International Match Report

အင်္ဂလန်တို့ ဘယ်လိုကြိုးစားခဲ့ပေမယ့် ဥစ္စာရင်းမှန်တဲ့ အီတလီတို့ပဲ ချန်ပီယံဖြစ်ခဲ့တဲ့ ယူရို ၂၀၂၀

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ 3-5-2 ပုံစံကို ပြန်သုံးခဲ့ပြီး ထရစ်ပီယာနဲ့ ဝေါ်လ်ကာကို တစ်ပြိုင်တည်း ထည့်ခဲ့သလို တိုက်စစ်မှာတော့ ဆာကာရော ဆန်ချိုပါ မပါဝင်ခဲ့ဘဲ ဟာရီကိန်းကို စတာလင်နဲ့ မေဆန်မောင့်တို့က ဝန်းရံကစားသွားခဲ့ပြီး အသင်းကြီးချင်း တွေ့ဆုံတဲ့ပွဲကို သတိကြီးကြီးနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။

အီတလီကတော့ သူတို့သုံးနေကျ လူစာရင်းမှာ စပင်နက်ဇိုလာဒဏ်ရာကြောင့် ပါဝင်ကစားရတဲ့ အီမာဆန်တစ်ယောက်သာ အပြောင်းအလဲ ရှိခဲ့ပြီး ရှုံးထွက်အဆင့်တွေကတည်းက အထိုင်ချလာခဲ့တဲ့ ခီယေဆာ၊ ဗာရက်တီတို့နဲ့ ပွဲထွက်လာသလို အသင်းခေါင်းဆောင် ခေးလီနီနဲ့ ဘိုနူချီတို့က ခံစစ်ကို ဦးဆောင်လာခဲ့တာပါ။

အင်္ဂလန်တို့ စောစောစီးစီးမှာပဲ တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ကွင်းလယ်က ဟာရီကိန်း ဖြန့်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းက ပြေးတက်လာတဲ့ ထရစ်ပီယာက ဖြတ်တင်ပေးတာကို ဂိုးဧရိယာ ဘယ်ခြမ်းမှာ လွတ်နေတဲ့ လုခ်ရှောက Half Volley ကန်သွင်းခဲ့ရာမှာ တိုင်ခြေကို ကွက်တိဝင်သွားခဲ့လို့ ပွဲချိန် ၂ မိနစ်ကတည်းက အိမ်ရှင်ပရိသတ်တွေ မျှော်လင့်ချက် ကြီးမားခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရလို့ အီတလီတို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် ခံစစ်မှာ ၇ ယောက်အထိ အနည်းဆုံး ရှိနေတဲ့ အင်္ဂလန်တို့ကြောင့် ထိုးဖောက်ဖို့က ခက်ခဲနေခဲ့ပြီး အင်ဆီညာနဲ့ ခီယေဆာတို့ရဲ့ ထိုးဖောက်မှုတွေ ကောင်းပေမယ့် End Product ပိုင်းမှာ အားနည်းခဲ့လို့ ဘောလုံးတွေက ဂိုးဘေးတွေကိုပဲ ရောက်နေခဲ့တာပါ။

ပထမပိုင်းမှာ လုခ်ရှောရဲ့ စွမ်းစွမ်းတမံ ကြိုးစားမှုနဲ့ အပိုင်ဖန်တီးမှု တစ်ကြိမ် ထပ်မံလုပ်ဆောင်ပေးခဲ့ပေမယ့် တိုက်စစ်မှာ လူနည်းနေတဲ့ အင်္ဂလန်တို့ အသုံးမချနိုင်ခဲ့သလို အီတလီရဲ့ တိုက်စစ်တွေကလည်း မထက်မြက်ခဲ့တာကြောင့် ပထမပိုင်းကို အိမ်ရှင်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းကလည်း အီတလီတို့ပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့တဲ့ပွဲဖြစ်ခဲ့ပြီး စတာလင်ရဲ့ ဒိုက်ဗင်က မအောင်မြင်ခဲ့သလို အင်ဆီညာရဲ့ ဖရီးကစ်ကလည်း ဂိုးဘားပေါ် ကပ်ကျော်သွားခဲ့တာကြောင့် အင်္ဂလန်တို့ တောင့်ခံနိုင်ဆဲဖြစ်ပြီး ပွဲချိန် မိနစ် ၅၀ ကျော်မှာတော့ တိုက်စစ်မှာ ပိတ်မိနေတဲ့ အင်မိုဘီလီအစား ဘယ်ရာဒီနဲ့ ဘာရဲလားအစား ခရစ္စတန်တီတို့ကို မန်ချီနီက ထည့်သွင်းခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အင်ဆီညာရဲ့ ထောင့်ကျဉ်းကန်ချက်ကို ပစ်ခ်ဖို့ဒ် ကာကွယ်ခဲ့ရသလို ခီ‌ယေဆာရဲ့ လူကြားထဲက ကန်ချက်ကိုလည်း အစွမ်းကုန် ဒိုက်ပစ်ပြီး ပုတ်ထုတ်ခဲ့ရပြန်ပြီး ပွဲချိန် ၆၇ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ရှုပ်ယှက်ခတ်ပြီး ဗာရက်တီရဲ့ ခေါင်းတိုက်ချက် ပြန်ထွက်လာတာကို ဒီနေ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဘိုနူချီက အီတလီတို့အတွက် ပိတ်သွင်းချေပသွားခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်တဲ့ ဘယ်ရာဒီက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဝင်အောင်မကန်နိုင်ခဲ့သလို အင်္ဂလန် တိုက်စစ်ကလည်း ဂိုးထပ်ရဖို့ ဆာကာနဲ့ ဟန်ဒါဆန်တို့ကို လူစားလဲခဲ့ပေမယ့် လောက်လောက်လားလားလုပ်မပြနိုင်တော့တာကြောင့် မိနစ် ၉၀ မှာ တစ်ဂိုးစီ သရေနဲ့ အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာ ဘယ်လော့တီ၊ လိုကာတယ်လီနဲ့ ဘာနာဒက်စ်ခီတို့ရဲ့ အီတလီတိုက်စစ်ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းကတော့ အလုပ်မဖြစ်ဘဲ ရှိနေခဲ့လို့ အင်္ဂလန်တို့ သက်သာရာရခဲ့သလို ပရီးမီးယားလိဂ်ရိုးရာ အမြင့်ဘောဖြတ်တင်မှုတွေကိုလည်း စီးရီးအေဂိုးသမား ဒွန်နာရမ်မာက အကောင်းဆုံး အဝင်အထွက်မှန်မှန် ကာကွယ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အီတလီတို့ ပိုဖိကစားခဲ့ပြီး အင်္ဂလန်တို့ ကောင်တာချောင်းခဲ့ပေမယ့် ဘယ်သူမှ ဂိုးမရတော့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ ဖြစ်လာခဲ့ချိန်မှာ အီတလီဘက်က ဘယ်ရာဒီ စကန်ရာမှာ ဝင်ခဲ့ပြီး ဟာရီကိန်းက ချေပနိုင်ခဲ့သလို ဒုတိယကန်သွင်းမှုမှာတော့ ဘယ်လော့တီကို ပစ်ခ်ဖို့ဒ်က ငြင်းပယ်ခဲ့ချိန်မှာ မက်ဂွိုင်းယားက အမှားအယွင်းမရှိ ကန်သွင်းပြီး အင်္ဂလန်တို့ကို ဦးဆောင်စေခဲ့ပါတယ်။

တတိယကန်သွင်းမှုမှာတော့ ဘိုနူချီရဲ့ ကန်ချက်ကို ပစ်ခ်ဖို့ဒ် ကာကွယ်ရာမှာ ကံမကောင်းခဲ့ဘဲ လက်နဲ့ အနည်းငယ်လွဲသွားခဲ့လို့ အင်္ဂလန်တို့ ကံခေခဲ့သလို ရက်ရှ်ဖို့ဒ်ရဲ့ ကန်ချက်ကတော့ တိုင်ထိထွက်သွားခဲ့ပြီး သရေပြန်ဖြစ်လာချိန်မှာ စတုတ္ထ ပင်နယ်တီမှာတော့ ဘာနာဒက်စ်ခီက အလယ် တည့်တည့်ကို ကန်သွင်းယူခဲ့ပြီး ဆန်ချိုရဲ့ ကန်ချက်ကတော့ ကာကွယ်ဖို့ လွယ်လွန်းခဲ့လို့ အီတလီတို့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ပဉ္စမမြောက်နဲ့ နောက်ဆုံးကန်သွင်းချက်တွေမှာတော့ ဂျော်ဂျင်ညိုရဲ့ ကန်နေကျအတိုင်း ကန်ချက်ကို ပစ်ခ်ဖို့ဒ် ကာကွယ်နိုင်ခဲ့ပေမယ့် ဆန်ချိုလိုပဲ တူညီတဲ့ နေရာကို သွားကန်ပြီး ဒွန်နာရမ်မာကို ကြက်ဉတိုက်ခဲ့တဲ့ ဆာကာကြောင့် အင်္ဂလန်တို့ အသည်းကွဲခဲ့ရသလို အီတလီတို့ကတော့ ၁၉၆၈ နောက်ပိုင်း ၅၃ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ယူရိုဖလားကြီးကို တစ်ကျော့ပြန်သိမ်းပိုက်ပြီး ဘောလုံးဆိုတာ အလကားနေရင်း အိမ်ပြန်မလာဘူး “Football is not coming home”လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကတော့ အိမ်ရှင်အခွင့်အရေးကို အမျိုးမျိုးအသုံးချခွင့် ကြုံခဲ့ပေမယ့် နည်းပြ ဆောက်ဂိတ်ရဲ့ ကံမကောင်းမှု၊ လူထုတ်ပုံ မှားယွင်းမှုတွေနဲ့အတူ ပင်နယ်တီကို သေချာပြင်ဆင်ထားခြင်း မရှိတဲ့ ပုံစံကို တွေ့မြင်ခဲ့ရပြီး ထင်မထားတဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တောက်ပခဲ့ပေမယ့် ဥရောပတစ်ခွင် ကျင်းပတယ်လို့ အမည်ခံပြီး လန်ဒန်မှာချည်း ကန်ရတဲ့ ပြိုင်ပွဲမှာ ဆုဖလားကို လက်လွှတ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ 3-5-2 ပုံစံကို ျပန္သုံးခဲ့ၿပီး ထရစ္ပီယာနဲ႔ ေဝၚလ္ကာကို တစ္ၿပိဳင္တည္း ထည့္ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာေရာ ဆန္ခ်ိဳပါ မပါဝင္ခဲ့ဘဲ ဟာရီကိန္းကို စတာလင္နဲ႔ ေမဆန္ေမာင့္တို႔က ဝန္းရံကစားသြားခဲ့ၿပီး အသင္းႀကီးခ်င္း ေတြ႕ဆုံတဲ့ပြဲကို သတိႀကီးႀကီးနဲ႔ ခ်ဥ္းကပ္လာခဲ့ပါတယ္။

အီတလီကေတာ့ သူတို႔သုံးေနက် လူစာရင္းမွာ စပင္နက္ဇိုလာဒဏ္ရာေၾကာင့္ ပါဝင္ကစားရတဲ့ အီမာဆန္တစ္ေယာက္သာ အေျပာင္းအလဲ ရွိခဲ့ၿပီး ရႈံးထြက္အဆင့္ေတြကတည္းက အထိုင္ခ်လာခဲ့တဲ့ ခီေယဆာ၊ ဗာရက္တီတို႔နဲ႔ ပြဲထြက္လာသလို အသင္းေခါင္းေဆာင္ ေခးလီနီနဲ႔ ဘိုႏူခ်ီတို႔က ခံစစ္ကို ဦးေဆာင္လာခဲ့တာပါ။

အဂၤလန္တို႔ ေစာေစာစီးစီးမွာပဲ တန္ျပန္တိုက္စစ္ကေန ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ကြင္းလယ္က ဟာရီကိန္း ျဖန႔္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းက ေျပးတက္လာတဲ့ ထရစ္ပီယာက ျဖတ္တင္ေပးတာကို ဂိုးဧရိယာ ဘယ္ျခမ္းမွာ လြတ္ေနတဲ့ လုခ္ေရွာက Half Volley ကန္သြင္းခဲ့ရာမွာ တိုင္ေျခကို ကြက္တိဝင္သြားခဲ့လို႔ ပြဲခ်ိန္ ၂ မိနစ္ကတည္းက အိမ္ရွင္ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ ႀကီးမားခဲ့ရတာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရလို႔ အီတလီတို႔ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ ခံစစ္မွာ ၇ ေယာက္အထိ အနည္းဆုံး ရွိေနတဲ့ အဂၤလန္တို႔ေၾကာင့္ ထိုးေဖာက္ဖို႔က ခက္ခဲေနခဲ့ၿပီး အင္ဆီညာနဲ႔ ခီေယဆာတို႔ရဲ႕ ထိုးေဖာက္မႈေတြ ေကာင္းေပမယ့္ End Product ပိုင္းမွာ အားနည္းခဲ့လို႔ ေဘာလုံးေတြက ဂိုးေဘးေတြကိုပဲ ေရာက္ေနခဲ့တာပါ။

ပထမပိုင္းမွာ လုခ္ေရွာရဲ႕ စြမ္းစြမ္းတမံ ႀကိဳးစားမႈနဲ႔ အပိုင္ဖန္တီးမႈ တစ္ႀကိမ္ ထပ္မံလုပ္ေဆာင္ေပးခဲ့ေပမယ့္ တိုက္စစ္မွာ လူနည္းေနတဲ့ အဂၤလန္တို႔ အသုံးမခ်ႏိုင္ခဲ့သလို အီတလီရဲ႕ တိုက္စစ္ေတြကလည္း မထက္ျမက္ခဲ့တာေၾကာင့္ ပထမပိုင္းကို အိမ္ရွင္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းကလည္း အီတလီတို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့တဲ့ပြဲျဖစ္ခဲ့ၿပီး စတာလင္ရဲ႕ ဒိုက္ဗင္က မေအာင္ျမင္ခဲ့သလို အင္ဆီညာရဲ႕ ဖရီးကစ္ကလည္း ဂိုးဘားေပၚ ကပ္ေက်ာ္သြားခဲ့တာေၾကာင့္ အဂၤလန္တို႔ ေတာင့္ခံႏိုင္ဆဲျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ ေက်ာ္မွာေတာ့ တိုက္စစ္မွာ ပိတ္မိေနတဲ့ အင္မိုဘီလီအစား ဘယ္ရာဒီနဲ႔ ဘာရဲလားအစား ခရစၥတန္တီတို႔ကို မန္ခ်ီနီက ထည့္သြင္းခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ အင္ဆီညာရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ခဲ့ရသလို ခီ‌ေယဆာရဲ႕ လူၾကားထဲက ကန္ခ်က္ကိုလည္း အစြမ္းကုန္ ဒိုက္ပစ္ၿပီး ပုတ္ထုတ္ခဲ့ရျပန္ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ရႈပ္ယွက္ခတ္ၿပီး ဗာရက္တီရဲ႕ ေခါင္းတိုက္ခ်က္ ျပန္ထြက္လာတာကို ဒီေန႔ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ဘိုႏူခ်ီက အီတလီတို႔အတြက္ ပိတ္သြင္းေခ်ပသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္တဲ့ ဘယ္ရာဒီက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဝင္ေအာင္မကန္ႏိုင္ခဲ့သလို အဂၤလန္ တိုက္စစ္ကလည္း ဂိုးထပ္ရဖို႔ ဆာကာနဲ႔ ဟန္ဒါဆန္တို႔ကို လူစားလဲခဲ့ေပမယ့္ ေလာက္ေလာက္လားလားလုပ္မျပႏိုင္ေတာ့တာေၾကာင့္ မိနစ္ ၉၀ မွာ တစ္ဂိုးစီ သေရနဲ႔ အခ်ိန္ပိုဆက္ကစားခဲ့ရပါတယ္။

အခ်ိန္ပိုမွာ ဘယ္ေလာ့တီ၊ လိုကာတယ္လီနဲ႔ ဘာနာဒက္စ္ခီတို႔ရဲ႕ အီတလီတိုက္စစ္ေကာင္းခဲ့ေပမယ့္ အဆုံးသတ္ပိုင္းကေတာ့ အလုပ္မျဖစ္ဘဲ ရွိေနခဲ့လို႔ အဂၤလန္တို႔ သက္သာရာရခဲ့သလို ပရီးမီးယားလိဂ္႐ိုးရာ အျမင့္ေဘာျဖတ္တင္မႈေတြကိုလည္း စီးရီးေအဂိုးသမား ဒြန္နာရမ္မာက အေကာင္းဆုံး အဝင္အထြက္မွန္မွန္ ကာကြယ္သြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ အီတလီတို႔ ပိုဖိကစားခဲ့ၿပီး အဂၤလန္တို႔ ေကာင္တာေခ်ာင္းခဲ့ေပမယ့္ ဘယ္သူမွ ဂိုးမရေတာ့လို႔ ပင္နယ္တီ အဆုံးအျဖတ္ ခံယူဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ အီတလီဘက္က ဘယ္ရာဒီ စကန္ရာမွာ ဝင္ခဲ့ၿပီး ဟာရီကိန္းက ေခ်ပႏိုင္ခဲ့သလို ဒုတိယကန္သြင္းမႈမွာေတာ့ ဘယ္ေလာ့တီကို ပစ္ခ္ဖို႔ဒ္က ျငင္းပယ္ခဲ့ခ်ိန္မွာ မက္ဂြိဳင္းယားက အမွားအယြင္းမရွိ ကန္သြင္းၿပီး အဂၤလန္တို႔ကို ဦးေဆာင္ေစခဲ့ပါတယ္။

တတိယကန္သြင္းမႈမွာေတာ့ ဘိုႏူခ်ီရဲ႕ ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ရာမွာ ကံမေကာင္းခဲ့ဘဲ လက္နဲ႔ အနည္းငယ္လြဲသြားခဲ့လို႔ အဂၤလန္တို႔ ကံေခခဲ့သလို ရက္ရွ္ဖို႔ဒ္ရဲ႕ ကန္ခ်က္ကေတာ့ တိုင္ထိထြက္သြားခဲ့ၿပီး သေရျပန္ျဖစ္လာခ်ိန္မွာ စတုတၳ ပင္နယ္တီမွာေတာ့ ဘာနာဒက္စ္ခီက အလယ္ တည့္တည့္ကို ကန္သြင္းယူခဲ့ၿပီး ဆန္ခ်ိဳရဲ႕ ကန္ခ်က္ကေတာ့ ကာကြယ္ဖို႔ လြယ္လြန္းခဲ့လို႔ အီတလီတို႔ ျပန္လည္ဦးေဆာင္ခဲ့ပါတယ္။

ပၪၥမေျမာက္နဲ႔ ေနာက္ဆုံးကန္သြင္းခ်က္ေတြမွာေတာ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ ကန္ေနက်အတိုင္း ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဆန္ခ်ိဳလိုပဲ တူညီတဲ့ ေနရာကို သြားကန္ၿပီး ဒြန္နာရမ္မာကို ၾကက္ဉတိုက္ခဲ့တဲ့ ဆာကာေၾကာင့္ အဂၤလန္တို႔ အသည္းကြဲခဲ့ရသလို အီတလီတို႔ကေတာ့ ၁၉၆၈ ေနာက္ပိုင္း ၅၃ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ယူ႐ိုဖလားႀကီးကို တစ္ေက်ာ့ျပန္သိမ္းပိုက္ၿပီး ေဘာလုံးဆိုတာ အလကားေနရင္း အိမ္ျပန္မလာဘူး “Football is not coming home”လို႔ ေျပာျပသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ကေတာ့ အိမ္ရွင္အခြင့္အေရးကို အမ်ိဳးမ်ိဳးအသုံးခ်ခြင့္ ႀကဳံခဲ့ေပမယ့္ နည္းျပ ေဆာက္ဂိတ္ရဲ႕ ကံမေကာင္းမႈ၊ လူထုတ္ပုံ မွားယြင္းမႈေတြနဲ႔အတူ ပင္နယ္တီကို ေသခ်ာျပင္ဆင္ထားျခင္း မရွိတဲ့ ပုံစံကို ေတြ႕ျမင္ခဲ့ရၿပီး ထင္မထားတဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ေတာက္ပခဲ့ေပမယ့္ ဥေရာပတစ္ခြင္ က်င္းပတယ္လို႔ အမည္ခံၿပီး လန္ဒန္မွာခ်ည္း ကန္ရတဲ့ ၿပိဳင္ပြဲမွာ ဆုဖလားကို လက္လႊတ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.