Premier League Transfer News

13 Jul နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ရိုးမားနောက်ခံလူ ဂျန်လူကာ မန်ချီနီကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ နောက်ခံလူ ကာ့ထ် ဇူးမားနဲ့ တိုက်ရိုက်အလဲအလှယ်သဘောနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရောမကလပ်က နောက်ခံလူ ပြင်သစ်သားအပြင် နောက်ထပ် ပေါင် ၁၀ သန်းပါ အလိုရှိနေတာကြောင့် အပြောင်းအရွှေ့အတွက် ထပ်မံဆွေးနွေးညှိနှိုင်းသွားဖို့ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အွန်ထွာ ဂရီးဇ်မန်းကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းလာခဲ့ပြီး အငှားနဲ့ ခေါ်ယူဖို့ ကက်တလန်အခြေစိုက်ကလပ်ကို စတင်ကမ်းလှမ်းထားပေမယ့်လည်း နူးကမ့်ဘက်က အပြီးသတ်ရောင်းချပြီး ဘဏ္ဍာရေးအကျပ်အတည်းဖြေရှင်းဖို့ ဦးစားပေးနေတာကြောင့် အဆင်မပြေနိုင်ဘဲဖြစ်နေ။

– ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လန်ဒန်ကလပ်အနေနဲ့ ရင်းနေး ကွင်းလယ်လူ အီဒူယာဒို ကာမာဗင်ဂါကို ခေါ်ယူနိုင်ခဲ့ရင် ကွန်တေအတွက် စပိန်တော်ဝင်ကလပ်ဘက်မှ စတင်ကမ်းလှမ်းသွားဖို့ ရှိနေကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ အာလင်း ဟာလန်းက သူ့ရဲ့ Instagram မှာ Nike တံဆိပ်ပါ အပြာရောင်အင်္ကျီဝတ်ထားတဲ့ ဓါတ်ပုံကို တင်ခဲ့တာကြောင့် စောင့်ကြည့်သူတွေကြားမှာ သို့လောသို့လောဖြစ်ခဲ့ကြပြီး လန်ဒန်ကလပ်ကို ပြောင်းရွှေ့လာတော့မယ်လို့ အသိပေးလိုက်တာလားဆိုပြီး စတမ်းဖို့ဒ်ဘရစ်ချ်ပရိသတ်တွေက ခန့်မှန်းနေကြ။

– အသင်းက ဘယ်သူတွေ ရောင်းစေချင်သလဲလို့ Football London က ချဲလ်ဆီးပရိသတ်တွေကို ဆန္ဒမဲတောင်းခံခဲ့ရာမှာတော့ ၈၄% က မစ်ရှီ ဘက်ရှဝါယီကို ရောင်းထုတ်စေချင်ကြပြီး တမ်မီ အေဘရာဟမ်ကိုလည်း ရောင်းထုတ်ဖို့ ပရိသတ်တွေရဲ့ ၅၈% က ဆန္ဒပြုနေပေမယ့် ဟာကင်မ် ဇီးယက်ရှ်ကိုတော့ ၃၆% သာ ရောင်းစေချင်ကြကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ပစ်မှတ် အာလင်း ဟာလန်းအနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကနေ ပျောက်ဆုံးနေပြီး ရာသီကြို အသင်းနဲ့ ပူးပေါင်းမှုတွေမှာလည်း မြင်တွေ့ခဲ့ရခြင်း မရှိတာကြောင့် အင်္ဂလန်မြေကို ရောက်ရှိနေပြီး ချဲလ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့အတွက် စီစဉ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာ။

– ယူရိုချန်ပီယံ အီတလီအသင်းရဲ့ နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို ခေါ်ယူဖို့ နာပိုလီအသင်းက စတင်ချိတ်ဆက်လာခဲ့ပြီး ယူရို ၈ သန်းကနေ ယူရို ၁၀ သန်းကြားက ပမာဏတစ်ခုနဲ့ စတင်ကမ်းလှမ်းခဲ့သလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း ၁ နှစ်ပဲ ကျန်တော့တဲ့အချက်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ ရတဲ့ဈေးနဲ့ ရောင်းထုတ်နိုင်ဖွယ်ရှိကြောင်းသိရ။

– ကွင်းလယ်ကစားသမား တီမူး ဘာကာယိုကိုကို ချဲလ်ဆီးအနေနဲ့ ပေါင်သန်း ၂၀ အလိုရှိနေပေမယ့် အေစီမီလန်အသင်းကတော့ တစ်ဝက်ဈေးဖြစ်တဲ့ ပေါင် ၁၀ သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် နာပိုလီရဲ့ ကမ်းလှမ်းမှုကိုပဲ စောင့်ကြည့်ရတော့မယ့် အနေအထားဖြစ်လာခဲ့ပြီး ပေါင် ၁၇ သန်းဝန်းကျင်နဲ့ ရောင်းထွက်နိုင်ကြောင်း သုံးသပ်သူများပြား။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာကင်မ် ဇီးယက်ရှ်ကို အငှားနဲ့ခေါ်ယူဖို့ အေစီမီလန်အသင်းက ကြိုးစားလာခဲ့ပြီး ရာသီကုန်မှာ အပြီးသတ်ဝယ်ယူမယ့်အချက် ထည့်သွင်းလာနိုင်သလို လန်ဒန်ကလပ်အနေနဲ့လည်း ပေါင်သန်း ၃၀ ကျော် ရမယ်ဆို ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်းသိရ။

– ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ်က နည်းပြ သောမက်စ် တူဟယ်လ်အနေနဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် အစားထိုးစရာ ကစားသမားကို ရှာတွေ့ထားပြီးဖြစ်ကြောင်း ပြောသွားခဲ့ပြီး နောဝစ်ခ်ျအသင်းကို မကြာသေးမီကမှ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘီလီ ဂီလ်မိုးကို ရည်ညွှန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ႐ိုးမားေနာက္ခံလူ ဂ်န္လူကာ မန္ခ်ီနီကို ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ေနာက္ခံလူ ကာ့ထ္ ဇူးမားနဲ႔ တိုက္႐ိုက္အလဲအလွယ္သေဘာနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ေရာမကလပ္က ေနာက္ခံလူ ျပင္သစ္သားအျပင္ ေနာက္ထပ္ ေပါင္ ၁၀ သန္းပါ အလိုရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕အတြက္ ထပ္မံေဆြးေႏြးညႇိႏႈိင္းသြားဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကစားသမား အြန္ထြာ ဂရီးဇ္မန္းကို ေခၚယူႏိုင္ဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာခဲ့ၿပီး အငွားနဲ႔ ေခၚယူဖို႔ ကက္တလန္အေျခစိုက္ကလပ္ကို စတင္ကမ္းလွမ္းထားေပမယ့္လည္း ႏူးကမ့္ဘက္က အၿပီးသတ္ေရာင္းခ်ၿပီး ဘ႑ာေရးအက်ပ္အတည္းေျဖရွင္းဖို႔ ဦးစားေပးေနတာေၾကာင့္ အဆင္မေျပႏိုင္ဘဲျဖစ္ေန။

– ရီးယဲလ္မက္ဒရစ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး လန္ဒန္ကလပ္အေနနဲ႔ ရင္းေနး ကြင္းလယ္လူ အီဒူယာဒို ကာမာဗင္ဂါကို ေခၚယူႏိုင္ခဲ့ရင္ ကြန္ေတအတြက္ စပိန္ေတာ္ဝင္ကလပ္ဘက္မွ စတင္ကမ္းလွမ္းသြားဖို႔ ရွိေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ အာလင္း ဟာလန္းက သူ႔ရဲ႕ Instagram မွာ Nike တံဆိပ္ပါ အျပာေရာင္အက်ႌဝတ္ထားတဲ့ ဓါတ္ပုံကို တင္ခဲ့တာေၾကာင့္ ေစာင့္ၾကည့္သူေတြၾကားမွာ သို႔ေလာသို႔ေလာျဖစ္ခဲ့ၾကၿပီး လန္ဒန္ကလပ္ကို ေျပာင္းေ႐ႊ႕လာေတာ့မယ္လို႔ အသိေပးလိုက္တာလားဆိုၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ပရိသတ္ေတြက ခန႔္မွန္းေနၾက။

– အသင္းက ဘယ္သူေတြ ေရာင္းေစခ်င္သလဲလို႔ Football London က ခ်ဲလ္ဆီးပရိသတ္ေတြကို ဆႏၵမဲေတာင္းခံခဲ့ရာမွာေတာ့ ၈၄% က မစ္ရွီ ဘက္ရွဝါယီကို ေရာင္းထုတ္ေစခ်င္ၾကၿပီး တမ္မီ ေအဘရာဟမ္ကိုလည္း ေရာင္းထုတ္ဖို႔ ပရိသတ္ေတြရဲ႕ ၅၈% က ဆႏၵျပဳေနေပမယ့္ ဟာကင္မ္ ဇီးယက္ရွ္ကိုေတာ့ ၃၆% သာ ေရာင္းေစခ်င္ၾကေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ပစ္မွတ္ အာလင္း ဟာလန္းအေနနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္ကေန ေပ်ာက္ဆုံးေနၿပီး ရာသီႀကိဳ အသင္းနဲ႔ ပူးေပါင္းမႈေတြမွာလည္း ျမင္ေတြ႕ခဲ့ရျခင္း မရွိတာေၾကာင့္ အဂၤလန္ေျမကို ေရာက္ရွိေနၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ စီစဥ္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာ။

– ယူ႐ိုခ်န္ပီယံ အီတလီအသင္းရဲ႕ ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို ေခၚယူဖို႔ နာပိုလီအသင္းက စတင္ခ်ိတ္ဆက္လာခဲ့ၿပီး ယူ႐ို ၈ သန္းကေန ယူ႐ို ၁၀ သန္းၾကားက ပမာဏတစ္ခုနဲ႔ စတင္ကမ္းလွမ္းခဲ့သလို သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ၁ ႏွစ္ပဲ က်န္ေတာ့တဲ့အခ်က္ေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ရတဲ့ေဈးနဲ႔ ေရာင္းထုတ္ႏိုင္ဖြယ္ရွိေၾကာင္းသိရ။

– ကြင္းလယ္ကစားသမား တီမူး ဘာကာယိုကိုကို ခ်ဲလ္ဆီးအေနနဲ႔ ေပါင္သန္း ၂၀ အလိုရွိေနေပမယ့္ ေအစီမီလန္အသင္းကေတာ့ တစ္ဝက္ေဈးျဖစ္တဲ့ ေပါင္ ၁၀ သန္းနဲ႔သာ ကမ္းလွမ္းခဲ့တာေၾကာင့္ နာပိုလီရဲ႕ ကမ္းလွမ္းမႈကိုပဲ ေစာင့္ၾကည့္ရေတာ့မယ့္ အေနအထားျဖစ္လာခဲ့ၿပီး ေပါင္ ၁၇ သန္းဝန္းက်င္နဲ႔ ေရာင္းထြက္ႏိုင္ေၾကာင္း သုံးသပ္သူမ်ားျပား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဟာကင္မ္ ဇီးယက္ရွ္ကို အငွားနဲ႔ေခၚယူဖို႔ ေအစီမီလန္အသင္းက ႀကိဳးစားလာခဲ့ၿပီး ရာသီကုန္မွာ အၿပီးသတ္ဝယ္ယူမယ့္အခ်က္ ထည့္သြင္းလာႏိုင္သလို လန္ဒန္ကလပ္အေနနဲ႔လည္း ေပါင္သန္း ၃၀ ေက်ာ္ ရမယ္ဆို ေရာင္းထုတ္ဖို႔ စဥ္းစားေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဂ်င္မီ ဖလြိဳက္ ဟက္ဆယ္ဘိန႔္ခ္က နည္းျပ ေသာမက္စ္ တူဟယ္လ္အေနနဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳအတြက္ အစားထိုးစရာ ကစားသမားကို ရွာေတြ႕ထားၿပီးျဖစ္ေၾကာင္း ေျပာသြားခဲ့ၿပီး ေနာဝစ္ခ္်အသင္းကို မၾကာေသးမီကမွ အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဘီလီ ဂီလ္မိုးကို ရည္ၫႊန္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.