International

အိမ်ကိုသယ်လာတုန်း ရောမဆီ ဖလားပါသွားတဲ့ ယူရို ဗိုလ်လုပွဲမှ စိတ်ဝင်စားစရာ အချက် ၁၀ ချက်

၁- သက်တမ်းအရင့်ဆုံး နှစ်ချို့ဝိုင် ခေးလီနီ
လူငယ်တွေကို ထိန်းပြသွားခဲ့တဲ့အပြင် ခြေစွမ်းပါပြသခဲ့တဲ့ ဂျော်ဂျို ခေးလီနီက အသက် ၃၆ နှစ် ၃၃၁ ရက်နဲ့အတူ ယူရိုပြိုင်ပွဲသက်တမ်းတစ်လျှောက် ဗိုလ်လုပွဲမှာ အသက်အကြီးဆုံး အသင်းခေါင်းဆောင်အနေနဲ့ စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အီတလီခံစစ်ကို ဦးဆောင်ခဲ့တာပါ။ ခေးလီနီဟာ ၂၀၀၇ အီတလီ U21 အသင်းမှ အီတလီအသင်းကစားသမားအဖြစ် တစ်ဦးတည်းကျန်ရှိပြီးကစားနေသော ကစားသမားလည်းဖြစ်ပါတယ်။

၂- ဗိုလ်လုပွဲမှာ အမြန်ဆုံးဂိုး
ပွဲစစချင်း မကြာမီမှာပဲ အင်္ဂလန်နောက်ခံလူ လုခ်ရှောက အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးသွင်းယူချိန်မှာ ပွဲချိန် ၀၁:၅၇ သာ ရှိသေးသလို ယူရိုပြိုင်ပွဲ သက်တမ်းတစ်လျှောက် ဗိုလ်လုပွဲမှာ အမြန်ဆုံး သွင်းဂိုးအဖြစ် စံချိန်တင်နိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းကတော့ ဆုဖလားနဲ့ ဝေးကွာခဲ့ပါတယ်။

၃- ဗိုလ်လုပွဲမှာ နောက်ထပ် ဂိုးသွင်းစံချိန်
အီတလီအသင်းနောက်ခံလူ လီယိုနာဒို ဘိုနူချီကတော့ ဒုတိယပိုင်းမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူပေးပြီးတဲ့နောက်မှာ ယူရိုပြိုင်ပွဲသက်တမ်းတစ်လျှောက် ဗိုလ်လုပွဲမှာ ဂိုးသွင်းတဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပြီး ဗိုလ်လုပွဲကစားတဲ့နေ့မှာ သူ့အသက်က ၃၄ နှစ် ၇၁ ရက် အထိ ရှိနေပါပြီ။

၄- ဗိုလ်လုပွဲမှာ ၄ ယောက်မြောက် အသက်အငယ်ဆုံး ပါဝင်ကစားသူ
ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားတဲ့ တိုက်စစ်ညာခြမ်းက ဘူကာယို ဆာကာအနေနဲ့ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ဗိုလ်လုပွဲမှာ ၄ ယောက်မြောက် အသက်အငယ်ဆုံး ပါဝင်ကစားသူ ဖြစ်လာခဲ့ပြီး သူ့ရှေ့မှာတော့ ရီနာတို ဆန်းချက်စ်၊ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အနာတိုနီ ဘယ်ဒါခနီ တို့က ရှိနေတာပါ။

၅- အကောင်းဆုံးဆုရခဲ့တဲ့ ဒုတိယမြောက် ဂိုးသမား
အီတလီဂိုးသမား ဂျန်လွီဂျီ ဒွန်နာရမ်မာကတော့ ယူရို ၂၀၂၀ ရဲ့ ပွဲစဉ်တလျောက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ပြိုင်ပွဲသက်တမ်းတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဂိုးသမားက ရတယ်ဆိုတာ ဒါနဲ့ဆို ဒုတိယအကြိမ်မြောက်ဖြစ်သလို ပထမအကြိမ်ကတော့ ယူရို ၁၉၉၂ တုန်းက ဒိန်းမတ်ဂိုးသမား ပီတာ ရှမိုက်ကယ်က ရရှိခဲ့တာဖြစ်ပါတယ်။

၆ – ပင်နယ်တီအဆုံးအဖြတ်မှာ မရှုံးဖူးတဲ့ ဒွန်နာရမ်မာ
ပွဲပြီးလို့ အချိန်ပိုတွေထိလည်း သရေကျနေခဲ့ရင် အသင်းမှာ ဒွန်နာရမ်မာပဲလိုတယ်လို့ ပြောရလောက်အောင်ပဲ သူကတော့ သူ့ကစားသမားဘဝတစ်လျှောက် ပင်နယ်တီအဆုံးအဖြတ် ၅ ကြိမ်ခံယူခဲ့ရာမှာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအပါအဝင် တစ်ကြိမ်မှ မရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းရရှိခဲ့ပြီး ကလပ်အသင်းနဲ့ ၃ ကြိမ် နိုင်ငံအသင်းနဲ့ ၂ ကြိမ် မရှုံးနိမ့်ခဲ့တာပါ။

၇- ပင်နယ်တီကျိန်စာသင့် အင်္ဂလန်
ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်မှုအများဆုံးအသင်းအဖြစ် အင်္ဂလန်အသင်းက ၄ ကြိမ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အခြားအသင်းတွေထက် ဆိုးရွားတဲ့ ပင်နယ်တီမှတ်တမ်းဖြစ်သလို နာမည်ကြီးကစားသမားတွေ များနေပေမယ့် မကြာခဏရှုံးနိမ့်ပြီး ကျိန်စာလိုဖြစ်နေတာက ပျက်ပြယ်သွားတာမျိုး မရှိခဲ့တာပါ။

၈- စံချိန်သစ်တင်ဖို့ နီးလာတဲ့ အီတလီ
အီတလီအသင်းကတော့ ၂၀၁၈ စက်တင်ဘာမှာ ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ပွဲမှာ ရှုံးပြီးနောက်ပိုင်း ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက် ပွဲစဉ်တွေအပါအဝင် အရှုံးဆိုတာ ဘာလဲမသိတာ ၃၄ ပွဲအထိ ရှိလာခဲ့ပြီး ဘရာဇီးလ်နဲ့ စပိန်တို့ရဲ့ ၃၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုမှီဖို့ ၁ ပွဲသာ လိုတော့သလို စံချိန်သစ်တင်ဖို့ဆိုရင်တော့ နောက်ထပ် ၂ ပွဲ မရှုံးဖို့ လိုအပ်နေတာပါ။

၉- ဥရောပမှာ ဂျာမနီပြီးရင် ဖလားအများဆုံး
ယူရို ၂၀၂၀ ချန်ပီယံဆုက အီတလီအတွက်တော့ ၆ ခုမြောက် ချန်ပီယံဆုဖြစ်လာခဲ့ပြီး ဥရောပမှာ သူ့ထက် အဓိကဆုဖလားများတာဆိုလို့ ဂျာမနီသာကျန်တော့သလို မှီဖို့ကလည်း အဓိက ဆုဖလား တစ်လုံးပဲ လိုအပ်တော့တာဖြစ်ပါတယ်။ကမ္ဘာ့ဖလား ၄ ကြိမ်ရတာတူနေပေမယ့် ဂျာမနီက ယူရိုဖလား ၃ ကြိမ်ရရှိထားပြီး အီတလီက ၂ ကြိမ် ရရှိထားတာပါ။

၁၀- ယူရိုဖလားပြန်ရဖို့ အကြာဆုံးစောင့်ဆိုင်းခဲ့ရသူများ
အင်္ဂလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အင်္ဂလန်မြေ ဝင်ဘလီကွင်းမှာ အနိုင်ရပြီးနောက်မှာ အီတလီက ၁၉၆၈ ကနေ ၅၃ နှစ်ကြာမှ ယူရိုဖလား ပြန်ရခဲ့တာဖြစ်ပြီး ယူရိုဖလားရဖို့ အကြာဆုံးစောင့်ဆိုင်းခဲ့ရတဲ့ စံချိန်တင်ခဲ့ပါတယ်။သူတို့မတိုင်ခင်မှာ စပိန်က ယူရိုဖလားရဖို့ ၁၉၆၄ ကနေ ၂၀၀၈ အထိ ‌၄၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး စံချိန်တင်ထားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁- သက္တမ္းအရင့္ဆံုး ႏွစ္ခ်ိဳ႔၀ိုင္ ေခးလီနီ
လူငယ္ေတြကို ထိန္းျပသြားခဲ့တဲ့အျပင္ ေျခစြမ္းပါျပသခဲ့တဲ့ ေဂ်ာ္ဂ်ိဳ ေခးလီနီက အသက္ ၃၆ ႏွစ္ ၃၃၁ ရက္နဲ႔အတူ ယူ႐ိုၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ အသက္အႀကီးဆုံး အသင္းေခါင္းေဆာင္အေနနဲ႔ စံခ်ိန္မွတ္တမ္း ေရးထိုးႏိုင္ခဲ့သလို ၿပိဳင္ပြဲတစ္ေလွ်ာက္ တည္ၿငိမ္တဲ့ ေျခစြမ္းနဲ႔ အီတလီခံစစ္ကို ဦးေဆာင္ခဲ့တာပါ။ ေခးလီနီဟာ ၂၀၀၇ အီတလီ U21 အသင္းမွ အီတလီအသင္းကစားသမားအျဖစ္ တစ္ဦးတည္းက်န္ရွိၿပီးကစားေနေသာ ကစားသမားလည္းျဖစ္ပါတယ္။

၂- ဗိုလ္လုပြဲမွာ အျမန္ဆုံးဂိုး
ပြဲစစခ်င္း မၾကာမီမွာပဲ အဂၤလန္ေနာက္ခံလူ လုခ္ေရွာက အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ၿပီး ဂိုးသြင္းယူခ်ိန္မွာ ပြဲခ်ိန္ ၀၁:၅၇ သာ ရွိေသးသလို ယူ႐ိုၿပိဳင္ပြဲ သက္တမ္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ အျမန္ဆုံး သြင္းဂိုးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ေပမယ့္ အဂၤလန္အသင္းကေတာ့ ဆုဖလားနဲ႔ ေဝးကြာခဲ့ပါတယ္။

၃- ဗိုလ္လုပြဲမွာ ေနာက္ထပ္ ဂိုးသြင္းစံခ်ိန္
ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ အဂၤလန္အသင္းအတြက္ လူစား၀င္ကစားတဲ့ တိုက္စစ္ညာျခမ္းက ဘူကာယို ဆာကာအေနနဲ႔ ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ ၄ ေယာက္ေျမာက္ အသက္အငယ္ဆုံး ပါဝင္ကစားသူ ျဖစ္လာခဲ့ၿပီး သူ႔ေရွ႕မွာေတာ့ ရီနာတို ဆန္းခ်က္စ္၊ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အနာတိုနီ ဘယ္ဒါခနီ တို႔က ရွိေနတာပါ။

ဗိုလ္လုပြဲမွာ ၄ ေယာက္ေျမာက္ အသက္အငယ္ဆုံး ပါ၀င္ကစားသူ
ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ အဂၤလန္အသင္းအတြက္ တိုက္စစ္ညာျခမ္းက ပြဲထြက္လာခဲ့တဲ့ ဘူကာယို ဆာကာအေနနဲ႔ ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ ၄ ေယာက္ေျမာက္ အသက္အငယ္ဆုံး ပြဲထြက္လာသူ ျဖစ္လာခဲ့ၿပီး သူ႔ေရွ႕မွာေတာ့ ရီနာတို ဆန္းခ်က္စ္၊ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အနာတိုနီ ဘယ္ဒါခနီ တို႔က ရွိေနတာပါ။

၅- အေကာင္းဆုံးဆုရခဲ့တဲ့ ဒုတိယေျမာက္ ဂိုးသမား
အီတလီဂိုးသမား ဂ်န္လြီဂ်ီ ဒြန္နာရမ္မာကေတာ့ ယူ႐ို ၂၀၂၀ ရဲ႕ ပြဲစဥ္တေလ်ာက္ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီး ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ဂိုးသမားက ရတယ္ဆိုတာ ဒါနဲ႔ဆို ဒုတိယအႀကိမ္ေျမာက္ျဖစ္သလို ပထမအႀကိမ္ကေတာ့ ယူ႐ို ၁၉၉၂ တုန္းက ဒိန္းမတ္ဂိုးသမား ပီတာ ရွမိုက္ကယ္က ရရွိခဲ့တာျဖစ္ပါတယ္။

၆ – ပင္နယ္တီအဆုံးအျဖတ္မွာ မရႈံးဖူးတဲ့ ဒြန္နာရမ္မာ
ပြဲၿပီးလို႔ အခ်ိန္ပိုေတြထိလည္း သေရက်ေနခဲ့ရင္ အသင္းမွာ ဒြန္နာရမ္မာပဲလိုတယ္လို႔ ေျပာရေလာက္ေအာင္ပဲ သူကေတာ့ သူ႔ကစားသမားဘဝတစ္ေလွ်ာက္ ပင္နယ္တီအဆုံးအျဖတ္ ၅ ႀကိမ္ခံယူခဲ့ရာမွာ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲအပါအဝင္ တစ္ႀကိမ္မွ မရႈံးနိမ့္ခဲ့ဖူးတဲ့ မွတ္တမ္းရရွိခဲ့ၿပီး ကလပ္အသင္းနဲ႔ ၃ ႀကိမ္ ႏိုင္ငံအသင္းနဲ႔ ၂ ႀကိမ္ မရႈံးနိမ့္ခဲ့တာပါ။

၇- ပင္နယ္တီက်ိန္စာသင့္ အဂၤလန္
ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္မႈအမ်ားဆုံးအသင္းအျဖစ္ အဂၤလန္အသင္းက ၄ ႀကိမ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး အျခားအသင္းေတြထက္ ဆိုး႐ြားတဲ့ ပင္နယ္တီမွတ္တမ္းျဖစ္သလို နာမည္ႀကီးကစားသမားေတြ မ်ားေနေပမယ့္ မၾကာခဏရႈံးနိမ့္ၿပီး က်ိန္စာလိုျဖစ္ေနတာက ပ်က္ျပယ္သြားတာမ်ိဳး မရွိခဲ့တာပါ။

၈- စံခ်ိန္သစ္တင္ဖို႔ နီးလာတဲ့ အီတလီ
အီတလီအသင္းကေတာ့ ၂၀၁၈ စက္တင္ဘာမွာ ကစားခဲ့တဲ့ ေပၚတူဂီနဲ႔ပြဲမွာ ရႈံးၿပီးေနာက္ပိုင္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္ ပြဲစဥ္ေတြအပါအဝင္ အရႈံးဆိုတာ ဘာလဲမသိတာ ၃၄ ပြဲအထိ ရွိလာခဲ့ၿပီး ဘရာဇီးလ္နဲ႔ စပိန္တို႔ရဲ႕ ၃၅ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ကိုမွီဖို႔ ၁ ပြဲသာ လိုေတာ့သလို စံခ်ိန္သစ္တင္ဖို႔ဆိုရင္ေတာ့ ေနာက္ထပ္ ၂ ပြဲ မရႈံးဖို႔ လိုအပ္ေနတာပါ။

၉- ဥေရာပမွာ ဂ်ာမနီၿပီးရင္ ဖလားအမ်ားဆုံး
ယူ႐ို ၂၀၂၀ ခ်န္ပီယံဆုက အီတလီအတြက္ေတာ့ ၆ ခုေျမာက္ ခ်န္ပီယံဆုျဖစ္လာခဲ့ၿပီး ဥေရာပမွာ သူ႔ထက္ အဓိကဆုဖလားမ်ားတာဆိုလို႔ ဂ်ာမနီသာက်န္ေတာ့သလို မွီဖို႔ကလည္း အဓိက ဆုဖလား တစ္လုံးပဲ လိုအပ္ေတာ့တာျဖစ္ပါတယ္။ကမာၻ႔ဖလား ၄ ႀကိမ္ရတာတူေနေပမယ့္ ဂ်ာမနီက ယူ႐ိုဖလား ၃ ႀကိမ္ရရွိထားၿပီး အီတလီက ၂ ႀကိမ္ ရရွိထားတာပါ။

၁၀- ယူ႐ိုဖလားျပန္ရဖို႔ အၾကာဆုံးေစာင့္ဆိုင္းခဲ့ရသူမ်ား
အဂၤလန္အသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အဂၤလန္ေျမ ဝင္ဘလီကြင္းမွာ အႏိုင္ရၿပီးေနာက္မွာ အီတလီက ၁၉၆၈ ကေန ၅၃ ႏွစ္ၾကာမွ ယူ႐ိုဖလား ျပန္ရခဲ့တာျဖစ္ၿပီး ယူ႐ိုဖလားရဖို႔ အၾကာဆုံးေစာင့္ဆိုင္းခဲ့ရတဲ့ စံခ်ိန္တင္ခဲ့ပါတယ္။သူတို႔မတိုင္ခင္မွာ စပိန္က ယူ႐ိုဖလားရဖို႔ ၁၉၆၄ ကေန ၂၀၀၈ အထိ ‌၄၄ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရၿပီး စံခ်ိန္တင္ထားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.