International

ဧကစာကျင့်နေတဲ့ ဇီဒန်းကြောင့် ပြင်သစ်နည်းပြရာထူးအပြောင်းအလဲအတွက် ခန့်မှန်းနေကြ

ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီး နောက်ထပ်အသင်းသစ်တစ်သင်း မရှာတော့ဘူးလို့ ပြောထားတဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ လက်ရှိမှာ အေးအေးဆေးဆေးပဲ သူ့ရဲ့ အနာဂတ်အတွက် တွေးတောပြင်ဆင်နေပြီး အလုပ်များလှတဲ့ သူတို့လောကကနေ အနားယူ အားမွေးနေတာလည်း ဖြစ်ပါတယ်။

ဘာနေဗျူးကို ချန်ပီယံလိဂ်ဖလား ၃ လုံး ယူဆောင်ပေးနိုင်ခဲ့တဲ့ အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်လက်ရွေးစင်ဟောင်းကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား ၂ လုံးအပြင် စပိန်ဆူပါဖလားနဲ့ ယူအီးအက်ဖ်အေ ဆူပါဖလားနှစ်လုံးစီကိုလည်း ဆွတ်ခူးပေးခဲ့သူဖြစ်ပေမယ့် ၂၀၂၀-၂၁ ရာသီကို ဖလားလက်မဲ့ ပိတ်သိမ်းခဲ့ရအပြီးမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆုဖလားတွေ ရှာဖွေနိုင်ခဲ့တဲ့ မှတ်တမ်းကို သဘောကျတဲ့ ဥရောပအသင်းကြီးတွေများစွာ ရှိနေပေမယ့် ဇီဒန်းအနေနဲ့ ကလပ်အသင်းနည်းပြဘဝကို ပြန်သွားဖို့ မရှိဘူးလို့ နီးစပ်ရာအသိုင်းအဝိုင်းကလည်းဆိုပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် FFF ကတော့ လက်ရှိနည်းပြ ဒီဒီယေး ဒေးရွှမ့်စ်ကို ယူရို ၂၀၂၀ မှာ စောစောစီးစီး ထွက်ခွာခဲ့ရပေမယ့် လမ်းခွဲသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုထားတာကြောင့် ဘာတွေဖြစ်မလဲ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း အုပ်စုချောင်လွန်းနေတဲ့ အနေအထားအရ ရလဒ်ပိုင်းနဲ့တော့ နည်းပြ အပြောင်းအလဲလုပ်ဖို့က ခက်ခဲမှာဖြစ်ပါတယ်။

အဖွဲ့ချုပ်ဥက္ကဌ နိုဝယ် လူဂတ်အနေနဲ့တော့ လက်ရွေးစင်အသင်းကို ဇီဒန်းဆီ အပ်ချင်နေပေမယ့် သူ့ရဲ့ ၉၈ ကမ္ဘာ့ဖလားအသင်းဖော်ဟောင်း ဒေးရွှမ့်စ်မှာ ပြစ်ချက်ကြီးကြီးမားမား ရှိမနေတဲ့အတွက် ကာတာ ၂၀၂၂ ပြီးအောင် စောင့်ဆိုင်းရနိုင်သလို လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်သာ ကိုင်တွယ်ဖို့ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကတော့ ဘာနေဗျူးကနေ ဇီဒန်း မထွက်ခွာဖို့ သူ့အနေနဲ့ တတ်စွမ်းသမျှ တိုက်ပွဲဝင်ခဲ့ပြီး တားမရလို့သာ လက်လွှတ်လိုက်ရတာဖြစ်ကြောင်းနဲ့ အသင်းဂုဏ်ဆောင် ဂန္ထဝင်တစ်ဦးအဖြစ် အမြဲတမ်း ကျေးဇူးတင်နေမှာဖြစ်သလို သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒပြည့်ဝပါစေကြောင်း ဆုတောင်းသွားခဲ့ပါတယ်။

ဒါကြောင့် ဇီဒန်းရဲ့ ဆန္ဒ ပြည့်ဝဖို့အတွက် လှေနဲ့ ဆိပ်ကမ်း တစ်နေ့တွေ့မယ်ဆိုတဲ့ ထားဝယ်စကားပုံလို ဘယ်နေ့ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပြီး ၂၀၁၈ က ဂုဏ်သိက္ခာကို မထိန်းနိုင်ခဲ့တဲ့ ဒေးရွှမ့်စ်အနေနဲ့ သူ့အသင်းဖော်ဟောင်းကို လက်လွှဲခဲ့မယ်ဆိုရင်တော့ ကလပ်အသင်း နည်းပြဘဝမှာ စံချိန်ကောင်းတွေ တစ်သီကြီးနဲ့ ဇီဇူးတစ်ယောက် ပြင်သစ်လက်ရွေးစင်အသင်းမှာ အမြန်ဆုံး တွေ့မြင်ရစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာၿပီး ေနာက္ထပ္အသင္းသစ္တစ္သင္း မရွာေတာ့ဘူးလို႔ ေျပာထားတဲ့ နည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ လက္ရွိမွာ ေအးေအးေဆးေဆးပဲ သူ႔ရဲ႕ အနာဂတ္အတြက္ ေတြးေတာျပင္ဆင္ေနၿပီး အလုပ္မ်ားလွတဲ့ သူတို႔ေလာကကေန အနားယူ အားေမြးေနတာလည္း ျဖစ္ပါတယ္။

ဘာေနဗ်ဴးကို ခ်န္ပီယံလိဂ္ဖလား ၃ လုံး ယူေဆာင္ေပးႏိုင္ခဲ့တဲ့ အယ္လ္ဂ်ီးရီးယားႏြယ္ဖြား ျပင္သစ္လက္ေ႐ြးစင္ေဟာင္းႀကီးဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ လာလီဂါဖလား ၂ လုံးအျပင္ စပိန္ဆူပါဖလားနဲ႔ ယူအီးအက္ဖ္ေအ ဆူပါဖလားႏွစ္လုံးစီကိုလည္း ဆြတ္ခူးေပးခဲ့သူျဖစ္ေပမယ့္ ၂၀၂၀-၂၁ ရာသီကို ဖလားလက္မဲ့ ပိတ္သိမ္းခဲ့ရအၿပီးမွာ အသင္းက ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ ဆုဖလားေတြ ရွာေဖြႏိုင္ခဲ့တဲ့ မွတ္တမ္းကို သေဘာက်တဲ့ ဥေရာပအသင္းႀကီးေတြမ်ားစြာ ရွိေနေပမယ့္ ဇီဒန္းအေနနဲ႔ ကလပ္အသင္းနည္းျပဘဝကို ျပန္သြားဖို႔ မရွိဘူးလို႔ နီးစပ္ရာအသိုင္းအဝိုင္းကလည္းဆိုၿပီး ၂၀၂၂ ကာတာ ကမာၻ႔ဖလားမွာ ျပင္သစ္လက္ေ႐ြးစင္အသင္းကို ကိုင္တြယ္ဖို႔ ဆႏၵရွိေနတယ္လို႔လည္း ဆိုပါတယ္။

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ FFF ကေတာ့ လက္ရွိနည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္ကို ယူ႐ို ၂၀၂၀ မွာ ေစာေစာစီးစီး ထြက္ခြာခဲ့ရေပမယ့္ လမ္းခြဲသြားဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ ဆိုထားတာေၾကာင့္ ဘာေတြျဖစ္မလဲ ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲမွာလည္း အုပ္စုေခ်ာင္လြန္းေနတဲ့ အေနအထားအရ ရလဒ္ပိုင္းနဲ႔ေတာ့ နည္းျပ အေျပာင္းအလဲလုပ္ဖို႔က ခက္ခဲမွာျဖစ္ပါတယ္။

အဖြဲ႕ခ်ဳပ္ဥကၠဌ ႏိုဝယ္ လူဂတ္အေနနဲ႔ေတာ့ လက္ေ႐ြးစင္အသင္းကို ဇီဒန္းဆီ အပ္ခ်င္ေနေပမယ့္ သူ႔ရဲ႕ ၉၈ ကမာၻ႔ဖလားအသင္းေဖာ္ေဟာင္း ေဒး႐ႊမ့္စ္မွာ ျပစ္ခ်က္ႀကီးႀကီးမားမား ရွိမေနတဲ့အတြက္ ကာတာ ၂၀၂၂ ၿပီးေအာင္ ေစာင့္ဆိုင္းရႏိုင္သလို လာမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္သာ ကိုင္တြယ္ဖို႔ ျဖစ္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းေနၾကပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကေတာ့ ဘာေနဗ်ဴးကေန ဇီဒန္း မထြက္ခြာဖို႔ သူ႔အေနနဲ႔ တတ္စြမ္းသမွ် တိုက္ပြဲဝင္ခဲ့ၿပီး တားမရလို႔သာ လက္လႊတ္လိုက္ရတာျဖစ္ေၾကာင္းနဲ႔ အသင္းဂုဏ္ေဆာင္ ဂႏၴဝင္တစ္ဦးအျဖစ္ အၿမဲတမ္း ေက်းဇူးတင္ေနမွာျဖစ္သလို သူ႔ရဲ႕ အိပ္မက္ျဖစ္တဲ့ လက္ေ႐ြးစင္အသင္းကို ကိုင္တြယ္ဖို႔ ဆႏၵျပည့္ဝပါေစေၾကာင္း ဆုေတာင္းသြားခဲ့ပါတယ္။

ဒါေၾကာင့္ ဇီဒန္းရဲ႕ ဆႏၵ ျပည့္ဝဖို႔အတြက္ ေလွနဲ႔ ဆိပ္ကမ္း တစ္ေန႔ေတြ႕မယ္ဆိုတဲ့ ထားဝယ္စကားပုံလို ဘယ္ေန႔ျဖစ္လာမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ၂၀၁၈ က ဂုဏ္သိကၡာကို မထိန္းႏိုင္ခဲ့တဲ့ ေဒး႐ႊမ့္စ္အေနနဲ႔ သူ႔အသင္းေဖာ္ေဟာင္းကို လက္လႊဲခဲ့မယ္ဆိုရင္ေတာ့ ကလပ္အသင္း နည္းျပဘဝမွာ စံခ်ိန္ေကာင္းေတြ တစ္သီႀကီးနဲ႔ ဇီဇူးတစ္ေယာက္ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ အျမန္ဆုံး ေတြ႕ျမင္ရေစေၾကာင္း ဆုေတာင္းေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.