Other Leagues Premier League

ခ်ဲလ္ဆီးပစ္မွတ္ ဂိုးသမားအတြက္ ေျပာင္းေရႊ႕ေၾကးသတ္မွတ္ေပးလိုက္တဲ့ အုိင္းယက္စ္

ခ်ဲလ္ဆီးအသင္းက ေႏြရာသီမွာ အသင္းရဲ႕ အမွားမ်ားစြာက်ဴးလြန္ေနၾကတဲ့ ဂိုးသမားႏွစ္ဦးအတြက္ အစားထိုးမွဳအျဖစ္ ေခၚယူလိုေနတဲ့ ဂိုးသမား အန္ဒေရး အုိနာနာကို ေခၚယူခ်င္ရင္ ေပါင္ ၃၅ သန္းေပးရမယ္လို႔ အုိင္းယက္စ္ အမ္စတာဒမ္အသင္းဘက္က ေျပာင္းေရႊ႕ေၾကးသတ္မွတ္ အေၾကာင္းၾကားလုိက္ပါတယ္။

လာမာစီယာအကယ္ဒမီထြက္ ဂိုးသမားကို ျပန္လည္ေခၚယူဖို႔ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနသလို ပီအက္စ္ဂ်ီအသင္းကလည္း ေဟာ္လန္ေျမမွာ ထြန္းေတာက္လာခဲ့တဲ့ ကင္းမရြန္းသားကို အလိုရွိေနၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ ဒီအသင္းေတြနဲ႔ ၿပဳိင္ဆုိင္သြားရဖို႔လည္း ရွိေနပါတယ္။

အသင္းရဲ႕ စံခ်ိန္တင္နဲ႔ ကမာၻ႕စံခ်ိန္တင္ ဂိုးသမားေျပာင္းေရႊ႕ေၾကးရွင္ ကီပါ အာရီဇာဘာလာဂါဟာ အမွားေတြကို ဆက္တိုက္က်ဴးလြန္ခဲ့လို႔ နည္းျပ ဖရန္႔လမ္းပတ္ရဲ႕ ဦးစားေပးအျဖစ္က ဖယ္ရွားခံခဲ့ရခ်ိန္မွာ ဝါရင့္ဂိုးသမား ဝီလီ ကာဘယ္လာ႐ိုကို ေနရာေပးခဲ့ေပမယ့္ အသက္အရြယ္အရ လက္စြမ္းက်ဆင္းေနတဲ့ ၃၈ ႏွစ္သားႀကီးကလည္း အဆင္မေျပခဲ့တာေၾကာင့္ လက္ၿငိမ္တဲ့ လူသစ္တစ္ဦးေတာ့ လိုအပ္ေနတာပါ။

လမ္းပတ္အေနနဲ႔ အုိနာနာကို ေခၚယူႏုိင္ခဲ့ရင္ သူ႕ရဲ႕ ေဘာလုံးျဖန္႔ေဝမွဳ စြမ္းရည္ကိုပါ အပိုေဆာင္းအေနနဲ႔ ရရွိမွာျဖစ္ၿပီး ပြဲထြက္ခြင့္အတြက္ ၿပဳိင္ဆုိင္ရႏုိင္တဲ့ ပီအက္စ္ဂ်ီနဲ႔ အရန္အျဖစ္သာ ေနရာေပးခံရမယ့္ ဘာစီလိုနာတုိ႔ထက္စာရင္ ခ်ဲလ္ဆီးရဲ႕ ပြဲထြက္ကစားသမားေနရာဟာ အသက္ ၂၄ ႏွစ္ အရြယ္ ဂိုးသမားအတြက္ေတာ့ ဆြဲေဆာင္မွဳပိုမ်ားႏုိင္ပါတယ္။

ေႏြရာသီမွာ သူတုိ႔ႏွစ္သင္းၾကားမွာ ကြင္းလယ္လူ ဟာကင္မ္ ဇီယက္ခ်္အတြက္ အုိင္းယက္စ္နဲ႔ ခ်ဲလ္ဆီးတုိ႔ၾကားမွာ သေဘာတူညီမွဳတစ္ခု ျဖစ္ေပၚၿပီးၿပီျဖစ္တဲ့အတြက္ အုိနာနာအတြက္လည္း ဒုတိယအႀကိမ္ ထပ္မံအလုပ္ျဖစ္ႏုိင္ၿပီး လမ္းပတ္အေနနဲ႔ သူ႕ရဲ႕ ဦးစားေပးပစ္မွတ္ကို ရရွိဖို႔ေတာ့ မ်ားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းက နွေရာသီမှာ အသင်းရဲ့ အမှားများစွာကျူးလွန်နေကြတဲ့ ဂိုးသမားနှစ်ဦးအတွက် အစားထိုးမှုအဖြစ် ခေါ်ယူလိုနေတဲ့ ဂိုးသမား အန်ဒရေး အိုနာနာကို ခေါ်ယူချင်ရင် ပေါင် ၃၅ သန်းပေးရမယ်လို့ အိုင်းယက်စ် အမ်စတာဒမ်အသင်းဘက်က ပြောင်းရွှေ့ကြေးသတ်မှတ် အကြောင်းကြားလိုက်ပါတယ်။

လာမာစီယာအကယ်ဒမီထွက် ဂိုးသမားကို ပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေသလို ပီအက်စ်ဂျီအသင်းကလည်း ဟော်လန်မြေမှာ ထွန်းတောက်လာခဲ့တဲ့ ကင်းမရွန်းသားကို အလိုရှိနေပြီး ချဲလ်ဆီးအသင်းအနေနဲ့တော့ ဒီအသင်းတွေနဲ့ ပြိုင်ဆိုင်သွားရဖို့လည်း ရှိနေပါတယ်။

အသင်းရဲ့ စံချိန်တင်နဲ့ ကမ္ဘာ့စံချိန်တင် ဂိုးသမားပြောင်းရွှေ့ကြေးရှင် ကီပါ အာရီဇာဘာလာဂါဟာ အမှားတွေကို ဆက်တိုက်ကျူးလွန်ခဲ့လို့ နည်းပြ ဖရန့်လမ်းပတ်ရဲ့ ဦးစားပေးအဖြစ်က ဖယ်ရှားခံခဲ့ရချိန်မှာ ဝါရင့်ဂိုးသမား ဝီလီ ကာဘယ်လာရိုကို နေရာပေးခဲ့ပေမယ့် အသက်အရွယ်အရ လက်စွမ်းကျဆင်းနေတဲ့ ၃၈ နှစ်သားကြီးကလည်း အဆင်မပြေခဲ့တာကြောင့် လက်ငြိမ်တဲ့ လူသစ်တစ်ဦးတော့ လိုအပ်နေတာပါ။

လမ်းပတ်အနေနဲ့ အိုနာနာကို ခေါ်ယူနိုင်ခဲ့ရင် သူ့ရဲ့ ဘောလုံးဖြန့်ဝေမှု စွမ်းရည်ကိုပါ အပိုဆောင်းအနေနဲ့ ရရှိမှာဖြစ်ပြီး ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရနိုင်တဲ့ ပီအက်စ်ဂျီနဲ့ အရန်အဖြစ်သာ နေရာပေးခံရမယ့် ဘာစီလိုနာတို့ထက်စာရင် ချဲလ်ဆီးရဲ့ ပွဲထွက်ကစားသမားနေရာဟာ အသက် ၂၄ နှစ် အရွယ် ဂိုးသမားအတွက်တော့ ဆွဲဆောင်မှုပိုများနိုင်ပါတယ်။

နွေရာသီမှာ သူတို့နှစ်သင်းကြားမှာ ကွင်းလယ်လူ ဟာကင်မ် ဇီယက်ချ်အတွက် အိုင်းယက်စ်နဲ့ ချဲလ်ဆီးတို့ကြားမှာ သဘောတူညီမှုတစ်ခု ဖြစ်ပေါ်ပြီးပြီဖြစ်တဲ့အတွက် အိုနာနာအတွက်လည်း ဒုတိယအကြိမ် ထပ်မံအလုပ်ဖြစ်နိုင်ပြီး လမ်းပတ်အနေနဲ့ သူ့ရဲ့ ဦးစားပေးပစ်မှတ်ကို ရရှိဖို့တော့ များနေကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.