La Liga

အံ့အားသင့်စရာအချက်တွေနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ၅ နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး လစာကို‌လည်း အံ့အားသင့်စရာဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ယူဖို့ရှိနေတယ်လို့ Goal က အတည်ပြုထားသလို ကစားသမားဘဝတစ်လျှောက်လုံး ကတ်တလန်မြေမှာပဲ ရှိနေခဲ့သူပါ။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အသင်းလက်မဲ့ဖြစ်သွားခဲ့တဲ့ အာဂျင်တိုင်းသားကြီးက သူ့ရဲ့ ဆယ်ကျော်သက်ဘဝမှာကတည်းက ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားပေးနေခဲ့သလို စာချုပ်သက်တမ်း ကုန်သွားတဲ့အထိ နူးကမ့်ကနေ ဝေးဝေးသွားဖို့ အစီအစဉ်မရှိသေးချိန်မှာ နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို သဘောတူညီခဲ့တာပါ။

မက်ဆီကတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ယူရို ၅၅၀ သန်းဝန်းကျင် နူးကမ်းမှာရရှိခဲ့ပြီး တစ်နှစ်ကို ပျမ်းမျှ ယူရို ၇၅ သန်းကနေ ယူရိုသန်း ၁၁၀ အထိပေးနေခဲ့ရသလို ဘာစီလိုနာအနေနဲ့လည်း လစာငွေတိုးပေးချင်ရင်တောင် လာလီဂါရဲ့ လစာကန့်သတ်ချက်နဲ့ ငြိမှာစိုးတာကြောင့် သူ့ရဲ့လစာကို ပေးချေနိုင်ဖို့ အခက်အခဲရှိလာခဲ့တာပါ။

လာလီဂါ‌ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဟာဗီယား တီဘက်စ်ကတော့ မက်ဆီအနေနဲ့ လစာမလျှော့ဘူးဆိုရင် သူ့ကို တရားဝင်မှတ်ပုံတင် မလုပ်ပေးနိုင်ဘူးဆိုတဲ့အကြောင်း သတိပေးထားခဲ့ပြီး ဘာစီလိုနာကတော့ ဂျူနီယာ ဖာပို၊ ယွန်း-ကလဲ တိုဒီဘို၊ ကားလက်စ် အလီညာနဲ့ ဟွမ် မီရန်ဒါတို့ကို ရောင်းချပြီး အာဂျင်တိုင်းသားကြီးနဲ့ စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေခဲ့တာပါ။

ဒီအချိန်မှာ မက်ဆီကတော့ သူ့ရဲ့လစာကို တစ်ဝက်လျှော့ယူပြီး စာချုပ်သစ်ချုပ်ဖို့ သဘောတူခဲ့သလို ညှိနှိုင်းရမယ့် ကိစ္စ‌လေးတွေပြီးတာနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးကြောင်း ဘာစီလိုနာက တရားဝင်ကြေငြာသွားဖို့ ရှိနေတယ်လို့ သက်ပြင်းချနိုင်တော့မယ့် အနေအထားကို ပြန်လည်ရောက်ရှိလာပါတော့တယ်။

စာချုပ်သက်တမ်း ကုန်ခါစတုန်းက မက်ဆီက အသင်းလက်မဲ့ဖြစ်သွားခဲ့ပြီး သူ့ကို အသင်းကြီးမှန်သမျှက ရလိုရငြား ချဉ်းကပ်လာခဲ့ကြသလို အဲဒီထဲမှာမှ ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီးနဲ့ အင်တာမီလန်တို့က အလိုချင်ဆုံးဖြစ်နေခဲ့ကြချိန်မှာ အာဂျင်တိုင်းသားကြီးက သူယှဉ်ပြိုင်နေခဲ့တဲ့ ကိုပါအမေရိကဖလားအပေါ်မှာပဲ အာရုံစိုက်နေခဲ့တာပါ။

စာချုပ်သစ်အကြောင်း သတင်းမထွက်ခင်မှာ သူ့ရဲ့ ငယ်ဘဝကလပ်ဖြစ်တဲ့ နယူးဝဲလ် အိုးဘွိုင်းစ်ကိုလည်း ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး အမေရိကန်မေဂျာလိဂ်က ဒေးဗစ်ဘက်ခမ်းပိုင်တဲ့ အင်တာ မီယာမီအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ပီအက်စ်ဂျီရဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာရှိနေတဲ့ အချက်အပြင် မက်လောက်စရာ လစာငွေတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အာဂျင်တိုင်းသားကြီးကတော့ ကစားသမားဘဝတစ်လျှောက် တစ်သင်းတည်းမှာပဲ ကစားပြီး အနားယူဖို့ကိုသာ ဦးစားပေးသွားခဲ့သလို သူ့အသက်က ၃၉ နှစ်အထိ ရှိနေမယ့် ၂၀၂၆ ခုနှစ်အထိ နူးကမ့်မှာ ဆက်ရှိနေဖို့ ဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔အတူ ၅ ႏွစ္သက္တမ္းရွိတဲ့စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး လစာကို‌လည္း အံ့အားသင့္စရာျဖစ္တဲ့ ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ယူဖို႔ရွိေနတယ္လို႔ Goal က အတည္ျပဳထားသလို ကစားသမားဘဝတစ္ေလွ်ာက္လုံး ကတ္တလန္ေျမမွာပဲ ရွိေနခဲ့သူပါ။

၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔ကစၿပီး အသင္းလက္မဲ့ျဖစ္သြားခဲ့တဲ့ အာဂ်င္တိုင္းသားႀကီးက သူ႔ရဲ႕ ဆယ္ေက်ာ္သက္ဘဝမွာကတည္းက ဘာစီလိုနာအသင္းအတြက္ ပြဲထြက္ကစားေပးေနခဲ့သလို စာခ်ဳပ္သက္တမ္း ကုန္သြားတဲ့အထိ ႏူးကမ့္ကေန ေဝးေဝးသြားဖို႔ အစီအစဥ္မရွိေသးခ်ိန္မွာ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔ကိစၥကို သေဘာတူညီခဲ့တာပါ။

မက္ဆီကေတာ့ ၿပီးခဲ့တဲ့ ၅ ႏွစ္အတြင္း ယူ႐ို ၅၅၀ သန္းဝန္းက်င္ ႏူးကမ္းမွာရရွိခဲ့ၿပီး တစ္ႏွစ္ကို ပ်မ္းမွ် ယူ႐ို ၇၅ သန္းကေန ယူ႐ိုသန္း ၁၁၀ အထိေပးေနခဲ့ရသလို ဘာစီလိုနာအေနနဲ႔လည္း လစာေငြတိုးေပးခ်င္ရင္ေတာင္ လာလီဂါရဲ႕ လစာကန႔္သတ္ခ်က္နဲ႔ ၿငိမွာစိုးတာေၾကာင့္ သူ႔ရဲ႕လစာကို ေပးေခ်ႏိုင္ဖို႔ အခက္အခဲရွိလာခဲ့တာပါ။

လာလီဂါ‌ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ဟာဗီယား တီဘက္စ္ကေတာ့ မက္ဆီအေနနဲ႔ လစာမေလွ်ာ့ဘူးဆိုရင္ သူ႔ကို တရားဝင္မွတ္ပုံတင္ မလုပ္ေပးႏိုင္ဘူးဆိုတဲ့အေၾကာင္း သတိေပးထားခဲ့ၿပီး ဘာစီလိုနာကေတာ့ ဂ်ဴနီယာ ဖာပို၊ ယြန္း-ကလဲ တိုဒီဘို၊ ကားလက္စ္ အလီညာနဲ႔ ဟြမ္ မီရန္ဒါတို႔ကို ေရာင္းခ်ၿပီး အာဂ်င္တိုင္းသားႀကီးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဒီအခ်ိန္မွာ မက္ဆီကေတာ့ သူ႔ရဲ႕လစာကို တစ္ဝက္ေလွ်ာ့ယူၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သေဘာတူခဲ့သလို ညႇိႏႈိင္းရမယ့္ ကိစၥ‌ေလးေတြၿပီးတာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေၾကာင္း ဘာစီလိုနာက တရားဝင္ေၾကျငာသြားဖို႔ ရွိေနတယ္လို႔ သက္ျပင္းခ်ႏိုင္ေတာ့မယ့္ အေနအထားကို ျပန္လည္ေရာက္ရွိလာပါေတာ့တယ္။

စာခ်ဳပ္သက္တမ္း ကုန္ခါစတုန္းက မက္ဆီက အသင္းလက္မဲ့ျဖစ္သြားခဲ့ၿပီး သူ႔ကို အသင္းႀကီးမွန္သမွ်က ရလိုရျငား ခ်ဥ္းကပ္လာခဲ့ၾကသလို အဲဒီထဲမွာမွ ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာစီးတီးနဲ႔ အင္တာမီလန္တို႔က အလိုခ်င္ဆုံးျဖစ္ေနခဲ့ၾကခ်ိန္မွာ အာဂ်င္တိုင္းသားႀကီးက သူယွဥ္ၿပိဳင္ေနခဲ့တဲ့ ကိုပါအေမရိကဖလားအေပၚမွာပဲ အာ႐ုံစိုက္ေနခဲ့တာပါ။

စာခ်ဳပ္သစ္အေၾကာင္း သတင္းမထြက္ခင္မွာ သူ႔ရဲ႕ ငယ္ဘဝကလပ္ျဖစ္တဲ့ နယူးဝဲလ္ အိုးဘြိဳင္းစ္ကိုလည္း ေျပာင္းေ႐ႊ႕မယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ၿပီး အေမရိကန္ေမဂ်ာလိဂ္က ေဒးဗစ္ဘက္ခမ္းပိုင္တဲ့ အင္တာ မီယာမီအသင္းကလည္း ေခၚယူဖို႔ ႀကိဳးစားခဲ့ေသးတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။

ပီအက္စ္ဂ်ီရဲ႕ ဘရာဇီးလ္တိုက္စစ္မႉး ေနမာရွိေနတဲ့ အခ်က္အျပင္ မက္ေလာက္စရာ လစာေငြေတြနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း အာဂ်င္တိုင္းသားႀကီးကေတာ့ ကစားသမားဘဝတစ္ေလွ်ာက္ တစ္သင္းတည္းမွာပဲ ကစားၿပီး အနားယူဖို႔ကိုသာ ဦးစားေပးသြားခဲ့သလို သူ႔အသက္က ၃၉ ႏွစ္အထိ ရွိေနမယ့္ ၂၀၂၆ ခုႏွစ္အထိ ႏူးကမ့္မွာ ဆက္ရွိေနဖို႔ ျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.