International Match Report Other Leagues

မအိုသေးကြောင်းပြပြီး ယူရိုရွှေဖိနပ်ဆုကို အရဆွတ်ခူးနိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ပေါ်တူဂီတိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ရွှေဖိနပ်ဆုကို ဦးဆောင်ထားရာကနေ ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်အသင်းနဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်မှု အပြီးမှာ တရားဝင် ယူရို ၂၀၂၀ ရဲ့ တရားဝင်ရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် ၅ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်နဲ့ သွင်းဂိုးအရေအတွက် တူညီခဲ့တာပါ။ဒါပေမယ့် UEFA ရဲ့ ရွှေဖိနပ်ဆုအတွက် စည်းမျဉ်းတွေအရ ရော်နယ်လ်ဒိုရဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်က ရွှေဖိနပ်ဆုအတွက် လုံလောက်ခဲ့ပါတယ်။

UEFA ကတော့ သွင်းဂိုးတူရင် ဂိုးဖန်တီးမှုယှဉ်ပါတယ်။အဲ့ဒီအထိ တူနေရင်တော့ ကစားရတဲ့ မိနစ်ကို ကြည့်ပါတယ်။အဲ့ဒီအထိမှ တူနေသေးရင် ခြေစစ်ပွဲမှာသွင်းခဲ့တဲ့ သွင်းဂိုးအရေအတွက်ကို ကြည့်ပြီးတော့ ရွှေဖိနပ်ဆုကို ပေးတာ ဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရခဲ့သလို တခြားစံချိန်တွေကိုလည်း ရော်နယ်လ်ဒို ပိုင်ဆိုင်ခဲ့ပါသေးတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပေါ်တူဂီ ၃-၀ ဟန်ဂေရီပွဲစဉ်မှာလည်း ရော်နယ်လ်ဒိုက ၂ ဂိုးသွင်းယူပြီးတဲ့နောက်မှာတော့ ယူရိုပြိုင်ပွဲသက်တမ်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပြင်သစ်ဂန္ထဝင် မီရှယ် ပလက်တီနီရဲ့ ၁၁ ဂိုးဆိုတဲ့ အရေအတွက်ကို ကျော်ဖြတ်ခဲ့ပြီး ယူရို ၂၀၂၀ အပြီးမှာတော့ ၁၄ ဂိုးနဲ့ စံချိန်သစ် ထူထားခဲ့တာပါ။

ရော်နယ်လ်ဒိုက ယူရို ၂၀၂၀ မှ ပွဲကစားချိန် ၃၆၀ မိနစ်သာ ကစားခဲ့ရပေမယ့် ၅ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းဘက်ကို လူမှဟုတ်ရဲ့လား မေးယူရမယ့် ပြေးနှုန်းနဲ့ ၁ ဂိုး၊ အိမ်ရှင်အားသာချက်နဲ့ မာကျောခဲ့တဲ့ ဟန်ဂေရီကို ၂ ဂိုးနဲ့ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံပြင်သစ်နဲ့ပွဲမှာ ရရှိတဲ့ ပယ်နယ်တီ ၂လုံးစလုံးကို ဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ယူရို ပြိုင်ပွဲ ၅ ကြိမ်အထိ(၂၀၀၄၊၂၀၀၈၊၂၀၁၂၊၂၀၁၆၊၂၀၂၀)ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခြားဘယ်သူမှ သူ့လိုမစွမ်းဆောင်နိုင်သေးပါဘူး။ပြီးတော့ နိင်ငံအသင်းနဲ့အတွက် သွင်းဂိုးအများဆုံးစာရင်းမှာလည်း အီရန်ရဲ့ အလီ ဒါယီနဲ့အတူ သွင်းဂိုး ၁၀၉ ဂိုးနဲ့ ရပ်တည်နေသူပါ။

ယူရို ၂၀၁၆ မှာတုန်းက ပြင်သစ်မြေမှာကျင်းပတဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ယူခဲ့တဲ့ ပေါ်တူဂီအသင်းကတော့ ယူရို၂၀၂၀ မှာ ၁၆ သင်းရှုံးထွက်အဆင့်မှာတင် လက်ရှိ ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယမ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ယူရို ၂၀၂၀ မှာတော့ Own Goal ၁၁ ဂိုးအထိ မြင်တွေ့ခဲ့ရပြီး ယူရို ၂၀၂၀ မစခင်က ယူရိုပြိုင်ပွဲ ၁၅ ခုအတွင်းမှာ Own Goal ၉ ဂိုးသာ ရှိခဲ့တာဖြစ်ခဲ့သလို ယူရို ၂၀၂၀ မှာတော့ အပြတ်သတ်ကို အသာစီးနဲ့ ကျော်ဖြတ်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီတိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ေ႐ႊဖိနပ္ဆုကို ဦးေဆာင္ထားရာကေန ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲအျဖစ္ အဂၤလန္အသင္းနဲ႔ အီတလီအသင္းတို႔ ယွဥ္ၿပိဳင္မႈ အၿပီးမွာ တရားဝင္ ယူ႐ို ၂၀၂၀ ရဲ႕ တရားဝင္ေ႐ႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းအတြက္ ၅ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္နဲ႔ သြင္းဂိုးအေရအတြက္ တူညီခဲ့တာပါ။ဒါေပမယ့္ UEFA ရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ စည္းမ်ဥ္းေတြအရ ေရာ္နယ္လ္ဒိုရဲ႕ ဂိုးဖန္တီးမႈ ၁ ႀကိမ္က ေ႐ႊဖိနပ္ဆုအတြက္ လုံေလာက္ခဲ့ပါတယ္။

UEFA ကေတာ့ သြင္းဂိုးတူရင္ ဂိုးဖန္တီးမႈယွဥ္ပါတယ္။အဲ့ဒီအထိ တူေနရင္ေတာ့ ကစားရတဲ့ မိနစ္ကို ၾကည့္ပါတယ္။အဲ့ဒီအထိမွ တူေနေသးရင္ ေျခစစ္ပြဲမွာသြင္းခဲ့တဲ့ သြင္းဂိုးအေရအတြက္ကို ၾကည့္ၿပီးေတာ့ ေ႐ႊဖိနပ္ဆုကို ေပးတာ ျဖစ္ပါတယ္။ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုရခဲ့သလို တျခားစံခ်ိန္ေတြကိုလည္း ေရာ္နယ္လ္ဒို ပိုင္ဆိုင္ခဲ့ပါေသးတယ္။

အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ေပၚတူဂီ ၃-၀ ဟန္ေဂရီပြဲစဥ္မွာလည္း ေရာ္နယ္လ္ဒိုက ၂ ဂိုးသြင္းယူၿပီးတဲ့ေနာက္မွာေတာ့ ယူ႐ိုၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ျပင္သစ္ဂႏၴဝင္ မီရွယ္ ပလက္တီနီရဲ႕ ၁၁ ဂိုးဆိုတဲ့ အေရအတြက္ကို ေက်ာ္ျဖတ္ခဲ့ၿပီး ယူ႐ို ၂၀၂၀ အၿပီးမွာေတာ့ ၁၄ ဂိုးနဲ႔ စံခ်ိန္သစ္ ထူထားခဲ့တာပါ။

ေရာ္နယ္လ္ဒိုက ယူ႐ို ၂၀၂၀ မွ ပြဲကစားခ်ိန္ ၃၆၀ မိနစ္သာ ကစားခဲ့ရေပမယ့္ ၅ ဂိုးသြင္းယူႏိုင္ၿပီး ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဂ်ာမနီအသင္းဘက္ကို လူမွဟုတ္ရဲ႕လား ေမးယူရမယ့္ ေျပးႏႈန္းနဲ႔ ၁ ဂိုး၊ အိမ္ရွင္အားသာခ်က္နဲ႔ မာေက်ာခဲ့တဲ့ ဟန္ေဂရီကို ၂ ဂိုးနဲ႔ ကမာၻ႔ဖလားလက္ရွိခ်န္ပီယံျပင္သစ္နဲ႔ပြဲမွာ ရရွိတဲ့ ပယ္နယ္တီ ၂လုံးစလုံးကို ဂိုးအျဖစ္ သြင္းယူေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

သူ႔အေနနဲ႔ ယူ႐ို ၿပိဳင္ပြဲ ၅ ႀကိမ္အထိ(၂၀၀၄၊၂၀၀၈၊၂၀၁၂၊၂၀၁၆၊၂၀၂၀)ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အျခားဘယ္သူမွ သူ႔လိုမစြမ္းေဆာင္ႏိုင္ေသးပါဘူး။ၿပီးေတာ့ နိင္ငံအသင္းနဲ႔အတြက္ သြင္းဂိုးအမ်ားဆုံးစာရင္းမွာလည္း အီရန္ရဲ႕ အလီ ဒါယီနဲ႔အတူ သြင္းဂိုး ၁၀၉ ဂိုးနဲ႔ ရပ္တည္ေနသူပါ။

ယူ႐ို ၂၀၁၆ မွာတုန္းက ျပင္သစ္ေျမမွာက်င္းပတဲ့ ဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို အႏိုင္ယူခဲ့တဲ့ ေပၚတူဂီအသင္းကေတာ့ ယူ႐ို၂၀၂၀ မွာ ၁၆ သင္းရႈံးထြက္အဆင့္မွာတင္ လက္ရွိ ကမာၻ႔အဆင့္ ၁ ဘယ္လ္ဂ်ီယမ္ကို ရႈံးနိမ့္ခဲ့ပါတယ္။

ယူ႐ို ၂၀၂၀ မွာေတာ့ Own Goal ၁၁ ဂိုးအထိ ျမင္ေတြ႕ခဲ့ရၿပီး ယူ႐ို ၂၀၂၀ မစခင္က ယူ႐ိုၿပိဳင္ပြဲ ၁၅ ခုအတြင္းမွာ Own Goal ၉ ဂိုးသာ ရွိခဲ့တာျဖစ္ခဲ့သလို ယူ႐ို ၂၀၂၀ မွာေတာ့ အျပတ္သတ္ကို အသာစီးနဲ႔ ေက်ာ္ျဖတ္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.