Premier League Transfer News

18 Jul ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသလက်တီကိုနောက်ခံလူ ကီရန် ထရစ်ပီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ယုံကြည်မှုခိုင်မာနေကြောင်း သိရပြီး မန်ချက်စတာမြို့မှာ အခြေချနေထိုင်ဖို့ စီစဥ်မှုတွေကို စတင်ပြုလုပ်နေပြီဖြစ်သလို စပိန်ကလပ်အနေနဲ့ နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် အင်္ဂလန်သားအတွက် ယူနိုက်တက်ဆီက ယူရိုသန်း ၃၀ အထိ အလိုရှိပေမယ့် သန်း ၂၀ နဲ့ ပွဲသိမ်းသွားဖွယ်ရှိ။

– ဂျေဒန် ဆန်ချိုရဲ့အပြောင်းအရွှေ့ကို ဒီရက်သတ္တပတ်ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းက တရားဝင်ကြေငြာသွားတော့မယ်လို့ သိရှိရပြီး ဒေါ့မန်အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကလည်း မိမိနဲ့ ကွင်းထဲမှာ နားလည်မှုအရှိဆုံးဖြစ်တဲ့ ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ထွက်ခွာသွားခဲ့တာဟာ မိမိအတွက်တော့ ဝမ်းနည်းဖွယ်ရာဖြစ်ရကြောင်း ရင်ဖွင့်သွားခဲ့။

– ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းကို အောင်အောင်မြင်မြင် ခေါ်ယူနိုင်ဖို့ နောက်ဆုံးတဆင့်သာ ကျန်ရှိတော့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရှာဖွေချင်နေတဲ့ ပြင်သစ်သားနဲ့ ယူနိုက်တက်တို့ကြား ၅ နှစ်စာချုပ်နဲ့ သဘောတူညီမှုရခဲ့ပြီလို့ သိရသလို ကြားဖြတ်ဝင်လာတဲ့ ချယ်လ်ဆီးနဲ့ ယူရိုသန်း ၅၀ ထက် စျေးဆွဲတင်ထားတဲ့ ရီးရဲလ်တို့ကြောင့်သာ အမြန်ဆုံးပြီးစီးဖို့ ကြန့်ကြာနေ။

– သက်တမ်းတိုးမှာမဟုတ်ဘဲ လာမယ့်ရာသီမှာ အလွတ်ထွက်ခွာနိုင်ဖွယ်ရှိနေတဲ့ ပြင်သစ်ကွင်းလယ်လူ အီဒူယာဒို ကာမာဗင်ဂါကို ရင်းနေးအသင်းက ဒီရာသီမှာတင် ကိစ္စဖြတ်ပြီး ရောင်းထုတ်သွားလိုနေသော်ငြား မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးတရပ်ကိုတော့ ယူနိုက်တက်အသင်းဆီက စောင့်မျှော်နေဆဲဖြစ်သလို ဆိုးလ်ရှားအနေနဲ့ ဆန်ချို၊ ဗာရွန်းနဲ့ ထရစ်ပီယာတို့အပြီး ဒီနွေရဲ့ နောက်ဆုံးခေါ်ယူမှုအဖြစ် ပစ်မှတ်ထားနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူလိုနေတယ်လို့ သိရပြီး ဒီအတွက် ပြောင်းရွှေ့ကြေးရန်ပုံငွေ ရှာဖွေနိုင်ဖို့အတွက် သူတို့ရဲ့ တောင်ပံတိုက်စစ်မှူး ဗီနီးရှပ်စ် ဂျူနီယာကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းလာခဲ့။

– ခြေစမ်းပွဲဖြစ်ဖြစ် ချစ်ကြည်ရေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ယူနိုက်တက်ကို အနိုင်ကစားသွားချင်တယ်လို့ ဒါဘီကောင်တီနည်းပြအဖြစ် တာဝန်ယူထားတဲ့ သရဲနီဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်နီက ယနေ့ညပွဲကြိုမှာ ထုတ်ပြောသွားခဲ့ပြီး လူမစုံတဲ့ အသင်းဟောင်းကို အင်းအားအပြည့်ထည့်ပြီး ရင်ဆိုင်သွားဖို့ သူ့ရဲ့ အသင်းသားတွေကို မှာကြားထားကြောင်း ကြုံးဝါးသွားခဲ့။

– မန်စီးတီးဗဟိုနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ယူနိုက်တက်က ခေါ်ယူတော့မယ့် ဗာရွန်းထက် ပိုသာလွန်တဲ့ ဘောလုံးသမားဖြစ်တယ်လို့ Talk Sport ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာက နှိုင်းယှဥ်မှု ပြုလုပ်သွားခဲ့ပြီး သရဲနီဂန္ထဝင်ဟောင်းကြီး ရီယို ဖာဒီနန်နဲ့ ထပ်တူကျတဲ့ ကြယ်ပွင့်ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးသွားခဲ့။

– အင်စတာဂရမ်မှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို ဦးတည်ရေးသားလိုက်တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ “I see u”ဆိုတဲ့ ပို့စ်က ဘယ်ကစားသမားက ဘယ်အသင်းရောက်မလဲဆိုတဲ့ ခန့်မှန်းသံတွေကို ဆူညံစေပြီး တော်တော်များများကတော့ ဟမ်းမားတွေအတွက် ပူးပေါင်းမှုပဲလို့ ဆိုနေကြ။

– ယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က သူ့အနေနဲ့ အသင်းဂန္ထဝင်ကစားသမားတစ်ယောက်ယောက်ဆီက အကြံဉာဏ်ရယူဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် အဲ့ဒါဟာ ဝိန်းရွန်နီပဲဖြစ်လိမ့်မယ်လို့ ပြောကြားလိုက်ပြီး အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးတိုက်စစ်မှူးဆီကနေ အတုယူစရာတွေ အများကြီးရှိတယ်လို့ ဒါဘီကောင်တီအသင်းနဲ့ ခြေမစမ်းခင်မှာ ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသလက္တီကိုေနာက္ခံလူ ကီရန္ ထရစ္ပီယာဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ ယုံၾကည္မႈခိုင္မာေနေၾကာင္း သိရၿပီး မန္ခ်က္စတာၿမိဳ႕မွာ အေျခခ်ေနထိုင္ဖို႔ စီစဥ္မႈေတြကို စတင္ျပဳလုပ္ေနၿပီျဖစ္သလို စပိန္ကလပ္အေနနဲ႔ ေနာက္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မယ့္ အဂၤလန္သားအတြက္ ယူႏိုက္တက္ဆီက ယူ႐ိုသန္း ၃၀ အထိ အလိုရွိေပမယ့္ သန္း ၂၀ နဲ႔ ပြဲသိမ္းသြားဖြယ္ရွိ။

– ေဂ်ဒန္ ဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕ကို ဒီရက္သတၱပတ္ကုန္ဆုံးခ်ိန္မွာ ယူႏိုက္တက္အသင္းက တရားဝင္ေၾကျငာသြားေတာ့မယ္လို႔ သိရွိရၿပီး ေဒါ့မန္အသင္းေဖာ္ျဖစ္တဲ့ တိုက္စစ္မႉး အာလင္း ဟာလန္းကလည္း မိမိနဲ႔ ကြင္းထဲမွာ နားလည္မႈအရွိဆုံးျဖစ္တဲ့ ဆန္ခ်ိဳအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ထြက္ခြာသြားခဲ့တာဟာ မိမိအတြက္ေတာ့ ဝမ္းနည္းဖြယ္ရာျဖစ္ရေၾကာင္း ရင္ဖြင့္သြားခဲ့။

– ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႈး ရာေဖးလ္ ဗာ႐ြန္းကို ေအာင္ေအာင္ျမင္ျမင္ ေခၚယူႏိုင္ဖို႔ ေနာက္ဆုံးတဆင့္သာ က်န္ရွိေတာ့ျခင္းျဖစ္ၿပီး ပရီးမီးယားလိဂ္အေတြ႕အႀကဳံရွာေဖြခ်င္ေနတဲ့ ျပင္သစ္သားနဲ႔ ယူႏိုက္တက္တို႔ၾကား ၅ ႏွစ္စာခ်ဳပ္နဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔ သိရသလို ၾကားျဖတ္ဝင္လာတဲ့ ခ်ယ္လ္ဆီးနဲ႔ ယူ႐ိုသန္း ၅၀ ထက္ ေစ်းဆြဲတင္ထားတဲ့ ရီးရဲလ္တို႔ေၾကာင့္သာ အျမန္ဆုံးၿပီးစီးဖို႔ ၾကန္႔ၾကာေန။

– သက္တမ္းတိုးမွာမဟုတ္ဘဲ လာမယ့္ရာသီမွာ အလြတ္ထြက္ခြာႏိုင္ဖြယ္ရွိေနတဲ့ ျပင္သစ္ကြင္းလယ္လူ အီဒူယာဒို ကာမာဗင္ဂါကို ရင္းေနးအသင္းက ဒီရာသီမွာတင္ ကိစၥျဖတ္ၿပီး ေရာင္းထုတ္သြားလိုေနေသာ္ျငား မွန္ကန္တဲ့ ေျပာင္းေ႐ႊ႕ေၾကးတရပ္ကိုေတာ့ ယူႏိုက္တက္အသင္းဆီက ေစာင့္ေမွ်ာ္ေနဆဲျဖစ္သလို ဆိုးလ္ရွားအေနနဲ႔ ဆန္ခ်ိဳ၊ ဗာ႐ြန္းနဲ႔ ထရစ္ပီယာတို႔အၿပီး ဒီေႏြရဲ႕ ေနာက္ဆုံးေခၚယူမႈအျဖစ္ ပစ္မွတ္ထားေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူလိုေနတယ္လို႔ သိရၿပီး ဒီအတြက္ ေျပာင္းေ႐ႊ႕ေၾကးရန္ပုံေငြ ရွာေဖြႏိုင္ဖို႔အတြက္ သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္မႉး ဗီနီးရွပ္စ္ ဂ်ဴနီယာကို မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေခၚယူလိုက ေခၚယူႏိုင္ေၾကာင္း ကမ္းလွမ္းလာခဲ့။

– ေျခစမ္းပြဲျဖစ္ျဖစ္ ခ်စ္ၾကည္ေရးျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ ယူႏိုက္တက္ကို အႏိုင္ကစားသြားခ်င္တယ္လို႔ ဒါဘီေကာင္တီနည္းျပအျဖစ္ တာဝန္ယူထားတဲ့ သရဲနီဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး ဝိန္း႐ြန္နီက ယေန႔ညပြဲႀကိဳမွာ ထုတ္ေျပာသြားခဲ့ၿပီး လူမစုံတဲ့ အသင္းေဟာင္းကို အင္းအားအျပည့္ထည့္ၿပီး ရင္ဆိုင္သြားဖို႔ သူ႔ရဲ႕ အသင္းသားေတြကို မွာၾကားထားေၾကာင္း ႀကဳံးဝါးသြားခဲ့။

– မန္စီးတီးဗဟိုေနာက္ခံလူ ဂြၽန္စတုန္းစ္ဟာ ယူႏိုက္တက္က ေခၚယူေတာ့မယ့္ ဗာ႐ြန္းထက္ ပိုသာလြန္တဲ့ ေဘာလုံးသမားျဖစ္တယ္လို႔ Talk Sport ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာက ႏႈိင္းယွဥ္မႈ ျပဳလုပ္သြားခဲ့ၿပီး သရဲနီဂႏၴဝင္ေဟာင္းႀကီး ရီယို ဖာဒီနန္နဲ႔ ထပ္တူက်တဲ့ ၾကယ္ပြင့္ကစားသမားမ်ိဳးျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့။

– အင္စတာဂရမ္မွာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို ဦးတည္ေရးသားလိုက္တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ရဲ႕ “I see u”ဆိုတဲ့ ပို႔စ္က ဘယ္ကစားသမားက ဘယ္အသင္းေရာက္မလဲဆိုတဲ့ ခန႔္မွန္းသံေတြကို ဆူညံေစၿပီး ေတာ္ေတာ္မ်ားမ်ားကေတာ့ ဟမ္းမားေတြအတြက္ ပူးေပါင္းမႈပဲလို႔ ဆိုေနၾက။

– ယူႏိုက္တက္အသင္းရဲ႕ လူငယ္တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္က သူ႔အေနနဲ႔ အသင္းဂႏၴဝင္ကစားသမားတစ္ေယာက္ေယာက္ဆီက အႀကံဉာဏ္ရယူဖို႔ အခြင့္အေရးရခဲ့မယ္ဆိုရင္ အဲ့ဒါဟာ ဝိန္း႐ြန္နီပဲျဖစ္လိမ့္မယ္လို႔ ေျပာၾကားလိုက္ၿပီး အသင္းရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံးတိုက္စစ္မႉးဆီကေန အတုယူစရာေတြ အမ်ားႀကီးရွိတယ္လို႔ ဒါဘီေကာင္တီအသင္းနဲ႔ ေျခမစမ္းခင္မွာ ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.