International Premier League

ယူရိုချန်ပီယံကွင်းလယ်လူအတွက် ချဲလ်ဆီးပရိသတ်တွေ Ballon d’Or မျှော်လင့်နိုင်မလား

ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲရာ လမ်းကြောင်းမှာ အကောင်းဆုံး ကူညီပေးခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ အန်ဂိုလို ကွန်တေအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ချိန်မှာ သူရဲ့ နောက်ထပ်ဖလားတစ်လုံး ရရှိနိုင်ခြေနဲ့အတူ အမြင့်မားဆုံး တစ်ဦးချင်းဆုတံဆိပ်တစ်ခုဖြစ်တဲ့ ဥရောပရွှေဘောလုံး ဘယ်လွန်ဒေါအတွက် ရင်ခုန်မှုတွေ အစကတည်းက ရှိခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်ကို ဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် မျှော်လင့်ခဲ့ကြပေမယ့် ဆိုးရွားတဲ့ တိုက်စစ်နဲ့ ရုန်းကန်ခဲ့ရသလို ခံစစ်ပိုင်းအားနည်းမှုတွေက ဆွစ်ဇာလန်နဲ့ ပွဲမှာ ၁၆ သင်းအဆင့်နဲ့ ရပ်တန့်သွားစေခဲ့တာကြောင့် ဘယ်လွန်ဒေါအတွက် ရေပန်းစားခဲ့တဲ့ ကွန်တေကို ဖယ်ထုတ်လိုက်ရပြီး ချဲလ်ဆီးအသင်းနဲ့ စောင့်ကြည့်သူ ပရိသတ်တွေကတော့ ဇွန်လထဲကစလို့ နှစ်ပတ်နီးပါး ရင်ခုန်သံတွေ ရပ်တန့်သွားခဲ့ကြတာပါ။

ဒါပေမယ့် ဇူလိုင်လဆန်းမှာ နောက်ထပ် ရင်ခုန်စရာအသစ်တွေ ဖြစ်ပေါ်လာခဲ့ပြီး အီတလီအသင်းဟာ အဓိက ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဖိုင်နယ်အထိ တက်ရောက်လာခဲ့သလို တောင်အမေရိကမှာလည်း မက်ဆီက ကိုပါအမေရိကဖလားမှာ နောက်ဆုံးအဆင့်တွေဆီ တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ မက်ဆီက တစ်ရက်စောပြီး အာဂျင်တီးနားနဲ့ ဆုဖလားယူခဲ့ချိန်မှာ ဂျော်ဂျင်ညိုကလည်း သူ့ရဲ့ နိုင်ငံတကာဆုတံဆိပ်ကို စတင်ရယူနိုင်ခဲ့ပြီး အင်္ဂလန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ပွဲမှာ နောက်ဆုံးပင်နယ်တီကို မဝင်ခဲ့ပေမယ့် ဗိုလ်စွဲနိုင်ခဲ့သလို သူ့ရဲ့ ယူရိုပြိုင်ပွဲက စွမ်းဆောင်ရည်တွေကလည်း မြင့်မားခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်နွယ်ဖွား အီတလီသားဟာ ဒီပြိုင်ပွဲရဲ့ ရာဇဝင်မှာ စံချိန်သစ်ဖြစ်တဲ့ ဘောလုံးဖြတ်တောက်ရယူနိုင်မှုအပိုင်းမှာလည်း ယူရို ၉၆ ကတည်းက တည်တံ့နေခဲ့တဲ့ ချဲလ်ဆီးကစားသမားဟောင်း မာဆယ်လ် ဒက်ဆာယီရဲ့ ၂၄ ကြိမ်ကို တစ်ကြိမ်အသာနဲ့ ချိုးဖျက်နိုင်ခဲ့ပြီး အသင်းလိုက် ဆုဖလားရယူနိုင်မှုမှာလည်း ချန်ပီယံလိဂ်ဖလားနဲ့အတူ ယူရိုဖလားကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၀၂၁ ခုနှစ်ထဲမှာ သူ့ရဲ့ ဆုဖလားစံချိန်ကို လိုက်မီသူ မရှိဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး Goal.com ရဲ့ အဆိုဖြစ်တဲ့ လူတွေ နားမလည်ဆုံး၊ အဝေဖန်ခံရဆုံး၊ ကျေးဇူးတင်မခံရဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်ဝနေတဲ့ ကစားသမားအနေနဲ့ ဒီဆုကို ရယူသွားနိုင်မလားဆိုပြီး ပရိသတ်တွေရဲ့ ဆန္ဒကို တောင်းခံလိုက်တာလည်းဖြစ်သလို အီတလီရဲ့ အောင်မြင်မှုနဲ့အတူ ဘယ်လွန်ဒေါဆုအတွက် တစ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆုကို နိုင်ငံတကာအောင်မြင်မှုတွေ ရရှိခဲ့တဲ့နှစ်မှာ သိမ်းပိုက်ဖူးသူတွေကတော့ ၉၈ ကမ္ဘာ့ဖလားဆုရှင် ဇီဒန်း၊ ၂၀၀၂ ကမ္ဘာ့ဖလားဆုရှင် ရော်နယ်လ်ဒိုကြီး၊ ၂၀၀၆ ကမ္ဘာ့ဖလားဆုရှင် ကန်နာဗာရို၊ ယူရို ၂၀၁၆ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့က သိမ်းပိုက်ခဲ့ဖူးပြီး ဒီစာရင်းထဲကို ဂျော်ဂျင်ညိုတစ်ယောက် ဝင်ရောက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ဒီဆုအတွက် အမြဲတမ်း VIP မက်ဆီကို ကျော်ဖြတ်ရယူသွားနိုင်မလား ရင်ခုန်နိုင်ကြစေဖို့ ခန့်မှန်းမှုတွေနဲ့အတူ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္စြဲရာ လမ္းေၾကာင္းမွာ အေကာင္းဆုံး ကူညီေပးခဲ့တဲ့ ကြင္းလယ္ကစားသမားျဖစ္တဲ့ အန္ဂိုလို ကြန္ေတအေနနဲ႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔ ဗိုလ္စြဲဖို႔ ေရပန္းစားခဲ့ခ်ိန္မွာ သူရဲ႕ ေနာက္ထပ္ဖလားတစ္လုံး ရရွိႏိုင္ေျခနဲ႔အတူ အျမင့္မားဆုံး တစ္ဦးခ်င္းဆုတံဆိပ္တစ္ခုျဖစ္တဲ့ ဥေရာပေ႐ႊေဘာလုံး ဘယ္လြန္ေဒါအတြက္ ရင္ခုန္မႈေတြ အစကတည္းက ရွိခဲ့ၾကတာျဖစ္ပါတယ္။

ျပင္သစ္ကို ဗိုလ္စြဲႏိုင္တဲ့အသင္းအျဖစ္ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဆိုး႐ြားတဲ့ တိုက္စစ္နဲ႔ ႐ုန္းကန္ခဲ့ရသလို ခံစစ္ပိုင္းအားနည္းမႈေတြက ဆြစ္ဇာလန္နဲ႔ ပြဲမွာ ၁၆ သင္းအဆင့္နဲ႔ ရပ္တန႔္သြားေစခဲ့တာေၾကာင့္ ဘယ္လြန္ေဒါအတြက္ ေရပန္းစားခဲ့တဲ့ ကြန္ေတကို ဖယ္ထုတ္လိုက္ရၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ေစာင့္ၾကည့္သူ ပရိသတ္ေတြကေတာ့ ဇြန္လထဲကစလို႔ ႏွစ္ပတ္နီးပါး ရင္ခုန္သံေတြ ရပ္တန႔္သြားခဲ့ၾကတာပါ။

ဒါေပမယ့္ ဇူလိုင္လဆန္းမွာ ေနာက္ထပ္ ရင္ခုန္စရာအသစ္ေတြ ျဖစ္ေပၚလာခဲ့ၿပီး အီတလီအသင္းဟာ အဓိက ကစားသမားျဖစ္တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳနဲ႔ တစ္ဆင့္ၿပီးတစ္ဆင့္ ဖိုင္နယ္အထိ တက္ေရာက္လာခဲ့သလို ေတာင္အေမရိကမွာလည္း မက္ဆီက ကိုပါအေမရိကဖလားမွာ ေနာက္ဆုံးအဆင့္ေတြဆီ တက္လွမ္းလာခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ မက္ဆီက တစ္ရက္ေစာၿပီး အာဂ်င္တီးနားနဲ႔ ဆုဖလားယူခဲ့ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳကလည္း သူ႔ရဲ႕ ႏိုင္ငံတကာဆုတံဆိပ္ကို စတင္ရယူႏိုင္ခဲ့ၿပီး အဂၤလန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ပြဲမွာ ေနာက္ဆုံးပင္နယ္တီကို မဝင္ခဲ့ေပမယ့္ ဗိုလ္စြဲႏိုင္ခဲ့သလို သူ႔ရဲ႕ ယူ႐ိုၿပိဳင္ပြဲက စြမ္းေဆာင္ရည္ေတြကလည္း ျမင့္မားခဲ့တာပါ။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္ႏြယ္ဖြား အီတလီသားဟာ ဒီၿပိဳင္ပြဲရဲ႕ ရာဇဝင္မွာ စံခ်ိန္သစ္ျဖစ္တဲ့ ေဘာလုံးျဖတ္ေတာက္ရယူႏိုင္မႈအပိုင္းမွာလည္း ယူ႐ို ၉၆ ကတည္းက တည္တံ့ေနခဲ့တဲ့ ခ်ဲလ္ဆီးကစားသမားေဟာင္း မာဆယ္လ္ ဒက္ဆာယီရဲ႕ ၂၄ ႀကိမ္ကို တစ္ႀကိမ္အသာနဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး အသင္းလိုက္ ဆုဖလားရယူႏိုင္မႈမွာလည္း ခ်န္ပီယံလိဂ္ဖလားနဲ႔အတူ ယူ႐ိုဖလားကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီ ၂၀၂၁ ခုႏွစ္ထဲမွာ သူ႔ရဲ႕ ဆုဖလားစံခ်ိန္ကို လိုက္မီသူ မရွိဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး Goal.com ရဲ႕ အဆိုျဖစ္တဲ့ လူေတြ နားမလည္ဆုံး၊ အေဝဖန္ခံရဆုံး၊ ေက်းဇူးတင္မခံရဆုံးဆိုတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္ဝေနတဲ့ ကစားသမားအေနနဲ႔ ဒီဆုကို ရယူသြားႏိုင္မလားဆိုၿပီး ပရိသတ္ေတြရဲ႕ ဆႏၵကို ေတာင္းခံလိုက္တာလည္းျဖစ္သလို အီတလီရဲ႕ ေအာင္ျမင္မႈနဲ႔အတူ ဘယ္လြန္ေဒါဆုအတြက္ တစ္ေပးလိုက္တာလည္းျဖစ္ပါတယ္။

ဘယ္လြန္ေဒါဆုကို ႏိုင္ငံတကာေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ႏွစ္မွာ သိမ္းပိုက္ဖူးသူေတြကေတာ့ ၉၈ ကမာၻ႔ဖလားဆုရွင္ ဇီဒန္း၊ ၂၀၀၂ ကမာၻ႔ဖလားဆုရွင္ ေရာ္နယ္လ္ဒိုႀကီး၊ ၂၀၀၆ ကမာၻ႔ဖလားဆုရွင္ ကန္နာဗာ႐ို၊ ယူ႐ို ၂၀၁၆ ဆုရွင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔က သိမ္းပိုက္ခဲ့ဖူးၿပီး ဒီစာရင္းထဲကို ေဂ်ာ္ဂ်င္ညိဳတစ္ေယာက္ ဝင္ေရာက္လာႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္သလို ဒီဆုအတြက္ အၿမဲတမ္း VIP မက္ဆီကို ေက်ာ္ျဖတ္ရယူသြားႏိုင္မလား ရင္ခုန္ႏိုင္ၾကေစဖို႔ ခန႔္မွန္းမႈေတြနဲ႔အတူ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.