International UCL&UEL

တောင်အမေရိကနဲ့ ဥရောပတို့ ယှဉ်ပြိုင်ဗိုလ်လုရမယ့် ၂၀၂၁ ဘယ်လွန်ဒေါဆု

ဘောလုံးရာသီတစ်ခု ပြီးဆုံးတိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူက ဘယ်လွန်ဒေါဆု ရသင့်တယ်ဆိုပြီး ငြင်းခုံကြတာကလည်း နှစ်စဉ်နှစ်တိုင်း‌ဆိုတော့ ဆန်းတော့ မဆန်းတော့သလို ဆုပေးပြီးရင်တောင် ရသင့်တယ် မရသင့်ဘူးဆိုပြီး အမြင်ကွဲလွဲမှုတွေနဲ့ ဝေဖန်ပြောဆိုနေကြတာတွေကလည်း ထုံးစံလိုဖြစ်နေပါပြီ။ ၂၀၂၁ ဘယ်လွန်ဒေါဆုအတွက် ရေပန်းစားနေသူ‌ ၄ ယောက်ကို ကြည့်လိုက်တဲ့အခါမှာတော့…

ရောဘတ် လီဗန်ဒေါ့ဗ်စကီး (ဘိုင်ယန်မြူးနစ်/ပိုလန်)
ရောဘတ် လီဗန်ဒေါ့ဗ်စကီးကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်သလို မနှစ်က ဘယ်လွန်ဒေါဆုရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ဆုချီးမြှင့်ခဲ့ခြင်း မရှိတာကြောင့် သူ့အတွက်တော့ အတော်လေးနစ်နာခဲ့ရပြီး မနှစ်က ဘွန်ဒက်စ်လီဂါမှာ ၃၁ ပွဲ ကစားပြီး ၃၄ ဂိုးအထိ သွင်းယူခဲ့နိုင်တာပါ။

၂၀၂၀-၂၀၂၁ မှာတော့ ဘွန်ဒက်စ်လီဂါသမိုင်းမှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးအဖြစ် ၂၈ ပွဲသာ ကစားခဲ့ပြီး ၄၁ ဂိုးအထိ သွင်းယူခဲ့တာကနေ စံချိန်အသစ်တင်ခဲ့သလို သူဒဏ်ရာရနေတဲ့ အတောအတွင်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်မှာတွေ့တော့ ဘိုင်ယန်မြူးနစ်လည်း ရှုံးနိမ့်ပြီး လှည့်ပြန်လာခဲ့ရတဲ့အထိ သူ့သက်ရောက်မှုက ကြီးမားခဲ့ပါတယ်။

အန်ဂိုလို ကွန်တေ (ချဲလ်ဆီး/ပြင်သစ်)
၂၀၂၁ ချန်ပီယံလိဂ်ဖလားကို ချဲလ်ဆီးနဲ့ ရယူခဲ့အပြီးမှာတော့ ဘယ်လွန်ဒေါဆုအတွက် ကွန်တေကို ပေးသင့်ကြောင်း အသံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့သလို အဲ့သည်လို ထွက်ပေါ်လာအောင်လည်း ချန်ပီယံလိဂ်ရဲ့ ချန်ပီယံခရီးတစ်လျှောက် ကွင်းလယ်မှာ အထူးခြေစွမ်းပြသခဲ့ပြီး အထူးသဖြင့် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ပိုပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။

ဒါပေမယ့် သူ့ကို ဘယ်လွန်ဒေါဆုပေးဖို့ အသံတွေကတော့ ယူရိုပြိုင်ပွဲအပြီးမှာ တိတ်ဆိတ်သွားခဲ့ပြီး ကွန်တေရဲ့ စွမ်းဆောင်ရည်က မလုံလောက်ခဲ့သလို ပြင်သစ်အသင်းကလည်း ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့လို့ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ လှည့်ပြန်သွားခဲ့ရတာကြောင့် သူ့ရဲ့ ချဲလ်ဆီးနဲ့ လုပ်ပြပြီး ဘယ်လွန်ဒေါဆုအတွက် တစ်ပြေးနေတာက ပြန်လည်မှေးမှိန်ခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်/ပေါ်တူဂီ)
ဘယ်လွန်ဒေါဆုကို ၅ ကြိမ်အထိ ရယူခဲ့ဖူးတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ‌ခြေစွမ်းပြခဲ့ပေမယ့် အသင်းကတော့ အဆင့် ၄ မှာသာရှိနေခဲ့ပြီး သွင်းဂိုး ၂၉ ဂိုးနဲ့ ရယူထားတဲ့ ရွှေဖိနပ်ကလည်း ချန်ပီယံဖြစ်ဖို့ မလုံလောက်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ပေါ်တိုကို ရှုံးနိမ့်ပြီး စောစောစီးစီး ထွက်ခွာခဲ့ရတာပါ။

ယူရို ၂၀၂၀ မှာလည်း သူ့ရဲ့ပေါ်တူဂီအသင်းက စိတ်ပျက်စရာကောင်းခဲ့ပြီး ၁၆ သင်းအဆင့်မှာတင် လှည့်ပြန်ခဲ့ရသလို ၄ ပွဲမှာ ၅ ဂိုးအထိသွင်းပြီး ရုန်းကန်ခဲ့လည်း ရွှေဖိနပ်အပြင် အသင်းလိုက်‌ ဘာအောင်မြင်မှုမှမရခဲ့ချိန်မှာ သူကတော့ ယူရိုသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးအဖြစ် ၁၄ ဂိုးနဲ့ စံချိန်သစ်ကို စိုက်ထူခဲ့ပြန်ပါပြီ။

လီယွန်နယ် မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)
လီယွန်နယ် မက်ဆီကတော့ ဘာစီလိုနာနဲ့ ကိုပါဒဲလ်ရေးဖလားတစ်လုံးပဲ ရခဲ့တာဆိုပေမယ့် အာဂျင်တီးနားအတွက်တော့ ကိုပါအမေရိကဖလားကို ရရှိခဲ့ပြီး သူ့အနေနဲ့ နိုင်ငံအသင်းနဲ့ဆို ဘာမှမဟုတ်ပါဘူးဆိုတဲ့ မှတ်ချက်တွေကို ရိုက်ချိုးပြနိုင်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုရော ဂိုးသွင်းဘုရင်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခဲ့ရပေမယ့် လာလီဂါမှာ ၃၃ ပွဲကစား ၃၀ ဂိုးသွင်းယူခဲ့ပြီး ၉ ဂိုးဖန်တီးပေးနိုင်ခဲ့သလို အာဂျင်တီးနားအတွက် စွမ်းဆောင်ခဲ့နိုင်ခဲ့တာတွေက သူရဲ့ ၇ ကြိမ်မြောက် ဘယ်လွန်ဒေါဆုအတွက် ထိုက်တန်တယ်လို့ ဘောလုံးကျွမ်းကျင်သူအများစုက သုံးသပ်နေကြကြောင်းကိုလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးရာသီတစ္ခု ၿပီးဆုံးတိုင္း ဆိုရွယ္မီဒီယာေတြေပၚမွာ ဘယ္သူက ဘယ္လြန္ေဒါဆု ရသင့္တယ္ဆိုၿပီး ျငင္းခုံၾကတာကလည္း ႏွစ္စဥ္ႏွစ္တိုင္း‌ဆိုေတာ့ ဆန္းေတာ့ မဆန္းေတာ့သလို ဆုေပးၿပီးရင္ေတာင္ ရသင့္တယ္ မရသင့္ဘူးဆိုၿပီး အျမင္ကြဲလြဲမႈေတြနဲ႔ ေဝဖန္ေျပာဆိုေနၾကတာေတြကလည္း ထုံးစံလိုျဖစ္ေနပါၿပီ။ ၂၀၂၁ ဘယ္လြန္ေဒါဆုအတြက္ ေရပန္းစားေနသူ‌ ၄ ေယာက္ကို ၾကည့္လိုက္တဲ့အခါမွာေတာ့…

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး (ဘိုင္ယန္ျမဴးနစ္/ပိုလန္)
ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကေတာ့ လက္ရွိမွာ ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉးစစ္စစ္ျဖစ္သလို မႏွစ္က ဘယ္လြန္ေဒါဆုရဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ ဆုခ်ီးျမႇင့္ခဲ့ျခင္း မရွိတာေၾကာင့္ သူ႔အတြက္ေတာ့ အေတာ္ေလးနစ္နာခဲ့ရၿပီး မႏွစ္က ဘြန္ဒက္စ္လီဂါမွာ ၃၁ ပြဲ ကစားၿပီး ၃၄ ဂိုးအထိ သြင္းယူခဲ့ႏိုင္တာပါ။

၂၀၂၀-၂၀၂၁ မွာေတာ့ ဘြန္ဒက္စ္လီဂါသမိုင္းမွာ တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးအျဖစ္ ၂၈ ပြဲသာ ကစားခဲ့ၿပီး ၄၁ ဂိုးအထိ သြင္းယူခဲ့တာကေန စံခ်ိန္အသစ္တင္ခဲ့သလို သူဒဏ္ရာရေနတဲ့ အေတာအတြင္း ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္မွာေတြ႕ေတာ့ ဘိုင္ယန္ျမဴးနစ္လည္း ရႈံးနိမ့္ၿပီး လွည့္ျပန္လာခဲ့ရတဲ့အထိ သူ႔သက္ေရာက္မႈက ႀကီးမားခဲ့ပါတယ္။

အန္ဂိုလို ကြန္ေတ (ခ်ဲလ္ဆီး/ျပင္သစ္)
၂၀၂၁ ခ်န္ပီယံလိဂ္ဖလားကို ခ်ဲလ္ဆီးနဲ႔ ရယူခဲ့အၿပီးမွာေတာ့ ဘယ္လြန္ေဒါဆုအတြက္ ကြန္ေတကို ေပးသင့္ေၾကာင္း အသံေတြ ဆက္တိုက္ထြက္ေပၚလာခဲ့သလို အဲ့သည္လို ထြက္ေပၚလာေအာင္လည္း ခ်န္ပီယံလိဂ္ရဲ႕ ခ်န္ပီယံခရီးတစ္ေလွ်ာက္ ကြင္းလယ္မွာ အထူးေျခစြမ္းျပသခဲ့ၿပီး အထူးသျဖင့္ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲမွာ ပိုၿပီး ေျခစြမ္းျပႏိုင္ခဲ့တာပါ။

ဒါေပမယ့္ သူ႔ကို ဘယ္လြန္ေဒါဆုေပးဖို႔ အသံေတြကေတာ့ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ တိတ္ဆိတ္သြားခဲ့ၿပီး ကြန္ေတရဲ႕ စြမ္းေဆာင္ရည္က မလုံေလာက္ခဲ့သလို ျပင္သစ္အသင္းကလည္း ဆြစ္ဇာလန္ကို ရႈံးနိမ့္ခဲ့လို႔ ၁၆ သင္း ရႈံးထြက္အဆင့္ကေန လွည့္ျပန္သြားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ ခ်ဲလ္ဆီးနဲ႔ လုပ္ျပၿပီး ဘယ္လြန္ေဒါဆုအတြက္ တစ္ေျပးေနတာက ျပန္လည္ေမွးမွိန္ခဲ့ရပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို (ဂ်ဴဗင္တပ္စ္/ေပၚတူဂီ)
ဘယ္လြန္ေဒါဆုကို ၅ ႀကိမ္အထိ ရယူခဲ့ဖူးတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ‌ေျခစြမ္းျပခဲ့ေပမယ့္ အသင္းကေတာ့ အဆင့္ ၄ မွာသာရွိေနခဲ့ၿပီး သြင္းဂိုး ၂၉ ဂိုးနဲ႔ ရယူထားတဲ့ ေ႐ႊဖိနပ္ကလည္း ခ်န္ပီယံျဖစ္ဖို႔ မလုံေလာက္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ေပၚတိုကို ရႈံးနိမ့္ၿပီး ေစာေစာစီးစီး ထြက္ခြာခဲ့ရတာပါ။

ယူ႐ို ၂၀၂၀ မွာလည္း သူ႔ရဲ႕ေပၚတူဂီအသင္းက စိတ္ပ်က္စရာေကာင္းခဲ့ၿပီး ၁၆ သင္းအဆင့္မွာတင္ လွည့္ျပန္ခဲ့ရသလို ၄ ပြဲမွာ ၅ ဂိုးအထိသြင္းၿပီး ႐ုန္းကန္ခဲ့လည္း ေ႐ႊဖိနပ္အျပင္ အသင္းလိုက္‌ ဘာေအာင္ျမင္မႈမွမရခဲ့ခ်ိန္မွာ သူကေတာ့ ယူ႐ိုသမိုင္းတစ္ေလွ်ာက္ဂိုးသြင္းအမ်ားဆုံးအျဖစ္ ၁၄ ဂိုးနဲ႔ စံခ်ိန္သစ္ကို စိုက္ထူခဲ့ျပန္ပါၿပီ။

လီယြန္နယ္ မက္ဆီ (ဘာစီလိုနာ/အာဂ်င္တီးနား)
လီယြန္နယ္ မက္ဆီကေတာ့ ဘာစီလိုနာနဲ႔ ကိုပါဒဲလ္ေရးဖလားတစ္လုံးပဲ ရခဲ့တာဆိုေပမယ့္ အာဂ်င္တီးနားအတြက္ေတာ့ ကိုပါအေမရိကဖလားကို ရရွိခဲ့ၿပီး သူ႔အေနနဲ႔ ႏိုင္ငံအသင္းနဲ႔ဆို ဘာမွမဟုတ္ပါဘူးဆိုတဲ့ မွတ္ခ်က္ေတြကို ႐ိုက္ခ်ိဳးျပႏိုင္ခဲ့သလို ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုေရာ ဂိုးသြင္းဘုရင္ဆုကိုပါ သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီးထြက္ခဲ့ရေပမယ့္ လာလီဂါမွာ ၃၃ ပြဲကစား ၃၀ ဂိုးသြင္းယူခဲ့ၿပီး ၉ ဂိုးဖန္တီးေပးႏိုင္ခဲ့သလို အာဂ်င္တီးနားအတြက္ စြမ္းေဆာင္ခဲ့ႏိုင္ခဲ့တာေတြက သူရဲ႕ ၇ ႀကိမ္ေျမာက္ ဘယ္လြန္ေဒါဆုအတြက္ ထိုက္တန္တယ္လို႔ ေဘာလုံးကြၽမ္းက်င္သူအမ်ားစုက သုံးသပ္ေနၾကေၾကာင္းကိုလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.