International

ဆာကာ ပင်နယ်တီ မကန်ခင်မှာ ကျိန်စာတိုက်ခဲ့ကြောင်း ဝန်ခံလိုက်တဲ့ ခေးလီနီ

အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ဝင်ဘလီကွင်းမှာ ကန်ခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်အရောက်မှာတော့ အင်္ဂလန်အသင်းရဲ့ ၃ လုံးမြောက် ပင်နယ်တီ မဝင်တဲ့ ဘူကာယို ဆာကာရဲ့ ကန်ချက်အပြီး အီတလီအသင်းက ဖလားရရှိသွားခဲ့သလို သူ့ရဲ့ ပင်နယ်တီလွဲချော်မှုနောက်မှာ ဂျော်ဂျို ခေးလီနီရဲ့ ပယောဂလည်း မကင်းခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်စွဲတဲ့ နိုင်ပွဲအပြီးမှာ ဆုဖလားကြီးကို ကုတင်ပေါ်တင်ပြီး ညအိပ်တဲ့ အီတလီသားကြီးကတော့ ဆာကာ ပင်နယ်တီမကန်ခင်မှာ သူ့ကို “ကီရီကိုချို”ဆိုပြီး ပါးစပ်က ကျိန်စာတိုက်ပြီး ပြုစားလိုက်တယ်လို့ ဝန်ခံခဲ့သလို သူ့ကျိန်စာက တကယ်အလုပ်ဖြစ်မဖြစ် မသိပေမယ့် ဆာကာရဲ့ ပင်နယ်တီကန်ချက်ကိုတော့ ဂျန်လွီဂျီ ဒွန်နာရမ်မာက ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

ကီရီကိုချိုဆိုတာက အာဂျင်တီးနားကလပ် အက်စတူဒီယန်းတေးစ် ပရိသတ်တစ်ယောက်ရဲ့ တိုက်ဆိုင်မှုတွေကြောင့် သူ့နာမည်ကို အစွဲပြုပြီး ပေးထားတဲ့ အခေါ်အဝေါ်ဖြစ်ပြီး အဲ့ဒီပရိသတ်က လေ့ကျင့်ရေးကွင်းမှာ ရှိနေတိုင်း အသင်းရဲ့ ကစားသမားတွေက ဒဏ်ရာရကုန်ကြတဲ့ အကြိမ်ကြိမ် တိုက်ဆိုင်မှုတွေကြောင့် အသုံးကျယ်ပြန့်လာခဲ့ပါတယ်။

တောင်အမေရိကမှာတော့ ကီရီကိုချိုဆိုတာက “မင်းကို ကျိန်စာတိုက်လိုက်ပြီ”လို့ သတ်မှတ်ကြတဲ့အထိကို အသုံးကျယ်ပြန့်သွားခဲ့ပြီး ခေးလီနီကလည်း ကြံမိကြံရာကြံပြီး အင်္ဂလန်သားလေးကို ပြောခဲ့တာကနေ အီတလီအနေနဲ့ ယူရိုဖလားကြီး ကိုင်မြှောက်ဖို့ပါ အကြောင်းဖန်လာခဲ့တာပါ။

အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ ဂျူဗင်တပ်စ် ဝါရင့်နောက်ခံလူ ခေးလီနီကို ESPN Argentina က ဆာကာအပေါ် လှည့်ဖြားပြီး ကျိန်စာတိုက်ခဲ့သေးလားလို့ မေးမြန်းခဲ့ရာမှာ သူက “ဟဲလို ခရစ္စတီယာနိုရေ၊ မင်းထင်တာတွေ မှန်တယ်လို့ပဲ အတည်ပြုရမှာပေါ့။ ကီရိုကိုချို”လို့ ဖြေကြားသွားခဲ့ပြီး သူ့လုပ်ရပ်အပေါ် ဝန်ခံသွားခဲ့ပါတယ်။

ပြိုင်ဘက်တွေကို နည်းမျိုးစုံသုံးပြီး ဂိုးမပေးရဖို့ တားဆီးရာမှာ နာမည်ဆိုးရှိတဲ့ အီတလီဝါရင့်နောက်ခံလူဟာ အချိန်ပို ပထမပိုင်းမှာ ဆာကာကို လွတ်သွားမှာစိုးလို့ အင်္ကျီကို လှမ်းဆွဲပြီး တားတဲ့ပုံက ဆိုရှယ်မီဒီယာတွေထက်မှာ ‌ရယ်စရာ ခေါင်းစဉ်တွေနဲ့အတူ ဆက်တိုက်နေရာယူခဲ့ပါသေးတယ်။

နိုင်ငံအတွက် အရေးကြီးလှတဲ့ ပွဲစဉ်မှာ အကြံကုန် ဂဠုန်ဆားချက်ဆိုသလိုပဲ လုပ်ဆောင်ခဲ့တဲ့ ခေးလီနီရဲ့ ကျိန်စာက နိုင်ပွဲရ အီတလီပရိသတ်တွေအတွက် ရွှင်မြူးစရာဖြစ်နေနိုင်ပေမယ့် နောက်ဆုံးအချိန်မှာ ကြေကွဲခဲ့ရတဲ့ အင်္ဂလန်ပရိသတ်တွေအတွက်တော့ ခံစားရခက်ခဲတဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းနဲ႔ အီတလီအသင္းတို႔ ဝင္ဘလီကြင္းမွာ ကန္ခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲရဲ႕ ပင္နယ္တီအဆုံးအျဖတ္အေရာက္မွာေတာ့ အဂၤလန္အသင္းရဲ႕ ၃ လုံးေျမာက္ ပင္နယ္တီ မဝင္တဲ့ ဘူကာယို ဆာကာရဲ႕ ကန္ခ်က္အၿပီး အီတလီအသင္းက ဖလားရရွိသြားခဲ့သလို သူ႔ရဲ႕ ပင္နယ္တီလြဲေခ်ာ္မႈေနာက္မွာ ေဂ်ာ္ဂ်ိဳ ေခးလီနီရဲ႕ ပေယာဂလည္း မကင္းခဲ့ဘူးလို႔ သိရပါတယ္။

ဗိုလ္စြဲတဲ့ ႏိုင္ပြဲအၿပီးမွာ ဆုဖလားႀကီးကို ကုတင္ေပၚတင္ၿပီး ညအိပ္တဲ့ အီတလီသားႀကီးကေတာ့ ဆာကာ ပင္နယ္တီမကန္ခင္မွာ သူ႔ကို “ကီရီကိုခ်ိဳ”ဆိုၿပီး ပါးစပ္က က်ိန္စာတိုက္ၿပီး ျပဳစားလိုက္တယ္လို႔ ဝန္ခံခဲ့သလို သူ႔က်ိန္စာက တကယ္အလုပ္ျဖစ္မျဖစ္ မသိေပမယ့္ ဆာကာရဲ႕ ပင္နယ္တီကန္ခ်က္ကိုေတာ့ ဂ်န္လြီဂ်ီ ဒြန္နာရမ္မာက ပုတ္ထုတ္ႏိုင္ခဲ့ပါတယ္။

ကီရီကိုခ်ိဳဆိုတာက အာဂ်င္တီးနားကလပ္ အက္စတူဒီယန္းေတးစ္ ပရိသတ္တစ္ေယာက္ရဲ႕ တိုက္ဆိုင္မႈေတြေၾကာင့္ သူ႔နာမည္ကို အစြဲျပဳၿပီး ေပးထားတဲ့ အေခၚအေဝၚျဖစ္ၿပီး အဲ့ဒီပရိသတ္က ေလ့က်င့္ေရးကြင္းမွာ ရွိေနတိုင္း အသင္းရဲ႕ ကစားသမားေတြက ဒဏ္ရာရကုန္ၾကတဲ့ အႀကိမ္ႀကိမ္ တိုက္ဆိုင္မႈေတြေၾကာင့္ အသုံးက်ယ္ျပန႔္လာခဲ့ပါတယ္။

ေတာင္အေမရိကမွာေတာ့ ကီရီကိုခ်ိဳဆိုတာက “မင္းကို က်ိန္စာတိုက္လိုက္ၿပီ”လို႔ သတ္မွတ္ၾကတဲ့အထိကို အသုံးက်ယ္ျပန႔္သြားခဲ့ၿပီး ေခးလီနီကလည္း ႀကံမိႀကံရာႀကံၿပီး အဂၤလန္သားေလးကို ေျပာခဲ့တာကေန အီတလီအေနနဲ႔ ယူ႐ိုဖလားႀကီး ကိုင္ေျမႇာက္ဖို႔ပါ အေၾကာင္းဖန္လာခဲ့တာပါ။

အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္စ္ ဝါရင့္ေနာက္ခံလူ ေခးလီနီကို ESPN Argentina က ဆာကာအေပၚ လွည့္ျဖားၿပီး က်ိန္စာတိုက္ခဲ့ေသးလားလို႔ ေမးျမန္းခဲ့ရာမွာ သူက “ဟဲလို ခရစၥတီယာႏိုေရ၊ မင္းထင္တာေတြ မွန္တယ္လို႔ပဲ အတည္ျပဳရမွာေပါ့။ ကီ႐ိုကိုခ်ိဳ”လို႔ ေျဖၾကားသြားခဲ့ၿပီး သူ႔လုပ္ရပ္အေပၚ ဝန္ခံသြားခဲ့ပါတယ္။

ၿပိဳင္ဘက္ေတြကို နည္းမ်ိဳးစုံသုံးၿပီး ဂိုးမေပးရဖို႔ တားဆီးရာမွာ နာမည္ဆိုးရွိတဲ့ အီတလီဝါရင့္ေနာက္ခံလူဟာ အခ်ိန္ပို ပထမပိုင္းမွာ ဆာကာကို လြတ္သြားမွာစိုးလို႔ အက်ႌကို လွမ္းဆြဲၿပီး တားတဲ့ပုံက ဆိုရွယ္မီဒီယာေတြထက္မွာ ‌ရယ္စရာ ေခါင္းစဥ္ေတြနဲ႔အတူ ဆက္တိုက္ေနရာယူခဲ့ပါေသးတယ္။

ႏိုင္ငံအတြက္ အေရးႀကီးလွတဲ့ ပြဲစဥ္မွာ အႀကံကုန္ ဂဠဳန္ဆားခ်က္ဆိုသလိုပဲ လုပ္ေဆာင္ခဲ့တဲ့ ေခးလီနီရဲ႕ က်ိန္စာက ႏိုင္ပြဲရ အီတလီပရိသတ္ေတြအတြက္ ႐ႊင္ျမဴးစရာျဖစ္ေနႏိုင္ေပမယ့္ ေနာက္ဆုံးအခ်ိန္မွာ ေၾကကြဲခဲ့ရတဲ့ အဂၤလန္ပရိသတ္ေတြအတြက္ေတာ့ ခံစားရခက္ခဲတဲ့ သတင္းတစ္ပုဒ္ပဲ ျဖစ္ႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.