Analysis International La Liga Premier League Serie A

မြောက်အမေရိကဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမား ၅ ယောက်

မြောက်အမေရိက လူငယ်ဘောလုံးသမားအများစုက လက်ရှိမှာတော့ အသင်းကြီးတွေမှာ နေရာရလာပြီး ဥရောပလိဂ်တွေရဲ့ အကောင်းဆုံးကစားသမားစာရင်းတွေထဲ တိုးပေါက်ဖို့ ကြိုးစားနေကြသလို သူတို့မတိုင်ခင်ကလည်း ဟျူဂို ဆန်းချက်ဇ်၊ ဟာဗီးယား (ချီချာရီတို) ဟာနန်ဒက်ဇ်၊ ကလင် ဒမ့်ပ်ဆီနဲ့ ဘရက်ဒ် ဖရီဒယ်လ် အစရှိတဲ့သူတို့က လမ်းပြပေးခဲ့တာပါ။

မြောက်အမေရိကရဲ့ ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးကစားသမား ၅ ယောက်ကတော့…

၅- ဝက်စတန် မက်ကင်နီ (ပေါင် ၂၂.၇ သန်း)
၂၀၁၆ တုန်းက အမေရိကန်ကနေ ရှော်လ်ကာကို ပြောင်းလာပြီးနောက်ပိုင်း နောက်တစ်နှစ်အကြာမှာ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး အလျင်အမြန်ပဲ အသားကျလာခဲ့သလို အသင်းရဲ့ အဓိက ကစားသမားလည်း ဖြစ်လာခဲ့ချိန်မှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အသင်းကြီးအတော်များများရဲ့ ရေဒါထဲ ရောက်လာခဲ့ပါတယ်။

သူ့ကိုစိတ်ဝင်စားတဲ့ အသင်းတွေအများကြီးထဲကနေ သူကတော့ ဂျူဗင်တပ်စ်ကို ရွေးချယ်ခဲ့ပြီး ပထမတစ်ရာသီကိုတော့ အငှားအနေနဲ့ပဲ ဖြတ်သန်းခဲ့သလို အခုတော့ ၂၂ နှစ်အရွယ် အမေရိကန်သားလေးကို တူရင်ကလပ်ဘက်က ပေါင် ၂၂.၇ သန်းနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ အပြီးသတ်‌ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။

၄- ဆာဂျင်ညို ဒက်စ် (ပေါင် ၂၃.၈ သန်း)
နယ်သာလန်ဖွား အမေရိကန်နိုင်ငံသား ဆာဂျင်ညို ဒက်စ်ကတော့ အော်လ်မီရာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး အိုင်းယက်စ်လူငယ်အသင်းမှာ ‌သူ့ခြေစွမ်းကို ထပ်မံပြသပြီးနောက် အသင်းကြီးနဲ့အတူ ယိုဟန် ခရိုက်ဖ်ကွင်းကြီးမှာ တစ်ရာသီခြေစွမ်းပြသပြီးချိန်မှာ ဘာစီလိုနာအသင်းက စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ အမ်စတာဒမ်ကနေ ဘာစီလိုနာအသင်းကို ပေါင် ၂၃.၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအမေရိကန်သားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ကတ်တလန်အခြေစိုက်အသင်းနဲ့လည်း သူ့ရဲ့ ပထမဆုံးရာသီမှာတင် ပြိုင်ပွဲစုံ ၄၃ ပွဲတိတိ ကစားပေး‌နိုင်ခဲ့ပါတယ်။

၃- ရာအူးလ် ဟီမီနက်ဇ် (ပေါင်သန်း ၃၀)
မက္ကဆီကန်ကြီး ရာအူးလ် ဟီမီးနက်ဇ်ရဲ့ ဥရောပခရီးစဉ်က ထင်သလောက် မလွယ်ကူခဲ့ဘဲ အသလက်တီကိုမက်ဒရစ်အသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ စပိန်ကလပ်က‌နေ ဘင်ဖီကာအသင်းကို ၃ နှစ်ကြာပြောင်းရွှေ့ကစားခဲ့အပြီးမှာတော့ ဝုလ်ဗ်စ်အသင်းကို တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ကံဇာတာ အတက်ပိုင်းရောက်လာခဲ့ပါတယ်။

ဝုလ်ဗ်စ်ကို ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေနဲ့ သူတင်ကိုယ်တင် ကစားနိုင်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့အပြီးမှာတော့ ပေါင်သန်း ၃၀ နဲ့ မိုလီနူးကွင်းကို အပြီးသတ် ပြောင်းရွှေ့လာခဲ့ပြီး ဝံပုလွေတွေအတွက် ပထမဆုံး ဥရောပဖလားဝင်ခွင့်ကို ယူပေးနိုင်ခဲ့သလို အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြခဲ့ပါတယ်။

၂- အီရ်ဗင်း လိုဇာနို (ပေါင် ၃၆ သန်း)
အီရ်ဗင်း လိုဇာနိုကတော့ မက္ကဆီကန်ကလပ် ပါချူကာမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ပီအက်စ်ဗီအသင်းကို ရောက်ရှိလာချိန်မှာတော့ ဒတ်ချ်ပထမတန်းမှာ ခြေစွမ်းပြခဲ့မှုနဲ့အတူ ၃ နှစ်အတွင်း သူ့နာမည်က ဥရောပမှာ လူသိများလာခဲ့သလို ၂၀၁၉ ခုနှစ်မှာတော့ နာပိုလီအသင်းက ပေါင် ၃၆ သန်းအထိပေးပြီး ခေါ်ယူခဲ့ပါတယ်။

နေပယ်ကို ရောက်ရှိပြီးတဲ့နောက်ပိုင်းမှာတော့ မက္ကဆီကန်သားအနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရပြီး ခြေစွမ်းကျဆင်းလာသလို ဖြစ်ခဲ့ရသလို အသင်းအတွက်တော့ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်သေးပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်လည်ပြသဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

၁- ခရစ္စတီယန် ပူလီရှစ်ချ် (ပေါင် ၅၇.၆ သန်း)
လက်ရှိအမေရိကန်ဘောလုံးလောကရဲ့ မျက်နှာဖုံးအဖြစ် ကလင့်ခ် ဒမ့်ပ်ဆီ၊ လန်ဒန် ဒိုနိုဗန်နဲ့ အလက်ဆစ် လာလားစ်တို့ကို ကျော်ဖြတ်ပြီး သတ်မှတ်ခံထားခဲ့ရတဲ့ ပူလီရှစ်ချ်ကတော့ အသက် ၂၂ နှစ်သာ အခုချိန်မှာ ရှိနေသေးပေမယ့် ခြေစွမ်းထက်တဲ့ တောင်ပံလူငယ်ကစားသမားဖြစ်သလို ဘိုးဘွားတွေရဲ့ ခရိုအေးရှားအစား မွေးဖွားရာနိုင်ငံကိုပဲ ကိုယ်စားပြုခဲ့သူပါ။

သူ့ခြေစွမ်းကို သဘောကျခဲ့တဲ့ ချဲလ်ဆီးအသင်းက ၂၀၁၉ မှာ ဒေါ့မွန်ကနေ ပေါင် ၅၇.၆ သန်းနဲ့ခေါ်ယူခဲ့ပြီး လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ်လက်အောက်မှာ အလှည့်ကျပွဲထွက်ခွင့်ရရှိနေသလို ခြေစွမ်းဆက်လက်ပြသနေသူပါ။ အမေရိကန်အသင်းမှာတော့ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် ၂၀ နှစ်နဲ့ စံချိန်တင်ခဲ့သလို ပထမဆုံး ချန်ပီယံလိဂ်ဖလားပိုင်ရှင် အမေရိကန်နိုင်ငံသားလည်း ဖြစ်လာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေျမာက္အေမရိက လူငယ္ေဘာလုံးသမားအမ်ားစုက လက္ရွိမွာေတာ့ အသင္းႀကီးေတြမွာ ေနရာရလာၿပီး ဥေရာပလိဂ္ေတြရဲ႕ အေကာင္းဆုံးကစားသမားစာရင္းေတြထဲ တိုးေပါက္ဖို႔ ႀကိဳးစားေနၾကသလို သူတို႔မတိုင္ခင္ကလည္း ဟ်ဴဂို ဆန္းခ်က္ဇ္၊ ဟာဗီးယား (ခ်ီခ်ာရီတို) ဟာနန္ဒက္ဇ္၊ ကလင္ ဒမ့္ပ္ဆီနဲ႔ ဘရက္ဒ္ ဖရီဒယ္လ္ အစရွိတဲ့သူတို႔က လမ္းျပေပးခဲ့တာပါ။

ေျမာက္အေမရိကရဲ႕ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ တန္ဖိုးအျမင့္ဆုံးကစားသမား ၅ ေယာက္ကေတာ့…

၅- ဝက္စတန္ မက္ကင္နီ (ေပါင္ ၂၂.၇ သန္း)
၂၀၁၆ တုန္းက အေမရိကန္ကေန ေရွာ္လ္ကာကို ေျပာင္းလာၿပီးေနာက္ပိုင္း ေနာက္တစ္ႏွစ္အၾကာမွာ ပြဲဦးထြက္ကစားခြင့္ရခဲ့ၿပီး အလ်င္အျမန္ပဲ အသားက်လာခဲ့သလို အသင္းရဲ႕ အဓိက ကစားသမားလည္း ျဖစ္လာခဲ့ခ်ိန္မွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြက အသင္းႀကီးအေတာ္မ်ားမ်ားရဲ႕ ေရဒါထဲ ေရာက္လာခဲ့ပါတယ္။

သူ႔ကိုစိတ္ဝင္စားတဲ့ အသင္းေတြအမ်ားႀကီးထဲကေန သူကေတာ့ ဂ်ဴဗင္တပ္စ္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ပထမတစ္ရာသီကိုေတာ့ အငွားအေနနဲ႔ပဲ ျဖတ္သန္းခဲ့သလို အခုေတာ့ ၂၂ ႏွစ္အ႐ြယ္ အေမရိကန္သားေလးကို တူရင္ကလပ္ဘက္က ေပါင္ ၂၂.၇ သန္းနဲ႔ ၂၀၂၁ ခုႏွစ္ မတ္လမွာ အၿပီးသတ္‌ ေခၚယူခဲ့ၿပီျဖစ္ပါတယ္။

၄- ဆာဂ်င္ညိဳ ဒက္စ္ (ေပါင္ ၂၃.၈ သန္း)
နယ္သာလန္ဖြား အေမရိကန္ႏိုင္ငံသား ဆာဂ်င္ညိဳ ဒက္စ္ကေတာ့ ေအာ္လ္မီရာအသင္းမွာ ကစားသမားဘဝ စတင္ခဲ့တာျဖစ္ၿပီး အိုင္းယက္စ္လူငယ္အသင္းမွာ ‌သူ႔ေျခစြမ္းကို ထပ္မံျပသၿပီးေနာက္ အသင္းႀကီးနဲ႔အတူ ယိုဟန္ ခ႐ိုက္ဖ္ကြင္းႀကီးမွာ တစ္ရာသီေျခစြမ္းျပသၿပီးခ်ိန္မွာ ဘာစီလိုနာအသင္းက စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ အမ္စတာဒမ္ကေန ဘာစီလိုနာအသင္းကို ေပါင္ ၂၃.၈ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအေမရိကန္သားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ကတ္တလန္အေျခစိုက္အသင္းနဲ႔လည္း သူ႔ရဲ႕ ပထမဆုံးရာသီမွာတင္ ၿပိဳင္ပြဲစုံ ၄၃ ပြဲတိတိ ကစားေပး‌ႏိုင္ခဲ့ပါတယ္။

၃- ရာအူးလ္ ဟီမီနက္ဇ္ (ေပါင္သန္း ၃၀)
မကၠဆီကန္ႀကီး ရာအူးလ္ ဟီမီးနက္ဇ္ရဲ႕ ဥေရာပခရီးစဥ္က ထင္သေလာက္ မလြယ္ကူခဲ့ဘဲ အသလက္တီကိုမက္ဒရစ္အသင္းမွာ တစ္ရာသီၾကာ ကစားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ စပိန္ကလပ္က‌ေန ဘင္ဖီကာအသင္းကို ၃ ႏွစ္ၾကာေျပာင္းေ႐ႊ႕ကစားခဲ့အၿပီးမွာေတာ့ ဝုလ္ဗ္စ္အသင္းကို တစ္ႏွစ္အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး သူ႔ရဲ႕ ကံဇာတာ အတက္ပိုင္းေရာက္လာခဲ့ပါတယ္။

ဝုလ္ဗ္စ္ကို ပရီးမီးယားလိဂ္မွာ အသင္းႀကီးေတြနဲ႔ သူတင္ကိုယ္တင္ ကစားႏိုင္ေအာင္ သြင္းဂိုးေတြနဲ႔ ကူညီေပးခဲ့အၿပီးမွာေတာ့ ေပါင္သန္း ၃၀ နဲ႔ မိုလီႏူးကြင္းကို အၿပီးသတ္ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ဝံပုေလြေတြအတြက္ ပထမဆုံး ဥေရာပဖလားဝင္ခြင့္ကို ယူေပးႏိုင္ခဲ့သလို အသင္းရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတဲ့အထိ ေျခစြမ္းျပခဲ့ပါတယ္။

၂- အီရ္ဗင္း လိုဇာႏို (ေပါင္ ၃၆ သန္း)
အီရ္ဗင္း လိုဇာႏိုကေတာ့ မကၠဆီကန္ကလပ္ ပါခ်ဴကာမွာ ကစားသမားဘဝ စတင္ခဲ့ၿပီး ပီအက္စ္ဗီအသင္းကို ေရာက္ရွိလာခ်ိန္မွာေတာ့ ဒတ္ခ်္ပထမတန္းမွာ ေျခစြမ္းျပခဲ့မႈနဲ႔အတူ ၃ ႏွစ္အတြင္း သူ႔နာမည္က ဥေရာပမွာ လူသိမ်ားလာခဲ့သလို ၂၀၁၉ ခုႏွစ္မွာေတာ့ နာပိုလီအသင္းက ေပါင္ ၃၆ သန္းအထိေပးၿပီး ေခၚယူခဲ့ပါတယ္။

ေနပယ္ကို ေရာက္ရွိၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ မကၠဆီကန္သားအေနနဲ႔ ဒဏ္ရာျပႆနာေတြနဲ႔ လုံးပန္းေနခဲ့ရၿပီး ေျခစြမ္းက်ဆင္းလာသလို ျဖစ္ခဲ့ရသလို အသင္းအတြက္ေတာ့ ေမွ်ာ္လင့္ထားသေလာက္ ေျခစြမ္းမျပႏိုင္ေသးေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပန္လည္ျပသဖို႔ အခြင့္အေရးေတြ ရွိေနပါေသးတယ္။

၁- ခရစၥတီယန္ ပူလီရွစ္ခ်္ (ေပါင္ ၅၇.၆ သန္း)
လက္ရွိအေမရိကန္ေဘာလုံးေလာကရဲ႕ မ်က္ႏွာဖုံးအျဖစ္ ကလင့္ခ္ ဒမ့္ပ္ဆီ၊ လန္ဒန္ ဒိုႏိုဗန္နဲ႔ အလက္ဆစ္ လာလားစ္တို႔ကို ေက်ာ္ျဖတ္ၿပီး သတ္မွတ္ခံထားခဲ့ရတဲ့ ပူလီရွစ္ခ်္ကေတာ့ အသက္ ၂၂ ႏွစ္သာ အခုခ်ိန္မွာ ရွိေနေသးေပမယ့္ ေျခစြမ္းထက္တဲ့ ေတာင္ပံလူငယ္ကစားသမားျဖစ္သလို ဘိုးဘြားေတြရဲ႕ ခ႐ိုေအးရွားအစား ေမြးဖြားရာႏိုင္ငံကိုပဲ ကိုယ္စားျပဳခဲ့သူပါ။

သူ႔ေျခစြမ္းကို သေဘာက်ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းက ၂၀၁၉ မွာ ေဒါ့မြန္ကေန ေပါင္ ၅၇.၆ သန္းနဲ႔ေခၚယူခဲ့ၿပီး လက္ရွိနည္းျပ ေသာမတ္စ္ တူဟယ္လ္လက္ေအာက္မွာ အလွည့္က်ပြဲထြက္ခြင့္ရရွိေနသလို ေျခစြမ္းဆက္လက္ျပသေနသူပါ။ အေမရိကန္အသင္းမွာေတာ့ အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္အျဖစ္ ၂၀ ႏွစ္နဲ႔ စံခ်ိန္တင္ခဲ့သလို ပထမဆုံး ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ အေမရိကန္ႏိုင္ငံသားလည္း ျဖစ္လာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.