International

ဆာကာရဲ့ ပင်နယ်တီအတွက် ဆောက်ဂိတ်နဲ့ အပြစ်တင်သင့်တဲ့သူတွေကို ပရိသတ်တွေ ပေါက်ကွဲ

အီတလီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီနဲ့ အခွင့်အရေးတွေကို လက်တစ်ကမ်းကနေ လွဲချော်ခဲ့တဲ့ နာမည်ကြီး ထမင်းငတ် အင်္ဂလန်အသင်းရဲ့ နောက်ဆုံးပင်နယ်တီကို ကန်သွင်းခဲ့တဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာကို ရွေးချယ်ခဲ့မှုအတွက် နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကို ပရိသတ်တွေက ပေါက်ကွဲနေကြပါတယ်။

ကွင်းထဲကနေ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ပင်နယ်တီကန်ရတော့မယ်မှန်းသိသိနဲ့ လူစားလဲခဲ့တာနဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာကို အဆုံးအဖြတ်ဖြစ်တဲ့ ငါးလုံးမြောက်မှာ ကန်သွင်းစေခဲ့တဲ့ မစ်ဒယ်ဘရော့နည်းပြဟောင်းရဲ့ ဉာဏ်ရည်နိမ့်ပါးတဲ့ ဆုံးဖြတ်ချက်က အုပ်စုတွင်းမှာ စကော့တလန်ကို သရေကျတဲ့ပွဲအပြီးမှာ နောက်တစ်ကြိမ် တစ်ပတ်လည် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဥရောပပွဲကြီးတွေမှာ ဖိုင်နယ်ကစားခွင့် မရသေးသလို မြောက်လန်ဒန်အသင်းရဲ့ ပင်နယ်တီအစီအစဉ်တွေမှာလည်း မပါဝင်ခဲ့တဲ့ ဆာကာဟာ ဒီနေ့ပွဲမှာ အလွန်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းခဲ့ရတယ်လို့ လွဲချော်မှုအပြီးမှာ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကွဲနေကြပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝကိုပါ ထိခိုက်သွားစေနိုင်တဲ့ ဆုံးဖြတ်ချက်ကို ဆောက်ဂိတ်က မညှာမတာလုပ်ဆောင်ခဲ့တာလို့ လက်ညှိုးထိုးခဲ့ကြတာပါ။

ပရိသတ်တွေကတော့ ဒါဟာ သူ့ရဲ့ ပထမဆုံးပွဲကြီးမှာ ကန်ရတဲ့ ပင်နယ်တီဖြစ်သလို အင်္ဂလန်အသင်းရဲ့ ၅၅ နှစ်အကြာမှ တက်ခဲ့တဲ့ ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာ ဒီလိုမျိုး ဖိအားပေးခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဆာကာဘက်က ကာကွယ်သွားခဲ့သလို အရှုံးအတွက် အကွက်ဆင်ခံရတာဖြစ်ပြီး ဒါတွေအားလုံးအတွက် ဆောက်ဂိတ်က တာဝန်ယူရလိမ့်မယ်လို့ ရာထူးက နုတ်ထွက်ဖို့ဆန်ဆန် ခြိမ်းခြောက်မှုတွေပါ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရဲ့ အချိန်ပိုပြီးခါနီးမှာ ဝေါ်လ်ကာကို ဆန်ချိုနဲ့ လူစားလဲတာ မှားတယ်လို့ မဆိုနိုင်ပေမယ့် တကယ်မကန်နိုင်တဲ့ ကစားသမားမျိုးတွေကို လဲရမယ့်အစား ဟန်ဒါဆန်ကို ရက်ရှ်ဖို့ဒ်နဲ့လဲခဲ့တာက မှားယွင်းခဲ့သလို ဆောက်ဂိတ်အတွက်တော့ သူလဲခဲ့တဲ့ နှစ်ဦးလုံးက ပင်နယ်တီ မဝင်ခဲ့တာက ပိုပြီး ဆိုးရွားသွားခဲ့တာပါ။

ဒီကြားထဲမှာ မန်ချက်စတာစီးတီးရဲ့ စတာလင်နဲ့ ဗီလာရဲ့ ဂရီးလစ်ရှ်တို့ဟာ ပင်နယ်တီ မကန်ရဲဘဲ လက်ရှောင်ခဲ့ကြတယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က လက်ညှိုးထိုး စွပ်စွဲခဲ့သေးတာမို့ ဆာကာရဲ့ ပင်နယ်တီကန်သွင်းမှုအတွက်တော့ အပြစ်တင်စရာ နည်းပါးသွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ ကန်သွင်းရာမှာ အတွေ့အကြုံရှိတဲ လုခ်ရှောကို မရွေးခဲ့တာကလည်း ဆောက်ဂိတ်အတွက်တော့ ကြီးမားတဲ့ အမှားဖြစ်ခဲ့ချိန်မှာ အီတလီတွေကတော့ “Football is coming home” အစား “Football is coming Rome”လို့ နောက်ပြောင်ခဲ့ကြလို့ အင်္ဂလန်ပရိသတ်တွေအတွက်တော့ ပိုမိုပေါက်ကွဲစရာဖြစ်ခဲ့ပြီး ဆာကာကိုတော့ ချစ်ခင်ကြတဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေက ဝိုင်းဝန်းအားပေးနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲစဥ္မွာ ပင္နယ္တီနဲ႔ အခြင့္အေရးေတြကို လက္တစ္ကမ္းကေန လြဲေခ်ာ္ခဲ့တဲ့ နာမည္ႀကီး ထမင္းငတ္ အဂၤလန္အသင္းရဲ႕ ေနာက္ဆုံးပင္နယ္တီကို ကန္သြင္းခဲ့တဲ့ လူငယ္ကစားသမား ဘူကာယို ဆာကာကို ေ႐ြးခ်ယ္ခဲ့မႈအတြက္ နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ကို ပရိသတ္ေတြက ေပါက္ကြဲေနၾကပါတယ္။

ကြင္းထဲကေန လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ပင္နယ္တီကန္ရေတာ့မယ္မွန္းသိသိနဲ႔ လူစားလဲခဲ့တာနဲ႔ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ ဆာကာကို အဆုံးအျဖတ္ျဖစ္တဲ့ ငါးလုံးေျမာက္မွာ ကန္သြင္းေစခဲ့တဲ့ မစ္ဒယ္ဘေရာ့နည္းျပေဟာင္းရဲ႕ ဉာဏ္ရည္နိမ့္ပါးတဲ့ ဆုံးျဖတ္ခ်က္က အုပ္စုတြင္းမွာ စေကာ့တလန္ကို သေရက်တဲ့ပြဲအၿပီးမွာ ေနာက္တစ္ႀကိမ္ တစ္ပတ္လည္ ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

ဥေရာပပြဲႀကီးေတြမွာ ဖိုင္နယ္ကစားခြင့္ မရေသးသလို ေျမာက္လန္ဒန္အသင္းရဲ႕ ပင္နယ္တီအစီအစဥ္ေတြမွာလည္း မပါဝင္ခဲ့တဲ့ ဆာကာဟာ ဒီေန႔ပြဲမွာ အလြန္ႀကီးမားတဲ့ ဝန္ထုပ္ဝန္ပိုးကို ထမ္းခဲ့ရတယ္လို႔ လြဲေခ်ာ္မႈအၿပီးမွာ ပရိသတ္ေတြက ဆိုရွယ္မီဒီယာေတြမွာ ေပါက္ကြဲေနၾကၿပီး ဒါဟာ သူ႔ရဲ႕ ကစားသမားဘဝကိုပါ ထိခိုက္သြားေစႏိုင္တဲ့ ဆုံးျဖတ္ခ်က္ကို ေဆာက္ဂိတ္က မညႇာမတာလုပ္ေဆာင္ခဲ့တာလို႔ လက္ညႇိဳးထိုးခဲ့ၾကတာပါ။

ပရိသတ္ေတြကေတာ့ ဒါဟာ သူ႔ရဲ႕ ပထမဆုံးပြဲႀကီးမွာ ကန္ရတဲ့ ပင္နယ္တီျဖစ္သလို အဂၤလန္အသင္းရဲ႕ ၅၅ ႏွစ္အၾကာမွ တက္ခဲ့တဲ့ ၿပိဳင္ပြဲႀကီးရဲ႕ ဗိုလ္လုပြဲမွာ ဒီလိုမ်ိဳး ဖိအားေပးခံရတဲ့အတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဆာကာဘက္က ကာကြယ္သြားခဲ့သလို အရႈံးအတြက္ အကြက္ဆင္ခံရတာျဖစ္ၿပီး ဒါေတြအားလုံးအတြက္ ေဆာက္ဂိတ္က တာဝန္ယူရလိမ့္မယ္လို႔ ရာထူးက ႏုတ္ထြက္ဖို႔ဆန္ဆန္ ၿခိမ္းေျခာက္မႈေတြပါ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရဲ႕ အခ်ိန္ပိုၿပီးခါနီးမွာ ေဝၚလ္ကာကို ဆန္ခ်ိဳနဲ႔ လူစားလဲတာ မွားတယ္လို႔ မဆိုႏိုင္ေပမယ့္ တကယ္မကန္ႏိုင္တဲ့ ကစားသမားမ်ိဳးေတြကို လဲရမယ့္အစား ဟန္ဒါဆန္ကို ရက္ရွ္ဖို႔ဒ္နဲ႔လဲခဲ့တာက မွားယြင္းခဲ့သလို ေဆာက္ဂိတ္အတြက္ေတာ့ သူလဲခဲ့တဲ့ ႏွစ္ဦးလုံးက ပင္နယ္တီ မဝင္ခဲ့တာက ပိုၿပီး ဆိုး႐ြားသြားခဲ့တာပါ။

ဒီၾကားထဲမွာ မန္ခ်က္စတာစီးတီးရဲ႕ စတာလင္နဲ႔ ဗီလာရဲ႕ ဂရီးလစ္ရွ္တို႔ဟာ ပင္နယ္တီ မကန္ရဲဘဲ လက္ေရွာင္ခဲ့ၾကတယ္လို႔ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္က လက္ညႇိဳးထိုး စြပ္စြဲခဲ့ေသးတာမို႔ ဆာကာရဲ႕ ပင္နယ္တီကန္သြင္းမႈအတြက္ေတာ့ အျပစ္တင္စရာ နည္းပါးသြားခဲ့တာျဖစ္ပါတယ္။

ပင္နယ္တီ ကန္သြင္းရာမွာ အေတြ႕အႀကဳံရွိတဲ လုခ္ေရွာကို မေ႐ြးခဲ့တာကလည္း ေဆာက္ဂိတ္အတြက္ေတာ့ ႀကီးမားတဲ့ အမွားျဖစ္ခဲ့ခ်ိန္မွာ အီတလီေတြကေတာ့ “Football is coming home” အစား “Football is coming Rome”လို႔ ေနာက္ေျပာင္ခဲ့ၾကလို႔ အဂၤလန္ပရိသတ္ေတြအတြက္ေတာ့ ပိုမိုေပါက္ကြဲစရာျဖစ္ခဲ့ၿပီး ဆာကာကိုေတာ့ ခ်စ္ခင္ၾကတဲ့ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြက ဝိုင္းဝန္းအားေပးေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.