Premier League Transfer News

15 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားလာမယ့် ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘဏ္ဍာရေးကြောင့် အသင်းက ကြယ်ပွင့်တွေကို ရောင်းဖို့ စီစဉ်လာခဲ့ပြီး တစ်ချိန်က လီဗာပူးလ်ပစ်မှတ်ကစားသမား အစ္စကိုလည်း အရောင်းစာရင်းမှာ ပါဝင်လာသလို စာချုပ်သက်တမ်း တစ်နှစ်သာကျန်မှာကြောင့် မာဆေးဆိုက်သား‌တွေက ခေါ်ယူဖို့ ပြန်စိတ်ဝင်စားလာ။

– လီဗာပူးလ်အသင်းရဲ့ အဓိကဂိုးသမား အယ်လစ်ဆန် ဘက်ကာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး အခြေအနေတချို့ကြောင့် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လနဲ့ချီပြီးလည်း ကြာသွားနိုင်ပေမယ့် စာချုပ်သစ်ကတော့ အင်မတန် နီးစပ်နေပြီဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့။

– လက်စတာကွင်းလယ်ကစားသမား ယူရီ တီးလီးမန်းစ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းအနေနဲ့ စိတ်ဝင်စားမှုများပေမယ့် အဆမတန်တောင်းဆိုတဲ့ဈေးကြောင့် အခြားပစ်မှတ်ကစားသမားတွေဘက်သာ စုံစမ်းသွားဖို့ရှိနေပြီး မြေခွေးတွေဘက်ကလည်း သူတို့ရဲ့ အဓိကကွင်းလယ်လူကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေကြောင်းသိရ။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကစားကွက်အသစ်တွေကို ရာသီကြိုခြေစမ်းပွဲတွေမှာ အသုံးပြုသွားဖို့ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ရော်ဘတ်တို ဖာမီနို၊ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ဒီယိုဂို ဂျိုတာတို့ ၄ ယောက်စလုံးကို တစ်ပြိုင်နက်ပွဲထွက်သုံးနိုင်မယ့် နည်းစနစ်မျိုးကို အသုံးပြုချင်နေတာဖြစ်ကြောင်း သတင်းများထွက်လာ။

– အီတလီအသင်းနဲ့အတူ ယူရို ၂၀၂၀ မှာ တောက်ပခဲ့တဲ့ တောင်ပံကစားသမား ဖက်ဒရီကို ခီယေဆာကို ခေါ်ယူဖို့ အင်္ဂလန်အသင်းတွေထဲမှာ အခြေအနေအကောင်းဆုံးကတော့ လီဗာပူးလ်ပဲဖြစ်နေပြီး ပေါင် ၇၆ သန်းဝန်းကျင်နဲ့ အန်ဖီးလ်မြေကို အရောက်ခေါ်ယူသွားနိုင်လိမ့်မယ်လို့ မီဒီယာအများစုက ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒွန်ညဲ မာလန်ကတော့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်သွားခဲ့ပြီး ပြောင်းရွှေ့ကြေးသဘောတူညီမှု ရခဲ့ပြီဖြစ်သလို လူငယ်ကစားသမားတွေကို ယုံယုံကြည်ကြည် နေရာပေးတတ်တဲ့ အသင်းဖြစ်လို့ ပုဂ္ဂိုလ်ရေးသဘောတူညီဖို့ အခက်အခဲမရှိနိုင်တာကြောင့် ပစ်မှတ်တစ်ခု လက်လွှတ်ခဲ့ရ။

– အသလက်တီကိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဆာအူးလ် ညီးရက်ဇ်အတွက် ကွင်းလယ်လူ ချာဒန် ရှာကျီရီနဲ့ တိုက်စစ်မှူး ဒီဗော့ အိုရီဂီတို့ထဲက တစ်ယောက်နဲ့အတူ ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ကျော်နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး ယူရိုမှာ ၃ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ဆွစ်ဇာလန်သားနဲ့ပဲ အလုပ်ဖြစ်နိုင်။

– ပြီးခဲ့တဲ့ ဘောလုံးရာသီက အငှားနဲ့လာရောက်ကစားခဲ့တဲ့ အိုဇန် ကာဘက်ခ်ကို ပေါင် ၈.၅ သန်းတည်းနဲ့ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် နောက်ခံလူတွေအားလုံး ဒဏ်ရာပြဿနာ ကင်းစင်လာခြင်းနဲ့ အီဘရာဟီမာ ကိုနာတေကို ခေါ်ယူထားခြင်းတွေကြောင့် အရန်လောက်သာ သုံးစွဲရမယ့်အချိန်မှာ လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ ခေါ်ယူဖို့ လက်ရှောင်ခဲ့တာလို့ သိရ။

– စီးရီးအေကလပ် ဆာဆူအိုလိုအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား မာကို ဂရူယစ်ခ်ျကို ခေါ်ယူဖို့ ဈေးစုံစမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး ပြီးခဲ့တဲ့ ရာသီက ပေါ်တိုကို အငှားနဲ့ သွားကစားခဲ့တဲ့ ဆားဘီးယားသားအတွက် ငွေကြေးအတိအကျကို အကြောင်းမပြန်ရသေးဘူးလို့ သိရ။

– ဆာဆူအိုလို‌တောင်ပံကစားသမား ဒိုမီနီကို ဘယ်ရာဒီကို ခေါ်ယူလိုတဲ့ လီဗာပူးလ်အသင်းအနေနဲ့ စီးရီးအေကလပ်က အလိုရှိနေတဲ့ မာကို ဂရူယစ်ခ်ျကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ထည့်သွင်းပြီး အီတလီတောင်ပံကစားသမားကို ခေါ်ယူဖို့ စတင်ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စဉ်းစားနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ ႀကိဳးစားလာမယ့္ ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဘ႑ာေရးေၾကာင့္ အသင္းက ၾကယ္ပြင့္ေတြကို ေရာင္းဖို႔ စီစဥ္လာခဲ့ၿပီး တစ္ခ်ိန္က လီဗာပူးလ္ပစ္မွတ္ကစားသမား အစၥကိုလည္း အေရာင္းစာရင္းမွာ ပါဝင္လာသလို စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္မွာေၾကာင့္ မာေဆးဆိုက္သား‌ေတြက ေခၚယူဖို႔ ျပန္စိတ္ဝင္စားလာ။

– လီဗာပူးလ္အသင္းရဲ႕ အဓိကဂိုးသမား အယ္လစ္ဆန္ ဘက္ကာကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး အေျခအေနတခ်ိဳ႕ေၾကာင့္ ရက္သတၱပတ္အနည္းငယ္ သို႔မဟုတ္ လနဲ႔ခ်ီၿပီးလည္း ၾကာသြားႏိုင္ေပမယ့္ စာခ်ဳပ္သစ္ကေတာ့ အင္မတန္ နီးစပ္ေနၿပီျဖစ္တယ္လို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့။

– လက္စတာကြင္းလယ္ကစားသမား ယူရီ တီးလီးမန္းစ္ကို ေခၚယူဖို႔ လီဗာပူးလ္အသင္းအေနနဲ႔ စိတ္ဝင္စားမႈမ်ားေပမယ့္ အဆမတန္ေတာင္းဆိုတဲ့ေဈးေၾကာင့္ အျခားပစ္မွတ္ကစားသမားေတြဘက္သာ စုံစမ္းသြားဖို႔ရွိေနၿပီး ေျမေခြးေတြဘက္ကလည္း သူတို႔ရဲ႕ အဓိကကြင္းလယ္လူကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ျပင္ဆင္ေနေၾကာင္းသိရ။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကစားကြက္အသစ္ေတြကို ရာသီႀကိဳေျခစမ္းပြဲေတြမွာ အသုံးျပဳသြားဖို႔ရွိေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး ေရာ္ဘတ္တို ဖာမီႏို၊ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးနဲ႔ ဒီယိုဂို ဂ်ိဳတာတို႔ ၄ ေယာက္စလုံးကို တစ္ၿပိဳင္နက္ပြဲထြက္သုံးႏိုင္မယ့္ နည္းစနစ္မ်ိဳးကို အသုံးျပဳခ်င္ေနတာျဖစ္ေၾကာင္း သတင္းမ်ားထြက္လာ။

– အီတလီအသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ မွာ ေတာက္ပခဲ့တဲ့ ေတာင္ပံကစားသမား ဖက္ဒရီကို ခီေယဆာကို ေခၚယူဖို႔ အဂၤလန္အသင္းေတြထဲမွာ အေျခအေနအေကာင္းဆုံးကေတာ့ လီဗာပူးလ္ပဲျဖစ္ေနၿပီး ေပါင္ ၇၆ သန္းဝန္းက်င္နဲ႔ အန္ဖီးလ္ေျမကို အေရာက္ေခၚယူသြားႏိုင္လိမ့္မယ္လို႔ မီဒီယာအမ်ားစုက ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဒြန္ညဲ မာလန္ကေတာ့ ေဒါ့မြန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္သြားခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈ ရခဲ့ၿပီျဖစ္သလို လူငယ္ကစားသမားေတြကို ယုံယုံၾကည္ၾကည္ ေနရာေပးတတ္တဲ့ အသင္းျဖစ္လို႔ ပုဂၢိဳလ္ေရးသေဘာတူညီဖို႔ အခက္အခဲမရွိႏိုင္တာေၾကာင့္ ပစ္မွတ္တစ္ခု လက္လႊတ္ခဲ့ရ။

– အသလက္တီကိုအသင္းရဲ႕ ကြင္းလယ္ကစားသမား ဆာအူးလ္ ညီးရက္ဇ္အတြက္ ကြင္းလယ္လူ ခ်ာဒန္ ရွာက်ီရီနဲ႔ တိုက္စစ္မႉး ဒီေဗာ့ အိုရီဂီတို႔ထဲက တစ္ေယာက္နဲ႔အတူ ေျပာင္းေ႐ႊ႕ေၾကးေပါင္ သန္း ၃၀ ေက်ာ္နဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚလာၿပီး ယူ႐ိုမွာ ၃ ဂိုးသြင္းၿပီး ေျခစြမ္းျပခဲ့တဲ့ ဆြစ္ဇာလန္သားနဲ႔ပဲ အလုပ္ျဖစ္ႏိုင္။

– ၿပီးခဲ့တဲ့ ေဘာလုံးရာသီက အငွားနဲ႔လာေရာက္ကစားခဲ့တဲ့ အိုဇန္ ကာဘက္ခ္ကို ေပါင္ ၈.၅ သန္းတည္းနဲ႔ ေခၚယူဖို႔ အခြင့္အေရးရခဲ့ေပမယ့္ ေနာက္ခံလူေတြအားလုံး ဒဏ္ရာျပႆနာ ကင္းစင္လာျခင္းနဲ႔ အီဘရာဟီမာ ကိုနာေတကို ေခၚယူထားျခင္းေတြေၾကာင့္ အရန္ေလာက္သာ သုံးစြဲရမယ့္အခ်ိန္မွာ လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ ေခၚယူဖို႔ လက္ေရွာင္ခဲ့တာလို႔ သိရ။

– စီးရီးေအကလပ္ ဆာဆူအိုလိုအသင္းကေတာ့ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကစားသမား မာကို ဂ႐ူယစ္ခ္်ကို ေခၚယူဖို႔ ေဈးစုံစမ္းထားေၾကာင္း သတင္းေတြ ထြက္ေပၚလာၿပီး ၿပီးခဲ့တဲ့ ရာသီက ေပၚတိုကို အငွားနဲ႔ သြားကစားခဲ့တဲ့ ဆားဘီးယားသားအတြက္ ေငြေၾကးအတိအက်ကို အေၾကာင္းမျပန္ရေသးဘူးလို႔ သိရ။

– ဆာဆူအိုလို‌ေတာင္ပံကစားသမား ဒိုမီနီကို ဘယ္ရာဒီကို ေခၚယူလိုတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ စီးရီးေအကလပ္က အလိုရွိေနတဲ့ မာကို ဂ႐ူယစ္ခ္်ကို အေျပာင္းအေ႐ႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ထည့္သြင္းၿပီး အီတလီေတာင္ပံကစားသမားကို ေခၚယူဖို႔ စတင္ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားဖို႔ စဥ္းစားေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.