La Liga

ကာဆီယာ့စ်နဲ့ရာအူးလ်ကို မုန်းတဲ့ ပီရက်ဇ်ရဲ့စကားတွေအတွက် တွစ်တာမှာ ပေါက်ကွဲနေကြ

အီကာ ကာဆီယာ့စ်နဲ့ ရာအူးလ် ဂွန်ဇာလက်ဇ်ဆိုတာက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒေါက်တိုင်တွေဖြစ်ခဲ့ဖူးတဲ့ ကမ္ဘာကျော်ကစားသမားတွေလို့ ဆိုနိုင်ပေမယ့် သူတို့ရဲ့ ဘာနေဗျူးသက်တမ်းတစ်လျှောက်မှာ ဘယ်လိုမျိုး နောက်ကျောကို ဓားနဲ့ထိုးမယ့်သူက စောင့်ဆိုင်းနေခဲ့တယ်ဆိုတာကို လျှို့ဝှက် အသံဖိုင်တွေ ပေါက်ကြားမှုနဲ့အတူ တွစ်တာမှာ မြင်တွေ့ခဲ့ရပါတယ်။

အသင်းအတွက် ၇၂၅ ပွဲ ကစားပေးခဲ့ပြီး ဆုဖလား ၁၉ လုံးရယူပေးနိုင်ခဲ့သလို “စိန့်အီကာ”လို့ သူတော်စင်တစ်ပါးနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ကာဆီယာ့စ်နဲ့ ၇၄၁ ပွဲကစား ၃၂၃ ဂိုးသွင်းပြီး ဆုဖလား ၁၆ လုံး ရယူပေးနိုင်ခဲ့တဲ့ မက်ဒရစ်အိမ်ရှေ့စံလို့ နာမည်ကြီးသူ ရာအူးလ်တို့ကို အမြဲတမ်း မကောင်းမြင်နေသူကတော့ အသင်းမှာ ရှိနေခဲ့ပြီး သူကတော့ လူတိုင်းအံ့အားသင့်စေရမယ့် ဖလော်ရင်တီနို ပီရက်ဇ်ဖြစ်နေတာပါပဲ။

နည်းပြလောကမှာ ဂျိုဆေး မော်ရင်ညိုကို မုန်းတီးကြပေမယ့် အောင်မြင်မှုတွေအတွက် လေးစားကြသေးချိန်မှာ ပီရက်ဇ်ကတော့ တဖြည်းဖြည်းနဲ့ ဟန်ဆောင်မှုတွေ ကွာကျလာခဲ့သလို ပြည်သူ့ချဉ်ဖတ်ဖြစ်လာခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပါ ကန်ထုတ်ခဲ့တဲ့ ဘိုးတော်ဟာ သူ့ရဲ့ အတွင်းကျိတ် ကြံစည်နေခဲ့တဲ့ မကောင်းမှုတွေကို ခုချိန်မှာ ဖွင့်ချခံလိုက်ရတာလည်းဖြစ်ပါတယ်။

“ကာဆီယာ့စ်က ရီးရဲလ်မက်ဒရစ်အဆင့် ဂိုးသမား မဟုတ်ဘူး။ ဘယ်တုန်းကမှ ဒီအဆင့်မရောက်ခဲ့သလို ဘယ်တော့မှလဲ ရောက်လာမှာ မဟုတ်ဘူး။ သူဟာ ကျွန်တော်တို့အသင်းအတွက်တော့ ကျရှုံးမှုတစ်ခုပဲ။ ခက်တာက သူတွေက သူနဲ့ တရင်းတနှီး ချစ်ခင်လေးစားနေကြပြီး သူ့ဘက်ကနေ အကာအကွယ်ပေးနေကြတာ”

“ရာအူးလ်လား… သူက အကြီးမားဆုံး အလိမ်အညာတစ်ခုပဲ။ ကာဆီယာ့စ်က တစ်ဆို သူက နှစ်ပေါ့။ သူတို့ဟာ အင်မတန်မှ တစ်ကိုယ်ကောင်း ဆန်ကြသလို စုစည်းလုပ်ဆောင်ဖို့အတွက် သူတို့ကို ခင်ဗျား စာရင်းထဲ ထည့်နိုင်မှာ မဟုတ်ဘူး။ သူတို့ကို ထည့်သုံးရင် ခင်ဗျားအတွက် ပြဿနာတွေပဲ ဖြစ်လာနိုင်သလို အမှားကြီးမှားသွားလိမ့်မယ်။ ရယ်စရာကောင်တွေပါဗျာ”

ပီရက်ဇ်ဟာ သူတို့ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အကြောင်းတချို့ကြောင့် မုန်းတီးနေပုံရပြီး သူတို့အတွက် မှတ်ချက်ပေးစရာဆိုရင် အဆိုးတွေပဲ ရှိတယ်လို့ ဆိုသွားခဲ့သလို အသင်းနဲ့ ခွဲခွာချိန်မှာ မျက်ရည်လည်ရွဲဖြစ်ခဲ့ရတဲ့ ကာဆီယာ့စ်ရဲ့ လူမှုဘဝကိုလည်း ချန်မထားခဲ့ဘဲ သူ့ရဲ့ ဇနီးဖြစ်သူ ဆာရာ ကာဘိုနာရိုဟာ ပိုက်ဆံနောက်လိုက်ပြီး သူ့ကိုယ်သူ မင်းသမီးထင်နေတဲ့ မိန်းမလို့ စွပ်စွဲသွားခဲ့ပါသေးတယ်။

စီးပွားရေးဆန်ပြီး အကျိုးအမြတ်ကို ကြည့်လွန်းတဲ့ ပီရက်ဇ်ဟာ ရာအူးလ်ကိုတော့ အရှက်ခွဲဖို့ ကြိုးစားခဲ့ပြီး “ဘက်ခမ်းက လုံးဝ စမတ်ကျတဲ့ လူကောင်းတစ်ယောက်ဗျ။ အသင်းအတွက် အင်္ကျီရောင်းရငွေကနေ တစ်နှစ်ကို ပေါင်သန်း ၃၀ လောက် ရှာပေးတယ်၊ ရော်နယ်လ်ဒို နာဇာရီယိုလည်း ဒီလိုပဲ။ ဇီဒန်းကတော့ ၂၅ သန်းလောက် ရှာပေးနိုင်တယ်။ ဒါပေမယ့် ရာအူးလ်ကတော့ ဘာအင်္ကျီမှ မရောင်းရသလို ဘာမှလည်း တန်ဖိုးမရှိပါဘူး”လို့ ဆိုခဲ့တာပါ။

ဒီအချိန်မှာ အသင်းကနေ ရော်နယ်လ်ဒိုကို ရောင်းထုတ်ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ရလဒ်တွေ ကျဆင်းလာခဲ့တာ၊ အသင်းရဲ့ ပဲ့ကိုင်ရှင် ဇီဒန်းပါ အသင်းကို ဒုတိယအကြိမ် စွန့်ခွာသွားခဲ့တာတွေက ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲဖို့ဖြစ်လာခဲ့ပြီး လူမည်းကစားသမားတွေကိုပါ ခေါ်ယူဖို့ ရှောင်ရှားပြီး ရှိတဲ့သူထဲက ကလို့ဒ် မာကေလေလေလိုလူမျိုးကို ရှင်းထုတ်ခဲ့တာတွေကလည်း မုန်းတီးမှုတွေကို ပိုမိုကြီးထွားစေခဲ့တာဖြစ်ပါတယ်။

ဒါတွေအားလုံးကို စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ El Confidential က ထုတ်ဖော်ခဲ့တာဖြစ်ပြီး ပီရက်ဇ်ကတော့ ဒါတွေဟာ တရားမဝင်လို ခိုင်လုံမှု မရှိဘူးလို့ ငြင်းဆန်သွားခဲ့ပေမယ့် ကစားသမားတွေကို ချစ်မြတ်နိုးတဲ့ ဘောလုံးပရိသတ်တွေက တွစ်တာပေါ်မှာ ပြန်လည်တိုက်ခိုက်ခဲ့ကြပြီး “မင်းဟာ ငါတို့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဘယ်တုန်းကမှ ဥက္ကဌမဖြစ်ခဲ့သလို အကြီးမားဆုံး ဆုံးရှုံးလိမ်ညာမှုပဲ”လို့ သူ့စကားနဲ့သူ တုံ့ပြန်မှုတွေကတော့ ရေပန်းစားနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီကာ ကာဆီယာ့စ္နဲ႔ ရာအူးလ္ ဂြန္ဇာလက္ဇ္ဆိုတာက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေဒါက္တိုင္ေတြျဖစ္ခဲ့ဖူးတဲ့ ကမာၻေက်ာ္ကစားသမားေတြလို႔ ဆိုႏိုင္ေပမယ့္ သူတို႔ရဲ႕ ဘာေနဗ်ဴးသက္တမ္းတစ္ေလွ်ာက္မွာ ဘယ္လိုမ်ိဳး ေနာက္ေက်ာကို ဓားနဲ႔ထိုးမယ့္သူက ေစာင့္ဆိုင္းေနခဲ့တယ္ဆိုတာကို လွ်ိဳ႕ဝွက္ အသံဖိုင္ေတြ ေပါက္ၾကားမႈနဲ႔အတူ တြစ္တာမွာ ျမင္ေတြ႕ခဲ့ရပါတယ္။

အသင္းအတြက္ ၇၂၅ ပြဲ ကစားေပးခဲ့ၿပီး ဆုဖလား ၁၉ လုံးရယူေပးႏိုင္ခဲ့သလို “စိန႔္အီကာ”လို႔ သူေတာ္စင္တစ္ပါးနဲ႔ ႏႈိင္းယွဥ္ခံခဲ့ရတဲ့ ကာဆီယာ့စ္နဲ႔ ၇၄၁ ပြဲကစား ၃၂၃ ဂိုးသြင္းၿပီး ဆုဖလား ၁၆ လုံး ရယူေပးႏိုင္ခဲ့တဲ့ မက္ဒရစ္အိမ္ေရွ႕စံလို႔ နာမည္ႀကီးသူ ရာအူးလ္တို႔ကို အၿမဲတမ္း မေကာင္းျမင္ေနသူကေတာ့ အသင္းမွာ ရွိေနခဲ့ၿပီး သူကေတာ့ လူတိုင္းအံ့အားသင့္ေစရမယ့္ ဖေလာ္ရင္တီႏို ပီရက္ဇ္ျဖစ္ေနတာပါပဲ။

နည္းျပေလာကမွာ ဂ်ိဳေဆး ေမာ္ရင္ညိဳကို မုန္းတီးၾကေပမယ့္ ေအာင္ျမင္မႈေတြအတြက္ ေလးစားၾကေသးခ်ိန္မွာ ပီရက္ဇ္ကေတာ့ တျဖည္းျဖည္းနဲ႔ ဟန္ေဆာင္မႈေတြ ကြာက်လာခဲ့သလို ျပည္သူ႔ခ်ဥ္ဖတ္ျဖစ္လာခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုပါ ကန္ထုတ္ခဲ့တဲ့ ဘိုးေတာ္ဟာ သူ႔ရဲ႕ အတြင္းက်ိတ္ ႀကံစည္ေနခဲ့တဲ့ မေကာင္းမႈေတြကို ခုခ်ိန္မွာ ဖြင့္ခ်ခံလိုက္ရတာလည္းျဖစ္ပါတယ္။

“ကာဆီယာ့စ္က ရီးရဲလ္မက္ဒရစ္အဆင့္ ဂိုးသမား မဟုတ္ဘူး။ ဘယ္တုန္းကမွ ဒီအဆင့္မေရာက္ခဲ့သလို ဘယ္ေတာ့မွလဲ ေရာက္လာမွာ မဟုတ္ဘူး။ သူဟာ ကြၽန္ေတာ္တို႔အသင္းအတြက္ေတာ့ က်ရႈံးမႈတစ္ခုပဲ။ ခက္တာက သူေတြက သူနဲ႔ တရင္းတႏွီး ခ်စ္ခင္ေလးစားေနၾကၿပီး သူ႔ဘက္ကေန အကာအကြယ္ေပးေနၾကတာ”

“ရာအူးလ္လား… သူက အႀကီးမားဆုံး အလိမ္အညာတစ္ခုပဲ။ ကာဆီယာ့စ္က တစ္ဆို သူက ႏွစ္ေပါ့။ သူတို႔ဟာ အင္မတန္မွ တစ္ကိုယ္ေကာင္း ဆန္ၾကသလို စုစည္းလုပ္ေဆာင္ဖို႔အတြက္ သူတို႔ကို ခင္ဗ်ား စာရင္းထဲ ထည့္ႏိုင္မွာ မဟုတ္ဘူး။ သူတို႔ကို ထည့္သုံးရင္ ခင္ဗ်ားအတြက္ ျပႆနာေတြပဲ ျဖစ္လာႏိုင္သလို အမွားႀကီးမွားသြားလိမ့္မယ္။ ရယ္စရာေကာင္ေတြပါဗ်ာ”

ပီရက္ဇ္ဟာ သူတို႔ကို ပုဂၢိဳလ္ေရးဆန္တဲ့ အေၾကာင္းတခ်ိဳ႕ေၾကာင့္ မုန္းတီးေနပုံရၿပီး သူတို႔အတြက္ မွတ္ခ်က္ေပးစရာဆိုရင္ အဆိုးေတြပဲ ရွိတယ္လို႔ ဆိုသြားခဲ့သလို အသင္းနဲ႔ ခြဲခြာခ်ိန္မွာ မ်က္ရည္လည္႐ြဲျဖစ္ခဲ့ရတဲ့ ကာဆီယာ့စ္ရဲ႕ လူမႈဘဝကိုလည္း ခ်န္မထားခဲ့ဘဲ သူ႔ရဲ႕ ဇနီးျဖစ္သူ ဆာရာ ကာဘိုနာ႐ိုဟာ ပိုက္ဆံေနာက္လိုက္ၿပီး သူ႔ကိုယ္သူ မင္းသမီးထင္ေနတဲ့ မိန္းမလို႔ စြပ္စြဲသြားခဲ့ပါေသးတယ္။

စီးပြားေရးဆန္ၿပီး အက်ိဳးအျမတ္ကို ၾကည့္လြန္းတဲ့ ပီရက္ဇ္ဟာ ရာအူးလ္ကိုေတာ့ အရွက္ခြဲဖို႔ ႀကိဳးစားခဲ့ၿပီး “ဘက္ခမ္းက လုံးဝ စမတ္က်တဲ့ လူေကာင္းတစ္ေယာက္ဗ်။ အသင္းအတြက္ အက်ႌေရာင္းရေငြကေန တစ္ႏွစ္ကို ေပါင္သန္း ၃၀ ေလာက္ ရွာေပးတယ္၊ ေရာ္နယ္လ္ဒို နာဇာရီယိုလည္း ဒီလိုပဲ။ ဇီဒန္းကေတာ့ ၂၅ သန္းေလာက္ ရွာေပးႏိုင္တယ္။ ဒါေပမယ့္ ရာအူးလ္ကေတာ့ ဘာအက်ႌမွ မေရာင္းရသလို ဘာမွလည္း တန္ဖိုးမရွိပါဘူး”လို႔ ဆိုခဲ့တာပါ။

ဒီအခ်ိန္မွာ အသင္းကေန ေရာ္နယ္လ္ဒိုကို ေရာင္းထုတ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ လာလီဂါမွာ ရလဒ္ေတြ က်ဆင္းလာခဲ့တာ၊ အသင္းရဲ႕ ပဲ့ကိုင္ရွင္ ဇီဒန္းပါ အသင္းကို ဒုတိယအႀကိမ္ စြန႔္ခြာသြားခဲ့တာေတြက ခ်ိန္ကိုက္ဗုံးတစ္လုံးလို ေပါက္ကြဲဖို႔ျဖစ္လာခဲ့ၿပီး လူမည္းကစားသမားေတြကိုပါ ေခၚယူဖို႔ ေရွာင္ရွားၿပီး ရွိတဲ့သူထဲက ကလို႔ဒ္ မာေကေလေလလိုလူမ်ိဳးကို ရွင္းထုတ္ခဲ့တာေတြကလည္း မုန္းတီးမႈေတြကို ပိုမိုႀကီးထြားေစခဲ့တာျဖစ္ပါတယ္။

ဒါေတြအားလုံးကို စပိန္သတင္းဌာနတစ္ခုျဖစ္တဲ့ El Confidential က ထုတ္ေဖာ္ခဲ့တာျဖစ္ၿပီး ပီရက္ဇ္ကေတာ့ ဒါေတြဟာ တရားမဝင္လို ခိုင္လုံမႈ မရွိဘူးလို႔ ျငင္းဆန္သြားခဲ့ေပမယ့္ ကစားသမားေတြကို ခ်စ္ျမတ္ႏိုးတဲ့ ေဘာလုံးပရိသတ္ေတြက တြစ္တာေပၚမွာ ျပန္လည္တိုက္ခိုက္ခဲ့ၾကၿပီး “မင္းဟာ ငါတို႔ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ဘယ္တုန္းကမွ ဥကၠဌမျဖစ္ခဲ့သလို အႀကီးမားဆုံး ဆုံးရႈံးလိမ္ညာမႈပဲ”လို႔ သူ႔စကားနဲ႔သူ တုံ႔ျပန္မႈေတြကေတာ့ ေရပန္းစားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.