဗစ္-၁၉ ေၾကာင့္ ေငြေၾကးက်ပ္တည္းေနခ်ိန္မွာ ယူႏုိက္တက္အေနနဲ႔ ေခၽြတာႏုိင္ေၾကာင္းဆုိခဲ့ၿပီး တစ္ဦးကို ေျပာင္းလဲေခၚယူမယ္ ဆုိရင္ေတာ့ ခ်န္လွပ္ထားခဲ့မယ့္သူဟာ ေပါင္သန္း ၂၀၀ ေလာက္ေပးရမယ့္ ဟာရီကိန္းပဲ ျဖစ္လိမ့္မယ္လို႔လည္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးရားက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ဆိုရင် တိုက်စစ်မှူး ဟာရီကိန်း၊ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုနဲ့ ကွင်းလယ်ကစားသမား ဂျက်ခ် ဂရီလစ်ရှ်တို့ကို ခေါ်ယူရမှာဖြစ်ပြီး သူတို့သုံးဦးလုံးကို ရရင်တော့ အကောင်းဆုံးဖြစ်ပြီလို့ ပြောကြားလိုက်ပါတယ်။

အသင်းကနေ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်ကစလို့ ပရီးမီးယားလိဂ်မှာ တစ်ကြိမ်မှ ဗိုလ်မစွဲတော့တဲ့ ယူနိုက်တက်ဟာ ပြိုင်ပွဲအပေါ် လွှမ်းမိုးမှုနဲ့ အရှိန်အဝါလည်း ကျဆင်းလာခဲ့ပြီး နည်းပြသစ် အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ဒုတိယရာသီမှာတော့ ပြန်လည်တိုးတက်မှုတချို့ကို မြင်ခဲ့ရတာပါ။

ရှီးရားကတော့ ဟိုအရင်က ချန်ပီယံလိဂ်ကို ရယူနိုင်ခဲ့တဲ့ အဆင့်မျိုးကို ပြန်လည်ရောက်ရှိဖို့ဆိုရင် အားဖြည့်မှု ကြီးကြီးမားမား ပြုလုပ်ရမယ်လို့ ယုံကြည်နေပြီး ဘဏ္ဏာရေးခိုင်မာတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်တော့ ပါးပါးနပ်နပ် လုပ်ဆောင်နိုင်ရင် ငွေကျပ်နေတဲ့ အသင်းတွေဆီက ကစားသမားတွေကို အရင်ပေါက်ဈေးထက် လျှော့ပြီး ခေါ်ယူနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

“ယူနိုက်တက်အနေနဲ့ နာမည်ကြီးကစားသမား သုံးလေးဦး ခေါ်ယူရပါလိမ့်မယ်။ ကျွန်တော် သိသလောက်တော့ ဟာရီကိန်း၊ ဂျေဒန် ဆန်ချိုနဲ့ ဂျက် ဂရီလစ်ရှ်တို့ကို သူတို့ ဆွေးနွေးနေပါတယ်။ ဒီသုံးဦးဟာ အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးတွေဖြစ်ကြပြီး သူတို့တွေအနေနဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်တက်ရောက်ဖို့ဆိုရင် မဖြစ်မနေ ခေါ်ယူသင့်တဲ့သူမျိုးတွေလည်းဖြစ်ပါတယ်”လို့ ရှီးရားက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းကြီးက သူတို့တွေအနေနဲ့ ဒီကစားသမားသုံးယောက်စလုံးကို မခေါ်ယူနိုင်တာမျိုးလည်း ဖြစ်နိုင်ပြီး လက်ရှိကိုဗစ်-၁၉ ကြောင့် ငွေကြေးကျပ်တည်းနေချိန်မှာ ယူနိုက်တက်အနေနဲ့ ချွေတာနိုင်ကြောင်းဆိုခဲ့ပြီး တစ်ဦးကို ပြောင်းလဲခေါ်ယူမယ် ဆိုရင်တော့ ချန်လှပ်ထားခဲ့မယ့်သူဟာ ပေါင်သန်း ၂၀၀ လောက်ပေးရမယ့် ဟာရီကိန်းပဲ ဖြစ်လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.