Premier League Transfer News

12 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဝုလ်ဗ်စ်အသင်းရဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခေါ်ယူချင်လို့ စုံစမ်းခဲ့တာ ပေါင်သန်း ၅၀ နဲ့ နီးစပ်တဲ့ပမာဏနဲ့ပဲ ရောင်းချချင်တာကြောင့် ညှိနှိုင်းမှုက အခက်တွေ့နေပြီး မနှစ်က ဈေးခေါ်တဲ့ ပေါင်သန်း ၇၀ ထက်တော့ ပိုသက်သာတဲ့ ပမာဏဖြစ်လာခဲ့။

– လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ အင်္ဂလန်အသင်းရဲ့ ယူရိုဗိုလ်လုပွဲ ရောက်ရှိတာက အခုမှ အစပဲရှိသေးကြောင်း၊ ဒီအဆင့်ထိ ရောက်လာခဲ့တဲ့အတွက် အသင်းသားတွေ တစ်ယောက်ချင်းစီအတွက် ဂုဏ်ယူကြောင်းနဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူဖို့ပဲ အမြဲတွေးထားကြောင်း ပြောသွားခဲ့။

– စပိန်က လာတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းရဲ့ ဆာအူးလ် ညီးရက်ဇ်အတွက် ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းတာကို အသလက်တီကိုမက်ဒရစ်က ပယ်ချလိုက်တယ်လို့ သိရပြီး အပြောင်းအရွှေ့ဖြစ်လာဖို့တော့ ညှိနှိုင်းမှု တစ်ဝက်လောက်အထိ ရောက်ရှိနေပြီလို့ ဖော်ပြနေကြ။

– ဆမ်ဒိုးရီးယားအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမား မီခယ်လ် ဒမ်းစ်ဂါ့ဒ်အတွက် ပေါင် ၃၄ သန်း (ယူရိုသန်း ၄၀) သတ်မှတ်လိုက်ပြီး အသက်အရွယ်လည်း ၂၁ နှစ်သာရှိသေးသလို ယူရို ၂၀၂၀ မှာလည်း ဒိန်းမတ်အတွက် အထူးခြေစွမ်းပြခဲ့တာကြောင့် အသင်းကြီးအတော်များများရဲ့ ပစ်မှတ်ဖြစ်လာကြောင်းသိရ။

– ဒီနေ့ ဩစတြီးယားက ရာသီကြိုပွဲစဉ်တွေအတွက် လေ့ကျင့်ရေးဆင်းခဲ့တဲ့ ကစားသမားတွေထဲမှာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ခုလုံးနီးပါး အနားယူခဲ့ရတဲ့ ဗာဂျီးလ် ဗန်ဒိုက်ကို တွေ့ခဲ့ရတာကြောင့် အသင်းပရိသတ်တွေအနေနဲ့ ဝမ်းသာစရာအခိုက်အတန့်ဖြစ်လာခဲ့ပြီး ချန်ပီယံဆုကို ပြန်မှန်းလို့ရပြီလို့တောင် ဝမ်းသာစကားဆိုကြကြောင်းသိရ။

– လီဗာပူးလ်ဘက်က စိတ်ဝင်စားနေတဲ့ ဝုလ်ဗ်စ် တောင်ပံကစားသမား ပက်ဒရို နီတိုက တွစ်တာမှာ “မကြာခင် တွေ့မယ်”လို့ တင်ခဲ့တာကို အန်းဖီးလ်ပရိသတ်တွေက အသင်းကို လာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တစ်ဖက်ပရိသတ်တွေကတော့ ဒီယိုဂို ယိုတာရဲ့ ပြောင်းရွှေ့ကြေးကို အရင် ကျေလည်အောင်ပေးချေဖို့ တုံ့ပြန်သွားခဲ့ကြ။

– တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုကတော့ ရှိနေပေမယ့် တိုးတက်မှုတစ်စုံတစ်ရာတော့ ‌မတွေ့ရသေးသလို သဘောတူညီမှုလည်း တစ်ချက်မှမရသေးဘူးလို့ လတ်တလောအနေနဲ့ သိထားရပါတယ်ဆိုပြီး နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွားခဲ့။

– ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်မချုပ်ရသေးတဲ့ ခီလီယန် အမ်ဘာပေကို ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်း အီမန်နူယယ် ပီတစ်က ခေါ်ယူဖို့ တိုက်တွန်းသွားခဲ့ပြီး သူ့လစာကို ပေးချေနိုင်တဲ့အသင်းက ကမ္ဘာမှာ များများစားစားမရှိကြောင်းနဲ့ လီဗာပူးလ်အသင်းကသာ ခေါ်ယူဖို့ အသင့်တော်ဆုံးဖြစ်ကြောင်း ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဝုလ္ဗ္စ္အသင္းရဲ႕ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ေခၚယူခ်င္လို႔ စုံစမ္းခဲ့တာ ေပါင္သန္း ၅၀ နဲ႔ နီးစပ္တဲ့ပမာဏနဲ႔ပဲ ေရာင္းခ်ခ်င္တာေၾကာင့္ ညႇိႏႈိင္းမႈက အခက္ေတြ႕ေနၿပီး မႏွစ္က ေဈးေခၚတဲ့ ေပါင္သန္း ၇၀ ထက္ေတာ့ ပိုသက္သာတဲ့ ပမာဏျဖစ္လာခဲ့။

– လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ အဂၤလန္အသင္းရဲ႕ ယူ႐ိုဗိုလ္လုပြဲ ေရာက္ရွိတာက အခုမွ အစပဲရွိေသးေၾကာင္း၊ ဒီအဆင့္ထိ ေရာက္လာခဲ့တဲ့အတြက္ အသင္းသားေတြ တစ္ေယာက္ခ်င္းစီအတြက္ ဂုဏ္ယူေၾကာင္းနဲ႔ ေအာင္ျမင္မႈေတြ ဆက္လက္ရယူဖို႔ပဲ အၿမဲေတြးထားေၾကာင္း ေျပာသြားခဲ့။

– စပိန္က လာတဲ့ သတင္းေတြအရ လီဗာပူးလ္အသင္းရဲ႕ ဆာအူးလ္ ညီးရက္ဇ္အတြက္ ယူ႐ို သန္း ၄၀ နဲ႔ ကမ္းလွမ္းတာကို အသလက္တီကိုမက္ဒရစ္က ပယ္ခ်လိုက္တယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ေတာ့ ညႇိႏႈိင္းမႈ တစ္ဝက္ေလာက္အထိ ေရာက္ရွိေနၿပီလို႔ ေဖာ္ျပေနၾက။

– ဆမ္ဒိုးရီးယားအသင္းကေတာ့ လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမား မီခယ္လ္ ဒမ္းစ္ဂါ့ဒ္အတြက္ ေပါင္ ၃၄ သန္း (ယူ႐ိုသန္း ၄၀) သတ္မွတ္လိုက္ၿပီး အသက္အ႐ြယ္လည္း ၂၁ ႏွစ္သာရွိေသးသလို ယူ႐ို ၂၀၂၀ မွာလည္း ဒိန္းမတ္အတြက္ အထူးေျခစြမ္းျပခဲ့တာေၾကာင့္ အသင္းႀကီးအေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ျဖစ္လာေၾကာင္းသိရ။

– ဒီေန႔ ဩစႀတီးယားက ရာသီႀကိဳပြဲစဥ္ေတြအတြက္ ေလ့က်င့္ေရးဆင္းခဲ့တဲ့ ကစားသမားေတြထဲမွာ ဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ေဘာလုံးရာသီတစ္ခုလုံးနီးပါး အနားယူခဲ့ရတဲ့ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ေတြ႕ခဲ့ရတာေၾကာင့္ အသင္းပရိသတ္ေတြအေနနဲ႔ ဝမ္းသာစရာအခိုက္အတန႔္ျဖစ္လာခဲ့ၿပီး ခ်န္ပီယံဆုကို ျပန္မွန္းလို႔ရၿပီလို႔ေတာင္ ဝမ္းသာစကားဆိုၾကေၾကာင္းသိရ။

– လီဗာပူးလ္ဘက္က စိတ္ဝင္စားေနတဲ့ ဝုလ္ဗ္စ္ ေတာင္ပံကစားသမား ပက္ဒ႐ို နီတိုက တြစ္တာမွာ “မၾကာခင္ ေတြ႕မယ္”လို႔ တင္ခဲ့တာကို အန္းဖီးလ္ပရိသတ္ေတြက အသင္းကို လာဖို႔ ဖိတ္ေခၚခဲ့ေပမယ့္ တစ္ဖက္ပရိသတ္ေတြကေတာ့ ဒီယိုဂို ယိုတာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို အရင္ ေက်လည္ေအာင္ေပးေခ်ဖို႔ တုံ႔ျပန္သြားခဲ့ၾက။

– တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးမႈကေတာ့ ရွိေနေပမယ့္ တိုးတက္မႈတစ္စုံတစ္ရာေတာ့ ‌မေတြ႕ရေသးသလို သေဘာတူညီမႈလည္း တစ္ခ်က္မွမရေသးဘူးလို႔ လတ္တေလာအေနနဲ႔ သိထားရပါတယ္ဆိုၿပီး နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြားခဲ့။

– ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ရေသးတဲ့ ခီလီယန္ အမ္ဘာေပကို ျပင္သစ္လက္ေ႐ြးစင္ကစားသမားေဟာင္း အီမန္ႏူယယ္ ပီတစ္က ေခၚယူဖို႔ တိုက္တြန္းသြားခဲ့ၿပီး သူ႔လစာကို ေပးေခ်ႏိုင္တဲ့အသင္းက ကမာၻမွာ မ်ားမ်ားစားစားမရွိေၾကာင္းနဲ႔ လီဗာပူးလ္အသင္းကသာ ေခၚယူဖို႔ အသင့္ေတာ္ဆုံးျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.