Article Ligue1

ပီအက်စ်ဂျီတို့ ဂိုးသမားတွေနဲ့ပဲ တစ်သင်းထွက်ပြီး ကစားသွားတော့မှာလား

လာမယ့်ရာသီမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ သူတို့ရဲ့ ဂိုးသမားတွေကိုပဲ အသုံးပြုပြီး တစ်သင်းကစားသွားတော့မှာလားဆိုတဲ့ကိစ္စက ပရိသတ်တွေကြားမှာ အပျော်သဘော မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူအပြီးမှာ အင်မတိ အင်မတန် အင်အားတောင့်တင်းသွားခဲ့တဲ့ လက်အိတ်ရှင်အုပ်စုက အံ့အားသင့်စရာလည်းဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုံးခေါ်ယူမှုဖြစ်တဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီဂိုးသမား ဒွန်နာရမ်မာအနေနဲ့ ကျောနံပါတ် ၅၀ ကို ဝတ်ဆင်မှာဖြစ်ပြီး အသင်းဘက်ကတော့ ပထမဦးစားပေးဂိုးသမားအဖြစ် ကတိပေးခံခဲ့ရချိန်မှာ ပြီးခဲ့တဲ့ နှစ်တွေက ဂိုးပေါက်ကို စောင့်ရှောက်ခဲ့တဲ့ ကီလော် နာဗက်စ်ကတော့ ဒုတိယနေရာကို ဆင်းပေးခဲ့ရပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားသုံးလုံးကို သိမ်းပိုက်ခဲ့ဖူးတဲ့ ကော့စတာရီကာသားဟာ အသက်အရွယ်ထောက်လာခဲ့ပြီး လာမယ့် ဒီဇင်ဘာမှာ ၃၅ နှစ်ပြည့်မှာဖြစ်လို့ နည်းပြ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ ဒွန်နာရမ်မာကို ဆွဲစိလိုက်တာဖြစ်ပြီး တတိယဦးစားပေးဂိုးသမားကတော့ အသင်းကို တစ်ရာသီအငှားနဲ့ လာကစားအပြီးမှာ မနှစ်က ခေါ်ယူခဲ့တဲ့ ဆာဂျီယို ရီကိုဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ နှစ်က ဖူလ်ဟမ်ကို အငှားနဲ့ တစ်ရာသီသွားကစားခဲ့တဲ့ ပီအက်စ်ဂျီအကယ်ဒမီထွက် အယ်လ်ဖွန့်စ် အာရီယိုးလားကတော့ သူ့အတွက် ကစားခွင့် မရှိနိုင်တဲ့အချိန်မှာ တတိယလား စတုတ္ထလားတော့ အမေးခံမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ကို ဦးတည်ပြီး အသင်းက ထွက်ဖို့ ကြိုးစားနေပေမယ့် လောလောဆယ်မှာတော့ လက်အိတ်ရှင်အဖွဲ့ထဲ သူ့ကိုလည်း ထည့်တွက်ရဦးမှာဖြစ်ပါတယ်။

သူတို့နောက်မှာတော့ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ပိုလန်သား မားစင် ဘာလ်ကာက ပဉ္စမမြောက် အတွေ့အကြုံအရင့်ဆုံးအဖြစ်ရှိနေပြီး ငယ်မွေးခြံပေါက်စည်းမျဉ်းအတွက်သာ ခေါ်ယူထားပြီး အသင်းနဲ့ တစ်ခါမှ မကစားဖူးခဲ့တဲ့ မှတ်ပုံတင်ဂိုးသမား အလက်ဇန်းဒါး လူတယ်လီယေးတစ်ယောက်ကတော့ ဒီနှစ်မှာလည်း အသင်းနဲ့ သက်တမ်းတိုးခဲ့လို့ ၆ ဦးမြောက်ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီမှာ SM ကွန်းအသင်းကို အငှားနဲ့ သွားကစားပြီး ပြန်ရောက်လာခဲ့တဲ့ အကယ်ဒမီထွက် ၂၁ နှစ်သား ဂါရီဆွန် အင်နိုဆွန့်အပြင် အသင်းမှာ နောက်ထပ် ၁၈ နှစ်သားနှစ်ယောက်ဖြစ်တဲ့ အီတလီသား ဒင်းနစ် ဖရန်ခီနဲ့ ပီအက်စ်ဂျီလူငယ်အသင်းက လူကာ လာဗဲလ်တို့လည်း ရှိနေသေးတာကြောင့် ဂိုးသမားအင်အားက သူများအသင်းတွေထက် သာလွန်တဲ့ ၉ ယောက်အထိ စာရင်းပေါက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးတစ်သင်းစာ ၁၁ ယောက်ပြည့်ဖို့ဆိုရင် ၂ ယောက်သာ လိုတော့ပြီး ရေနံငွေကြေးတွေနဲ့ ထင်တိုင်းရမ်းနေတဲ့ ပါရီသားတွေအနေနဲ့ ဒီကစားသမားတွေကို မလိုအပ်ဘဲ ဆက်လက်ထိန်းသိမ်းထားမယ့်အစား လျှော့ချဖို့အတွက် မလုပ်နိုင်သေးခင်မှာ ဘောလုံးပရိသတ်တွေနဲ့ ပြိုင်ဘက်တွေကတော့ ဂိုးသမားတစ်သင်းထောင်တော့မယ့် ပီအက်စ်ဂျီဆိုပြီး ရယ်ပွဲဖွဲ့နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္ရာသီမွာ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးသမားေတြကိုပဲ အသုံးျပဳၿပီး တစ္သင္းကစားသြားေတာ့မွာလားဆိုတဲ့ကိစၥက ပရိသတ္ေတြၾကားမွာ အေပ်ာ္သေဘာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူအၿပီးမွာ အင္မတိ အင္မတန္ အင္အားေတာင့္တင္းသြားခဲ့တဲ့ လက္အိတ္ရွင္အုပ္စုက အံ့အားသင့္စရာလည္းျဖစ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ေနာက္ဆုံးေခၚယူမႈျဖစ္တဲ့ ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီဂိုးသမား ဒြန္နာရမ္မာအေနနဲ႔ ေက်ာနံပါတ္ ၅၀ ကို ဝတ္ဆင္မွာျဖစ္ၿပီး အသင္းဘက္ကေတာ့ ပထမဦးစားေပးဂိုးသမားအျဖစ္ ကတိေပးခံခဲ့ရခ်ိန္မွာ ၿပီးခဲ့တဲ့ ႏွစ္ေတြက ဂိုးေပါက္ကို ေစာင့္ေရွာက္ခဲ့တဲ့ ကီေလာ္ နာဗက္စ္ကေတာ့ ဒုတိယေနရာကို ဆင္းေပးခဲ့ရၿပီလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားသုံးလုံးကို သိမ္းပိုက္ခဲ့ဖူးတဲ့ ေကာ့စတာရီကာသားဟာ အသက္အ႐ြယ္ေထာက္လာခဲ့ၿပီး လာမယ့္ ဒီဇင္ဘာမွာ ၃၅ ႏွစ္ျပည့္မွာျဖစ္လို႔ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ ဒြန္နာရမ္မာကို ဆြဲစိလိုက္တာျဖစ္ၿပီး တတိယဦးစားေပးဂိုးသမားကေတာ့ အသင္းကို တစ္ရာသီအငွားနဲ႔ လာကစားအၿပီးမွာ မႏွစ္က ေခၚယူခဲ့တဲ့ ဆာဂ်ီယို ရီကိုျဖစ္လာမွာပါ။

ၿပီးခဲ့တဲ့ ႏွစ္က ဖူလ္ဟမ္ကို အငွားနဲ႔ တစ္ရာသီသြားကစားခဲ့တဲ့ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ အယ္လ္ဖြန႔္စ္ အာရီယိုးလားကေတာ့ သူ႔အတြက္ ကစားခြင့္ မရွိႏိုင္တဲ့အခ်ိန္မွာ တတိယလား စတုတၳလားေတာ့ အေမးခံမွာ မဟုတ္ဘဲ ပရီးမီးယားလိဂ္ကို ဦးတည္ၿပီး အသင္းက ထြက္ဖို႔ ႀကိဳးစားေနေပမယ့္ ေလာေလာဆယ္မွာေတာ့ လက္အိတ္ရွင္အဖြဲ႕ထဲ သူ႔ကိုလည္း ထည့္တြက္ရဦးမွာျဖစ္ပါတယ္။

သူတို႔ေနာက္မွာေတာ့ ခ်ဲလ္ဆီးကေန အငွားနဲ႔ ေခၚယူထားခဲ့တဲ့ ပိုလန္သား မားစင္ ဘာလ္ကာက ပၪၥမေျမာက္ အေတြ႕အႀကဳံအရင့္ဆုံးအျဖစ္ရွိေနၿပီး ငယ္ေမြးၿခံေပါက္စည္းမ်ဥ္းအတြက္သာ ေခၚယူထားၿပီး အသင္းနဲ႔ တစ္ခါမွ မကစားဖူးခဲ့တဲ့ မွတ္ပုံတင္ဂိုးသမား အလက္ဇန္းဒါး လူတယ္လီေယးတစ္ေယာက္ကေတာ့ ဒီႏွစ္မွာလည္း အသင္းနဲ႔ သက္တမ္းတိုးခဲ့လို႔ ၆ ဦးေျမာက္ျဖစ္လာခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီမွာ SM ကြန္းအသင္းကို အငွားနဲ႔ သြားကစားၿပီး ျပန္ေရာက္လာခဲ့တဲ့ အကယ္ဒမီထြက္ ၂၁ ႏွစ္သား ဂါရီဆြန္ အင္ႏိုဆြန႔္အျပင္ အသင္းမွာ ေနာက္ထပ္ ၁၈ ႏွစ္သားႏွစ္ေယာက္ျဖစ္တဲ့ အီတလီသား ဒင္းနစ္ ဖရန္ခီနဲ႔ ပီအက္စ္ဂ်ီလူငယ္အသင္းက လူကာ လာဗဲလ္တို႔လည္း ရွိေနေသးတာေၾကာင့္ ဂိုးသမားအင္အားက သူမ်ားအသင္းေတြထက္ သာလြန္တဲ့ ၉ ေယာက္အထိ စာရင္းေပါက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ေဘာလုံးတစ္သင္းစာ ၁၁ ေယာက္ျပည့္ဖို႔ဆိုရင္ ၂ ေယာက္သာ လိုေတာ့ၿပီး ေရနံေငြေၾကးေတြနဲ႔ ထင္တိုင္းရမ္းေနတဲ့ ပါရီသားေတြအေနနဲ႔ ဒီကစားသမားေတြကို မလိုအပ္ဘဲ ဆက္လက္ထိန္းသိမ္းထားမယ့္အစား ေလွ်ာ့ခ်ဖို႔အတြက္ မလုပ္ႏိုင္ေသးခင္မွာ ေဘာလုံးပရိသတ္ေတြနဲ႔ ၿပိဳင္ဘက္ေတြကေတာ့ ဂိုးသမားတစ္သင္းေထာင္ေတာ့မယ့္ ပီအက္စ္ဂ်ီဆိုၿပီး ရယ္ပြဲဖြဲ႕ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.