Premier League

16 Jul နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းဟာ မန်ချက်စတာမြို့မှာ နေထိုင်စရာ အိမ်တလုံးကို ရှာဖွေနေကြောင်း သိရပြီး ပြင်သစ်သားအတွက် လာမယ့် ရက်ပိုင်းအတွင်းမှာ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်တောင်းဆိုထားတဲ့ ယူရိုသန်း ၆၀ နဲ့ စျေးတည့်သွားဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေ။

အီတလီနဲ့အတူ ယူရိုဘုရင်ဖြစ်ခဲ့တဲ့ ထူးရှယ်ခြေစွမ်းကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက မျက်စိကျနေတဲ့ အင်တာမီလန်ကွင်းလယ်လူ နစ်ကလာ ဘာရယ်လာကို ဆန်စီရိုမှာ ဆက်ထိန်းသွားမယ်လို့ သိရပြီး စီးရီးအေချန်ပီယံအသင်းဟာ အသက် ၂၄ နှစ်သားအတွက် အီတလီမြေမှာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေစေမယ့် စာချုပ်သစ်တရပ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ရဲ့ အနာဂတ်ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြောင်းသိရပြီး ယူနိုက်တက်အသင်းအနေနဲ့ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ ရဖို့ မျှော်လင့်နေချိန်မှာ အင်္ဂလန်သားကို ခေါ်ယူသွားဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းကလည်း အပြိုင်ကြိုးပမ်းလာ။

မန်ချက်စတာယူနိုက်တက်ရဲ့ ဒီနွေရာသီ အထွက်စာရင်းအနေနဲ့ အက်စတန်ဗီလာမှာ အငှားသွားကစားစဥ်က လက်တွဲခဲ့ဖူးတဲ့ ဗဟို​နောက်ခံလူ အက်ဇဲလ် တွမ်ဇီဘီကို နယူးကာဆယ်ယူနိုက်တက်အသင်းနည်းပြ စတိဗ် ဘရုစ်က အပြီးသတ်ဝယ်ယူလိုနေကြောင်း သိရသလို နောက်ခံအစွန်လူဖြစ်တဲ့ ဘရန်ဒန် ဝီလီယမ်းစ်ကိုလည်း ဆောက်သမ်တန်အသင်းက အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

ယူရို ၂၀၂၀ ဖိုင်နယ်မှာ အင်္ဂလန်အသင်းအတွက် ပင်နယ်တီလွဲခဲ့လို့ လူမျိုးရေးခွဲခြားမှုကို ခံစားနေရတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ကြံ့ကြံ့ခံနိုင်ပါစေလို့ ဂျူဗင်တပ်စ်တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ​က ဆန္ဒပြုသွားခဲ့ပြီး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တိုက်စစ်မှူးတဦးဖြစ်ကြောင်းနဲ့ အနာဂတ်မှာ ဘဝအတွက် ဂုဏ်ယူရမယ့် ဆုဖလားများစွာကို အောင်မြင်နိုင်စွမ်းရှိသူဖြစ်ကြောင်း အားပေးသွားခဲ့။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အင်္ဂလန်နောက်ခံအစွန်လူ ကီရန် ထရစ်ပီယာဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန်ပြောင်းရွှေ့ပြီး ယူနိုက်တက်မှာ ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေကြောင်း သိရပြီး အဲဗာတန်အသင်းကလည်း သူ့ကို အပြိုင်လိုက်လာချိန်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဝမ်ဘစ်ဆာကာကို ဖိအားပေးဖို့ အသက် ၃၀ နှစ်သားကို ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ အရဝယ်ယူဖို့ ပစ်မှတ်ထားနေသလို လင်ဂတ်နဲ့ တိုက်ရိုက်လဲသွားဖို့လည်း စီစဥ်နေ။

၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်မယ့် Golden Boy “ရွှေလူငယ်” ဆုအတွက် မန်ချက်စတာယူနိုက်တက်ကစားသမား ၂ ဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်နဲ့ အာမက် ဂျယ်လိုတို့ဟာ နောက်ဆုံးဆန်ခါတင် ၈၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရကြောင်း သိရပြီး ဂရင်းဝုဒ်အနေနဲ့ ဆန်ခါတင် ၂၀ စာရင်းအထိ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ခံထားရ။

နှစ်ပေါင်း ၄၀၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မျိုးပွားနိုင်ခဲ့တဲ့ ဗြိတိန်၊ အိပ်စ်မူး အမျိုးသားပန်းခြံက ဖျံသားပေါက်လေးကို မန်ချက်စတာယူနိုက်တက်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အမည်နာမကို အစွဲပြုပြီး ဂုဏ်ပြုကင်ပွန်းတပ်ခဲ့ကြာင်း သိရကာ ဖျံပေါက်စလေးကို ပရိသတ်ဆန္ဒမဲအရ ” Gnashford ” လို့ အမည်ပေးသွားမယ်လို့သိရှိရ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနောက်ပိုင်း မန်ချက်စတာယူနိုက်တက်မှာ ကျိန်စာသင့်နေတဲ့ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်သွားချင်တယ်လို့ ကစားသမားသစ် ဂျေဒန် ဆန်ချိုက တောင်းဆိုလာခဲ့ကြောင်း သိရပြီး တိုက်စစ်မှူးဖြစ်ပေမယ့် လက်ရှိ ကျောနံပါတ် ၇ ပိုင်ရှင်ဖြစ်နေတဲ့ အက်ဒ်ဆင် ကာဗာနီကသာ ခွင့်ပြုမယ်ဆိုရင် တောင်ပံကစားသမားတယောက်အနေနဲ့ နံပါတ် ၇ ကို ဝတ်ဆင်ပြီး ပေါ်တူဂီသားကြီးထက်သာအောင် ​​ကြိုးစားပြလိုနေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတဲ့ ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႈး ရာေဖးလ္ ဗာ႐ြန္းဟာ မန္ခ်က္စတာၿမိဳ႕မွာ ေနထိုင္စရာ အိမ္တလုံးကို ရွာေဖြေနေၾကာင္း သိရၿပီး ျပင္သစ္သားအတြက္ လာမယ့္ ရက္ပိုင္းအတြင္းမွာ ရီးရဲလ္ဥကၠဌ ပီရက္ဇ္ေတာင္းဆိုထားတဲ့ ယူ႐ိုသန္း ၆၀ နဲ႔ ေစ်းတည့္သြားဖို႔ အလြန္နီးစပ္တဲ့ အေနအထားကို ေရာက္ရွိေန။

အီတလီနဲ႔အတူ ယူ႐ိုဘုရင္ျဖစ္ခဲ့တဲ့ ထူးရွယ္ေျခစြမ္းေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက မ်က္စိက်ေနတဲ့ အင္တာမီလန္ကြင္းလယ္လူ နစ္ကလာ ဘာရယ္လာကို ဆန္စီ႐ိုမွာ ဆက္ထိန္းသြားမယ္လို႔ သိရၿပီး စီးရီးေအခ်န္ပီယံအသင္းဟာ အသက္ ၂၄ ႏွစ္သားအတြက္ အီတလီေျမမွာ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္တရပ္ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

ဝက္စ္ဟမ္းအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ရဲ႕ အနာဂတ္ဆုံးျဖတ္ခ်က္ကို ေစာင့္ေမွ်ာ္ေနေၾကာင္းသိရၿပီး ယူႏိုက္တက္အသင္းအေနနဲ႔ သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၀ ရဖို႔ ေမွ်ာ္လင့္ေနခ်ိန္မွာ အဂၤလန္သားကို ေခၚယူသြားဖို႔ အက္သလက္တီကိုမက္ဒရစ္အသင္းကလည္း အၿပိဳင္ႀကိဳးပမ္းလာ။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဒီေႏြရာသီ အထြက္စာရင္းအေနနဲ႔ အက္စတန္ဗီလာမွာ အငွားသြားကစားစဥ္က လက္တြဲခဲ့ဖူးတဲ့ ဗဟို​ေနာက္ခံလူ အက္ဇဲလ္ တြမ္ဇီဘီကို နယူးကာဆယ္ယူႏိုက္တက္အသင္းနည္းျပ စတိဗ္ ဘ႐ုစ္က အၿပီးသတ္ဝယ္ယူလိုေနေၾကာင္း သိရသလို ေနာက္ခံအစြန္လူျဖစ္တဲ့ ဘရန္ဒန္ ဝီလီယမ္းစ္ကိုလည္း ေဆာက္သမ္တန္အသင္းက အငွားနဲ႔ ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

ယူ႐ို ၂၀၂၀ ဖိုင္နယ္မွာ အဂၤလန္အသင္းအတြက္ ပင္နယ္တီလြဲခဲ့လို႔ လူမ်ိဳးေရးခြဲျခားမႈကို ခံစားေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ႀကံ့ႀကံ့ခံႏိုင္ပါေစလို႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး အယ္လ္ဗာ႐ို မိုရာတာ​က ဆႏၵျပဳသြားခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႔အေကာင္းဆုံးေတြထဲက တိုက္စစ္မႉးတဦးျဖစ္ေၾကာင္းနဲ႔ အနာဂတ္မွာ ဘဝအတြက္ ဂုဏ္ယူရမယ့္ ဆုဖလားမ်ားစြာကို ေအာင္ျမင္ႏိုင္စြမ္းရွိသူျဖစ္ေၾကာင္း အားေပးသြားခဲ့။

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ အဂၤလန္ေနာက္ခံအစြန္လူ ကီရန္ ထရစ္ပီယာဟာ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ေျပာင္းေ႐ႊ႕ၿပီး ယူႏိုက္တက္မွာ ကစားခြင့္ရဖို႔ ဆႏၵျပင္းျပေနေၾကာင္း သိရၿပီး အဲဗာတန္အသင္းကလည္း သူ႔ကို အၿပိဳင္လိုက္လာခ်ိန္မွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ဝမ္ဘစ္ဆာကာကို ဖိအားေပးဖို႔ အသက္ ၃၀ ႏွစ္သားကို ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ အရဝယ္ယူဖို႔ ပစ္မွတ္ထားေနသလို လင္ဂတ္နဲ႔ တိုက္႐ိုက္လဲသြားဖို႔လည္း စီစဥ္ေန။

၂၀၂၁ ခုႏွစ္အတြက္ ခ်ီးျမႇင့္မယ့္ Golden Boy “ေ႐ႊလူငယ္” ဆုအတြက္ မန္ခ်က္စတာယူႏိုက္တက္ကစားသမား ၂ ဦးျဖစ္တဲ့ ေမဆန္ ဂရင္းဝုဒ္နဲ႔ အာမက္ ဂ်ယ္လိုတို႔ဟာ ေနာက္ဆုံးဆန္ခါတင္ ၈၀ စာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရၿပီး ဂရင္းဝုဒ္အေနနဲ႔ ဆန္ခါတင္ ၂၀ စာရင္းအထိ ပါဝင္လာႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခံထားရ။

ႏွစ္ေပါင္း ၄၀၀ အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ မ်ိဳးပြားႏိုင္ခဲ့တဲ့ ၿဗိတိန္၊ အိပ္စ္မူး အမ်ိဳးသားပန္းၿခံက ဖ်ံသားေပါက္ေလးကို မန္ခ်က္စတာယူႏိုက္တက္ကစားသမား မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ အမည္နာမကို အစြဲျပဳၿပီး ဂုဏ္ျပဳကင္ပြန္းတပ္ခဲ့ၾကာင္း သိရကာ ဖ်ံေပါက္စေလးကို ပရိသတ္ဆႏၵမဲအရ ” Gnashford ” လို႔ အမည္ေပးသြားမယ္လို႔သိရွိရ။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္မွာ က်ိန္စာသင့္ေနတဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ဝတ္ဆင္သြားခ်င္တယ္လို႔ ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳက ေတာင္းဆိုလာခဲ့ေၾကာင္း သိရၿပီး တိုက္စစ္မႉးျဖစ္ေပမယ့္ လက္ရွိ ေက်ာနံပါတ္ ၇ ပိုင္ရွင္ျဖစ္ေနတဲ့ အက္ဒ္ဆင္ ကာဗာနီကသာ ခြင့္ျပဳမယ္ဆိုရင္ ေတာင္ပံကစားသမားတေယာက္အေနနဲ႔ နံပါတ္ ၇ ကို ဝတ္ဆင္ၿပီး ေပၚတူဂီသားႀကီးထက္သာေအာင္ ​​ႀကိဳးစားျပလိုေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.