Premier League Transfer News

19 Jul နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– မနှစ်က ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံခဲ့ရတဲ့ လီဗာပူးလ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန်အတွက် ဝေဖန်မှုတွေက မမျှတခဲ့ဘဲ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးမှာ Final Third ဇုန်အတွင်း ဘောလုံးပေးပို့မှု ဒုတိယအများဆုံး ကစားသမားဖြစ်နေသလို ပရီးမီးယားလိဂ်တစ်ခုလုံးမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နောက်မှာ ရပ်တည်နိုင်ခဲ့။

– စာချုပ်ပါ အချက်အလက်တွေအရ လီဗာပူးလ်ကစားသမားဟောင်း ဖလိပီ ကော်တင်ညိုအနေနဲ့ ၁၀ ပွဲထပ်ကစားခဲ့ရင် လီဗာပူးလ်အသင်းကို ယူရို ၁၀ သန်းပေးရမှာဖြစ်သလို သူ့ကို ခေါ်ယူစဉ်ကလည်း ယူရိုသန်း ၅၀ ပေးဖို့ ကျန်သေးတာကြောင့် ဆုံးရှုံးမှုတွေကို ကာမိအောင် ယူရိုသန်း ၅၀ သတ်မှတ်ပြီး ပြန်ပေးသွားဖို့ ကတ်တလန်ကလပ်ဘက်က စဉ်းစားနေ။

– အသင်းပြောင်းဖို့ သတင်းထွက်နေခဲ့တဲ့ နောက်ခံလူ နီကို ဝီလီယမ်စ်နဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်တို့ကို လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ရာသီကြိုခြေစမ်းပွဲတွေအတွက် လေ့ကျင့်ရေးဆင်းတဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းခဲ့ပြီး ‌အခွင့်အရေးပေးသွားဖို့ ပြန်စဉ်းစားလာကြောင်းသိရ။

– လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ ဘရာဇီးလ်သား အယ်လစ်ဆန် ဘက်ကာကို ၅ နှစ်စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၂၆ အထိ အန်ဖီးလ်မှာ ရှိနေတော့မှာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

– အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်ကွင်းလယ်လူ နီကိုလို ဘာရဲလားကို ‌ရောင်းချဖို့အတွက် အစီအစဉ်မရှိဘဲ လီဗာပူးလ်အသင်းရဲ့ ယူရိုသန်း ၇၀ ဝန်းကျင်နဲ့ ကမ်းလှမ်းတာကိုလည်း ပယ်ချထားခဲ့သလို အီတလီလက်ရွေးစင်ကို စာချုပ်သက်တမ်းတိုးဖို့ပါ စီစဉ်လာကြောင်း အီတလီမီဒီယာတွေ ဖော်ပြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဆာဆူအိုလို တောင်ပံကစားသမား ဒိုမီနီကို ဘယ်ရာဒီကို ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး သူ့ကို ညာတောင်ပံမှာ အသုံးပြုမယ်ဆိုရင် ညာတောင်ပံက မိုဟာမက် ဆာလားအတွက် အသုံးပြုမယ့် နေရာကို ပြန်လည်စဉ်းစားရဖို့ ရှိနေတဲ့ အချက်ကြောင့်သာ အပြောင်းအရွှေ့ဖြစ်လာဖို့ ကြန့်ကြာနေကြောင်းသိရ။

– ရာသီကြိုခြေစမ်းပွဲမစခင် ၅ ရက်အလိုမှာ လီဗာပူးလ်နောက်ခံလူ ဂျိုး ဂိုးမက်ဇ်အနေနဲ့ ဒူးဒဏ်ရာ ရှိသွားခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း နည်းပြ ယာဂန် ကလော့ပ်က ရှင်းလင်းလိုက်ပြီး သတင်းဖြစ်ပြီးရော လျှောက်ရေးနေတဲ့ အဖွမီဒီယာတွေကို ပြစ်တင်ပြောကြားသွားခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်နေကြောင်း ဆိုသွားခဲ့။

– ဒေါ့မွန်အသင်းနဲ့ အပြီးသတ်စာချုပ်မချုပ်ရသေးတဲ့ ဒွန်ညဲ မာလန်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်လူ မာကို ဂရူယစ်ခ်ျနဲ့ ယူရို ၁၅ သန်း အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေပြီး ပီအက်စ်ဗီအသင်းအနေနဲ့လည်း နည်းနည်းပြန်စဉ်းစားလာမယ့် အနေအထားမှာရှိနေကြောင်း မီဒီယာများက ဖော်ပြနေကြ။

– ဘယ်လ်ဂျီယမ် တောင်ပံကစားသမား ဂျရယ်မီ ဒိုကူကိုခေါ်ယူဖို့ လီဗာပူးလ်အနေနဲ့ ပြန်လည်စိတ်ဝင်စားလာခဲ့ပြန်ပြီး အသင်းရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးကိုယ်တိုင်က သူ့နေရာ ဆက်ခံမယ့်ချာတိတ်လေးလို့ ထောက်ခံသွားခဲ့တာကြောင့် လီဂူးဝမ်းကလပ် ရင်းနေးအသင်းဆီကနေ အရခေါ်ယူဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မႏွစ္က ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္ခံခဲ့ရတဲ့ လီဗာပူးလ္ေနာက္ခံလူ အန္ဒ႐ူး ေရာဘတ္ဆန္အတြက္ ေဝဖန္မႈေတြက မမွ်တခဲ့ဘဲ သူက ၿပီးခဲ့တဲ့ ေဘာလုံးရာသီတစ္ခုလုံးမွာ Final Third ဇုန္အတြင္း ေဘာလုံးေပးပို႔မႈ ဒုတိယအမ်ားဆုံး ကစားသမားျဖစ္ေနသလို ပရီးမီးယားလိဂ္တစ္ခုလုံးမွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေနာက္မွာ ရပ္တည္ႏိုင္ခဲ့။

– စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ လီဗာပူးလ္ကစားသမားေဟာင္း ဖလိပီ ေကာ္တင္ညိဳအေနနဲ႔ ၁၀ ပြဲထပ္ကစားခဲ့ရင္ လီဗာပူးလ္အသင္းကို ယူ႐ို ၁၀ သန္းေပးရမွာျဖစ္သလို သူ႔ကို ေခၚယူစဥ္ကလည္း ယူ႐ိုသန္း ၅၀ ေပးဖို႔ က်န္ေသးတာေၾကာင့္ ဆုံးရႈံးမႈေတြကို ကာမိေအာင္ ယူ႐ိုသန္း ၅၀ သတ္မွတ္ၿပီး ျပန္ေပးသြားဖို႔ ကတ္တလန္ကလပ္ဘက္က စဥ္းစားေန။

– အသင္းေျပာင္းဖို႔ သတင္းထြက္ေနခဲ့တဲ့ ေနာက္ခံလူ နီကို ဝီလီယမ္စ္နဲ႔ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္တို႔ကို လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္က ရာသီႀကိဳေျခစမ္းပြဲေတြအတြက္ ေလ့က်င့္ေရးဆင္းတဲ့ ကစားသမားစာရင္းထဲမွာ ထည့္သြင္းခဲ့ၿပီး ‌အခြင့္အေရးေပးသြားဖို႔ ျပန္စဥ္းစားလာေၾကာင္းသိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ အသင္းရဲ႕ အဓိကဂိုးသမားျဖစ္တဲ့ ဘရာဇီးလ္သား အယ္လစ္ဆန္ ဘက္ကာကို ၅ ႏွစ္စာခ်ဳပ္သက္တမ္း တိုးႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၀၂၆ အထိ အန္ဖီးလ္မွာ ရွိေနေတာ့မွာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

– အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ နီကိုလို ဘာရဲလားကို ‌ေရာင္းခ်ဖို႔အတြက္ အစီအစဥ္မရွိဘဲ လီဗာပူးလ္အသင္းရဲ႕ ယူ႐ိုသန္း ၇၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းတာကိုလည္း ပယ္ခ်ထားခဲ့သလို အီတလီလက္ေ႐ြးစင္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ပါ စီစဥ္လာေၾကာင္း အီတလီမီဒီယာေတြ ေဖာ္ျပ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဆာဆူအိုလို ေတာင္ပံကစားသမား ဒိုမီနီကို ဘယ္ရာဒီကို ယူ႐ိုသန္း ၅၀ ဝန္းက်င္နဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး သူ႔ကို ညာေတာင္ပံမွာ အသုံးျပဳမယ္ဆိုရင္ ညာေတာင္ပံက မိုဟာမက္ ဆာလားအတြက္ အသုံးျပဳမယ့္ ေနရာကို ျပန္လည္စဥ္းစားရဖို႔ ရွိေနတဲ့ အခ်က္ေၾကာင့္သာ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ ၾကန႔္ၾကာေနေၾကာင္းသိရ။

– ရာသီႀကိဳေျခစမ္းပြဲမစခင္ ၅ ရက္အလိုမွာ လီဗာပူးလ္ေနာက္ခံလူ ဂ်ိဳး ဂိုးမက္ဇ္အေနနဲ႔ ဒူးဒဏ္ရာ ရွိသြားခဲ့တယ္ဆိုတာ မဟုတ္မွန္ေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က ရွင္းလင္းလိုက္ၿပီး သတင္းျဖစ္ၿပီးေရာ ေလွ်ာက္ေရးေနတဲ့ အဖြမီဒီယာေတြကို ျပစ္တင္ေျပာၾကားသြားခဲ့ၿပီး ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္ေနေၾကာင္း ဆိုသြားခဲ့။

– ေဒါ့မြန္အသင္းနဲ႔ အၿပီးသတ္စာခ်ဳပ္မခ်ဳပ္ရေသးတဲ့ ဒြန္ညဲ မာလန္ကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ္်နဲ႔ ယူ႐ို ၁၅ သန္း အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနၿပီး ပီအက္စ္ဗီအသင္းအေနနဲ႔လည္း နည္းနည္းျပန္စဥ္းစားလာမယ့္ အေနအထားမွာရွိေနေၾကာင္း မီဒီယာမ်ားက ေဖာ္ျပေနၾက။

– ဘယ္လ္ဂ်ီယမ္ ေတာင္ပံကစားသမား ဂ်ရယ္မီ ဒိုကူကိုေခၚယူဖို႔ လီဗာပူးလ္အေနနဲ႔ ျပန္လည္စိတ္ဝင္စားလာခဲ့ျပန္ၿပီး အသင္းရဲ႕ ေတာင္ပံကစားသမား ဆာဒီယို မာေနးကိုယ္တိုင္က သူ႔ေနရာ ဆက္ခံမယ့္ခ်ာတိတ္ေလးလို႔ ေထာက္ခံသြားခဲ့တာေၾကာင့္ လီဂူးဝမ္းကလပ္ ရင္းေနးအသင္းဆီကေန အရေခၚယူဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.