International La Liga Premier League Serie A UCL&UEL

မက်ဆီနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုရဲ့ အတွင်းစိတ်ကို မြင်ခဲ့ရစေတဲ့ စကားကြီး ၁၀ ခွန်း

ဘောလုံးသမိုင်းရဲ့ အလှပဆုံးနဲ့ ပြင်းအားအမြင့်ဆုံး ယှဥ်ပြိုင်မှုဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ယှဥ်ပြိုင်မှုဟာ အတော်လေး ခမ်းနားခဲ့ပြီး ၁၅ နှစ်ကျော်ကြာအောင် ပရိသတ်တွေကို ဖျော်ဖြေမှုပေးခဲ့သလို ပွက်လောရိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ မက်ဆီကို လေးစားပါတယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့ စကားတွေက တကယ်တမ်း မှန်မမှန်ဆိုတာ တိုက်စစ်ကြည့်လို့ရအောင် မက်ဆီနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒိုရဲ့အတွင်းစိတ်ကို မြင်ခဲ့ရတဲ့ စကားကြီး ၁၀ ခွန်းကို စပ်စပ်စုစု ဖော်ပြပေးပါရစေ။

(၁၀) “ကျွန်တော်နဲ့ မက်ဆီက အမြဲတမ်း ဖော်ဖော်ရွေရွေ ဆက်ဆံရေး ရှိခဲ့ပါတယ်။ သူ့ကို ဘယ်တုန်းကမှ ပြိုင်ဘက်တယောက်လို မမြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်ကို ကျွန်တော်တို့ အတူတူဖြတ်သန်းလာခဲ့ကြတာပါ။ မက်ဆီကိုလည်း ဒီလိုပဲ ထပ်တူဖြေပါလိမ့်မယ်။ မီဒီယာတွေကသာ ကျွန်တော်တို့အကြောင်း သွေးထိုးရေးသားနေတာပါ။ မက်ဆီနဲ့ ခေတ်ပြိုင်ဖြစ်ရတာ ကျွန်တော့်အတွက်တော့ အထူးအခွင့်အရေးတခုပါပဲ” (၂၀၂၀)

(၉) “မက်ဆီကြောင့် ကျွန်တော်က ပိုကောင်းမွန်တဲ့ကစားသမားဖြစ်လာတာပါ။ သူဖလားတွေရရင်လည်း ကျွန်တော် မခံချိမခံသာဖြစ်သလို သူလည်း အတူတူပဲဖြစ်မှာပါ။ ကျွန်တော် သူ့ရဲ့ကစားသမားဘဝကို အမှန်တကယ်လေးစားပါတယ်။ ကျွန်တော် စပိန်မြေကို စွန့်ခွာလာတော့ ပြိုင်ဘက်တစ်ယောက် လျော့သွားလို့ သူစိတ်ပျက်နေခဲ့ပါသေးတယ်” (၂၀၂၀)

(၈) “မက်ဆီကို အီတလီမြေမှာ လာကစားစေချင်လိုက်တာဗျာ။ တနေ့ပေါ့ဗျာ။ သူလည်း ကျွန်တော့်လို စွန့်စားမှုအသစ်တခုကို ရှာဖွေနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမယ့် စပိန်မှာပဲ သူပျော်တယ်ဆိုရင်လည်း ဒါကို ကျွန်တော်က လေးစားရမှာပါ။ တကယ်တော့ သူသာ ကျွန်တော့်ကို လွမ်းနေလောက်ပါပြီ။ မက်ဆီက စပိန်မှာပဲ ပုန်းအောင်းနေတုန်း ကျွန်တော်က ပေါ်တူဂီ၊ အင်္ဂလန်၊ စပိန်၊ အီတလီ နယ်စုံအောင် ပတ်ကစားပြီးနေပြီမဟုတ်လား” (၂၀၁၈)

(၇) “မက်ဆီထက် ကျွန်တော်ပိုသာတဲ့ကိစ္စက မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ချန်ပီယံလိဂ်ဘုရင်ဖြစ်ခဲ့တာပဲ။ ကျွန်တော်က အသင်းကြီးစုံအောင် ကစားတယ်။ ဖလားစုံအောင် ရတယ်။ ချန်ပီယံလိဂ်မှာ ၆ နှစ်ဆက် ရွှေဖိနပ်ဆုရှင်ဖြစ်လာခဲ့တယ်။ သူက စပိန်ကလွဲပြီး ပြေးပေါက်မရှိခဲ့ပုံပါ” ( ၂၀၁၉)

(၆) “ထိပ်တန်းအဆင့်တစ်ခုမှာ ဘယ်ကစားသမားတွေကများ ဆယ်စုနှစ်တစ်စုကျော်အောင် ရပ်တည်ပြနိုင်ခဲ့သလဲ ပြောပါ။ ခင်ဗျားတို့ လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရပါတယ်။ ဒါကို ကျွန်တော်နဲ့ မက်ဆီသာလျှင် လုပ်ပြနိုင်ခဲ့တာပါ” (၂၀၁၈)

(၅) “ကျွန်တော့်ဘဝမှာ ဘယ်ကစားသမားနဲ့မှ မယှဥ်ပြိုင်ခဲ့ဖူးပါဘူး။ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါက ကျွန်တော့်​ကျင့်ဝတ်ပါ။ မက်ဆီလည်း ကျွန်တော့်ပြိုင်ဘက် မဟုတ်ပါဘူး။ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲတိုင်းကို အနိုင်ကစားပါမယ်။ မက်ဆီနဲ့ ကျွန်တော်ရဲ့ စိန်ခေါ်မှုဟာ သိပ်လှတဲ့ ကစားပွဲလို့ပဲ ကျွန်တော်ဆိုချင်ပါတယ်” (၂၀၁၈)

(၄) “ကျွန်တော်တို့က သူငယ်ချင်းမိတ်ဆွေအဆင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော် သိပ်ပြီးလေးစားပါတယ်။ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေလို့ ဆိုနိုင်မှာပါ။ ဘောလုံးသမားဘဝ ၁၅ နှစ်တာကာလကို အတူတူ ဖြတ်သန်းလာခဲ့တာကိုး။ သူနဲ့အတူ ထမင်းလက်ဆုံ စားဖူးလောက်အောင်တော့ ကျွန်တော်တို့ မရင်းနှီးကြပါဘူး။ ဒါပေမယ့် သူ့ကစားပုံကိုတော့ ကျွန်တော်က သေအောင်ကြိုက်ပါတယ်။ မကြိုက်ဘဲနေနိုင်ရိုးလားဗျာ” (၂၀၁၇)

(၃) “ဖာရာရီကားတစီးကို ပေါ်ရှားကားတစီးနဲ့ ခင်ဗျားနှိုင်းယှဥ်လို့ မရနိုင်ဘူး။ ဒီလိုနှိုင်းယှဥ်မှုတွေဟာ အလကား အားကုန်စေပါတယ်။ တချိန်လုံး နှိုင်းယှဥ်နေကြပေမယ့် တကယ်တော့ ဒီကားနှစ်စီးက အင်ဂျင်ချင်း မတူပါဘူး။ စပိန်မှာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဖြစ်ခဲ့လို့ အရမ်းပျော်ရွှင်ပါတယ်။ ဒါ ကျွန်တော်ရဲ့ ပထမဆုံးပျော်ရွှင်မှုပါ။ အရေးကြီးဆုံးဆုဖလားဖြစ်ပါတယ်” (၂၀၁၂)

(၂) “ကစားပွဲထဲမှာ အသင်းလိုက်ကစားနိုင်ဖို့ အရေးအကြီးဆုံးပါ။ တစ်ဦးကောင်းကစားနေတာ မဟုတ်ပါဘူး။ အခု ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ မက်ဆီနဲ့ ကျွန်တော်ရဲ့ ပြိုင်ပွဲမဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်ပွဲဖြစ်ပါတယ်။ နှစ်သင်းစလုံးက ပြည်တွင်းဖလားချန်ပီယံဖြစ်ထားတယ်။ သိပ်ကြီးမားတဲ့ ထိပ်တိုက်တွေ့ဆုံမှုပါ” (၂၀၀၉)

(၁) “မက်ဆီ ဘလွန်ဒေါရလား၊ မရလား ကျွန်တော် ဂရုမစိုက်တတ်ပါဘူး။ ကျွန်တော့်လက်ထဲ ဒီဆုရောက်မလာလို့ ကျွန်တော် မရဘူးဆိုရင်ကို မပျော်ရွှင်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး အမြင့်ဆုံး​ခြေစွမ်းနဲ့ အဆင့်အတန်းရှိရှိ ကျွန်တော်ကစားခဲ့တယ်။ ဘောလုံးသမိုင်းမှာ ဒီလိုမျိုး ကျွန်တော့်လို ကစားနိုင်တဲ့ နောက်ထပ်ကစားသမားတဦးရှိရင် ခင်ဗျားသာ နာမည်ရွတ်ပြလိုက်စမ်းပါ” (၂၀၁၅)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးသမိုင္းရဲ႕ အလွပဆုံးနဲ႔ ျပင္းအားအျမင့္ဆုံး ယွဥ္ၿပိဳင္မႈျဖစ္တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ယွဥ္ၿပိဳင္မႈဟာ အေတာ္ေလး ခမ္းနားခဲ့ၿပီး ၁၅ ႏွစ္ေက်ာ္ၾကာေအာင္ ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးခဲ့သလို ပြက္ေလာ႐ိုက္မႈေတြလည္း ရွိခဲ့ပါတယ္။ မက္ဆီကို ေလးစားပါတယ္ဆိုတဲ့ ေရာ္နယ္ဒိုရဲ႕ စကားေတြက တကယ္တမ္း မွန္မမွန္ဆိုတာ တိုက္စစ္ၾကည့္လို႔ရေအာင္ မက္ဆီနဲ႔ပတ္သက္ၿပီး ေရာ္နယ္လ္ဒိုရဲ႕အတြင္းစိတ္ကို ျမင္ခဲ့ရတဲ့ စကားႀကီး ၁၀ ခြန္းကို စပ္စပ္စုစု ေဖာ္ျပေပးပါရေစ။

(၁၀) “ကြၽန္ေတာ္နဲ႔ မက္ဆီက အၿမဲတမ္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံေရး ရွိခဲ့ပါတယ္။ သူ႔ကို ဘယ္တုန္းကမွ ၿပိဳင္ဘက္တေယာက္လို မျမင္ခဲ့ပါဘူး။ လြန္ခဲ့တဲ့ ၁၅ ႏွစ္ကို ကြၽန္ေတာ္တို႔ အတူတူျဖတ္သန္းလာခဲ့ၾကတာပါ။ မက္ဆီကိုလည္း ဒီလိုပဲ ထပ္တူေျဖပါလိမ့္မယ္။ မီဒီယာေတြကသာ ကြၽန္ေတာ္တို႔အေၾကာင္း ေသြးထိုးေရးသားေနတာပါ။ မက္ဆီနဲ႔ ေခတ္ၿပိဳင္ျဖစ္ရတာ ကြၽန္ေတာ့္အတြက္ေတာ့ အထူးအခြင့္အေရးတခုပါပဲ” (၂၀၂၀)

(၉) “မက္ဆီေၾကာင့္ ကြၽန္ေတာ္က ပိုေကာင္းမြန္တဲ့ကစားသမားျဖစ္လာတာပါ။ သူဖလားေတြရရင္လည္း ကြၽန္ေတာ္ မခံခ်ိမခံသာျဖစ္သလို သူလည္း အတူတူပဲျဖစ္မွာပါ။ ကြၽန္ေတာ္ သူ႔ရဲ႕ကစားသမားဘဝကို အမွန္တကယ္ေလးစားပါတယ္။ ကြၽန္ေတာ္ စပိန္ေျမကို စြန္႔ခြာလာေတာ့ ၿပိဳင္ဘက္တစ္ေယာက္ ေလ်ာ့သြားလို႔ သူစိတ္ပ်က္ေနခဲ့ပါေသးတယ္” (၂၀၂၀)

(၈) “မက္ဆီကို အီတလီေျမမွာ လာကစားေစခ်င္လိုက္တာဗ်ာ။ တေန႔ေပါ့ဗ်ာ။ သူလည္း ကြၽန္ေတာ့္လို စြန္႔စားမႈအသစ္တခုကို ရွာေဖြႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။ ဒါေပမယ့္ စပိန္မွာပဲ သူေပ်ာ္တယ္ဆိုရင္လည္း ဒါကို ကြၽန္ေတာ္က ေလးစားရမွာပါ။ တကယ္ေတာ့ သူသာ ကြၽန္ေတာ့္ကို လြမ္းေနေလာက္ပါၿပီ။ မက္ဆီက စပိန္မွာပဲ ပုန္းေအာင္းေနတုန္း ကြၽန္ေတာ္က ေပၚတူဂီ၊ အဂၤလန္၊ စပိန္၊ အီတလီ နယ္စုံေအာင္ ပတ္ကစားၿပီးေနၿပီမဟုတ္လား” (၂၀၁၈)

(၇) “မက္ဆီထက္ ကြၽန္ေတာ္ပိုသာတဲ့ကိစၥက မတူညီတဲ့ အသင္းႏွစ္သင္းနဲ႔ ခ်န္ပီယံလိဂ္ဘုရင္ျဖစ္ခဲ့တာပဲ။ ကြၽန္ေတာ္က အသင္းႀကီးစုံေအာင္ ကစားတယ္။ ဖလားစုံေအာင္ ရတယ္။ ခ်န္ပီယံလိဂ္မွာ ၆ ႏွစ္ဆက္ ေ႐ႊဖိနပ္ဆုရွင္ျဖစ္လာခဲ့တယ္။ သူက စပိန္ကလြဲၿပီး ေျပးေပါက္မရွိခဲ့ပုံပါ” ( ၂၀၁၉)

(၆) “ထိပ္တန္းအဆင့္တစ္ခုမွာ ဘယ္ကစားသမားေတြကမ်ား ဆယ္စုႏွစ္တစ္စုေက်ာ္ေအာင္ ရပ္တည္ျပႏိုင္ခဲ့သလဲ ေျပာပါ။ ခင္ဗ်ားတို႔ လက္တစ္ဖက္တည္းနဲ႔ ေရတြက္လို႔ရပါတယ္။ ဒါကို ကြၽန္ေတာ္နဲ႔ မက္ဆီသာလွ်င္ လုပ္ျပႏိုင္ခဲ့တာပါ” (၂၀၁၈)

(၅) “ကြၽန္ေတာ့္ဘဝမွာ ဘယ္ကစားသမားနဲ႔မွ မယွဥ္ၿပိဳင္ခဲ့ဖူးပါဘူး။ ဘယ္တုန္းကမွ မရွိခဲ့ဘူး။ ဒါက ကြၽန္ေတာ့္​က်င့္ဝတ္ပါ။ မက္ဆီလည္း ကြၽန္ေတာ့္ၿပိဳင္ဘက္ မဟုတ္ပါဘူး။ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ပြဲတိုင္းကို အႏိုင္ကစားပါမယ္။ မက္ဆီနဲ႔ ကြၽန္ေတာ္ရဲ႕ စိန္ေခၚမႈဟာ သိပ္လွတဲ့ ကစားပြဲလို႔ပဲ ကြၽန္ေတာ္ဆိုခ်င္ပါတယ္” (၂၀၁၈)

(၄) “ကြၽန္ေတာ္တို႔က သူငယ္ခ်င္းမိတ္ေဆြအဆင့္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ကို ကြၽန္ေတာ္ သိပ္ၿပီးေလးစားပါတယ္။ ကြၽန္ေတာ္တို႔က လုပ္ေဖာ္ကိုင္ဖက္ေတြလို႔ ဆိုႏိုင္မွာပါ။ ေဘာလုံးသမားဘဝ ၁၅ ႏွစ္တာကာလကို အတူတူ ျဖတ္သန္းလာခဲ့တာကိုး။ သူနဲ႔အတူ ထမင္းလက္ဆုံ စားဖူးေလာက္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ မရင္းႏွီးၾကပါဘူး။ ဒါေပမယ့္ သူ႔ကစားပုံကိုေတာ့ ကြၽန္ေတာ္က ေသေအာင္ႀကိဳက္ပါတယ္။ မႀကိဳက္ဘဲေနႏိုင္႐ိုးလားဗ်ာ” (၂၀၁၇)

(၃) “ဖာရာရီကားတစီးကို ေပၚရွားကားတစီးနဲ႔ ခင္ဗ်ားႏႈိင္းယွဥ္လို႔ မရႏိုင္ဘူး။ ဒီလိုႏႈိင္းယွဥ္မႈေတြဟာ အလကား အားကုန္ေစပါတယ္။ တခ်ိန္လုံး ႏႈိင္းယွဥ္ေနၾကေပမယ့္ တကယ္ေတာ့ ဒီကားႏွစ္စီးက အင္ဂ်င္ခ်င္း မတူပါဘူး။ စပိန္မွာ ဘာစီလိုနာကို ေက်ာ္ျဖတ္ၿပီး လာလီဂါခ်န္ပီယံျဖစ္ခဲ့လို႔ အရမ္းေပ်ာ္႐ႊင္ပါတယ္။ ဒါ ကြၽန္ေတာ္ရဲ႕ ပထမဆုံးေပ်ာ္႐ႊင္မႈပါ။ အေရးႀကီးဆုံးဆုဖလားျဖစ္ပါတယ္” (၂၀၁၂)

(၂) “ကစားပြဲထဲမွာ အသင္းလိုက္ကစားႏိုင္ဖို႔ အေရးအႀကီးဆုံးပါ။ တစ္ဦးေကာင္းကစားေနတာ မဟုတ္ပါဘူး။ အခု ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ မက္ဆီနဲ႔ ကြၽန္ေတာ္ရဲ႕ ၿပိဳင္ပြဲမဟုတ္ပါဘူး။ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းရဲ႕ တိုက္ပြဲျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက ျပည္တြင္းဖလားခ်န္ပီယံျဖစ္ထားတယ္။ သိပ္ႀကီးမားတဲ့ ထိပ္တိုက္ေတြ႕ဆုံမႈပါ” (၂၀၀၉)

(၁) “မက္ဆီ ဘလြန္ေဒါရလား၊ မရလား ကြၽန္ေတာ္ ဂ႐ုမစိုက္တတ္ပါဘူး။ ကြၽန္ေတာ့္လက္ထဲ ဒီဆုေရာက္မလာလို႔ ကြၽန္ေတာ္ မရဘူးဆိုရင္ကို မေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ၿပီးခဲ့တဲ့ ၈ ႏွစ္လုံးလုံး အျမင့္ဆုံး​ေျခစြမ္းနဲ႔ အဆင့္အတန္းရွိရွိ ကြၽန္ေတာ္ကစားခဲ့တယ္။ ေဘာလုံးသမိုင္းမွာ ဒီလိုမ်ိဳး ကြၽန္ေတာ့္လို ကစားႏိုင္တဲ့ ေနာက္ထပ္ကစားသမားတဦးရွိရင္ ခင္ဗ်ားသာ နာမည္႐ြတ္ျပလိုက္စမ္းပါ” (၂၀၁၅)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.