Premier League Transfer News

17 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ ယခုညမှာ ချန်ပီယံရှစ်ကလပ် ပီတာဘားရားအသင်းနဲ့ ခြေစမ်းပွဲ ရင်ဆိုင်ကစားမှာဖြစ်ပြီး ရူဘင် လော့ဖ်တပ်စ်ချိခ်၊ ဘာဘာ ရာမန်၊ ရော့စ် ဘာကလီ၊ ဒါဗီဒေး ဇက်ပါကော့စတာ၊ ဒန်နီ ဒရင့်ခ်ဝါးတား၊ ကွန်နာ ဂယ်လာဂါ စတဲ့ အသင်းမှာနေရာပေးဖို့ ခြေစွမ်းစောင့်ကြည့်သွားမယ့်သူတွေကို အခွင့်အရေးပေးနိုင်ကြောင်းသိရ။

– ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူး အာလင်း ဟာလန်းအနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားခဲ့ရင်ဆိုတဲ့ အနေအထားတွေအတွက် ပီအက်စ်ဗီတိုက်စစ်မှူး ဒွန်ညဲ မာလန်ကို ခေါ်ယူဖို့ နီးစပ်နေပြီး အသေးစိတ်ညှိနှိုင်းရမယ့် အချက်အနည်းငယ်သာ ကျန်တော့တာကြောင့် နော်ဝေးသားကို ရောင်းထုတ်လာနိုင်။

– လူငယ်ကစားသမား မာ့ခ် ဂီဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောင်းချခဲ့တုန်းက ပြန်လည်ရောင်းချခဲ့ရင် ကမ်းလှမ်းတဲ့အသင်းနဲ့ တူညီတဲ့ဈေးနှုန်း ပေးခဲ့မယ်ဆို ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားခဲ့တာကြောင့် အသင်းရဲ့ နောင်တစ်ချိန် ခံစစ်ပိုင်းလိုအပ်မှုဖြစ်လာတာနဲ့ ခေါ်ယူဖို့ လွယ်ကူနိုင်မှာဖြစ်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ အသလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်က သူ့ကို အသင်းက ကန်ထုတ်ထားပြီးဖြစ်ကြောင်း အရွှန်းဖောက်သလိုနဲ့ ပြောသွားခဲ့တာကြောင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့ အခက်အခဲမရှိနိုင်ဘဲ ပြောင်းရွှေ့ကြေးအတွက်သာ ညှိနှိုင်းရဖို့ ရှိနေကြောင်းသိရ။

– လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးဟောင်း နိုဝယ် ဝှီးလန်းက ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်က ပေါင်သန်း ၃၀-၄၀ တန်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်း၊ ဒီအသက်အရွယ်နဲ့ ခြေစွမ်းခြေစရှိတဲ့ကစားသမားကို ဒီ‌ဈေးနဲ့ရရင် ထိုက်တန်ကြောင်း ပြောသွားခဲ့ပြီး အက်စတန်ဗီလာအသင်းကလည်း ခေါ်ယူလိုနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်နောက်ခံလူနေရာအတွက် ဘန် ချေးဝဲလ်ကိုသာ အသင်းမှာထားခဲ့ဖို့ စီစဉ်နေတဲ့ အနေအထားမှာ အရန်‌ကစားသမားအဖြစ် ဗီလာရီးရဲလ်နောက်ခံလူ အဲလ်ဖွန်ဆို ပီဒရာဇာကို ခေါ်ယူဖို့ ကြံရွယ်လာခဲ့ပြီး သူ့ကို ဈေးနှုန်းသတ်မှတ်ပေးဖို့ တောင်းဆိုထားခဲ့။

– ဟာလန်းကို ခေါ်ယူဖို့ အသင်းမှာကျန်ရှိနေတဲ့ လူပိုတွေကို ထုတ်ရောင်းတာကတစ်ဆင့် ပေါင် ၈၅ သန်းအထိ ရဖို့ ချဲလ်ဆီးအသင်းအနေနဲ့ မျှော်မှန်းထားပြီး ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် အရင်လို ခေါ်ချင်တိုင်း ချက်ချင်းလက်ငင်း ခေါ်ယူဖို့ ခက်ခဲလာတာက ‌နော်ဝေးသားကို ခေါ်ယူဖို့ ကြန့်ကြာနေ။

– အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက ချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒက်ကလန် ရိုက်စ်အနေနဲ့ ဝက်စ်ဟမ်းမှာ တစ်ရာသီဆက်နေပြီးမှ အသင်းပြောင်းလည်း အကျိုးမယုတ်ကြောင်း အကြံပေးသွားခဲ့ပြီး နောက်နှစ်မှ စာချုပ်သက်တမ်းမတိုးဘဲ ပြောင်းခဲ့ရင် အနစ်နာဆုံးကတော့ ဟမ်းမားတွေပဲဖြစ်နေ။

– ချဲလ်ဆီးအသင်းရဲ့ ကော့ဘ်ဟမ်းထရိန်နင်စင်တာက လေ့ကျင့်ရေးကွင်းမှာ ဘားတန်းထိအောင်ကန်ခဲ့တဲ့ စိန်ခေါ်မှုကို ရှစ်ကြိမ်ဆက်တိုက် ပစ်မှတ်ထိအောင် ကန်ပြသွားခဲ့တဲ့ ပေါင် ၇၂ သန်းတန် ဂိုးသမား ကီပါ အာရီဇာဘာလာဂါရဲ့ စကေးလ်ကို ပရိသတ်တွေ မြင်ခဲ့ရချိန်မှာ တိုက်စစ်မှူး တီမို ဗာနာရဲ့ နေရာမှာ ထားကစားပါလားလို့ ဝိုင်းဝန်းမှတ်ချက်ပေးခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.