Premier League Transfer News

18 Jul ညဉီးပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်နေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကတော့ မိုးပြာရောင်တွေနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်သလို ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်‌မှာလည်း မြောက်လန်ဒန်အသင်းနဲ့ ပူးပေါင်းတော့မှာ မဟုတ်ကြောင်းသိရ။

– ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား ယန်ဟဲလ် ဟာရဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်၊ ဆောက်သမ်ပ်တန်တို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေသလို ပေါင်သန်း ၂၀ ဝန်းကျင်ရရင် အီးတီဟတ်မြေကနေ ရောင်းထုတ်သွားဖို့ရှိနေကြောင်း သတင်းတွေ ပေါ်ထွက်လာ။

– အက်စတန်ဗီလာကွင်းလယ်ဖန်တီးရှင် ဂျက်ခ် ဂရီးလစ်ရှ်အနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းလာချင်နေပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရမှာ စိုးရိမ်နေတာကြောင့်သာ အပြောင်းအရွှေ့မဖြစ်သေးတာဖြစ်ပြီး အသင်းချင်း သဘောတူညီမှုထက် ကစားသမားအပေါ်မှာပဲ မူတည်နေကြောင်းသိရ။

– မန်ချက်စတာစီးတီးပရိသတ်တွေအနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး လူးကပ်စ် နမီချာကို ရောင်းထုတ်ခဲ့တဲ့အတွက်ကြောင့် လူမှုကွန်ယက်တွေပေါ်မှာ အသင်းကို ဝေဖန်ပြောဆိုနေကြပြီး ဂျေဒန် ဆန်ချို၊ ဘရာဟင်းမ် ဒီယက်ဇ်တို့နောက်မှာ သူ့ကိုပါ ရောင်းထုတ်ခဲ့တာကြောင့် ခြေစွမ်းထက် လူငယ်တွေကို နေရာမပေးဘဲ ရောင်းစားနေတယ်လို့ စွပ်စွဲနေကြ။

– အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ဟာရီကိန်းတို့ ၂ ဦးပေါင်းအတွက် ပေါင်သန်း ၂၀၀ အထိ မန်ချက်စတာစီးတီးအသင်းက သုံးစွဲသွားဖို့ ဘတ်ဂျက်ချမှတ်ထားသလို ဂါဘရီယယ်လ် ဂျေဆူးစ်အပါအဝင် ကစားသမားအချို့ကို ရောင်းချပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ မငြိစွန်းအောင် စီစဉ်နေကြောင်းသိရ။

– မန်ချက်စတာစီးတီးအနေနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တဲ့ ကစားသမားတွေကို သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ညိုတို့လို အဓိက ခံစစ်ကစားသမားတွေပါ ပါဝင်နေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာ စိုးရိမ်နေ။

– အဓိကပစ်မှတ်ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်းနဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ကို မရခဲ့ရင် ဥရောပပြိုင်ပွဲအတွေ့အကြုံရင့်တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား အွန်ထွာ ဂရီးဇ်မန်းတို့ဘက် မန်စီးတီးတို့ မြှားဦးလှည့်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ဆက္တိုက္ထြက္ေနခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကေတာ့ မိုးျပာေရာင္ေတြနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိထားၿပီျဖစ္သလို ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္‌မွာလည္း ေျမာက္လန္ဒန္အသင္းနဲ႔ ပူးေပါင္းေတာ့မွာ မဟုတ္ေၾကာင္းသိရ။

– ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမား ယန္ဟဲလ္ ဟာရဲရားကို ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး ခရစၥတယ္ပဲေလ့စ္၊ ေဆာက္သမ္ပ္တန္တို႔နဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေနသလို ေပါင္သန္း ၂၀ ဝန္းက်င္ရရင္ အီးတီဟတ္ေျမကေန ေရာင္းထုတ္သြားဖို႔ရွိေနေၾကာင္း သတင္းေတြ ေပၚထြက္လာ။

– အက္စတန္ဗီလာကြင္းလယ္ဖန္တီးရွင္ ဂ်က္ခ္ ဂရီးလစ္ရွ္အေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းလာခ်င္ေနေပမယ့္ ပုံမွန္ပြဲထြက္ခြင့္မရမွာ စိုးရိမ္ေနတာေၾကာင့္သာ အေျပာင္းအေ႐ႊ႕မျဖစ္ေသးတာျဖစ္ၿပီး အသင္းခ်င္း သေဘာတူညီမႈထက္ ကစားသမားအေပၚမွာပဲ မူတည္ေနေၾကာင္းသိရ။

– မန္ခ်က္စတာစီးတီးပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ တိုက္စစ္မႉး လူးကပ္စ္ နမီခ်ာကို ေရာင္းထုတ္ခဲ့တဲ့အတြက္ေၾကာင့္ လူမႈကြန္ယက္ေတြေပၚမွာ အသင္းကို ေဝဖန္ေျပာဆိုေနၾကၿပီး ေဂ်ဒန္ ဆန္ခ်ိဳ၊ ဘရာဟင္းမ္ ဒီယက္ဇ္တို႔ေနာက္မွာ သူ႔ကိုပါ ေရာင္းထုတ္ခဲ့တာေၾကာင့္ ေျခစြမ္းထက္ လူငယ္ေတြကို ေနရာမေပးဘဲ ေရာင္းစားေနတယ္လို႔ စြပ္စြဲေနၾက။

– အဂၤလန္လက္ေ႐ြးစင္ကစားသမားေတြျဖစ္တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္နဲ႔ ဟာရီကိန္းတို႔ ၂ ဦးေပါင္းအတြက္ ေပါင္သန္း ၂၀၀ အထိ မန္ခ်က္စတာစီးတီးအသင္းက သုံးစြဲသြားဖို႔ ဘတ္ဂ်က္ခ်မွတ္ထားသလို ဂါဘရီယယ္လ္ ေဂ်ဆူးစ္အပါအဝင္ ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ၿပီး ဘ႑ာေရးစည္းမ်ဥ္းနဲ႔ မၿငိစြန္းေအာင္ စီစဥ္ေနေၾကာင္းသိရ။

– မန္ခ်က္စတာစီးတီးအေနနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမားေတြကို သက္တမ္းတိုးဖို႔ ျပင္ဆင္ေနၿပီး အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူ ဂြၽန္စတုန္းစ္နဲ႔ ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ညိဳတို႔လို အဓိက ခံစစ္ကစားသမားေတြပါ ပါဝင္ေနတာေၾကာင့္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ရမွာ စိုးရိမ္ေန။

– အဓိကပစ္မွတ္ကစားသမားေတြျဖစ္တဲ့ ဟာရီကိန္းနဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔ကို မရခဲ့ရင္ ဥေရာပၿပိဳင္ပြဲအေတြ႕အႀကဳံရင့္တဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဘာစီလိုနာတိုက္စစ္ကစားသမား အြန္ထြာ ဂရီးဇ္မန္းတို႔ဘက္ မန္စီးတီးတို႔ ျမႇားဦးလွည့္လာႏိုင္ေၾကာင္း သတင္းေတြ ထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.