Premier League

မန္စီးတီးရဲ႕ ကမာၻ႕အဆင့္ကစားသမားျဖစ္လာဦးမယ့္သူကို ေရြးထုတ္ျပခဲ့တဲ့ ဘာနာဒို ေဆးလ္ဗား

မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားက အသင္းမွာ ကစားသမားေကာင္းေတြ အမ်ားႀကီးရွိေနတဲ့အထဲမွာ အဂၤလန္လူငယ္ ဖီးလ္ ဖိုဒန္ကေတာ့ အနာဂတ္အတြက္ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ၿပီး ကမာၻ႕အဆင့္ ထိပ္တန္းကစားသမားတစ္ဦးျဖစ္လာဦးမယ့္သူလို႔ ေထာက္ခံေျပာၾကားလုိက္ပါတယ္။

တုိက္စစ္မွဴးေနာက္၊ ကြင္းလယ္နဲ႔ ေတာင္ပံတုိက္စစ္နဲ႔ ေတာင္ပံခံစစ္ေတြမွာ ကစားႏုိင္တဲ့ အသက္ ၁၉ ႏွစ္အရြယ္ အဂၤလန္လူငယ္ဟာ သူ႕ကို ခ်ီးက်ဴးခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားလိုပဲ ေနရာစုံကစားႏုိင္သူျဖစ္ၿပီး နည္းျပျဖစ္သူ ပက္ပ္ ဂြါဒီယိုလာကေတာ့ သူ႕ရဲ႕ကစားသမားဟာ ကြင္းလယ္လူတစ္ဦးနဲ႔ ပုိတူတယ္လို႔ေတာ့ သုံးသပ္ထားခဲ့ပါတယ္။

အဂၤလန္လူငယ္ေတြထဲမွာ နည္းစနစ္ပုိင္းအေကာင္းမြန္ဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဖိုဒန္ဟာ မန္စီးတီးအသင္းနဲ႔အတူ ၆၂ ပြဲ ကစားခြင့္ ရၿပီးၿပီျဖစ္သလို ၁၀ ဂိုး သြင္းယူထားႏိုင္ၿပီး ႏုိင္ငံအသင္းမွာေတာ့ ယူ-၂၁ အသင္းကိုပဲ ကိုယ္စားျပဳခြင့္ရေသးေပမယ့္ အေတာက္ပဆုံးကစားသမားတစ္ဦးျဖစ္ဖို႔ လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့တာပါ။

“ဖီးလ္က တကယ့္ကစားသမားေကာင္းတစ္ေယာက္လို႔ ကၽြန္ေတာ္ ထင္တယ္ဗ်။ သူ႕ရဲ႕အေရွ႕မွာလည္း ေကာင္းမြန္တဲ့ အနာဂတ္က ေစာင့္ႀကဳိေနပါတယ္။ ဒီအသင္းမွာ သူၾကာၾကာဆက္ေနၿပီး ႀကဳိးစားမယ္ဆုိရင္ ကမာၻ႕အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ မၾကာခင္မွာပဲ ရပ္တည္လာႏုိင္ပါလိမ့္မယ္”လို႔ ေပၚတူဂီကြင္းလယ္လူက ေျပာၾကားလုိက္ပါတယ္။

ဖိုဒန္ကိုလည္း သူက ဇြဲေကာင္းေကာင္းနဲ႔ ႀကဳိးစားဖို႔ အႀကံျပဳခဲ့ၿပီး ကီဗင္ ဒီဘ႐ိုင္းနား၊ အစ္လ္ေက ဂြန္ဒိုးဝမ္၊ ေဒးဗစ္ ေဆးလ္ဗားတို႔လို ကြင္းလယ္ကစားသမားေတြၾကားမွာ ကစားခြင့္က မလြယ္ေပမယ့္ စြမ္းေဆာင္ရည္ေပၚမူတည္ၿပီး ေနရာရလာမွာျဖစ္ေၾကာင္းနဲ႔ အနာဂတ္မွာ အသင္းနဲ႔အတူ ထိပ္တန္းအဆင့္ ေအာင္ျမင္မွဳေတြ ရယူႏုိင္ဖို႔ လုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္းလည္း တုိက္တြန္းသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိနေတဲ့အထဲမှာ အင်္ဂလန်လူငယ် ဖီးလ် ဖိုဒန်ကတော့ အနာဂတ်အတွက် ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာဦးမယ့်သူလို့ ထောက်ခံပြောကြားလိုက်ပါတယ်။

တိုက်စစ်မှူးနောက်၊ ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်နဲ့ တောင်ပံခံစစ်တွေမှာ ကစားနိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်လူငယ်ဟာ သူ့ကို ချီးကျူးခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားလိုပဲ နေရာစုံကစားနိုင်သူဖြစ်ပြီး နည်းပြဖြစ်သူ ပက်ပ် ဂွါဒီယိုလာကတော့ သူ့ရဲ့ကစားသမားဟာ ကွင်းလယ်လူတစ်ဦးနဲ့ ပိုတူတယ်လို့တော့ သုံးသပ်ထားခဲ့ပါတယ်။

အင်္ဂလန်လူငယ်တွေထဲမှာ နည်းစနစ်ပိုင်းအကောင်းမွန်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဖိုဒန်ဟာ မန်စီးတီးအသင်းနဲ့အတူ ၆၂ ပွဲ ကစားခွင့် ရပြီးပြီဖြစ်သလို ၁၀ ဂိုး သွင်းယူထားနိုင်ပြီး နိုင်ငံအသင်းမှာတော့ ယူ-၂၁ အသင်းကိုပဲ ကိုယ်စားပြုခွင့်ရသေးပေမယ့် အတောက်ပဆုံးကစားသမားတစ်ဦးဖြစ်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။

“ဖီးလ်က တကယ့်ကစားသမားကောင်းတစ်ယောက်လို့ ကျွန်တော် ထင်တယ်ဗျ။ သူ့ရဲ့အရှေ့မှာလည်း ကောင်းမွန်တဲ့ အနာဂတ်က စောင့်ကြိုနေပါတယ်။ ဒီအသင်းမှာ သူကြာကြာဆက်နေပြီး ကြိုးစားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် မကြာခင်မှာပဲ ရပ်တည်လာနိုင်ပါလိမ့်မယ်”လို့ ပေါ်တူဂီကွင်းလယ်လူက ပြောကြားလိုက်ပါတယ်။

ဖိုဒန်ကိုလည်း သူက ဇွဲကောင်းကောင်းနဲ့ ကြိုးစားဖို့ အကြံပြုခဲ့ပြီး ကီဗင် ဒီဘရိုင်းနား၊ အစ်လ်ကေ ဂွန်ဒိုးဝမ်၊ ဒေးဗစ် ဆေးလ်ဗားတို့လို ကွင်းလယ်ကစားသမားတွေကြားမှာ ကစားခွင့်က မလွယ်ပေမယ့် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး နေရာရလာမှာဖြစ်ကြောင်းနဲ့ အနာဂတ်မှာ အသင်းနဲ့အတူ ထိပ်တန်းအဆင့် အောင်မြင်မှုတွေ ရယူနိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ကြောင်းလည်း တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.