ချဲလ်ဆီးအသင်းအနေနဲ့ ဒေါ့မွန်အသင်းတိုက်စစ်မှူး အာလင်း ဟာလန်းကိုမရရှိခဲ့ရင် အင်တာမီလန်အသင်းတိုက်စစ်မှူး ရိုမဲလူ လူကာကူးကို ချိတ်ဆက်ဖို့ စီစဉ်နေပြီး သူ့ရဲ့အေးဂျင့်ကိုယ်တိုင်ကလည်း ဘယ်လ်ဂျီယမ်သားအနေနဲ့ အသင်းပြောင်းဖို့ ရှိလာနိုင်ကြောင်း ပြောသွားတဲ့အတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် စတန်းဖို့ဒ်ဘရစ်ဂ်ျကို ရောက်ဖို့နီးစပ်လာ။
အာဆင်နယ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အရောင်းစာရင်းထဲမှာရှိနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အင်္ဂလန်သားကတော့ သူ့တစ်မိသားစုလုံးက ဂန်းနားတွေဖြစ်ကြောင်းနဲ့ အိမ်ပြန်ဖို့ မစောင့်နိုင်တော့ဘူးလို့ Chelsea TVကို ပြောသွားခဲ့။
ဆီဗီလာနောက်ခံလူ ဂျူးလ်စ် ကွန်ဒေကတော့ တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ပိုမြင့်တဲ့အသင်းကို ပြောင်းချင်တယ်လို့ ပြောခဲ့တာကြောင့် ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ကစားရမယ်ဆိုတဲ့ မက်လုံးနဲ့အတူ ကမ်းလှမ်းမှုတွေ ပြန်လည်စတင်ဖို့ ရှိလာခဲ့ကြောင်းသိရ။
ချဲလ်ဆီးအသင်းရဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်နောက်ခံလူ မာ့ခ် ဂွယ်ဟီကို ခရစ္စတယ်ပဲလေ့စ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူသွားနိုင်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်သလို ဆေးစစ်မှုလည်း မကြာမီစတင်တော့မှာဖြစ်တယ်လို့ The Athletic မှ ဖော်ပြသွားခဲ့။
အေစီမီလန်အသင်းနဲ့ သတင်းတွေ ကျယ်ပြန့်နေခဲ့တဲ့ တိုက်စစ်မှူးကြီး အိုလီဗီးယေး ဂျရူးကတော့ သတင်းပြန့်နေတဲ့အတိုင်း မီလန်မြို့ခံကလပ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး မနက်ဖြန်မှာ အပြောင်းအရွှေ့ကိစ္စတွေ ပြီးစီးဖို့ မှန်းထားသလို တရားဝင်ကြေငြာသွားဖို့လည်းရှိနေ။
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီယေဂို ကော့စတာကတော့ ဒီယေဂို ဆီမြွန်နီက သူမကြိုက်တဲ့လူဆို မကြိုက်ကြောင်း ပေါ်တင်ပြသူဖြစ်ပေမယ့် အပြာရောင်တွေဆီမှာတော့ အဲ့ဒီလိုမဟုတ်ခဲ့ကြောင်း ပြန်ပြောပြသွားခဲ့ပြီး အန်တိုနီယို ကွန်တေကတော့ အရန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့တောင် တိုက်ရိုက်မပြောရဲခဲ့ကြောင်း ပြန်ပြောပြသွားခဲ့။
ချဲလ်ဆီးအသင်းပရိသတ်တွေကတော့ နောက်ခံလူတွေဖြစ်တဲ့ ဖီကာယို တိုမိုရီနဲ့ မာ့ခ် ဂွယ်ဟီတို့ကို ရောင်းချခဲ့တာကတစ်ဆင့် ပေါင်သန်း ၅၀ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကြေး ပေါင် ၂၅ သန်းနဲ့ဆို ပေါင် ၇၅ သန်းအထိ ရသလို တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ပေါင်သန်း ၄၀နဲ့သာရောင်းချနိုင်မယ်ဆိုရင်တောင် ဟာလန်းကို ခေါ်နိုင်ကြောင်း ဖော်ပြနေကြ။
ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်နဲ့ ကာလမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့နှစ်ဦးအပြင် ငွေသားအလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ဂျာမန်ကလပ်က ပယ်ချခဲ့သလို ငွေသားချည်းသီးသန့်သာ အလိုရှိနေကြောင်းလည်းသိရ။
ချဲလ်ဆီးအသင်းအနေနဲ့ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီက ဘယ်နောက်ခံလူ အလက်ယန်ဒရို ဘဲလ်ဒေကို ခေါ်ယူနိုင်ဖို့ ပေါင် ၈.၅ သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ကြောင်းသိရပြီး အသင်းရဲ့ ခံစစ်အင်အားကို လူငယ်တွေနဲ့အတူ အတွေ့အကြုံရင့်ကစားသမားတွေနဲ့ပါ အချိုးကျပေါင်းစပ်တည်ဆောက်လိုနေကြောင်းသိရ။
ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်မှာ ဟာကင်မ် ဇီးယက်ရှ်က ဂိုးသမား အီဒူယာ့ဒ် မန်ဒီရဲ့ အနည်းငယ်စူထွက်လာတဲ့ ဗိုက်ကိုကိုင်ပြီး များလိုက်တဲ့ အသားတွေဆိုပြီး စနောက်နေတဲ့ ဗီဒီယိုလေး အသင်းပိုင်ရုပ်သံလိုင်းကနေ တက်လာခဲ့ပြီး ဆီနီဂေါသားကြီးကလည်း ပြုံးနေပြီးစိတ်မဆိုးသလို မိသားစုလိုဖြစ်နေတာကိုတွေ့ရတဲ့အတွက် အားတက်စရာ မြင်ကွင်းဖြစ်ခဲ့။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေဒါ့မြန္အသင္းတိုက္စစ္မႉး အာလင္း ဟာလန္းကိုမရရွိခဲ့ရင္ အင္တာမီလန္အသင္းတိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ခ်ိတ္ဆက္ဖို႔ စီစဥ္ေနၿပီး သူ႔ရဲ႕ေအးဂ်င့္ကိုယ္တိုင္ကလည္း ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အသင္းေျပာင္းဖို႔ ရွိလာႏိုင္ေၾကာင္း ေျပာသြားတဲ့အတြက္ ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ စတန္းဖို႔ဒ္ဘရစ္ဂ္်ကို ေရာက္ဖို႔နီးစပ္လာ။
အာဆင္နယ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အေရာင္းစာရင္းထဲမွာရွိေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ပိုင္း အဂၤလန္သားကေတာ့ သူ႔တစ္မိသားစုလုံးက ဂန္းနားေတြျဖစ္ေၾကာင္းနဲ႔ အိမ္ျပန္ဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ Chelsea TVကို ေျပာသြားခဲ့။
ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ေဒကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ၿပီး ပိုျမင့္တဲ့အသင္းကို ေျပာင္းခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံလိဂ္ကစားရမယ္ဆိုတဲ့ မက္လုံးနဲ႔အတူ ကမ္းလွမ္းမႈေတြ ျပန္လည္စတင္ဖို႔ ရွိလာခဲ့ေၾကာင္းသိရ။
ခ်ဲလ္ဆီးအသင္းရဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္ေနာက္ခံလူ မာ့ခ္ ဂြယ္ဟီကို ခရစၥတယ္ပဲေလ့စ္အသင္းက လက္ဦးမႈရယူၿပီး ေခၚယူသြားႏိုင္ခဲ့ေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀နဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္သလို ေဆးစစ္မႈလည္း မၾကာမီစတင္ေတာ့မွာျဖစ္တယ္လို႔ The Athletic မွ ေဖာ္ျပသြားခဲ့။
ေအစီမီလန္အသင္းနဲ႔ သတင္းေတြ က်ယ္ျပန႔္ေနခဲ့တဲ့ တိုက္စစ္မႉးႀကီး အိုလီဗီးေယး ဂ်႐ူးကေတာ့ သတင္းျပန႔္ေနတဲ့အတိုင္း မီလန္ၿမိဳ႕ခံကလပ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနၿပီး မနက္ျဖန္မွာ အေျပာင္းအေ႐ႊ႕ကိစၥေတြ ၿပီးစီးဖို႔ မွန္းထားသလို တရားဝင္ေၾကျငာသြားဖို႔လည္းရွိေန။
ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ဒီေယဂို ေကာ့စတာကေတာ့ ဒီေယဂို ဆီႁမြန္နီက သူမႀကိဳက္တဲ့လူဆို မႀကိဳက္ေၾကာင္း ေပၚတင္ျပသူျဖစ္ေပမယ့္ အျပာေရာင္ေတြဆီမွာေတာ့ အဲ့ဒီလိုမဟုတ္ခဲ့ေၾကာင္း ျပန္ေျပာျပသြားခဲ့ၿပီး အန္တိုနီယို ကြန္ေတကေတာ့ အရန္အသင္းနဲ႔ ေလ့က်င့္ခန္းဆင္းဖို႔ေတာင္ တိုက္႐ိုက္မေျပာရဲခဲ့ေၾကာင္း ျပန္ေျပာျပသြားခဲ့။
ခ်ဲလ္ဆီးအသင္းပရိသတ္ေတြကေတာ့ ေနာက္ခံလူေတြျဖစ္တဲ့ ဖီကာယို တိုမိုရီနဲ႔ မာ့ခ္ ဂြယ္ဟီတို႔ကို ေရာင္းခ်ခဲ့တာကတစ္ဆင့္ ေပါင္သန္း ၅၀ ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ခ်န္ပီယံဆုေၾကး ေပါင္ ၂၅ သန္းနဲ႔ဆို ေပါင္ ၇၅ သန္းအထိ ရသလို တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေပါင္သန္း ၄၀နဲ႔သာေရာင္းခ်ႏိုင္မယ္ဆိုရင္ေတာင္ ဟာလန္းကို ေခၚႏိုင္ေၾကာင္း ေဖာ္ျပေနၾက။
ေဒါ့မြန္အသင္းရဲ႕တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္နဲ႔ ကာလမ္ ဟတ္ဒ္ဆန္ အိုဒြိဳင္းတို႔ႏွစ္ဦးအျပင္ ေငြသားအလိုက္ေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ ဂ်ာမန္ကလပ္က ပယ္ခ်ခဲ့သလို ေငြသားခ်ည္းသီးသန႔္သာ အလိုရွိေနေၾကာင္းလည္းသိရ။
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘာစီလိုနာရဲ႕ နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီက ဘယ္ေနာက္ခံလူ အလက္ယန္ဒ႐ို ဘဲလ္ေဒကို ေခၚယူႏိုင္ဖို႔ ေပါင္ ၈.၅ သန္းနဲ႔ စတင္ကမ္းလွမ္းလိုက္ေၾကာင္းသိရၿပီး အသင္းရဲ႕ ခံစစ္အင္အားကို လူငယ္ေတြနဲ႔အတူ အေတြ႕အႀကဳံရင့္ကစားသမားေတြနဲ႔ပါ အခ်ိဳးက်ေပါင္းစပ္တည္ေဆာက္လိုေနေၾကာင္းသိရ။
ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲအတြက္ ေလ့က်င့္ေရးအစီအစဥ္မွာ ဟာကင္မ္ ဇီးယက္ရွ္က ဂိုးသမား အီဒူယာ့ဒ္ မန္ဒီရဲ႕ အနည္းငယ္စူထြက္လာတဲ့ ဗိုက္ကိုကိုင္ၿပီး မ်ားလိုက္တဲ့ အသားေတြဆိုၿပီး စေနာက္ေနတဲ့ ဗီဒီယိုေလး အသင္းပိုင္႐ုပ္သံလိုင္းကေန တက္လာခဲ့ၿပီး ဆီနီေဂါသားႀကီးကလည္း ၿပဳံးေနၿပီးစိတ္မဆိုးသလို မိသားစုလိုျဖစ္ေနတာကိုေတြ႕ရတဲ့အတြက္ အားတက္စရာ ျမင္ကြင္းျဖစ္ခဲ့။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.