Premier League

ဖော်မြူလာဝမ်းချန်ပီယံကတောင် လှမ်းအားကျရတဲ့ ရော်နယ်လ်ဒိုရဲ့ သမ္ဘာနဲ့ အောင်မြင်မှု

ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတာ ဘောလုံးလောကမှာ ကစားသမားတော်တော်များများရဲ့ စံပြုစရာ Idol ဖြစ်ပြီး မက်ဆီလို ပါရမီကောင်းမျိုး ပိုင်ဆိုင်မထားသူတွေအတွက် ကြိုးစားမှုရဲ့ ပြယုဂ်နဲ့ အသီးအပွင့်ဆိုတာကို ဘယ်လိုခံစားရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်တက်ကြွစရာ အတူယူဖွယ်လူမျိုး ဖြစ်နေခဲ့တာ ဆယ်စုနှစ်စုတစ်ကျော် ကြာခဲ့ပါပြီ။

ဒါပေမယ့် နောက်ဆုံးသတင်းတချို့အရတော့ ရော်နယ်လ်ဒိုကို လေးစားအားကျတဲ့အထဲမှာ တခြားအားကစားနည်းက ကစားသမားတွေလည်း ရှိနေပြီး ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲက ရက်ဒ်ဘူးလ်ဒရိုက်ဘာ မက်စ် ဗားစတက်ပန်က ပေါ်တူဂီသားကြီးလိုမျိုး အသက်အရွယ်ရလာတဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်ရည် တစ်ပြားသားမှ မလျော့ကျဘဲ တည်တံ့နိုင်ဖို့ အတူယူရမယ်လို ပြောကြားလိုက်တာပါ။

ဒီ ၂၀၂၁ ခုနှစ် ဖော်မြူလာဝမ်း ပြက္ခဒိန်မှာ ရက်ဒ်ဘူးလ်အတွက် နောက်ဆုံးသုံးပွဲဆက်တိုက် ဗိုလ်စွဲခဲ့ပြီး ဒီပြိုင်ပွဲကို ကြီးစိုးထားခဲ့တဲ့ မာဆေးဒီးစ် ကားမောင်းသမား လူးဝစ္စ ဟာမီလ်တန်ကို ကောင်းကောင်းပုံစံပေးထားနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် နယ်သာလန်သားဟာ လူငယ်တွေရဲ့ စံပြဖြစ်နေချိန်မှာ သူက နောက်တစ်ဆင့်ကို မျှော်ကြည့်ပြီး ပညာယူခဲ့တာလည်းဖြစ်ပါတယ်။

ဒတ်ချ်လူငယ်အနေနဲ့ ဖော်မြူလာဝမ်းရဲ့ ဟာမီလ်တန်အပြင် ဘောလုံးရဲ့ ရော်နယ်လ်ဒိုနဲ့ တင်းနစ်ရဲ့ နိုဗက် ဂျိုကိုဗစ်ချ်၊ ဆီရီနာ ဝီလီယမ်စ်တို့လို ထိပ်တန်းအဆင့်မှာ အသက်အရွယ်ရလာတဲ့အထိ ရပ်တည်နိုင်တဲ့ အားကစားသမားတွေကို သူ့ရဲ့ စိတ်ဓာတ်ခွန်အားအဖြစ် ရှုမြင်ထားပြီး ငယ်ရွယ်သေးပေမယ့် သူတို့လောကမှာ အောင်မြင်လာမှုနဲ့အတူ ဒါကို ထိန်းသိမ်းပြနိုင်ဖို့ အတူယူစရာမှန်သမျှကို အလိုရှိနေတာပါ။

“လေ့လာသင်ယူစရာဆိုတာက ဘယ်တော့မှ ကုန်မှာ မဟုတ်ဘူးဗျ။ အသက် ၃၅-၃၆ အရွယ်မှာ စွမ်းဆောင်ရည်မကျသေးဘဲ အောင်မြင်ဖို့ဆိုရင် လူတော်တော်များများ နားမလည်တဲ့ အတွေ့အကြုံကို အသုံးချခြင်းဆိုတဲ့ ဘာသာရပ်ကို ကြားသိထားသမျှနဲ့ ပေါင်းစပ်သိမြင်နိုင်ဖို့ လိုအပ်ပါတယ်”

“ဘောလုံးမှာဆိုရင် ရော်နယ်လ်ဒိုဟာ အံ့ဩချီးကျူးစရာ ဥပမာပါပဲ။ သူ့ရဲ့ ကစားပုံဟာ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်တုန်းကလောက် မမြန်တော့ပေမယ့် ကွင်းထဲမှာ လိုက်လျောညီထွေ ပြောင်းလဲကစားတဲ့ ပုံစံတစ်မျိုးနဲ့ အောင်မြင်အောင် လုပ်ပြထားနိုင်ဆဲဖြစ်ပါတယ်”

“လူငယ်တွေနဲ့ ပြိုင်ပြေးရင် အသက်က စကားပြောပေမယ့် သူ့ရဲ့ အတွေ့အကြုံ၊ ဉာဏ်အမြော်အမြင်တွေနဲ့ကတော့ ထိုးထွင်းလုပ်ဆောင်တဲ့ ပုံစံကတော့ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ဆဲဖြစ်သလို ကျွန်တော့်အနေနဲ့ စံနမူနာ ယူရမှာဖြစ်ပါတယ်”လို့ မက်စ် ဗားစတက်ပန်က ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတာ ေဘာလုံးေလာကမွာ ကစားသမားေတာ္ေတာ္မ်ားမ်ားရဲ႕ စံျပဳစရာ Idol ျဖစ္ၿပီး မက္ဆီလို ပါရမီေကာင္းမ်ိဳး ပိုင္ဆိုင္မထားသူေတြအတြက္ ႀကိဳးစားမႈရဲ႕ ျပယုဂ္နဲ႔ အသီးအပြင့္ဆိုတာကို ဘယ္လိုခံစားရႏိုင္တယ္ဆိုတဲ့ စိတ္ဓာတ္တက္ႂကြစရာ အတူယူဖြယ္လူမ်ိဳး ျဖစ္ေနခဲ့တာ ဆယ္စုႏွစ္စုတစ္ေက်ာ္ ၾကာခဲ့ပါၿပီ။

ဒါေပမယ့္ ေနာက္ဆုံးသတင္းတခ်ိဳ႕အရေတာ့ ေရာ္နယ္လ္ဒိုကို ေလးစားအားက်တဲ့အထဲမွာ တျခားအားကစားနည္းက ကစားသမားေတြလည္း ရွိေနၿပီး ေဖာ္ျမဴလာဝမ္းကားေမာင္းၿပိဳင္ပြဲက ရက္ဒ္ဘူးလ္ဒ႐ိုက္ဘာ မက္စ္ ဗားစတက္ပန္က ေပၚတူဂီသားႀကီးလိုမ်ိဳး အသက္အ႐ြယ္ရလာတဲ့အထိ တည္တည္ၿငိမ္ၿငိမ္နဲ႔ စြမ္းေဆာင္ရည္ တစ္ျပားသားမွ မေလ်ာ့က်ဘဲ တည္တံ့ႏိုင္ဖို႔ အတူယူရမယ္လို ေျပာၾကားလိုက္တာပါ။

ဒီ ၂၀၂၁ ခုႏွစ္ ေဖာ္ျမဴလာဝမ္း ျပကၡဒိန္မွာ ရက္ဒ္ဘူးလ္အတြက္ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ဗိုလ္စြဲခဲ့ၿပီး ဒီၿပိဳင္ပြဲကို ႀကီးစိုးထားခဲ့တဲ့ မာေဆးဒီးစ္ ကားေမာင္းသမား လူးဝစၥ ဟာမီလ္တန္ကို ေကာင္းေကာင္းပုံစံေပးထားႏိုင္ခဲ့တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ နယ္သာလန္သားဟာ လူငယ္ေတြရဲ႕ စံျပျဖစ္ေနခ်ိန္မွာ သူက ေနာက္တစ္ဆင့္ကို ေမွ်ာ္ၾကည့္ၿပီး ပညာယူခဲ့တာလည္းျဖစ္ပါတယ္။

ဒတ္ခ်္လူငယ္အေနနဲ႔ ေဖာ္ျမဴလာဝမ္းရဲ႕ ဟာမီလ္တန္အျပင္ ေဘာလုံးရဲ႕ ေရာ္နယ္လ္ဒိုနဲ႔ တင္းနစ္ရဲ႕ ႏိုဗက္ ဂ်ိဳကိုဗစ္ခ်္၊ ဆီရီနာ ဝီလီယမ္စ္တို႔လို ထိပ္တန္းအဆင့္မွာ အသက္အ႐ြယ္ရလာတဲ့အထိ ရပ္တည္ႏိုင္တဲ့ အားကစားသမားေတြကို သူ႔ရဲ႕ စိတ္ဓာတ္ခြန္အားအျဖစ္ ရႈျမင္ထားၿပီး ငယ္႐ြယ္ေသးေပမယ့္ သူတို႔ေလာကမွာ ေအာင္ျမင္လာမႈနဲ႔အတူ ဒါကို ထိန္းသိမ္းျပႏိုင္ဖို႔ အတူယူစရာမွန္သမွ်ကို အလိုရွိေနတာပါ။

“ေလ့လာသင္ယူစရာဆိုတာက ဘယ္ေတာ့မွ ကုန္မွာ မဟုတ္ဘူးဗ်။ အသက္ ၃၅-၃၆ အ႐ြယ္မွာ စြမ္းေဆာင္ရည္မက်ေသးဘဲ ေအာင္ျမင္ဖို႔ဆိုရင္ လူေတာ္ေတာ္မ်ားမ်ား နားမလည္တဲ့ အေတြ႕အႀကဳံကို အသုံးခ်ျခင္းဆိုတဲ့ ဘာသာရပ္ကို ၾကားသိထားသမွ်နဲ႔ ေပါင္းစပ္သိျမင္ႏိုင္ဖို႔ လိုအပ္ပါတယ္”

“ေဘာလုံးမွာဆိုရင္ ေရာ္နယ္လ္ဒိုဟာ အံ့ဩခ်ီးက်ဴးစရာ ဥပမာပါပဲ။ သူ႔ရဲ႕ ကစားပုံဟာ လြန္ခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္တုန္းကေလာက္ မျမန္ေတာ့ေပမယ့္ ကြင္းထဲမွာ လိုက္ေလ်ာညီေထြ ေျပာင္းလဲကစားတဲ့ ပုံစံတစ္မ်ိဳးနဲ႔ ေအာင္ျမင္ေအာင္ လုပ္ျပထားႏိုင္ဆဲျဖစ္ပါတယ္”

“လူငယ္ေတြနဲ႔ ၿပိဳင္ေျပးရင္ အသက္က စကားေျပာေပမယ့္ သူ႔ရဲ႕ အေတြ႕အႀကဳံ၊ ဉာဏ္အေျမာ္အျမင္ေတြနဲ႔ကေတာ့ ထိုးထြင္းလုပ္ေဆာင္တဲ့ ပုံစံကေတာ့ ကြင္းထဲမွာ အေကာင္းဆုံး ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္ဆဲျဖစ္သလို ကြၽန္ေတာ့္အေနနဲ႔ စံနမူနာ ယူရမွာျဖစ္ပါတယ္”လို႔ မက္စ္ ဗားစတက္ပန္က ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.