Bundesliga Ligue1 Premier League Serie A

တူရင်ပြီးရင် ဘယ်နယ်မြေကို သိမ်းပိုက်ဦးမှာလဲ ခရစ္စတီယာနို???

ခရစ္စတီယာနို‌ ရော်နယ်လ်ဒိုဆိုတဲ့ နာမည်ကြားတာနဲ့ ပြင်းထန်အားပါတဲ့ ကန်ချက်တွေ၊ မော့ကြည့်ရုံသာ တတ်နိုင်တဲ့ အမြင့်ခုန်ပြီး ခေါင်းတိုက်ချက်တွေ၊ သူမတူတဲ့ အောင်ပွဲခံပုံတွေ၊ ဘယ်သူမှလိုက်လုပ်ဖို့မလွယ်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အမြဲတမ်း ကြံ့ခိုင်အောင်နေပြီး ကြိုးစားနေတဲ့လူကို ပြေးမြင်ကြမှာပါ။

အသက် ၃၆ နှစ်ထဲရောက်နေတယ်လို့ မထင်ရအောင် ကြံ့ခိုင်မှုတွေနဲ့ မာန်တွေက ဘယ်နိုင်ငံမှာမဆို ခြေချပြီးကစားနေနိုင်တုန်းပဲဆိုတာ ပြသနေသလိုပါပဲ။ လာမယ့်နွေမှာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ‌အသင်းပြောင်းချင်နေတဲ့ ပေါ်တူဂီသားကြီးအနေနဲ့ ဒီနွေရာသီ၊ ဒါမှမဟုတ် နောက်တစ်နွေမှာ ဘယ်အသင်းတွေကို သွားချင်နေနိုင်မလဲ ကြည့်တဲ့အခါမှာတော့…

၁။ မန်ချက်စတာယူနိုက်တက် (အင်္ဂလန်)
ရော်နယ်လ်ဒိုဆိုတဲ့ ကြယ်ပွင့်ဖြစ်နိုင်ခြေရှိတဲ့သူကို စူပါစတားအဖြစ် ပုံဖော်ပေးခဲ့တဲ့ အသင်းဟောင်းက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး တစ်ချိန်က ပရီးမီးယားလိဂ်မှာသာမကဘဲ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ယောက်အဖြစ် ပုံသွင်းပေးခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်မြေကို ပေါ်တူဂီသားကြီးက အမြဲလွမ်းနေရမှာပါ။

လက်ရှိ မန်ချက်စတာယူနိုက်တက်အခြေအနေကလည်း ချန်ပီယံဆုနဲ့ အလှမ်းဝေးနေတာကြောင့် လာမယ့်နှစ်မှာ ၃၇ နှစ်ထဲဝင်မယ့် ရော်နယ်လ်ဒိုအနေနဲ့ အသင်းဟောင်းဆီကို ပြန်လာပြီး မရတာ ၁၀ နှစ်နီးပါးကြာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကျောနံပါတ် ၇ နဲ့အတူ ပြန်လာချိန်မှာ အရယူပေးချင်စိတ် ဖြစ်နေနိုင်တာပါ။

၂။ ရီးရဲလ်မက်ဒရစ် (စပိန်)
နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ ဘယ်လွန်ဒေါဆု ၅ ကြိမ်ရထားသူက သူ့ရဲ့ အောင်မြေဖြစ်ခဲ့တဲ့ ဘာနေဗျူးမြေကို တစ်ကြိမ်ပြန်နင်းလာနိုင်ပြီး ၄၄၇ ပွဲကစားခဲ့ချိန်မှာ ၄၅၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းတွေကို ဆက်လက်အသက်သွင်းချင်နိုင်တာလည်း ဖြစ်ပါတယ်။

သူမရှိတော့တဲ့နောက်ပိုင်း ချန်ပီယံလိဂ်လည်း မရတော့တာကြောင့် စပိန်ဘီလူးကြီးကလည်း သူ့ကို လွမ်းနေနိုင်ပြီး လက်ရှိ ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ချယ်လော့တီနဲ့အတူ ပြန်လက်တွဲချင်သေးတယ်လို့ ထုတ်ပြောထားဖူးတာကြောင့်လည်း ဒီအသင်းကို ပြန်လည်ရောက်ရှိလာနိုင်သေးလား ဆိုတဲ့မေးခွန်းတွေက ထွက်ပေါ်လာခဲ့တာပါ။

၃။ စပို့တင်းလစ္စဘွန်း (ပေါ်တူဂီ)
ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတဲ့ နာမည်ကို ဘောလုံးလောကနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ အသင်းကိုလည်း ပေါ်တူဂီသားကြီးက ‌မမေ့နိုင်သလို ရည်းစားဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ဆိုသလိုပဲ ပေါ်တူဂီသားကြီးရဲ့ ရည်းစားဦး၊ အချစ်ဦးဖြစ်နေတဲ့အသင်းမှာ ပြန်ကစားချင်သေးကြောင်း ယခင်က ပြောဆိုဖူးတာလည်း ရှိခဲ့သေးတာပါ။

၄။ ပီအက်စ်ဂျီ (ပြင်သစ်)
အားလုံးသိကြတဲ့အတိုင်း CR7 ဆိုတဲ့ အမှတ်တံဆိပ်ကို ကမ္ဘာထိပ်သီးနိုင်ငံအနှံ့က ပြိုင်ပွဲတွေရဲ့ ဂိုးသွင်းဘုရင် ရွှေဖိနပ်မှတ်တမ်းတွေမှာ ထည့်သွင်းချင်တဲ့သူတစ်ယောက်အနေနဲ့ သူမကစားဖူးသေးတဲ့ ပြင်သစ်နယ်မြေသစ်မှာ မှတ်တိုင်သစ်တွေ စိုက်ထူချင်နေနိုင်ပြီး သူ့အသက်အရွယ်နဲ့တော့ ဒါဟာ စွန့်စားခန်းတစ်ခုပါပဲ။

သူ့ကို စံနမူနာသတ်မှတ်ထားတဲ့ နေမာနဲ့ ခီလီယန် အမ်ဘာပေ၊ တစ်ချိန်က အသင်းဖော်ဟောင်း အိန်ဂျယ် ဒီမာရီယာနဲ့ ဆာဂျီယို ရာမို့စ်တို့နဲ့အတူ ပီအက်စ်ဂျီသမိုင်းမှာ မရဖူးသေးတဲ့ ချန်ပီယံလိဂ်ကိုသာ အရယူပေးနိုင်ခဲ့ရင် သူ့ကို တော်ကီနဲ့ တိုက်ခိုက်နေကြ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျကို အသာရမယ့်အပြင် သမိုင်းဝင်မှာလည်းဖြစ်ပါတယ်။

၅။ ဘိုင်ယန်မြူးနစ် (ဂျာမနီ)
အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့မှာ ဂိုးသွင်းခြေပြခဲ့ပြီးပြီဖြစ်တဲ့ သူ့အတွက်တော့ ဂျာမန်မြေနဲ့ ပြင်သစ်မြေမှာပဲ သူ့ဂိုးသွင်းခြေကို ပြဖို့ ကျန်တော့တာပါ။ ဂိုးသွင်းဘုရင်ဆုကို မောင်ပိုင်စီးမှတ်တမ်းတင်နေတဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကိုလည်း သူ့သွင်းဂိုးတွေနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ် တင်ချင်နေနိုင်ပါတယ်။

ပြောင်းရွှေ့ကြေးအများကြီးပေးဖို့ အသက်ကြီးလွန်းသွားပြီဆိုတဲ့ မှတ်ချက်တွေကို ရော်နယ်လ်ဒိုက ပြောင်းရွှေ့ကြေးမပါဘဲ ရောက်လာပြီးမှ ဂိုးတွေကို စက်သေနတ်ပစ်သလို သွင်းပြပြီးချိန်မှာ ပြောင်းရွှေ့ကြေးအများကြီးနဲ့ ထိုက်တန်တုန်းပဲဆိုတာ သက်သေပြချင်စိတ် ရှိနေမယ်ဆိုလည်း ခန့်မှန်းသူတွေ မလွန်လောက်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို‌ ေရာ္နယ္လ္ဒိုဆိုတဲ့ နာမည္ၾကားတာနဲ႔ ျပင္းထန္အားပါတဲ့ ကန္ခ်က္ေတြ၊ ေမာ့ၾကည့္႐ုံသာ တတ္ႏိုင္တဲ့ အျမင့္ခုန္ၿပီး ေခါင္းတိုက္ခ်က္ေတြ၊ သူမတူတဲ့ ေအာင္ပြဲခံပုံေတြ၊ ဘယ္သူမွလိုက္လုပ္ဖို႔မလြယ္တဲ့ ေလ့က်င့္ခန္းေတြနဲ႔ အၿမဲတမ္း ႀကံ့ခိုင္ေအာင္ေနၿပီး ႀကိဳးစားေနတဲ့လူကို ေျပးျမင္ၾကမွာပါ။

အသက္ ၃၆ ႏွစ္ထဲေရာက္ေနတယ္လို႔ မထင္ရေအာင္ ႀကံ့ခိုင္မႈေတြနဲ႔ မာန္ေတြက ဘယ္ႏိုင္ငံမွာမဆို ေျခခ်ၿပီးကစားေနႏိုင္တုန္းပဲဆိုတာ ျပသေနသလိုပါပဲ။ လာမယ့္ေႏြမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ‌အသင္းေျပာင္းခ်င္ေနတဲ့ ေပၚတူဂီသားႀကီးအေနနဲ႔ ဒီေႏြရာသီ၊ ဒါမွမဟုတ္ ေနာက္တစ္ေႏြမွာ ဘယ္အသင္းေတြကို သြားခ်င္ေနႏိုင္မလဲ ၾကည့္တဲ့အခါမွာေတာ့…

၁။ မန္ခ်က္စတာယူႏိုက္တက္ (အဂၤလန္)
ေရာ္နယ္လ္ဒိုဆိုတဲ့ ၾကယ္ပြင့္ျဖစ္ႏိုင္ေျခရွိတဲ့သူကို စူပါစတားအျဖစ္ ပုံေဖာ္ေပးခဲ့တဲ့ အသင္းေဟာင္းက ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္ၿပီး တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာသာမကဘဲ ကမာၻ႔အေကာင္းဆုံး ေတာင္ပံကစားသမားေတြထဲက တစ္ေယာက္အျဖစ္ ပုံသြင္းေပးခဲ့တဲ့ အိုးလ္ထရက္ဖို႔ဒ္ေျမကို ေပၚတူဂီသားႀကီးက အၿမဲလြမ္းေနရမွာပါ။

လက္ရွိ မန္ခ်က္စတာယူႏိုက္တက္အေျခအေနကလည္း ခ်န္ပီယံဆုနဲ႔ အလွမ္းေဝးေနတာေၾကာင့္ လာမယ့္ႏွစ္မွာ ၃၇ ႏွစ္ထဲဝင္မယ့္ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းေဟာင္းဆီကို ျပန္လာၿပီး မရတာ ၁၀ ႏွစ္နီးပါးၾကာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ေက်ာနံပါတ္ ၇ နဲ႔အတူ ျပန္လာခ်ိန္မွာ အရယူေပးခ်င္စိတ္ ျဖစ္ေနႏိုင္တာပါ။

၂။ ရီးရဲလ္မက္ဒရစ္ (စပိန္)
ေနာက္ထပ္ျဖစ္ႏိုင္ေျခတစ္ခုကေတာ့ ဘယ္လြန္ေဒါဆု ၅ ႀကိမ္ရထားသူက သူ႔ရဲ႕ ေအာင္ေျမျဖစ္ခဲ့တဲ့ ဘာေနဗ်ဴးေျမကို တစ္ႀကိမ္ျပန္နင္းလာႏိုင္ၿပီး ၄၄၇ ပြဲကစားခဲ့ခ်ိန္မွာ ၄၅၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ မွတ္တမ္းေတြကို ဆက္လက္အသက္သြင္းခ်င္ႏိုင္တာလည္း ျဖစ္ပါတယ္။

သူမရွိေတာ့တဲ့ေနာက္ပိုင္း ခ်န္ပီယံလိဂ္လည္း မရေတာ့တာေၾကာင့္ စပိန္ဘီလူးႀကီးကလည္း သူ႔ကို လြမ္းေနႏိုင္ၿပီး လက္ရွိ ရီးရဲလ္မက္ဒရစ္နည္းျပ ကာလို အန္ခ်ယ္ေလာ့တီနဲ႔အတူ ျပန္လက္တြဲခ်င္ေသးတယ္လို႔ ထုတ္ေျပာထားဖူးတာေၾကာင့္လည္း ဒီအသင္းကို ျပန္လည္ေရာက္ရွိလာႏိုင္ေသးလား ဆိုတဲ့ေမးခြန္းေတြက ထြက္ေပၚလာခဲ့တာပါ။

၃။ စပို႔တင္းလစၥဘြန္း (ေပၚတူဂီ)
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတဲ့ နာမည္ကို ေဘာလုံးေလာကနဲ႔ စတင္မိတ္ဆက္ေပးခဲ့တဲ့ အသင္းကိုလည္း ေပၚတူဂီသားႀကီးက ‌မေမ့ႏိုင္သလို ရည္းစားဦးကို ေျမးဦးရတဲ့အထိ မေမ့ႏိုင္ဆိုသလိုပဲ ေပၚတူဂီသားႀကီးရဲ႕ ရည္းစားဦး၊ အခ်စ္ဦးျဖစ္ေနတဲ့အသင္းမွာ ျပန္ကစားခ်င္ေသးေၾကာင္း ယခင္က ေျပာဆိုဖူးတာလည္း ရွိခဲ့ေသးတာပါ။

၄။ ပီအက္စ္ဂ်ီ (ျပင္သစ္)
အားလုံးသိၾကတဲ့အတိုင္း CR7 ဆိုတဲ့ အမွတ္တံဆိပ္ကို ကမာၻထိပ္သီးႏိုင္ငံအႏွံ႔က ၿပိဳင္ပြဲေတြရဲ႕ ဂိုးသြင္းဘုရင္ ေ႐ႊဖိနပ္မွတ္တမ္းေတြမွာ ထည့္သြင္းခ်င္တဲ့သူတစ္ေယာက္အေနနဲ႔ သူမကစားဖူးေသးတဲ့ ျပင္သစ္နယ္ေျမသစ္မွာ မွတ္တိုင္သစ္ေတြ စိုက္ထူခ်င္ေနႏိုင္ၿပီး သူ႔အသက္အ႐ြယ္နဲ႔ေတာ့ ဒါဟာ စြန႔္စားခန္းတစ္ခုပါပဲ။

သူ႔ကို စံနမူနာသတ္မွတ္ထားတဲ့ ေနမာနဲ႔ ခီလီယန္ အမ္ဘာေပ၊ တစ္ခ်ိန္က အသင္းေဖာ္ေဟာင္း အိန္ဂ်ယ္ ဒီမာရီယာနဲ႔ ဆာဂ်ီယို ရာမို႔စ္တို႔နဲ႔အတူ ပီအက္စ္ဂ်ီသမိုင္းမွာ မရဖူးေသးတဲ့ ခ်န္ပီယံလိဂ္ကိုသာ အရယူေပးႏိုင္ခဲ့ရင္ သူ႔ကို ေတာ္ကီနဲ႔ တိုက္ခိုက္ေနၾက ဇလာတန္ အီဘရာဟီမိုဗစ္ခ္်ကို အသာရမယ့္အျပင္ သမိုင္းဝင္မွာလည္းျဖစ္ပါတယ္။

၅။ ဘိုင္ယန္ျမဴးနစ္ (ဂ်ာမနီ)
အဂၤလန္၊ စပိန္နဲ႔ အီတလီတို႔မွာ ဂိုးသြင္းေျချပခဲ့ၿပီးၿပီျဖစ္တဲ့ သူ႔အတြက္ေတာ့ ဂ်ာမန္ေျမနဲ႔ ျပင္သစ္ေျမမွာပဲ သူ႔ဂိုးသြင္းေျခကို ျပဖို႔ က်န္ေတာ့တာပါ။ ဂိုးသြင္းဘုရင္ဆုကို ေမာင္ပိုင္စီးမွတ္တမ္းတင္ေနတဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကိုလည္း သူ႔သြင္းဂိုးေတြနဲ႔ ေက်ာ္ျဖတ္ၿပီး စံခ်ိန္သစ္ တင္ခ်င္ေနႏိုင္ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးအမ်ားႀကီးေပးဖို႔ အသက္ႀကီးလြန္းသြားၿပီဆိုတဲ့ မွတ္ခ်က္ေတြကို ေရာ္နယ္လ္ဒိုက ေျပာင္းေ႐ႊ႕ေၾကးမပါဘဲ ေရာက္လာၿပီးမွ ဂိုးေတြကို စက္ေသနတ္ပစ္သလို သြင္းျပၿပီးခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားႀကီးနဲ႔ ထိုက္တန္တုန္းပဲဆိုတာ သက္ေသျပခ်င္စိတ္ ရွိေနမယ္ဆိုလည္း ခန႔္မွန္းသူေတြ မလြန္ေလာက္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.