Premier League

ရာဖေးလ် ဗာရွန်းကို ခေါ်ယူပြီး ကစားကွက်အသစ်နဲ့ ပွဲကြမ်းတော့မယ့် ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီသစ်မှာ နည်းဗျူဟာပိုင်း အပြောင်းအလဲကို ကြီးကြီးမားမား ပုံဖော်သွားဖို့ ရှိနေပြီး ဒီအကြောင်းကိုလည်း သူ့အသင်းသားတွေဆီ ရှင်းရှင်းလင်းလင်း အသိပေးပြီးပြီလို့ သိရှိထားရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆိုးလ်ရှားအနေနဲ့ ဆာအဲလက်စ် ဖာဂူဆန်ခေတ်လွန်မှာ ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးရာသီကို ဖြတ်သန်းနိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်စေခဲ့သလို အဆင့် ၁ ချန်ပီယံ မန်စီးတီးအသင်းနဲ့ ၁၁ မှတ်အကွာ အဆင့် ၂ နဲ့ ပန်းဝင်နိုင်ခဲ့တာဟာ ရှေ့တရာသီက အဆင့် ၃ ကနေ နောက်တဆင့်တက်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီသစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်ဖို့ တွန်းအားပြင်းထန်နေကြောင်း သိရပါတယ်။

ဒါ့အပြင် သူ့အသင်းရဲ့ အားနည်းချက်တခုဟာ ထင်ထင်ရှားရှားရှိနေခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ကြီး ၆ ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ EPL ၁၀ ပွဲမှာ ၁၁ မှတ်သာ ရယူနိုင်ခဲ့ပြီး ၈ ဂိုးသာ သွင်းယူနိုင်ခဲ့သလို အဆိုပါပွဲတွေထဲက ၅ ပွဲက ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ၇ ပွဲက တဂိုးမှ မသွင်းနိုင်ခဲ့ခြင်းက တိုက်စစ်ပိုင်းကစားပုံမှာ အတော်လေးအကျည်းတန်တဲ့ ​ကြောက်ရွံ့မှုမျိုး ဖြစ်နေတာပါ။

သူ့အနေနဲ့ အဆိုပါ ၁၀ ပွဲမှာ ‘မက်ဖရက်’ ကွင်းလယ်လို့ ဆိုကြတဲ့ မက်တော်မီနေး+ဖရက်ဒ်တို့အတွဲကို ၄-၂-၃-၁ ရဲ့ ကွင်းလယ်ထောက်တိုင်နေရာမှာ မစွန့်လွှတ်နိုင်စတမ်း အသုံးပြုခဲ့ရပြီး ကွင်းလယ်တိုက်စစ်မှုးတဦးကို အရန်ခုံပို့ထားရသလို မလုံခြုံတဲ့ခံစစ်ကြောင်းရှေ့မှာ ပြေးလွှားပြီး ကာကွယ်ပေးနေဖို့အတွက် ရည်ရွယ်ခဲ့ရတာပါ။

စပါးစ်ကို ၆-၁ နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီအတွဲ မပါဝင်ခဲ့တာကို တွေ့ရတဲ့အပြင် အိုးထရက်ဖို့ဒ်က FA ဖလားပွဲစဥ်မှာ လီဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရလဒ်ယူခဲ့ခြင်းက မက်ဖရက်အတွဲကို စွန့်လွှတ်နိုင်ခြင်းရဲ့ ကြီး ၆ ကြီးအဆင့် ထိပ်တိုက်တွေ့မှုမှာ နောက်ဆုံးရလဒ်လို့ ဆိုရမှာဖြစ်ပြီး လာမယ့်ရာသီသစ်မှာတော့ အဆိုပါကွင်းလယ်ကို အားပြုတဲ့ ၄-၂-၃-၁ ကစားကွက်ကို စွန့်ပစ်တော့မှာဖြစ်ပြီး တိုက်စစ်မှာ ပွဲကြမ်းမယ့် ၄-၃-၃ ကို ခင်းကျင်းလာတော့မှာပါ။

ဒါဟာ ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူ ရာဖေးလ် ဗာရွန်းရဲ့အားကိုးနဲ့ ဆိုးလ်ရှားတို့ ခပ်ရဲရဲလုပ်ဆောင်လာမယ့် ကစားကွက်ပုံဖော်မှုအပိုင်းဖြစ်ပြီး ကွင်းလယ်ထိန်းကျောင်းသူ ၁ ဦးကိုသာ အသုံးပြုမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ် ၂ နေရာမှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ ဒွန်နီ ဗန်ဒဘိခ်တို့ ၃ ဦးကို ပုံမှန်အလှည့်ကျ ပွဲထုတ်ကစားစေတော့မှာဖြစ်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ခံစစ်အင်အားချို့တဲ့မှုကြောင့် ကိုင်စွဲခဲ့ရတဲ့ အတွေးအခေါ်ဟောင်းတချို့ကို ဖယ်ရှားဖို့ ရှိနေချိန်မှာ ပေါင်သန်း ၇၀ တန် လူသစ်တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုကလည်း ယူနိုက်တက်ရဲ့ ရိုးရာတိုက်စစ်ကစားဟန်မှာ ပြန်လည်အသက်သွင်းဖို့အတွက် အထူးအားကိုးသွားမယ့် ကစားသမားအဖြစ် တစ်ပေးခံထားရပါပြီ။

အသက် ၂၈ နှစ်အရွယ် ပြင်သစ်သား ဗာရွန်းကို ခေါ်ယူနိုင်ခဲ့ရင် ဆိုးလ်ရှားဟာ လန်ဒလော့ဖ်နဲ့ ခြေစွမ်းမတည်ငြိမ်မှုကြောင့် ဟာရီ မက်ဂွိုင်းယားတဦးတည်းကိုသာ ပင်တိုင်အသုံးပြုနေရတဲ့ ဗဟိုခံစစ်ကြောင်းကို စိတ်ချသွားနိုင်တော့မှာဖြစ်ပြီး တိုက်စစ်ကို ပိုပြီးလွတ်လွတ်လပ်လပ် ကစားသွားတော့မှာဖြစ်ကြောင်း သူ့ရဲ့နွေရာသီပြင်ဆငိမှုအဖြစ် ပြင်းပြင်းထန်ထန်လေ့ကျင့်တော့မယ်လို့ အသင်းသားတွေကို ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

ယူရိုမှာ ​ခြေစွမ်းမြင့်မားခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ဗာရွန်းတို့ရဲ့ အင်္ဂလန်-ပြင်သစ် ဗဟိုခံစစ်အတွဲဟာ နည်းပြဆိုးလ်ရှားအတွက် အဓိကသော့ချက်အဖြစ် ရှုမြင်ခံထားရပြီး မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ မက်ဖရက်အတွဲကိုလည်း ဖြုတ်ချသွားတော့မှာဖြစ်သလို ပရိသတ်တွေ အမျှော်ကြီးမျှော်လင့်နေတဲ့ တိုက်စစ်ဖျော်ဖြေမှုကစားဟန်နဲ့ လှလှပပ ပွဲထွက်လာတော့မှာဖြစ်သလို ၈ နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပိုင်သိမ်းဖို့ ကြံစည်နေပြီဖြစ်ကြောင်း ဝမ်းသားဖွယ်ရာ သတင်းကောင်းပါးလိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္းနား ဆိုးလ္ရွားဟာ လာမယ့္ပရီးမီးယားလိဂ္ရာသီသစ္မွာ နည္းဗ်ဴဟာပိုင္း အေျပာင္းအလဲကို ႀကီးႀကီးမားမား ပုံေဖာ္သြားဖို႔ ရွိေနၿပီး ဒီအေၾကာင္းကိုလည္း သူ႔အသင္းသားေတြဆီ ရွင္းရွင္းလင္းလင္း အသိေပးၿပီးၿပီလို႔ သိရွိထားရပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဆိုးလ္ရွားအေနနဲ႔ ဆာအဲလက္စ္ ဖာဂူဆန္ေခတ္လြန္မွာ ပထမဆုံးအႀကိမ္အျဖစ္ အေကာင္းဆုံးရာသီကို ျဖတ္သန္းႏိုင္ခဲ့ျခင္းအျဖစ္ မွတ္တမ္းဝင္ေစခဲ့သလို အဆင့္ ၁ ခ်န္ပီယံ မန္စီးတီးအသင္းနဲ႔ ၁၁ မွတ္အကြာ အဆင့္ ၂ နဲ႔ ပန္းဝင္ႏိုင္ခဲ့တာဟာ ေရွ႕တရာသီက အဆင့္ ၃ ကေန ေနာက္တဆင့္တက္ႏိုင္ခဲ့တာေၾကာင့္ လာမယ့္ရာသီသစ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကိုင္ေျမႇာက္ဖို႔ တြန္းအားျပင္းထန္ေနေၾကာင္း သိရပါတယ္။

ဒါ့အျပင္ သူ႔အသင္းရဲ႕ အားနည္းခ်က္တခုဟာ ထင္ထင္ရွားရွားရွိေနခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ႀကီး ၆ ႀကီးနဲ႔ ေတြ႕ဆုံခဲ့တဲ့ EPL ၁၀ ပြဲမွာ ၁၁ မွတ္သာ ရယူႏိုင္ခဲ့ၿပီး ၈ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို အဆိုပါပြဲေတြထဲက ၅ ပြဲက ဂိုးမရွိသေရက်ခဲ့တာျဖစ္ၿပီး ၇ ပြဲက တဂိုးမွ မသြင္းႏိုင္ခဲ့ျခင္းက တိုက္စစ္ပိုင္းကစားပုံမွာ အေတာ္ေလးအက်ည္းတန္တဲ့ ​ေၾကာက္႐ြံ႕မႈမ်ိဳး ျဖစ္ေနတာပါ။

သူ႔အေနနဲ႔ အဆိုပါ ၁၀ ပြဲမွာ ‘မက္ဖရက္’ ကြင္းလယ္လို႔ ဆိုၾကတဲ့ မက္ေတာ္မီေနး+ဖရက္ဒ္တို႔အတြဲကို ၄-၂-၃-၁ ရဲ႕ ကြင္းလယ္ေထာက္တိုင္ေနရာမွာ မစြန္႔လႊတ္ႏိုင္စတမ္း အသုံးျပဳခဲ့ရၿပီး ကြင္းလယ္တိုက္စစ္မႈးတဦးကို အရန္ခုံပို႔ထားရသလို မလုံၿခဳံတဲ့ခံစစ္ေၾကာင္းေရွ႕မွာ ေျပးလႊားၿပီး ကာကြယ္ေပးေနဖို႔အတြက္ ရည္႐ြယ္ခဲ့ရတာပါ။

စပါးစ္ကို ၆-၁ နဲ႔ အရွက္ရဖြယ္ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ဒီအတြဲ မပါဝင္ခဲ့တာကို ေတြ႕ရတဲ့အျပင္ အိုးထရက္ဖို႔ဒ္က FA ဖလားပြဲစဥ္မွာ လီဗာပူးလ္ကို ၃-၂ နဲ႔ အႏိုင္ရလဒ္ယူခဲ့ျခင္းက မက္ဖရက္အတြဲကို စြန္႔လႊတ္ႏိုင္ျခင္းရဲ႕ ႀကီး ၆ ႀကီးအဆင့္ ထိပ္တိုက္ေတြ႕မႈမွာ ေနာက္ဆုံးရလဒ္လို႔ ဆိုရမွာျဖစ္ၿပီး လာမယ့္ရာသီသစ္မွာေတာ့ အဆိုပါကြင္းလယ္ကို အားျပဳတဲ့ ၄-၂-၃-၁ ကစားကြက္ကို စြန္႔ပစ္ေတာ့မွာျဖစ္ၿပီး တိုက္စစ္မွာ ပြဲၾကမ္းမယ့္ ၄-၃-၃ ကို ခင္းက်င္းလာေတာ့မွာပါ။

ဒါဟာ ရီးရဲလ္မက္ဒရစ္ဗဟိုေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းရဲ႕အားကိုးနဲ႔ ဆိုးလ္ရွားတို႔ ခပ္ရဲရဲလုပ္ေဆာင္လာမယ့္ ကစားကြက္ပုံေဖာ္မႈအပိုင္းျဖစ္ၿပီး ကြင္းလယ္ထိန္းေက်ာင္းသူ ၁ ဦးကိုသာ အသုံးျပဳမွာျဖစ္ၿပီး ကြင္းလယ္တိုက္စစ္ ၂ ေနရာမွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္နဲ႔ ဒြန္နီ ဗန္ဒဘိခ္တို႔ ၃ ဦးကို ပုံမွန္အလွည့္က် ပြဲထုတ္ကစားေစေတာ့မွာျဖစ္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ခံစစ္အင္အားခ်ိဳ႕တဲ့မႈေၾကာင့္ ကိုင္စြဲခဲ့ရတဲ့ အေတြးအေခၚေဟာင္းတခ်ိဳ႕ကို ဖယ္ရွားဖို႔ ရွိေနခ်ိန္မွာ ေပါင္သန္း ၇၀ တန္ လူသစ္ေတာင္ပံတိုက္စစ္မႉး ေဂ်ဒန္ဆန္ခ်ိဳကလည္း ယူႏိုက္တက္ရဲ႕ ႐ိုးရာတိုက္စစ္ကစားဟန္မွာ ျပန္လည္အသက္သြင္းဖို႔အတြက္ အထူးအားကိုးသြားမယ့္ ကစားသမားအျဖစ္ တစ္ေပးခံထားရပါၿပီ။

အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္သား ဗာ႐ြန္းကို ေခၚယူႏိုင္ခဲ့ရင္ ဆိုးလ္ရွားဟာ လန္ဒေလာ့ဖ္နဲ႔ ေျခစြမ္းမတည္ၿငိမ္မႈေၾကာင့္ ဟာရီ မက္ဂြိဳင္းယားတဦးတည္းကိုသာ ပင္တိုင္အသုံးျပဳေနရတဲ့ ဗဟိုခံစစ္ေၾကာင္းကို စိတ္ခ်သြားႏိုင္ေတာ့မွာျဖစ္ၿပီး တိုက္စစ္ကို ပိုၿပီးလြတ္လြတ္လပ္လပ္ ကစားသြားေတာ့မွာျဖစ္ေၾကာင္း သူ႔ရဲ႕ေႏြရာသီျပင္ဆငိမႈအျဖစ္ ျပင္းျပင္းထန္ထန္ေလ့က်င့္ေတာ့မယ္လို႔ အသင္းသားေတြကို ေျပာဆိုခဲ့ၿပီးျဖစ္ပါတယ္။

ယူ႐ိုမွာ ​ေျခစြမ္းျမင့္မားခဲ့တဲ့ မက္ဂြိဳင္းယားနဲ႔ ဗာ႐ြန္းတို႔ရဲ႕ အဂၤလန္-ျပင္သစ္ ဗဟိုခံစစ္အတြဲဟာ နည္းျပဆိုးလ္ရွားအတြက္ အဓိကေသာ့ခ်က္အျဖစ္ ရႈျမင္ခံထားရၿပီး မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းေနရတဲ့ မက္ဖရက္အတြဲကိုလည္း ျဖဳတ္ခ်သြားေတာ့မွာျဖစ္သလို ပရိသတ္ေတြ အေမွ်ာ္ႀကီးေမွ်ာ္လင့္ေနတဲ့ တိုက္စစ္ေဖ်ာ္ေျဖမႈကစားဟန္နဲ႔ လွလွပပ ပြဲထြက္လာေတာ့မွာျဖစ္သလို ၈ ႏွစ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အပိုင္သိမ္းဖို႔ ႀကံစည္ေနၿပီျဖစ္ေၾကာင္း ဝမ္းသားဖြယ္ရာ သတင္းေကာင္းပါးလိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.