La Liga Serie A

ဒိုလေးနဲ့ မော်ကြီးကို ရန်စထားခဲ့တဲ့ ပီရက်ဇ်ကြောင့် ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ

ပြီးခဲ့တဲ့ရက်ပိုင်းတွေ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရာအူးလ်၊ ကာဆီးယာ့စ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့အပါအဝင် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုတို့ရဲ့ မျက်နှာကို အိုးမည်းသုတ်သွားခဲ့တဲ့ ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ရဲ့ အပုပ်ဇာတ်လမ်းက ပေါ်ထွက်လာခဲ့ပြီး အသင်းသားတွေကို စော်ကားမှုတွေ တင်းကြမ်းပြုလုပ်ထားတဲ့ လျှို့ဝှက်အသံဖိုင်တွေ ပေါက်ကြားလာခဲ့ပါတယ်။

ဒီအချိန်မှာ ပီရက်ဇ်ရဲ့ မင်းသားရုပ်ဆောင်းထားတဲ့ ဘီလူးခေါင်းကို ဘွားခနဲမြင်လိုက်ရတယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပြီး သူ့ရဲ့ပြောဆိုမှုတွေက လူကြီးလူကောင်းမဆန်စွာပဲ အောက်တန်းကျလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပွဲဆူခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်ကြာကစားပြီး ချန်ပီယံလိဂ်ဖလား ၄ လုံးယူပေးခဲ့တဲ့ ရော်နယ်လ်ဒိုကိုလည်း အထူးတလည် မုန်းတီးနေတာကို တွေ့ရခဲ့တာက အံ့အားသင့်စရာကောင်းခဲ့တာပါ။

“ရော်နယ်လ်ဒိုက ရူးနေတာ… တကယ့်ဝမ်းတွင်းရူးဗျ။ သိပ်အော်ဂလီဆန်စရာကောင်းတယ်။ ခင်ဗျားတို့အားလုံးကသာ သူ့ကို စိတ်မှန်တဲ့သူလို့ ထင်နေကြတာပါ။ တကယ်တမ်းမှာ ဒီလိုလူမျိုးက အတွင်းကြိတ်ရူးနေတာဗျ။ သူလုပ်ခဲ့တာတွေကို ပြန်ကြည့်ရင် သိနိုင်ပါလိမ့်မယ်”

“မော်ရင်ညိုနဲ့ ရော်နယ်လ်ဒိုတို့နှစ်ယောက်စလုံးက သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တသမားတွေပဲဗျ။ သူတို့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော်ဂျီ မန်ဒက်စ်က သူတို့ကို ထိန်းလို့မနိုင်တော့လောက်အောင် သူတို့က ဦးနှောက်ချောင်နေကြတယ်။ တကယ့်အဖြစ်မှန်ကို မမြင်နိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့သာ လာဘ်မြင်တတ်ရင် အခုထက်ပိုပြီး ငွေရှာနိုင်ခဲ့ကြပါလိမ့်မယ်”

“ပုံရိပ်အသုံးပြုခနဲ့ ပတ်သက်ပြီး ငွေကြေးအရ စကားပြောရင် ဒီငနဲနှစ်ပွေက သိပ်ကိုမောက်မာပြီး ခေါင်းကြောမာတာဗျ။ ဒါ ပုံမှန်လူတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ သူတို့ကို ကြည့်တော့လည်း ဆောင့်ကြွားကြွားနေတတ်လို့လည်း ဘယ်သူကမှ ကြည့်လို့ရတာ မဟုတ်ဘူး။ ပရိသတ်တွေရဲ့ အမုန်းတီးခံတွေပေါ့ဗျာ”လို့ ပီရက်ဇ်​က ရော်နယ်လ်ဒိုနဲ့ မော်ရင်ညိုတို့အပေါ် အမုန်းစကားပြောဆိုသွားခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက အသံဖိုင်က ပေါက်ကြားသွားခဲ့တာပါ။

“အခုစကားပြောဆိုမှုတွေ ပေါက်ကြားလာခဲ့တယ်ဆိုတာ ဟိုဆေး အန်တိုနီယို အန်ဘယ်လန်ဆိုတဲ့လူက တိတ်တိတ်ပုန်း အသံဖမ်းယူသွားခဲ့တာပါ။ ကျွန်တော့်ပြောဆိုမှုတွေကိုပေါ့။ သူက အသံဖိုင်တွေကို ထုတ်ရောင်းဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေတာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူးလေ..”

“တကယ်တော့ ဒီထဲမှာ စကားပြောဆိုမှုတွေနဲ့ ကျယ်ပြန်တဲ့ အကြောင်းတွေ ပါတယ်။ သူကတော့ လိုရာဆွဲယူပြီး လုပ်ဇာတ်ဖန်တီးသွားတာပါ။ ပြီးတော့ ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုအချိန်မှ ပေါက်ကြားသွားတာ ဘာသဘောလဲ။ ကျွန်တော်ထင်တာတော့ စူပါလိဂ်ကို တည်ထောင်ခဲ့တာကြောင့် အငြှိုးနဲ့ လုပ်ကြံခံရတာပါ။ ဘယ်လိုအရေးယူမလဲဆိုတာ ကျွန်တော်တို့ဘက်က ဆောင်ရွက်သွားပါမယ်”လို့ ပီရက်ဇ်က ဗြောင်ငြင်းပြီး ရှင်းချက်ထုတ်သွားခဲ့သလို နှုတ်သီးကောင်းလျှာပါး မော်ရင်ညိုကြောင့် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာဦးမလဲလို့ စိတ်ဝင်စားစရာဖြစ်နေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ရက္ပိုင္းေတြ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ရာအူးလ္၊ ကာဆီးယာ့စ္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔အပါအဝင္ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳတို႔ရဲ႕ မ်က္ႏွာကို အိုးမည္းသုတ္သြားခဲ့တဲ့ ဥကၠ႒ ဖေလာ္ရင္တီႏို ပီရက္ဇ္ရဲ႕ အပုပ္ဇာတ္လမ္းက ေပၚထြက္လာခဲ့ၿပီး အသင္းသားေတြကို ေစာ္ကားမႈေတြ တင္းၾကမ္းျပဳလုပ္ထားတဲ့ လွ်ိဳ႕ဝွက္အသံဖိုင္ေတြ ေပါက္ၾကားလာခဲ့ပါတယ္။

ဒီအခ်ိန္မွာ ပီရက္ဇ္ရဲ႕ မင္းသား႐ုပ္ေဆာင္းထားတဲ့ ဘီလူးေခါင္းကို ဘြားခနဲျမင္လိုက္ရတယ္လို႔ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကၿပီး သူ႔ရဲ႕ေျပာဆိုမႈေတြက လူႀကီးလူေကာင္းမဆန္စြာပဲ ေအာက္တန္းက်လြန္းတယ္ဆိုတဲ့ ေဝဖန္မႈေတြနဲ႔ ပြဲဆူခဲ့သလို ရီးရဲလ္မက္ဒရစ္အသင္းမွာ ၉ ႏွစ္ၾကာကစားၿပီး ခ်န္ပီယံလိဂ္ဖလား ၄ လုံးယူေပးခဲ့တဲ့ ေရာ္နယ္လ္ဒိုကိုလည္း အထူးတလည္ မုန္းတီးေနတာကို ေတြ႕ရခဲ့တာက အံ့အားသင့္စရာေကာင္းခဲ့တာပါ။

“ေရာ္နယ္လ္ဒိုက ႐ူးေနတာ… တကယ့္ဝမ္းတြင္း႐ူးဗ်။ သိပ္ေအာ္ဂလီဆန္စရာေကာင္းတယ္။ ခင္ဗ်ားတို႔အားလုံးကသာ သူ႔ကို စိတ္မွန္တဲ့သူလို႔ ထင္ေနၾကတာပါ။ တကယ္တမ္းမွာ ဒီလိုလူမ်ိဳးက အတြင္းႀကိတ္႐ူးေနတာဗ်။ သူလုပ္ခဲ့တာေတြကို ျပန္ၾကည့္ရင္ သိႏိုင္ပါလိမ့္မယ္”

“ေမာ္ရင္ညိဳနဲ႔ ေရာ္နယ္လ္ဒိုတို႔ႏွစ္ေယာက္စလုံးက သိပ္တစ္ကိုယ္ေကာင္းဆန္တဲ့ အတၱသမားေတြပဲဗ်။ သူတို႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ္ဂ်ီ မန္ဒက္စ္က သူတို႔ကို ထိန္းလို႔မႏိုင္ေတာ့ေလာက္ေအာင္ သူတို႔က ဦးေႏွာက္ေခ်ာင္ေနၾကတယ္။ တကယ့္အျဖစ္မွန္ကို မျမင္ႏိုင္ၾကပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔သာ လာဘ္ျမင္တတ္ရင္ အခုထက္ပိုၿပီး ေငြရွာႏိုင္ခဲ့ၾကပါလိမ့္မယ္”

“ပုံရိပ္အသုံးျပဳခနဲ႔ ပတ္သက္ၿပီး ေငြေၾကးအရ စကားေျပာရင္ ဒီငနဲႏွစ္ေပြက သိပ္ကိုေမာက္မာၿပီး ေခါင္းေၾကာမာတာဗ်။ ဒါ ပုံမွန္လူေတြရဲ႕ လုပ္ရပ္မဟုတ္ပါဘူး။ သူတို႔ကို ၾကည့္ေတာ့လည္း ေဆာင့္ႂကြားႂကြားေနတတ္လို႔လည္း ဘယ္သူကမွ ၾကည့္လို႔ရတာ မဟုတ္ဘူး။ ပရိသတ္ေတြရဲ႕ အမုန္းတီးခံေတြေပါ့ဗ်ာ”လို႔ ပီရက္ဇ္​က ေရာ္နယ္လ္ဒိုနဲ႔ ေမာ္ရင္ညိဳတို႔အေပၚ အမုန္းစကားေျပာဆိုသြားခဲ့တဲ့ ၂၀၁၂ ခုႏွစ္တုန္းက အသံဖိုင္က ေပါက္ၾကားသြားခဲ့တာပါ။

“အခုစကားေျပာဆိုမႈေတြ ေပါက္ၾကားလာခဲ့တယ္ဆိုတာ ဟိုေဆး အန္တိုနီယို အန္ဘယ္လန္ဆိုတဲ့လူက တိတ္တိတ္ပုန္း အသံဖမ္းယူသြားခဲ့တာပါ။ ကြၽန္ေတာ့္ေျပာဆိုမႈေတြကိုေပါ့။ သူက အသံဖိုင္ေတြကို ထုတ္ေရာင္းဖို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားေနတာပါ။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘူးေလ..”

“တကယ္ေတာ့ ဒီထဲမွာ စကားေျပာဆိုမႈေတြနဲ႔ က်ယ္ျပန္တဲ့ အေၾကာင္းေတြ ပါတယ္။ သူကေတာ့ လိုရာဆြဲယူၿပီး လုပ္ဇာတ္ဖန္တီးသြားတာပါ။ ၿပီးေတာ့ ဒါက ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါၿပီ။ အခုအခ်ိန္မွ ေပါက္ၾကားသြားတာ ဘာသေဘာလဲ။ ကြၽန္ေတာ္ထင္တာေတာ့ စူပါလိဂ္ကို တည္ေထာင္ခဲ့တာေၾကာင့္ အျငႇိဳးနဲ႔ လုပ္ႀကံခံရတာပါ။ ဘယ္လိုအေရးယူမလဲဆိုတာ ကြၽန္ေတာ္တို႔ဘက္က ေဆာင္႐ြက္သြားပါမယ္”လို႔ ပီရက္ဇ္က ေျဗာင္ျငင္းၿပီး ရွင္းခ်က္ထုတ္သြားခဲ့သလို ႏႈတ္သီးေကာင္းလွ်ာပါး ေမာ္ရင္ညိဳေၾကာင့္ ေနာက္ဆက္တြဲ ဘာေတြဆက္ျဖစ္လာဦးမလဲလို႔ စိတ္ဝင္စားစရာျဖစ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.