Premier League Transfer News

ဘန်ဝှိုက်အတွက် သဘောတူညီမှုရအပြီး အာဆင်နယ်တို့ ဘာတွေ ဆက်လုပ်မလဲ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီ ပုံပြင်လိုဖြစ်နေခဲ့တဲ့ ဘရိုက်တန် နောက်ခံလူ ဘန်ဝှိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ပေးချေဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ဘယ်လိုမျိုး ပေးချေသွားမယ်ဆိုတာနဲ့ ကစားသမားအတွက် ထုံးတမ်းစဉ်လာ ဆေးစစ်စာချုပ်မှုတွေ လုပ်ဆောင်နိုင်ဖို့ပဲ ကျန်ရှိတဲ့ အခြေအနေကို ရောက်သွားခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဘရိုက်တန်ရဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှုအရ ပေါင်သန်း ၄၀ နဲ့ တစ်ကြိမ်၊ ပေါင် ၄၇ နဲ့ တစ်ကြိမ် ကမ်းလှမ်းမှုတွေက ပယ်ချခံခဲ့ရအပြီးမှာ နည်းပြ မီခယ်လ် အာတီတာ အသည်းအသန် အလိုရှိနေတဲ့ အင်္ဂလန်သားကို တောင်းတဲ့ ဈေးအတိုင်းပေးပြီး ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ နောက်ပိုင်းမှာ ဆေးစစ်သွားမယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ ဒီနေ့ခေတ် မော်ဒန်ဘောလုံးရဲ့ သုံးယောက်တန်းခံစစ် ညာအစွန်မှာ နည်းစနစ်တန်ဖိုး မြင့်မားပြီး နေရာယူမှုတွေမှာ အသင်းရဲ့ တိုက်စစ်ခံစစ် လိုက်ပါမှုတွေအပေါ် အကောင်းဆုံး ဖြည့်ဆည်းနိုင်သူဖြစ်တယ်လို့ သုံးသပ်ထားကြသလို ဒါကြောင့်လည်း ဂန်းနားတို့အနေနဲ့ ဈေးမရှောင်ဘဲ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့လည်း ဆိုနေကြပါတယ်။

ဒီတစ်ယောက်အတွက် ဂဏန်းငြိမ်သွားအပြီးမှာ အာဆင်နယ်တို့အနေနဲ့ နာမည်ကြီး အငှားဈေးဆစ် ဂျူဗင်တပ်စ်တို့နဲ့အပြိုင် အီတလီလက်ရွေးစင်ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ကမ်းလှမ်းထားပြီး ဆာဆူအိုလိုအသင်းကတော့ ဈေးပိုပေးတဲ့ အမ်းမရိတ်သားတွေဆီ ရောင်းချချင်နေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူ့ရဲ့ အရေးပါမှုနဲ့ အသင်းရဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက်တော့ ကောင်းကောင်း အာမခံချက်ပေးရနိုင်ပြီး စီးရီးအေမှာ ဘာဆိုလား ဂျူဗင်တပ်စ်ထက် မနိမ့်တဲ့ အနာဂတ်အစီအစဉ်တွေကို ချပြရဖို့ ရှိနေသလို ဒါမှလည်း ယူရို ၂၀၂၀ ချန်ပီယံ လိုကာတယ်လီကို စည်းရုံးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းအနေနဲ့ မီဆွတ် အိုဇေးလ် ထွက်ခွာသွားခဲ့ပြီးကတည်းက မဖြည့်ဆည်းရသေးတဲ့ ကွင်းလယ်ဖန်တီးမှုကွက်လပ်ကို ဖြည့်ဆည်းဖို့လည်း ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကနေ စိတ်ပြောင်းစပြုလာတဲ့ မာတင် အော်ဒီဂွါဒ်ရဲ့ အနေအထားကို စောင့်ကြည့်နေသလို ပြီးခဲ့တဲ့ နှစ်ကထက် ဈေးနှုန်း သုံးပုံတစ်ပုံလောက်နဲ့ ရရှိနိုင်တဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကိုလည်း ခေါ်ယူသွားလိုနေတာပါ။

လက်ရှိမှာတော့ အသင်းကို ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ရောက်ရှိလာခဲ့အပြီး အန်ဒါလက်ချ်ရဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကိုလည်း ကွာရန်တင်းကာလ ပြီးရင် တရားဝင် ကြေငြာနိုင်ဖို့ နီးစပ်နေချိန်မှာ ပြီးခဲ့တဲ့နှစ်က စိတ်ချလို့ မရခဲ့တဲ့ ဂိုးသမားဌာနအတွက်ပဲ စဉ်းစားရမှာဖြစ်ပြီး လက်စွမ်းချင်း သိပ်မကွာလှတဲ့ ဝက်စ်ဘရွန်းဂိုးသမား ဆမ် ဂျွန်စတုန်းနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်တို့ကို ခေါ်ယူမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီ ပုံျပင္လိုျဖစ္ေနခဲ့တဲ့ ဘ႐ိုက္တန္ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ေပးေခ်ဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး ဘယ္လိုမ်ိဳး ေပးေခ်သြားမယ္ဆိုတာနဲ႔ ကစားသမားအတြက္ ထုံးတမ္းစဥ္လာ ေဆးစစ္စာခ်ဳပ္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ပဲ က်န္ရွိတဲ့ အေျခအေနကို ေရာက္သြားခဲ့ၿပီလို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဘ႐ိုက္တန္ရဲ႕ ျပတ္ျပတ္သားသား ကိုင္တြယ္မႈအရ ေပါင္သန္း ၄၀ နဲ႔ တစ္ႀကိမ္၊ ေပါင္ ၄၇ နဲ႔ တစ္ႀကိမ္ ကမ္းလွမ္းမႈေတြက ပယ္ခ်ခံခဲ့ရအၿပီးမွာ နည္းျပ မီခယ္လ္ အာတီတာ အသည္းအသန္ အလိုရွိေနတဲ့ အဂၤလန္သားကို ေတာင္းတဲ့ ေဈးအတိုင္းေပးၿပီး ေခၚယူဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ၿပီး လာမယ့္ ဇူလိုင္လ ၂၆ ရက္ေန႔ ေနာက္ပိုင္းမွာ ေဆးစစ္သြားမယ္လို႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ ဒီေန႔ေခတ္ ေမာ္ဒန္ေဘာလုံးရဲ႕ သုံးေယာက္တန္းခံစစ္ ညာအစြန္မွာ နည္းစနစ္တန္ဖိုး ျမင့္မားၿပီး ေနရာယူမႈေတြမွာ အသင္းရဲ႕ တိုက္စစ္ခံစစ္ လိုက္ပါမႈေတြအေပၚ အေကာင္းဆုံး ျဖည့္ဆည္းႏိုင္သူျဖစ္တယ္လို႔ သုံးသပ္ထားၾကသလို ဒါေၾကာင့္လည္း ဂန္းနားတို႔အေနနဲ႔ ေဈးမေရွာင္ဘဲ ေခၚယူဖို႔ ဆုံးျဖတ္လိုက္တယ္လို႔လည္း ဆိုေနၾကပါတယ္။

ဒီတစ္ေယာက္အတြက္ ဂဏန္းၿငိမ္သြားအၿပီးမွာ အာဆင္နယ္တို႔အေနနဲ႔ နာမည္ႀကီး အငွားေဈးဆစ္ ဂ်ဴဗင္တပ္စ္တို႔နဲ႔အၿပိဳင္ အီတလီလက္ေ႐ြးစင္ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ကမ္းလွမ္းထားၿပီး ဆာဆူအိုလိုအသင္းကေတာ့ ေဈးပိုေပးတဲ့ အမ္းမရိတ္သားေတြဆီ ေရာင္းခ်ခ်င္ေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူ႔ရဲ႕ အေရးပါမႈနဲ႔ အသင္းရဲ႕ အနာဂတ္ရည္မွန္းခ်က္ေတြအတြက္ေတာ့ ေကာင္းေကာင္း အာမခံခ်က္ေပးရႏိုင္ၿပီး စီးရီးေအမွာ ဘာဆိုလား ဂ်ဴဗင္တပ္စ္ထက္ မနိမ့္တဲ့ အနာဂတ္အစီအစဥ္ေတြကို ခ်ျပရဖို႔ ရွိေနသလို ဒါမွလည္း ယူ႐ို ၂၀၂၀ ခ်န္ပီယံ လိုကာတယ္လီကို စည္း႐ုံးႏိုင္မွာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အာဆင္နယ္အသင္းအေနနဲ႔ မီဆြတ္ အိုေဇးလ္ ထြက္ခြာသြားခဲ့ၿပီးကတည္းက မျဖည့္ဆည္းရေသးတဲ့ ကြင္းလယ္ဖန္တီးမႈကြက္လပ္ကို ျဖည့္ဆည္းဖို႔လည္း ရွိေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေန စိတ္ေျပာင္းစျပဳလာတဲ့ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနသလို ၿပီးခဲ့တဲ့ ႏွစ္ကထက္ ေဈးႏႈန္း သုံးပုံတစ္ပုံေလာက္နဲ႔ ရရွိႏိုင္တဲ့ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကိုလည္း ေခၚယူသြားလိုေနတာပါ။

လက္ရွိမွာေတာ့ အသင္းကို ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္ ေရာက္ရွိလာခဲ့အၿပီး အန္ဒါလက္ခ်္ရဲ႕ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါကိုလည္း ကြာရန္တင္းကာလ ၿပီးရင္ တရားဝင္ ေၾကျငာႏိုင္ဖို႔ နီးစပ္ေနခ်ိန္မွာ ၿပီးခဲ့တဲ့ႏွစ္က စိတ္ခ်လို႔ မရခဲ့တဲ့ ဂိုးသမားဌာနအတြက္ပဲ စဥ္းစားရမွာျဖစ္ၿပီး လက္စြမ္းခ်င္း သိပ္မကြာလွတဲ့ ဝက္စ္ဘ႐ြန္းဂိုးသမား ဆမ္ ဂြၽန္စတုန္းနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ကို ေခၚယူမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.