La Liga Other Leagues Serie A

ဘောလုံးနှစ်သင်းစာနဲ့မှားခဲ့တာလို့ အိုဇေးလ်ချစ်သူကို ပီရက်ဇ်နဲ့အတင်းတုတ်တဲ့ မော်ရင်ညို

လျှို့ဝှက်အသံဖိုင်တွေ ပေါက်ကြားလာခဲ့လို့ ဂယက်ထနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ အရှုပ်တော်ပုံဟာ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေကို မျက်နှာအိုးမည်းသုတ်ရုံ အခြေအနေနဲ့ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ အခုထက်ပိုပြီး ပိုမိုကြီးထွားလာစေခဲ့တဲ့ အသံဖိုင်သစ်ဟာ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။

နောက်ဆုံးသတင်းအရ ရီးရဲလ်နည်းပြဘဝက ဟိုဆေး မော်ရင်ညိုရဲ့ ပေါက်လွှတ်ပဲစားဆန်ဆန် စကား​ပြောဆိုမှုဟာလည်း ပေါက်ကြားခဲ့ပြန်တယ်လို့ သိရပြီး ပီရက်ဇ်အနေနဲ့ ပေါ်တူဂီသားကြီးဟာ ရီးရဲလ်ကစားသမားဟောင်း မီးဆွတ် အိုဇေးလ်ရဲ့ ချစ်သူနဲ့ ပတ်သက်လို့ အရပ်ထဲက မိန်းမတွေ အတင်းတုပ်သလို အမနာပစကားပြောဆိုမှုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဒါဟာ ၂၀၁၂ ခုနှစ်က စကားပြောဆိုမှုတခုမှာ စပိန်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုဇေးလ်ရဲ့ ပုဂ္ဂိုလ်ရေးဘဝဟာ မော်ရင်ညိုကို မျက်စိစပ်စရာဖြစ်စေခဲ့ကြောင်း ပီရက်ဇ်က ပြောဆိုနေခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့စကားတွေအရ “အိုဇေးလ်ပေါ့ဗျာ။ မက်ဒရစ်ကို ပြောင်းလာတော့ ချစ်သူအသစ်ထားတယ်။ မီလန်မြို့က မော်ဒယ်မလေးပေါ့။ ”

“အဲဒီအချိန်မှာ မော်ရင်ညိုက လူရှေ့သူရှေ့မှာ အိုဇေးလ်ကို ဘယ်လိုအရှက်ခွဲသလဲဆိုတော့ သူ့ချစ်သူဟောင်း မော်ဒယ်မလေးဟာ မီလန်ကလပ်နှစ်သင်းလုံးက ကစားသမားတွေရဲ့ လက်နှီး​စုတ်လို ထည်လဲတွဲခုတ်ခဲ့တဲ့ အမြှောင်မယားဖြစ်​နေတယ်လို့ ပြောဆိုပြီး အသင်းက နည်းပြအဖွဲ့ဝင်၊ ဝန်ထမ်းတွေနဲ့ လှောင်ပြောင်ရယ်မောလို့ နေခဲ့ပါတယ်”လို့ ပီရက်ဇ်က ပြောဆိုမှုမှာ ကြားသိရကြောင်း ဖော်ပြခဲ့တာပါ။

အိုဇေးလ်ဟာ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ထူးရှယ်ခြေစွမ်းကြောင့် ၂၀၁၀ ခုနှစ်မှာ ဝါဒါဘရီမင်အသင်းကနေ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ကစားလာခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်ဥက္ကဌအနေနဲ့ စပိန်မြို့ဟာ ဂျာမနီသားရဲ့ လူနေမှုဘဝကို ဘယ်လိုပြောင်းလဲသွားစေကြောင်း အညှီအဟောက်ဆန်ဆန် အခုလို ပြောပြခဲ့ပါသေးတယ်။

“သူ ဒီကို ရောက်လာတဲ့အချိန်က ၂၁ နှစ်သားလေ။ ချစ်သူလည်း တခါတည်းပါလာတယ်။ ဒါပေမယ့် ငနဲသားက အဲဒီချစ်သူကို ကန်ထုတ်ပြီး အီတလီမော်ဒယ်မင်းသမီးလေးကို အသစ်ရှာတွေ့သွားတယ်။ ပြီးတော့ သူတို့နှစ်ယောက် ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ခရီးထွက်ကြလေ့ရှိတယ်။ လေယာဥ်ထဲမှာ အပီအပြင်ဂျိန်းကြတာပေါ့ဗျာ”လို့ အသက် ၇၄ နှစ်အရွယ် ဥက္ကဋ္ဌကြီးက ဆိုခဲ့တာပါ။

ပီရက်ဇ်အနေနဲ့ မော်ရင်ညိုကိုလည်း မာနခေါင်ခိုက်ပြီး ဘဝင်မြင့်နေတဲ့ ဝမ်းတွင်းရူးကြီးလို့ ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ဖူးသလို အခုချိန်မှာ ထွက်လာခဲ့တဲ့ အသံဖိုင်ကြောင့် ပီရက်ဇ်၊ အိုဇေးလ်၊ မော်ရင်ညိုတို့ရဲ့ ၃ ပွင့်ဆိုင် လူမှုရေးဇာတ်လမ်းက ဘယ်လိုအရှုပ်ထုပ်တွေနဲ့ ထပ်မံပေါက်ကွဲထွက်လာဦးမလဲ၊ ဘယ်လိုတုံ့ပြန်မှုတွေနဲ့ ဒီဇာတ်လမ်းပေါက်ကြားမှုကို ကိုင်တွယ်ကြမလဲဆိုတာက အတော်လေးအသည်းယားစရာလည်း ကောင်းနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လွ်ိဳ႕ဝွက္အသံဖိုင္ေတြ ေပါက္ၾကားလာခဲ့လို႔ ဂယက္ထေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ အရႈပ္ေတာ္ပုံဟာ အသင္းရဲ႕ ဂႏၴဝင္ကစားသမားေတြကို မ်က္ႏွာအိုးမည္းသုတ္႐ုံ အေျခအေနနဲ႔ ရပ္တန္႔သြားခဲ့ျခင္းမရွိဘဲ အခုထက္ပိုၿပီး ပိုမိုႀကီးထြားလာေစခဲ့တဲ့ အသံဖိုင္သစ္ဟာ ထပ္မံထြက္ေပၚလာခဲ့ျပန္ပါၿပီ။

ေနာက္ဆုံးသတင္းအရ ရီးရဲလ္နည္းျပဘဝက ဟိုေဆး ေမာ္ရင္ညိဳရဲ႕ ေပါက္လႊတ္ပဲစားဆန္ဆန္ စကား​ေျပာဆိုမႈဟာလည္း ေပါက္ၾကားခဲ့ျပန္တယ္လို႔ သိရၿပီး ပီရက္ဇ္အေနနဲ႔ ေပၚတူဂီသားႀကီးဟာ ရီးရဲလ္ကစားသမားေဟာင္း မီးဆြတ္ အိုေဇးလ္ရဲ႕ ခ်စ္သူနဲ႔ ပတ္သက္လို႔ အရပ္ထဲက မိန္းမေတြ အတင္းတုပ္သလို အမနာပစကားေျပာဆိုမႈကို ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အဲဒါဟာ ၂၀၁၂ ခုႏွစ္က စကားေျပာဆိုမႈတခုမွာ စပိန္ကို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အိုေဇးလ္ရဲ႕ ပုဂၢိဳလ္ေရးဘဝဟာ ေမာ္ရင္ညိဳကို မ်က္စိစပ္စရာျဖစ္ေစခဲ့ေၾကာင္း ပီရက္ဇ္က ေျပာဆိုေနခဲ့ျခင္းျဖစ္ၿပီး သူ႔ရဲ႕စကားေတြအရ “အိုေဇးလ္ေပါ့ဗ်ာ။ မက္ဒရစ္ကို ေျပာင္းလာေတာ့ ခ်စ္သူအသစ္ထားတယ္။ မီလန္ၿမိဳ႕က ေမာ္ဒယ္မေလးေပါ့။ ”

“အဲဒီအခ်ိန္မွာ ေမာ္ရင္ညိဳက လူေရွ႕သူေရွ႕မွာ အိုေဇးလ္ကို ဘယ္လိုအရွက္ခြဲသလဲဆိုေတာ့ သူ႔ခ်စ္သူေဟာင္း ေမာ္ဒယ္မေလးဟာ မီလန္ကလပ္ႏွစ္သင္းလုံးက ကစားသမားေတြရဲ႕ လက္ႏွီး​စုတ္လို ထည္လဲတြဲခုတ္ခဲ့တဲ့ အေျမႇာင္မယားျဖစ္​ေနတယ္လို႔ ေျပာဆိုၿပီး အသင္းက နည္းျပအဖြဲ႕ဝင္၊ ဝန္ထမ္းေတြနဲ႔ ေလွာင္ေျပာင္ရယ္ေမာလို႔ ေနခဲ့ပါတယ္”လို႔ ပီရက္ဇ္က ေျပာဆိုမႈမွာ ၾကားသိရေၾကာင္း ေဖာ္ျပခဲ့တာပါ။

အိုေဇးလ္ဟာ ကမာၻ႔ဖလားမွာ ျပသခဲ့တဲ့ ထူးရွယ္ေျခစြမ္းေၾကာင့္ ၂၀၁၀ ခုႏွစ္မွာ ဝါဒါဘရီမင္အသင္းကေန ဆန္တီယာဂို ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ကစားလာခဲ့ျခင္းျဖစ္ၿပီး ရီးရဲလ္ဥကၠဌအေနနဲ႔ စပိန္ၿမိဳ႕ဟာ ဂ်ာမနီသားရဲ႕ လူေနမႈဘဝကို ဘယ္လိုေျပာင္းလဲသြားေစေၾကာင္း အညႇီအေဟာက္ဆန္ဆန္ အခုလို ေျပာျပခဲ့ပါေသးတယ္။

“သူ ဒီကို ေရာက္လာတဲ့အခ်ိန္က ၂၁ ႏွစ္သားေလ။ ခ်စ္သူလည္း တခါတည္းပါလာတယ္။ ဒါေပမယ့္ ငနဲသားက အဲဒီခ်စ္သူကို ကန္ထုတ္ၿပီး အီတလီေမာ္ဒယ္မင္းသမီးေလးကို အသစ္ရွာေတြ႕သြားတယ္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ ခရီးထြက္ၾကေလ့ရွိတယ္။ ေလယာဥ္ထဲမွာ အပီအျပင္ဂ်ိန္းၾကတာေပါ့ဗ်ာ”လို႔ အသက္ ၇၄ ႏွစ္အ႐ြယ္ ဥကၠ႒ႀကီးက ဆိုခဲ့တာပါ။

ပီရက္ဇ္အေနနဲ႔ ေမာ္ရင္ညိဳကိုလည္း မာနေခါင္ခိုက္ၿပီး ဘဝင္ျမင့္ေနတဲ့ ဝမ္းတြင္း႐ူးႀကီးလို႔ ပစ္ပစ္ႏွစ္ႏွစ္ ေဝဖန္ခဲ့ဖူးသလို အခုခ်ိန္မွာ ထြက္လာခဲ့တဲ့ အသံဖိုင္ေၾကာင့္ ပီရက္ဇ္၊ အိုေဇးလ္၊ ေမာ္ရင္ညိဳတို႔ရဲ႕ ၃ ပြင့္ဆိုင္ လူမႈေရးဇာတ္လမ္းက ဘယ္လိုအရႈပ္ထုပ္ေတြနဲ႔ ထပ္မံေပါက္ကြဲထြက္လာဦးမလဲ၊ ဘယ္လိုတုံ႔ျပန္မႈေတြနဲ႔ ဒီဇာတ္လမ္းေပါက္ၾကားမႈကို ကိုင္တြယ္ၾကမလဲဆိုတာက အေတာ္ေလးအသည္းယားစရာလည္း ေကာင္းေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.