Analysis Premier League

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်အတွက် ဒိတ်ဒိတ်ကြဲ ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ရုပ်တည်ကြီးနဲ့ ခဏခဏအလွဲတွေ ပြောတတ်တဲ့ ပေါလ် မာဆန်ကတော့ မြန်မာမှာသာမကဘဲ အင်္ဂလန်နဲ့ အခြားနိုင်ငံတွေက ဘောလုံးပရိသတ်တွေရဲ့ မေတ္တာပို့သမှုကို မကြာခဏဆိုသလို ခံယူနေရသူလည်းဖြစ်ပြီး မိုက်ကယ် အိုဝင်ထက် မှန်တယ်ဆိုရုံလေးတင် အနေအထားသာသာပဲ ရှိနေတဲ့သူပါ။ ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် သူက ဘာတွေပြောသွားလဲဆိုတာကတော့…

၁။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဦးမယ့် မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ်ချန်ပီယံအတွက် လက်ရှိမှာ ၄ သင်းက ဖြစ်နိုင်ခြေများနေပြီး မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ထဲကပဲ ဖြစ်လာလိမ့်မယ်လို့ ထင်မိသလို ၄ သင်းထဲမှာမှ လက်ရှိမှာ လူစာရင်းအင်အားသာနေပြီး ထိပ်တိုက်တွေ့ရင် အမှတ်များများစုနိုင်မယ့် မိုးပြာရောင် မန်ချက်စတာသားတွေကိုပဲ ရွေးရမယ်။

၂။ ထင်မှတ်မထားတဲ့အထိ တောက်ပလာဦးမယ့် ဂျိမ်းစ် မက်ဒီဆန်
ယူရို ၂၀၂၀ တုန်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရတဲ့ ဂျိမ်းစ် မက်ဒီဆန်က ရာသီသစ်အတွက်တော့ လန်းဆန်းနေနိုင်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကသာ ဒဏ်ရာ မရခဲ့ဘူးဆိုရင် အတော်လေး အမြင့်ပျံနိုင်ခဲ့မယ့် ကြယ်ပွင့်လေးဖြစ်သလို လက်ရှိမှာလည်း အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတယ်။

မနှစ်က ဒဏ်ရာရခဲ့တယ်ဆိုပေမယ့် သူခြေစွမ်းပြန်မှန်တာက တချို့ကစားသမားတွေထက် မြန်တယ်လို့ ခံစားမိပြီး သူက ကစားသမားကောင်းတစ်ယောက် ဆိုတာလည်း သိနေသလို သူအခုထက် တိုးတက်လာဦးမယ်ဆိုတာလည်း ခံစားမိတယ်။ အခုတော့ လက်ရွေးစင်အသင်းမှာ ကစားခဲ့တဲ့လူတွေက ပွဲပန်းတာတွေနဲ့ဆိုတော့ အစောပိုင်းပွဲတွေမှာ သူ့လောက် ခြေပေါ်မှာ မဟုတ်ဘူး။

၃။ အားလုံးကို အံ့အားသင့်စေဦးမယ့် အဲဗာတန်နဲ့ ဘရန့်ဖို့ဒ်
ရာဖေးလ်(ရာဖာ) ဘန်နီတက်ဇ်က နည်းပြကောင်းတစ်ယောက်ဆိုတာကို လီဗာပူးလ်နဲ့ နယူးကာဆယ်လ်မှာ သူပြခဲ့ပြီးဖြစ်သလို သူကိုင်ရမယ့် အသင်းကလည်း အဲဗာတန်ဆိုတော့ သူ့အစွမ်းကို အများကြီးပြလို့ရဦးမယ့် အသင်းမျိုးဖြစ်နေချိန်မှာ လျှော့တွက်တဲ့ အသင်းကြီးတွေတော့ ဒုက္ခရောက်မှာပဲ။ တစ်မှတ်ဆိုတစ်မှတ် သိသာတဲ့ ပရီးမီးယားလိဂ်လေ။

ဘရန့်ဖို့ဒ်ကိုတော့ ချန်ပီယံရှစ်မှာ သူတို့ကစားနေကတည်းက ကျွန်တော် စောင့်ကြည့်လာခဲ့တာ။ ပျားတွေဆိုတဲ့အတိုင်း ပြိုင်ဘက်က ဘာကြီးဖြစ်နေနေ ကြောက်နေတယ်ဆိုတာ မရှိဘူး။ သူတို့ကစားတာကို ကြည့်ရတာ အတော်လေး ဖျော်ဖြေမှုဆန်ပြီး ကြည့်ရတာ မိုက်ပေမယ့် အတွေ့အကြုံပဲလိုနေတာမို့လို့ တစ်ခုခုလုပ်ပြဦးမယ်လို့ ထင်ပါတယ်။

၄။ ဘယ်မှ မပြောင်းရင် ရွှေဖိနပ် ထပ်ရဦးမယ့် ဟာရီကိန်း
မန်ချက်စတာစီးတီးအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ သတင်းတွေထွက်နေတဲ့ ဟာရီကိန်းကိုတော့ သူဘယ်ပြောင်းမလဲဆိုတာ ကျွန်တော်မသိပေမယ့် သူ့အနေနဲ့ ရွှေဖိနပ် ရချင်သေးတယ်ဆို အသင်းမပြောင်းမှဘဲ ရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အဓိကကတော့ ပွဲကစားရချိန်ကြောင့်ပါ။

မန်စီးတီးမှာ ကစားမယ်ဆိုရင် ချန်ပီယံလိဂ်တွေကြောင့် သူ့ကို အနားပေးကစားနိုင်ပေမယ့် စပါးစ်မှာဆိုရင်တော့ ပရီးမီးယားလိဂ်က ပွဲချိန်ပြည့်ကစားရမှာ သေချာတယ်။ ဥပမာ ၂-၀ နဲ့ နိုင်နေပြီဆိုရင် မန်စီးတီးကစားသမားဘဝမှာ လူစားလဲခံရနိုင်ပေမယ့် စပါးစ်မှာဆိုရင်တော့ သူဂိုးသွင်းနိုင်သလောက် သူရမှာပဲလေ။ ဒါပါပဲ။

၅။ PFA ဆုကို ၃ ကြိမ်ဆက်ရမယ့် ကီဗင် ဒီဘရိုင်းနား
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကီဗင် ဒီဘရိုင်းနားကတော့ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် PFA ရဲ့ အကောင်းဆုံးကစားသမားဆု ရခဲ့သလို ဒီနှစ်လည်း ရဦးမယ်လို့ ထင်တာပဲဗျ။ သူက အဲ့ဒီဆုကို ရဖို့ ၃၈ ပွဲလုံးကစားစရာမလိုဘဲ ၂၅ ပွဲလောက်နဲ့တင် ရနိုင်တဲ့ ကစားသမားမျိုးပဲ။

မန်စီးတီးကို ကျွန်တော်က ချန်ပီယံမှန်းထားတာဆိုတော့ တကယ်ရခဲ့မယ်ဆိုရင် အသင်းရဲ့ အဓိကကစားသမားက သူဖြစ်နေဦးမှာ။ ဒါ့ကြောင့် ဒီဆုကို သူပဲရဦးလိမ့်မယ်လို့ ကျွန်တော်က ယူဆမိတယ်။ မန်ချက်စတာယူနိုက်တက်မှာ ဘရူနို ဖာနန်ဒက်စ်က ဂျေဒန်ဆန်ချိုရောက်လာရင် အခြေအနေတစ်မျိုး ဖြစ်နိုင်တယ်လေလို့ ပေါလ်မာဆန်က ခန့်မှန်းသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ုပ္တည္ႀကီးနဲ႔ ခဏခဏအလြဲေတြ ေျပာတတ္တဲ့ ေပါလ္ မာဆန္ကေတာ့ ျမန္မာမွာသာမကဘဲ အဂၤလန္နဲ႔ အျခားႏိုင္ငံေတြက ေဘာလုံးပရိသတ္ေတြရဲ႕ ေမတၱာပို႔သမႈကို မၾကာခဏဆိုသလို ခံယူေနရသူလည္းျဖစ္ၿပီး မိုက္ကယ္ အိုဝင္ထက္ မွန္တယ္ဆို႐ုံေလးတင္ အေနအထားသာသာပဲ ရွိေနတဲ့သူပါ။ ၂၀၂၁-၂၂ ပရီးမီးယားလိဂ္ေဘာလုံးရာသီအတြက္ သူက ဘာေတြေျပာသြားလဲဆိုတာကေတာ့…

၁။ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဦးမယ့္ မန္ခ်က္စတာစီးတီး
ပရီးမီးယားလိဂ္ခ်န္ပီယံအတြက္ လက္ရွိမွာ ၄ သင္းက ျဖစ္ႏိုင္ေျခမ်ားေနၿပီး မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ထဲကပဲ ျဖစ္လာလိမ့္မယ္လို႔ ထင္မိသလို ၄ သင္းထဲမွာမွ လက္ရွိမွာ လူစာရင္းအင္အားသာေနၿပီး ထိပ္တိုက္ေတြ႕ရင္ အမွတ္မ်ားမ်ားစုႏိုင္မယ့္ မိုးျပာေရာင္ မန္ခ်က္စတာသားေတြကိုပဲ ေ႐ြးရမယ္။

၂။ ထင္မွတ္မထားတဲ့အထိ ေတာက္ပလာဦးမယ့္ ဂ်ိမ္းစ္ မက္ဒီဆန္
ယူ႐ို ၂၀၂၀ တုန္းက လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္မခံခဲ့ရတဲ့ ဂ်ိမ္းစ္ မက္ဒီဆန္က ရာသီသစ္အတြက္ေတာ့ လန္းဆန္းေနႏိုင္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းကသာ ဒဏ္ရာ မရခဲ့ဘူးဆိုရင္ အေတာ္ေလး အျမင့္ပ်ံႏိုင္ခဲ့မယ့္ ၾကယ္ပြင့္ေလးျဖစ္သလို လက္ရွိမွာလည္း အာဆင္နယ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနတယ္။

မႏွစ္က ဒဏ္ရာရခဲ့တယ္ဆိုေပမယ့္ သူေျခစြမ္းျပန္မွန္တာက တခ်ိဳ႕ကစားသမားေတြထက္ ျမန္တယ္လို႔ ခံစားမိၿပီး သူက ကစားသမားေကာင္းတစ္ေယာက္ ဆိုတာလည္း သိေနသလို သူအခုထက္ တိုးတက္လာဦးမယ္ဆိုတာလည္း ခံစားမိတယ္။ အခုေတာ့ လက္ေ႐ြးစင္အသင္းမွာ ကစားခဲ့တဲ့လူေတြက ပြဲပန္းတာေတြနဲ႔ဆိုေတာ့ အေစာပိုင္းပြဲေတြမွာ သူ႔ေလာက္ ေျခေပၚမွာ မဟုတ္ဘူး။

၃။ အားလုံးကို အံ့အားသင့္ေစဦးမယ့္ အဲဗာတန္နဲ႔ ဘရန႔္ဖို႔ဒ္
ရာေဖးလ္(ရာဖာ) ဘန္နီတက္ဇ္က နည္းျပေကာင္းတစ္ေယာက္ဆိုတာကို လီဗာပူးလ္နဲ႔ နယူးကာဆယ္လ္မွာ သူျပခဲ့ၿပီးျဖစ္သလို သူကိုင္ရမယ့္ အသင္းကလည္း အဲဗာတန္ဆိုေတာ့ သူ႔အစြမ္းကို အမ်ားႀကီးျပလို႔ရဦးမယ့္ အသင္းမ်ိဳးျဖစ္ေနခ်ိန္မွာ ေလွ်ာ့တြက္တဲ့ အသင္းႀကီးေတြေတာ့ ဒုကၡေရာက္မွာပဲ။ တစ္မွတ္ဆိုတစ္မွတ္ သိသာတဲ့ ပရီးမီးယားလိဂ္ေလ။

ဘရန႔္ဖို႔ဒ္ကိုေတာ့ ခ်န္ပီယံရွစ္မွာ သူတို႔ကစားေနကတည္းက ကြၽန္ေတာ္ ေစာင့္ၾကည့္လာခဲ့တာ။ ပ်ားေတြဆိုတဲ့အတိုင္း ၿပိဳင္ဘက္က ဘာႀကီးျဖစ္ေနေန ေၾကာက္ေနတယ္ဆိုတာ မရွိဘူး။ သူတို႔ကစားတာကို ၾကည့္ရတာ အေတာ္ေလး ေဖ်ာ္ေျဖမႈဆန္ၿပီး ၾကည့္ရတာ မိုက္ေပမယ့္ အေတြ႕အႀကဳံပဲလိုေနတာမို႔လို႔ တစ္ခုခုလုပ္ျပဦးမယ္လို႔ ထင္ပါတယ္။

၄။ ဘယ္မွ မေျပာင္းရင္ ေ႐ႊဖိနပ္ ထပ္ရဦးမယ့္ ဟာရီကိန္း
မန္ခ်က္စတာစီးတီးအသင္းကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းဖို႔ သတင္းေတြထြက္ေနတဲ့ ဟာရီကိန္းကိုေတာ့ သူဘယ္ေျပာင္းမလဲဆိုတာ ကြၽန္ေတာ္မသိေပမယ့္ သူ႔အေနနဲ႔ ေ႐ႊဖိနပ္ ရခ်င္ေသးတယ္ဆို အသင္းမေျပာင္းမွဘဲ ရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အဓိကကေတာ့ ပြဲကစားရခ်ိန္ေၾကာင့္ပါ။

မန္စီးတီးမွာ ကစားမယ္ဆိုရင္ ခ်န္ပီယံလိဂ္ေတြေၾကာင့္ သူ႔ကို အနားေပးကစားႏိုင္ေပမယ့္ စပါးစ္မွာဆိုရင္ေတာ့ ပရီးမီးယားလိဂ္က ပြဲခ်ိန္ျပည့္ကစားရမွာ ေသခ်ာတယ္။ ဥပမာ ၂-၀ နဲ႔ ႏိုင္ေနၿပီဆိုရင္ မန္စီးတီးကစားသမားဘဝမွာ လူစားလဲခံရႏိုင္ေပမယ့္ စပါးစ္မွာဆိုရင္ေတာ့ သူဂိုးသြင္းႏိုင္သေလာက္ သူရမွာပဲေလ။ ဒါပါပဲ။

၅။ PFA ဆုကို ၃ ႀကိမ္ဆက္ရမယ့္ ကီဗင္ ဒီဘ႐ိုင္းနား
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ကီဗင္ ဒီဘ႐ိုင္းနားကေတာ့ ၿပီးခဲ့တဲ့ ၂ ႏွစ္ဆက္တိုက္ PFA ရဲ႕ အေကာင္းဆုံးကစားသမားဆု ရခဲ့သလို ဒီႏွစ္လည္း ရဦးမယ္လို႔ ထင္တာပဲဗ်။ သူက အဲ့ဒီဆုကို ရဖို႔ ၃၈ ပြဲလုံးကစားစရာမလိုဘဲ ၂၅ ပြဲေလာက္နဲ႔တင္ ရႏိုင္တဲ့ ကစားသမားမ်ိဳးပဲ။

မန္စီးတီးကို ကြၽန္ေတာ္က ခ်န္ပီယံမွန္းထားတာဆိုေတာ့ တကယ္ရခဲ့မယ္ဆိုရင္ အသင္းရဲ႕ အဓိကကစားသမားက သူျဖစ္ေနဦးမွာ။ ဒါ့ေၾကာင့္ ဒီဆုကို သူပဲရဦးလိမ့္မယ္လို႔ ကြၽန္ေတာ္က ယူဆမိတယ္။ မန္ခ်က္စတာယူႏိုက္တက္မွာ ဘ႐ူႏို ဖာနန္ဒက္စ္က ေဂ်ဒန္ဆန္ခ်ိဳေရာက္လာရင္ အေျခအေနတစ္မ်ိဳး ျဖစ္ႏိုင္တယ္ေလလို႔ ေပါလ္မာဆန္က ခန႔္မွန္းသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.