International Premier League

ကျွန်တော်ရသလို ဘယ်သူမှမရဘူးလို့ ကြွယ်လိုက်တဲ့ ဂျော်ဂျင်ညို

ချဲလ်ဆီးနဲ့ အီတလီကွင်းလယ်လူ ဂျော်ဂျင်ညိုကတော့ အဓိကဆုဖလားတွေ သိမ်းပိုက်ပြီးနောက်မှာ သူ့အတွက် ဂုဏ်ယူစရာ တစ်ဦးချင်းဆုတစ်ခုဖြစ်တဲ့ ဘယ်လွန်ဒေါဆုကို အရယူချင်နေသလို သူ့လောက်လည်း ဘယ်သူမှ အဓိကဆုဖလားတွေ မသိမ်းပိုက်နိုင်ခဲ့ဘူးလို့ ယုံနေတာကြောင့်လည်း အဲ့ဒီဆုကို မရနိုင်စရာအကြောင်းမရှိဘူးလို့ ဆိုနေခဲ့ပါတယ်။

သူ့အတွက်တော့ ကစားသမားဘဝတစ်လျှောက် အအောင်မြင်ဆုံးအခိုက်အတန့်လို့တောင် ပြောရမလိုဖြစ်နေပြီး ကလပ်အသင်းအတွက် ချန်ပီယံလိဂ်အရယူပေးခဲ့တုန်းက အဓိကကွင်းလယ်လူဖြစ်ခဲ့သလို နိုင်ငံအသင်းနဲ့ ယူရို ၂၀၂၀ ဖလားသိမ်းပိုက်ချိန်မှာလည်း တူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့်လည်း သူ့အနေနဲ့ အလွန်ပျော်ရွှင်နေပုံပါပဲ။

အဇူရီတို့ရဲ့ ဝင်ဘလီမှာ အင်္ဂလန်အသင်းကို ပင်နယ်တီနဲ့အနိုင်ယူခဲ့ပြီး ယူရို ၂၀၂၀ ဖလားကို ဆွတ်ခူးခဲ့ပြီးတဲ့နောက်မှာတော့ ဂျော်ဂျင်ညိုက သူ့မှာလည်း ဒီနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့ တခြားကစားသမားတွေထက် အခွင့်အရေးရှိတယ်လို့ ခံစားနေရတယ်ဆိုပြီး ပြောသွားခဲ့တာပါ။

သူက “ကျွန်တော်တို့မှာ အိပ်မက်တွေရှိကြတယ်။ ကျွန်တော် ဝန်ခံရရင် ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ ပါရမီဆိုရင်တော့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်ဘူး။ ဒါပေမယ့် ဆုဖလားတွေကို ပြောတာဆိုရင်တော့ ကျွန်တော့်ထက် ဒီနှစ်မှာ ဆုဖလားပိုကောင်းတာ ရထားတဲ့သူမရှိဘူး”လို့ Sport TV ကို ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်လိုလုပ် လီယွန်နယ် မက်ဆီ၊ နေမာနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ကစားသမားတွေနဲ့ နှိုင်းရမှာလဲ။ သူတို့မှာ သူများနဲ့ လုံးဝမတူကွဲပြားတဲ့ ပုံစံတွေရှိတယ်။ဒါပေမယ့် ထပ်ပြောရရင် ဘယ်လိုဆုံးဖြတ်ချက်ချပြီး ဆုပေးလဲဆိုတာအပေါ်ပဲ မူတည်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှု အခြေအနေတွေကြောင့် မနှစ်ကတော့ ဘယ်လွန်ဒေါဆု ပယ်ဖျက်ခဲ့ပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထက် ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးအတွက်တော့ နစ်နာခဲ့ရသလို ဒီနှစ်မှာလည်း ရဖူးပြီးသားသူတွေပဲရဖို့ အလားအလာ များနေချိန်မှာ ဂျော်ဂျင်ညိုကတော့ အဓိကဆုဖလား ၂ လုံးနဲ့ မျှော်လင့်စရာဖြစ်လာခဲ့တာပါ။

Goal ရဲ့ ရေပန်းစားမှုအဆင့် သတ်မှတ်မှုမှာတော့ မက်ဆီက ကိုပါအမေရိကဖလားကို အာဂျင်တီးနားအတွက် ရယူပေးထားနိုင်တာတွေနဲ့ ပြိုင်ပွဲတစ်လျှောက် တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့အတူ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး သူ့နောက်မှာတော့ ဘိုင်ယန်မြူးနစ်သမိုင်းရဲ့ ဂိုးသွင်းစံချိန်တွေ လိုက်လံချိုးဖျက်နေတဲ့ လီဗန်ဒေါ့ဗ်စကီးကတော့ ဒုတိယနေရာမှာ ရှိနေခဲ့တာပါ။

ယူရိုနဲ့ စီးရီးအေရဲ့ ရွှေဖိနပ်ဆုရှင်ကြီး ရော်နယ်လ်ဒိုလည်း ရှိနေသေးတာကြောင့် ဂျော်ဂျင်ညိုအတွက်တော့ ဘဝတစ်လျှောက် အကောင်းဆုံး အခိုက်အတန့်တွေမှာတောင် ဘယ်လွန်ဒေါဆုက ဘယ်သူ့အတွက်လဲဆိုတာ စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး သူ့အနေနဲ့ရော မက်ဆီနဲ့ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆု ရပါ့မလားဆိုတာကတော့….

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနဲ႔ အီတလီကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကေတာ့ အဓိကဆုဖလားေတြ သိမ္းပိုက္ၿပီးေနာက္မွာ သူ႔အတြက္ ဂုဏ္ယူစရာ တစ္ဦးခ်င္းဆုတစ္ခုျဖစ္တဲ့ ဘယ္လြန္ေဒါဆုကို အရယူခ်င္ေနသလို သူ႔ေလာက္လည္း ဘယ္သူမွ အဓိကဆုဖလားေတြ မသိမ္းပိုက္ႏိုင္ခဲ့ဘူးလို႔ ယုံေနတာေၾကာင့္လည္း အဲ့ဒီဆုကို မရႏိုင္စရာအေၾကာင္းမရွိဘူးလို႔ ဆိုေနခဲ့ပါတယ္။

သူ႔အတြက္ေတာ့ ကစားသမားဘဝတစ္ေလွ်ာက္ အေအာင္ျမင္ဆုံးအခိုက္အတန႔္လို႔ေတာင္ ေျပာရမလိုျဖစ္ေနၿပီး ကလပ္အသင္းအတြက္ ခ်န္ပီယံလိဂ္အရယူေပးခဲ့တုန္းက အဓိကကြင္းလယ္လူျဖစ္ခဲ့သလို ႏိုင္ငံအသင္းနဲ႔ ယူ႐ို ၂၀၂၀ ဖလားသိမ္းပိုက္ခ်ိန္မွာလည္း တူညီတဲ့ အခန္းက႑ကေန ပါဝင္ခဲ့တာေၾကာင့္လည္း သူ႔အေနနဲ႔ အလြန္ေပ်ာ္႐ႊင္ေနပုံပါပဲ။

အဇူရီတို႔ရဲ႕ ဝင္ဘလီမွာ အဂၤလန္အသင္းကို ပင္နယ္တီနဲ႔အႏိုင္ယူခဲ့ၿပီး ယူ႐ို ၂၀၂၀ ဖလားကို ဆြတ္ခူးခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳက သူ႔မွာလည္း ဒီႏွစ္အတြက္ ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္လာဖို႔ တျခားကစားသမားေတြထက္ အခြင့္အေရးရွိတယ္လို႔ ခံစားေနရတယ္ဆိုၿပီး ေျပာသြားခဲ့တာပါ။

သူက “ကြၽန္ေတာ္တို႔မွာ အိပ္မက္ေတြရွိၾကတယ္။ ကြၽန္ေတာ္ ဝန္ခံရရင္ ဘယ္လိုဆုံးျဖတ္ခ်က္ခ်လဲဆိုတဲ့အေပၚပဲ မူတည္ပါတယ္။ ပါရမီဆိုရင္ေတာ့ ကြၽန္ေတာ္က ကမာၻ႔အေကာင္းဆုံး ကစားသမား မဟုတ္ဘူး။ ဒါေပမယ့္ ဆုဖလားေတြကို ေျပာတာဆိုရင္ေတာ့ ကြၽန္ေတာ့္ထက္ ဒီႏွစ္မွာ ဆုဖလားပိုေကာင္းတာ ရထားတဲ့သူမရွိဘူး”လို႔ Sport TV ကို ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ဘယ္လိုလုပ္ လီယြန္နယ္ မက္ဆီ၊ ေနမာနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔လို ကစားသမားေတြနဲ႔ ႏႈိင္းရမွာလဲ။ သူတို႔မွာ သူမ်ားနဲ႔ လုံးဝမတူကြဲျပားတဲ့ ပုံစံေတြရွိတယ္။ဒါေပမယ့္ ထပ္ေျပာရရင္ ဘယ္လိုဆုံးျဖတ္ခ်က္ခ်ၿပီး ဆုေပးလဲဆိုတာအေပၚပဲ မူတည္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါ ပ်ံ႕ႏွံ႔မႈ အေျခအေနေတြေၾကာင့္ မႏွစ္ကေတာ့ ဘယ္လြန္ေဒါဆု ပယ္ဖ်က္ခဲ့ၿပီး မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထက္ ေရပန္းအစားဆုံးျဖစ္ခဲ့တဲ့ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးအတြက္ေတာ့ နစ္နာခဲ့ရသလို ဒီႏွစ္မွာလည္း ရဖူးၿပီးသားသူေတြပဲရဖို႔ အလားအလာ မ်ားေနခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳကေတာ့ အဓိကဆုဖလား ၂ လုံးနဲ႔ ေမွ်ာ္လင့္စရာျဖစ္လာခဲ့တာပါ။

Goal ရဲ႕ ေရပန္းစားမႈအဆင့္ သတ္မွတ္မႈမွာေတာ့ မက္ဆီက ကိုပါအေမရိကဖလားကို အာဂ်င္တီးနားအတြက္ ရယူေပးထားႏိုင္တာေတြနဲ႔ ၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ဦးခ်င္း ဆုတံဆိပ္ေတြနဲ႔အတူ ထိပ္ဆုံးမွာ ရွိေနခဲ့ၿပီး သူ႔ေနာက္မွာေတာ့ ဘိုင္ယန္ျမဴးနစ္သမိုင္းရဲ႕ ဂိုးသြင္းစံခ်ိန္ေတြ လိုက္လံခ်ိဳးဖ်က္ေနတဲ့ လီဗန္ေဒါ့ဗ္စကီးကေတာ့ ဒုတိယေနရာမွာ ရွိေနခဲ့တာပါ။

ယူ႐ိုနဲ႔ စီးရီးေအရဲ႕ ေ႐ႊဖိနပ္ဆုရွင္ႀကီး ေရာ္နယ္လ္ဒိုလည္း ရွိေနေသးတာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳအတြက္ေတာ့ ဘဝတစ္ေလွ်ာက္ အေကာင္းဆုံး အခိုက္အတန႔္ေတြမွာေတာင္ ဘယ္လြန္ေဒါဆုက ဘယ္သူ႔အတြက္လဲဆိုတာ စိတ္ဝင္စားစရာေကာင္းလာခဲ့ၿပီး သူ႔အေနနဲ႔ေရာ မက္ဆီနဲ႔ေရာ္နယ္လ္ဒိုတို႔ကို ေက်ာ္ျဖတ္ၿပီး အေကာင္းဆုံးဆု ရပါ့မလားဆိုတာကေတာ့….

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.