Premier League Transfer News

18 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပီတာဘားရားနဲ့ပွဲစဉ်မှာ လန်ဒန်ကလပ်က ၆-၁ နဲ့ အနိုင်ရခဲ့ပြီး အသင်းပြောင်းမယ်လို့ သတင်းထွက်နေတဲ့ ဟာကင်မ် ဇီးယက်ရှ်က ဟက်ထရစ်ရရှိခဲ့သလို လာမယ့်ဘောလုံးရာသီအတွက် နေရာတစ်နေရာကို ရယူသွားဖို့ ကြိုးစားလာနိုင်ကြောင်းသိရ။

– မြောက်အမေရိကဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးအနေနဲ့ လက်ရှိ ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး ခရစ်ရှန် ပူလီရှစ်ချ်က ပေါင် ၅၇.၆ သန်းနဲ့ ရှိနေပြီး လက်ရှိမှာလည်း အမေရိကန်ဘောလုံးလောကရဲ့ မျက်နှာဖုံးအဖြစ် ချန်ပီယံလိဂ်ဖလားကိုပါ ရယူပြီး ရှေ့က ပရီးမီယားလိဂ်မှာ ခြေစွမ်းပြဖူးသူတွေဖြစ်ကြတဲ့ ကလင့် ဒမ့်ပ်ဆီနဲ့ လန်ဒန် ဒိုနိုဗန်တို့ကို ကျော်ဖြတ်ပြီး ရပ်‌တည်နေ။

– ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဗီတက်ဆီအသင်းမှာ အငှားကစားခဲ့ပြီး ၁၁ ဂိုးအထိ သွင်းယူခဲ့သလို ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကို ၅ နှစ်စာချုပ် သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ချိန်မှာ ပရိသတ်တွေက တစ်ချိန်က အငှားကစားသမားဘဝနဲ့ ခြေစွမ်းပြခဲ့တဲ့ မေဆန်မောင့်လို ဖြစ်ဖို့အတွက် မျှော်လင့်နေကြ။

– ချဲလ်ဆီးနောက်ခံလူဟောင်း ဖီကာယို တိုမိုရီက သူ့အနေနဲ့ အေစီမီလန်အသင်းကို ပြောင်းရွှေ့ခဲ့တာ မှန်ကန်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး မီလန်မြို့မှာ သူ့ကို ကူညီကြသလို ချန်ပီယံဆုကို အရယူဖို့ လန်ဒန်ကလပ်က အိုလီဗီးယေး ဂျီရူးကိုပါ အရောက်ပို့ပေးခဲ့ကြောင်းနဲ့ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျရှိနေတာက ကောင်းမွန်ကြောင်း ပြောသွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမား အာလင်း ဟာလန်းက လက်ရှိဒေါ့မွန်နည်းပြ မာကို ရိုဆာရဲ့အကြောင်းကို ဆာ့လ်ဇ်ဘတ်မှာကတည်းက ၆ လလောက် လက်တွဲအလုပ်လုပ်ဖြစ်ဖူးလို့ သိကြောင်းနဲ့အတူ သူနဲ့ အလုပ်ဆက်လုပ်ဖြစ်ဖို့ မျှော်လင့်ကြောင်း YouTube Show တစ်ခုမှာ ပြောသွားခဲ့။

– အသလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘန်းနက်က သူ့ကစားသမားအနေနဲ့ ချဲလ်ဆီးအပါအဝင် အသင်းကြီးတွေနဲ့ ချိတ်ဆက်နေတုန်းဆိုပေမယ့် ဘယ်အသင်းနဲ့မှ သဘောတူညီမှုမရသေးဘူးလို့ ဆိုသွားခဲ့ပြီး စပိန်သားကိုယ်တိုင်က သူ့အနာဂတ်အတွက် စဉ်းစားနေကြောင်း ပြောသွားခဲ့။

– ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူဖို့အတွက် စီစဉ်နေပြီး ၃၃ နှစ်အရွယ် ပိုလန်သားအတွက် ပေါင်သန်း ၅၀ ပေးချေရနိုင်သလို တိုက်စစ်မှာလည်း တီမို ဗာနာအတွက် ပိုမိုအဆင်ပြေလာမှာဖြစ်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းက ပေါင်သန်း ၅၀ သတ်မှတ်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ ဈေးကြီးလွန်းတယ်ဆိုပြီး လက်ရှောင်ကုန်တာကြောင့် တန်ကြေးကို ပေါင်သန်း ၃၀-၃၅ သန်းအတွင်း ပြောင်းလဲသတ်မှတ်သွားဖို့အတွက် ရှိနေကြောင်း သတင်းတွေ ထွက်လာ။

– တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းက မန်ချက်စတာစီးတီးထက် နှာတစ်ဖျားအသာရနေပြီး တမ်မီ အေဘရာဟမ်နဲ့ အလိုက်ပေးကမ်းလှမ်းမှုမှာ ကစားသမားက လစာမမြင့်မားဘဲ ငွေကြေးပါ ထပ်ဆောင်းရဦးမှာဖြစ်လို့ မြောက်လန်ဒန်အသင်းဥက္ကဌ ဒန်နီယယ်လ် လီဗိုင်းကလည်း စိတ်ဝင်စားနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဘ္ဟမ္းေလ့က်င့္ေရးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပီတာဘားရားနဲ႔ပြဲစဥ္မွာ လန္ဒန္ကလပ္က ၆-၁ နဲ႔ အႏိုင္ရခဲ့ၿပီး အသင္းေျပာင္းမယ္လို႔ သတင္းထြက္ေနတဲ့ ဟာကင္မ္ ဇီးယက္ရွ္က ဟက္ထရစ္ရရွိခဲ့သလို လာမယ့္ေဘာလုံးရာသီအတြက္ ေနရာတစ္ေနရာကို ရယူသြားဖို႔ ႀကိဳးစားလာႏိုင္ေၾကာင္းသိရ။

– ေျမာက္အေမရိကေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံးအေနနဲ႔ လက္ရွိ ခ်ဲလ္ဆီးေတာင္ပံတိုက္စစ္မႉး ခရစ္ရွန္ ပူလီရွစ္ခ်္က ေပါင္ ၅၇.၆ သန္းနဲ႔ ရွိေနၿပီး လက္ရွိမွာလည္း အေမရိကန္ေဘာလုံးေလာကရဲ႕ မ်က္ႏွာဖုံးအျဖစ္ ခ်န္ပီယံလိဂ္ဖလားကိုပါ ရယူၿပီး ေရွ႕က ပရီးမီယားလိဂ္မွာ ေျခစြမ္းျပဖူးသူေတြျဖစ္ၾကတဲ့ ကလင့္ ဒမ့္ပ္ဆီနဲ႔ လန္ဒန္ ဒိုႏိုဗန္တို႔ကို ေက်ာ္ျဖတ္ၿပီး ရပ္‌တည္ေန။

– ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ဗီတက္ဆီအသင္းမွာ အငွားကစားခဲ့ၿပီး ၁၁ ဂိုးအထိ သြင္းယူခဲ့သလို ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္မႉး အာမန္ဒို ဘ႐ိုဂ်ာကို ၅ ႏွစ္စာခ်ဳပ္ သက္တမ္းတိုးႏိုင္ခဲ့ၿပီျဖစ္ခ်ိန္မွာ ပရိသတ္ေတြက တစ္ခ်ိန္က အငွားကစားသမားဘဝနဲ႔ ေျခစြမ္းျပခဲ့တဲ့ ေမဆန္ေမာင့္လို ျဖစ္ဖို႔အတြက္ ေမွ်ာ္လင့္ေနၾက။

– ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဖီကာယို တိုမိုရီက သူ႔အေနနဲ႔ ေအစီမီလန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ မွန္ကန္ခဲ့ေၾကာင္း ေျပာဆိုခဲ့ၿပီး မီလန္ၿမိဳ႕မွာ သူ႔ကို ကူညီၾကသလို ခ်န္ပီယံဆုကို အရယူဖို႔ လန္ဒန္ကလပ္က အိုလီဗီးေယး ဂ်ီ႐ူးကိုပါ အေရာက္ပို႔ေပးခဲ့ေၾကာင္းနဲ႔ ဇလာတန္ အီဘရာဟီမိုဗစ္ခ္်ရွိေနတာက ေကာင္းမြန္ေၾကာင္း ေျပာသြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမား အာလင္း ဟာလန္းက လက္ရွိေဒါ့မြန္နည္းျပ မာကို ႐ိုဆာရဲ႕အေၾကာင္းကို ဆာ့လ္ဇ္ဘတ္မွာကတည္းက ၆ လေလာက္ လက္တြဲအလုပ္လုပ္ျဖစ္ဖူးလို႔ သိေၾကာင္းနဲ႔အတူ သူနဲ႔ အလုပ္ဆက္လုပ္ျဖစ္ဖို႔ ေမွ်ာ္လင့္ေၾကာင္း YouTube Show တစ္ခုမွာ ေျပာသြားခဲ့။

– အသလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ ဘန္းနက္က သူ႔ကစားသမားအေနနဲ႔ ခ်ဲလ္ဆီးအပါအဝင္ အသင္းႀကီးေတြနဲ႔ ခ်ိတ္ဆက္ေနတုန္းဆိုေပမယ့္ ဘယ္အသင္းနဲ႔မွ သေဘာတူညီမႈမရေသးဘူးလို႔ ဆိုသြားခဲ့ၿပီး စပိန္သားကိုယ္တိုင္က သူ႔အနာဂတ္အတြက္ စဥ္းစားေနေၾကာင္း ေျပာသြားခဲ့။

– ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ အဆင္မေျပခဲ့ရင္ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူဖို႔အတြက္ စီစဥ္ေနၿပီး ၃၃ ႏွစ္အ႐ြယ္ ပိုလန္သားအတြက္ ေပါင္သန္း ၅၀ ေပးေခ်ရႏိုင္သလို တိုက္စစ္မွာလည္း တီမို ဗာနာအတြက္ ပိုမိုအဆင္ေျပလာမွာျဖစ္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းက ေပါင္သန္း ၅၀ သတ္မွတ္ထားတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူခ်င္တဲ့ အသင္းေတြအေနနဲ႔ ေဈးႀကီးလြန္းတယ္ဆိုၿပီး လက္ေရွာင္ကုန္တာေၾကာင့္ တန္ေၾကးကို ေပါင္သန္း ၃၀-၃၅ သန္းအတြင္း ေျပာင္းလဲသတ္မွတ္သြားဖို႔အတြက္ ရွိေနေၾကာင္း သတင္းေတြ ထြက္လာ။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းက မန္ခ်က္စတာစီးတီးထက္ ႏွာတစ္ဖ်ားအသာရေနၿပီး တမ္မီ ေအဘရာဟမ္နဲ႔ အလိုက္ေပးကမ္းလွမ္းမႈမွာ ကစားသမားက လစာမျမင့္မားဘဲ ေငြေၾကးပါ ထပ္ေဆာင္းရဦးမွာျဖစ္လို႔ ေျမာက္လန္ဒန္အသင္းဥကၠဌ ဒန္နီယယ္လ္ လီဗိုင္းကလည္း စိတ္ဝင္စားေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.