Analysis International

အာဂျင်တီးနားဗိုလ်စွဲခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိက ဗိုလ်လုပွဲမှ စိတ်ဝင်စားစရာ အချက် ၁၀ ချက်

၁- ၅ နှစ်အကြာ ဒီလိုနေ့မှာ GOAT နှစ်ဦးရဲ့ လှပသောတိုက်ဆိုင်မှု

လီယွန်နယ် မက်ဆီကတော့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ထိ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားကိုလည်း ဗိုလ်လုပွဲမှာပဲ ရှုံးနိမ့်ခဲ့ရသူပါ။ဒီနေ့မှာတော့ သူ့ရဲ့အာဂျင်တီးနားက ၂၀၂၁ ကိုပါအမေရိက ချန်ပီယံဖြစ်ခဲ့သလို လွန်ခဲ့တဲ့ ၅ နှစ် ဒီနေ့လိုနေ့မျိုးက ယူရို ၂၀၁၆ မှာလည်း သူ့ရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ ပထမဆုံး နိုင်ငံလက်ရွေးစင်အနေနဲ့ အောင်မြင်မှုကို ရခဲ့တာပါ။

၂- ဗိုလ်လုပွဲမတိုင်ခင်ကတည်းက အကောင်းဆုံးဆုရခဲ့သူ

ဗိုလ်လုပွဲမတိုင်ခင်ကတည်းက ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၄ ဂိုးနဲ့ ရပ်တည်နေသလို ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ၅ ကြိမ်နဲ့ ရပ်တည်ထားခဲ့တဲ့ မက်ဆီကို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ထားခဲ့ပြီး ပြိုင်ပွဲသက်တမ်းတစ်လျှောက် ဘယ်သူမှ သူ့လို ပြိုင်ပွဲတစ်ကြိမ်တည်းနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် မရရှိခဲ့ပါဘူး။

၃- နောက်ဆုံး ၁၃ ပွဲအတွင်း ဒီမာရီယာရဲ့ ပထမဆုံးဂိုး

ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို လှလှပပသွင်းယူပေးခဲ့တဲ့ အန်ဟဲလ် ဒီမာရီယာကတော့ အာဂျင်တီးနားအတွက် နောက်ဆုံး ၃ နှစ်အတွင်းမှာ ၁၃ ပွဲသာ ပွဲထွက်ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူပေးခဲ့ပေမယ့် သူသွင်းယူခဲ့တဲ့ဂိုးက ၂၀၂၁ ကိုပါအမေရိကချန်ပီယံအဖြစ် ဘရာဇီးလ်မှာ ပွဲခံနိုင်စေခဲ့တာပါ။

၄- ၂၀၀၅ နောက်ပိုင်း အာဂျင်တီးနားရဲ့ ပထမဆုံးဂိုး

အာဂျင်တီးနားအသင်းကတော့ ၂၀၀၅ နောက်ပိုင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားအပါအဝင် ဗိုလ်လုပွဲ ၆ ကြိမ်အထိ ရောက်ရှိခဲ့ပေမယ့် သွင်းဂိုးကတော့ ဒီမာရီယာသွင်းတဲ့ ၂၀၂၁ ကိုပါအမေရိက ဗိုလ်လုပွဲက တစ်ဂိုးပဲ ရှိခဲ့တာပါ။ကျန်တဲ့ဗိုလ်လုပွဲ ၅ ကြိမ်မှာ သွင်းဂိုးက တစ်ဂိုးမှ မရရှိခဲ့ပါဘူး။

၅- ၁၉၇၉ နောက်ပိုင်း ဘရာဇီးလ်မြေမှာ ဘရာဇီးလ်ကို ပထမဆုံးသွင်းတဲ့ဂိုး

၁၉၇၉ တုန်းက ဘရာဇီးလ်မြေမှာ အာဂျင်တီးနားက အိမ်ရှင်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီနောက်ပိုင်း ဘရာဇီးလ်မြေမှာ အိမ်ရှင်ကို ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးက ၂၀၂၁ ကိုပါအမေရိကဗိုလ်လုပွဲမှာ ဒီမာရီယာရဲ့ သွင်းဂိုးနဲ့အတူ ၄၂ နှစ်အကြာမှာ ကျိုးပျက်သွားခဲ့ရပါတယ်။၁၉၇၉ ဆိုတာ မက်ဆီကိုတောင် မမွေးသေးတဲ့အချိန်ကာလပါ။

၆- ၂၀၀၄ နောက်ပိုင်း ပထမဆုံး ဂိုးသွင်းရှင်

ပထမပိုင်းမှာ ဒီမာရီယာအနေနဲ့ အဖွင့်ဂိုးကို သွင်းယူပြီးကတည်းက ၂၀၀၄ နောက်ပိုင်း ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအတွက် သွင်းဂိုးရယူပေးခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။၂၀၀၄ တုန်းကတော့ အာဂျင်တီးနားတောင်ပံကစားသမား ဆေစာ ဒယ်လ်ဂါဒိုက ကိုပါအမေရိကဗိုလ်လုပွဲမှာ သွင်းယူပေးခဲ့တာပါ။

၇- ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ MOTM ရဖူးတဲ့ ပထမဆုံးကစားသမား

ဒီမာရီယာကတော့ ၂၀၂၁ ကိုပါအမေရိကဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရော ကိုပါအမေရိကဗိုလ်လုပွဲမှာပါ အကောင်းဆုံးဆုရတဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

၈- ပြိုင်ပွဲတစ်လျှောက် ရွှေလက်အိတ်ဆုရတဲ့ ပထမဆုံး အာဂျင်တိုင်းသား

အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း အီမီလီယာနို မာတီနက်ဇ်ကတော့ လက်ရွေးစင်အသင်းမှာ အစွမ်းကုန်တောက်ပနေပြီး ပြိုင်ပွဲအတွင်း ၆ ပွဲမှာ ၂ ဂိုးသာ ပေးထားခဲ့ရတာပါ။ပေးဂိုးမဲ့အောင် ၄ ပွဲအထိ စွမ်းဆောင်ပြနိုင်ခဲ့ပြီး အာဂျင်တီးနားသမိုင်းမှာ ကိုပါအမေရိကပြိုင်ပွဲတစ်လျှောက် ရွှေလက်အိတ်ဆုရတဲ့ ပထမဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။

၉- ၂၈ နှစ်ကြာ ဖလားလက်မဲ့ အိပ်မက်ဆိုးက နိုးထနိုင်ခဲ့သူများ

အာဂျင်တီးနားအသင်းကတော့ နိုင်ငံအသင်းပြိုင်ပွဲကြီးတွေမှာ ဆုဖလားမရရှိခဲ့တာ ၂၈ နှစ်အထိ ကြာမြင့်ခဲ့ပြီး ၂၀၂၁ ကိုပါအမေရိကကို ရယူပြီးမှသာ စံချိန်ဆိုး ရပ်တန့်ခဲ့ရတာပါ။အာဂျင်တီးနားအတွက်တော့ စံချိန်ဆိုးတွေကို ရပ်တန့်နိုင်ခဲ့ပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်စေခဲ့တဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။

၁၀- ၈၄ နှစ်အတွင်း ပထမဆုံးနိုင်ပွဲနဲ့ ဆုဖလားအများဆုံး

၂၀၂၁ ကိုပါအမေရိကဖလားကို ဘရာဇီးလ်မြေမှာ အရယူခဲ့တဲ့ အောင်ပွဲကတော့ အာဂျင်တီးနားတို့အတွက် ၈၄ နှစ်အတွင်း ကိုပါအမေရိကဗိုလ်လုပွဲမှာ ဘရာဇီးလ်ကို အနိုင်ရခဲ့တဲ့ ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့သလို ကိုပါအမေရိကဖလားကို အများဆုံး ဆွတ်ခူးခဲ့တဲ့ အသင်းအဖြစ် ဥရုဂွေးနဲ့အတူ ၁၅ ကြိမ်စီနဲ့ ရပ်တည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁- ၅ ႏွစ္အၾကာ ဒီလိုေန႔မွာ GOAT ႏွစ္ဦးရဲ႕ လွပေသာတိုက္ဆိုင္မႈ

လီယြန္နယ္ မက္ဆီကေတာ့ ကိုပါအေမရိကဖလား ဗိုလ္လုပြဲကို ၃ ႀကိမ္ထိ ရႈံးနိမ့္ခဲ့ၿပီး ၂၀၁၄ ကမာၻ႔ဖလားကိုလည္း ဗိုလ္လုပြဲမွာပဲ ရႈံးနိမ့္ခဲ့ရသူပါ။ဒီေန႔မွာေတာ့ သူ႔ရဲ႕အာဂ်င္တီးနားက ၂၀၂၁ ကိုပါအေမရိက ခ်န္ပီယံျဖစ္ခဲ့သလို လြန္ခဲ့တဲ့ ၅ ႏွစ္ ဒီေန႔လိုေန႔မ်ိဳးက ယူ႐ို ၂၀၁၆ မွာလည္း သူ႔ရဲ႕မဟာၿပိဳင္ဘက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ေပၚတူဂီအသင္းနဲ႔အတူ ပထမဆုံး ႏိုင္ငံလက္ေ႐ြးစင္အေနနဲ႔ ေအာင္ျမင္မႈကို ရခဲ့တာပါ။

၂- ဗိုလ္လုပြဲမတိုင္ခင္ကတည္းက အေကာင္းဆုံးဆုရခဲ့သူ

ဗိုလ္လုပြဲမတိုင္ခင္ကတည္းက ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၄ ဂိုးနဲ႔ ရပ္တည္ေနသလို ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ၅ ႀကိမ္နဲ႔ ရပ္တည္ထားခဲ့တဲ့ မက္ဆီကို ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ထားခဲ့ၿပီး ၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္ ဘယ္သူမွ သူ႔လို ၿပိဳင္ပြဲတစ္ႀကိမ္တည္းနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ မရရွိခဲ့ပါဘူး။

၃- ေနာက္ဆုံး ၁၃ ပြဲအတြင္း ဒီမာရီယာရဲ႕ ပထမဆုံးဂိုး

ဗိုလ္လုပြဲမွာ အႏိုင္ဂိုးကို လွလွပပသြင္းယူေပးခဲ့တဲ့ အန္ဟဲလ္ ဒီမာရီယာကေတာ့ အာဂ်င္တီးနားအတြက္ ေနာက္ဆုံး ၃ ႏွစ္အတြင္းမွာ ၁၃ ပြဲသာ ပြဲထြက္ကစားခဲ့ရၿပီး ၁ ဂိုးသာ သြင္းယူေပးခဲ့ေပမယ့္ သူသြင္းယူခဲ့တဲ့ဂိုးက ၂၀၂၁ ကိုပါအေမရိကခ်န္ပီယံအျဖစ္ ဘရာဇီးလ္မွာ ပြဲခံႏိုင္ေစခဲ့တာပါ။

၄- ၂၀၀၅ ေနာက္ပိုင္း အာဂ်င္တီးနားရဲ႕ ပထမဆုံးဂိုး

အာဂ်င္တီးနားအသင္းကေတာ့ ၂၀၀၅ ေနာက္ပိုင္းမွာ ၂၀၁၄ ကမာၻ႔ဖလားအပါအဝင္ ဗိုလ္လုပြဲ ၆ ႀကိမ္အထိ ေရာက္ရွိခဲ့ေပမယ့္ သြင္းဂိုးကေတာ့ ဒီမာရီယာသြင္းတဲ့ ၂၀၂၁ ကိုပါအေမရိက ဗိုလ္လုပြဲက တစ္ဂိုးပဲ ရွိခဲ့တာပါ။က်န္တဲ့ဗိုလ္လုပြဲ ၅ ႀကိမ္မွာ သြင္းဂိုးက တစ္ဂိုးမွ မရရွိခဲ့ပါဘူး။

၅- ၁၉၇၉ ေနာက္ပိုင္း ဘရာဇီးလ္ေျမမွာ ဘရာဇီးလ္ကို ပထမဆုံးသြင္းတဲ့ဂိုး

၁၉၇၉ တုန္းက ဘရာဇီးလ္ေျမမွာ အာဂ်င္တီးနားက အိမ္ရွင္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အဲဒီေနာက္ပိုင္း ဘရာဇီးလ္ေျမမွာ အိမ္ရွင္ကို ဂိုးမသြင္းႏိုင္ခဲ့တဲ့ မွတ္တမ္းဆိုးက ၂၀၂၁ ကိုပါအေမရိကဗိုလ္လုပြဲမွာ ဒီမာရီယာရဲ႕ သြင္းဂိုးနဲ႔အတူ ၄၂ ႏွစ္အၾကာမွာ က်ိဳးပ်က္သြားခဲ့ရပါတယ္။၁၉၇၉ ဆိုတာ မက္ဆီကိုေတာင္ မေမြးေသးတဲ့အခ်ိန္ကာလပါ။

၆- ၂၀၀၄ ေနာက္ပိုင္း ပထမဆုံး ဂိုးသြင္းရွင္

ပထမပိုင္းမွာ ဒီမာရီယာအေနနဲ႔ အဖြင့္ဂိုးကို သြင္းယူၿပီးကတည္းက ၂၀၀၄ ေနာက္ပိုင္း ကိုပါအေမရိကဗိုလ္လုပြဲမွာ အာဂ်င္တီးနားအတြက္ သြင္းဂိုးရယူေပးခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။၂၀၀၄ တုန္းကေတာ့ အာဂ်င္တီးနားေတာင္ပံကစားသမား ေဆစာ ဒယ္လ္ဂါဒိုက ကိုပါအေမရိကဗိုလ္လုပြဲမွာ သြင္းယူေပးခဲ့တာပါ။

၇- ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔ ကိုပါအေမရိကဗိုလ္လုပြဲမွာ MOTM ရဖူးတဲ့ ပထမဆုံးကစားသမား

ဒီမာရီယာကေတာ့ ၂၀၂၁ ကိုပါအေမရိကဗိုလ္လုပြဲမွာ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့သလို ၂၀၁၄ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း အေကာင္းဆုံးကစားသမားဆု ရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာ ကိုပါအေမရိကဗိုလ္လုပြဲမွာပါ အေကာင္းဆုံးဆုရတဲ့ ပထမဆုံးကစားသမား ျဖစ္လာခဲ့ပါတယ္။

၈- ၿပိဳင္ပြဲတစ္ေလွ်ာက္ ေ႐ႊလက္အိတ္ဆုရတဲ့ ပထမဆုံး အာဂ်င္တိုင္းသား

အာဆင္နယ္အသင္းရဲ႕ ဂိုးသမားေဟာင္း အီမီလီယာႏို မာတီနက္ဇ္ကေတာ့ လက္ေ႐ြးစင္အသင္းမွာ အစြမ္းကုန္ေတာက္ပေနၿပီး ၿပိဳင္ပြဲအတြင္း ၆ ပြဲမွာ ၂ ဂိုးသာ ေပးထားခဲ့ရတာပါ။ေပးဂိုးမဲ့ေအာင္ ၄ ပြဲအထိ စြမ္းေဆာင္ျပႏိုင္ခဲ့ၿပီး အာဂ်င္တီးနားသမိုင္းမွာ ကိုပါအေမရိကၿပိဳင္ပြဲတစ္ေလွ်ာက္ ေ႐ႊလက္အိတ္ဆုရတဲ့ ပထမဆုံးဂိုးသမားျဖစ္လာခဲ့ပါတယ္။

၉- ၂၈ ႏွစ္ၾကာ ဖလားလက္မဲ့ အိပ္မက္ဆိုးက ႏိုးထႏိုင္ခဲ့သူမ်ား

အာဂ်င္တီးနားအသင္းကေတာ့ ႏိုင္ငံအသင္းၿပိဳင္ပြဲႀကီးေတြမွာ ဆုဖလားမရရွိခဲ့တာ ၂၈ ႏွစ္အထိ ၾကာျမင့္ခဲ့ၿပီး ၂၀၂၁ ကိုပါအေမရိကကို ရယူၿပီးမွသာ စံခ်ိန္ဆိုး ရပ္တန႔္ခဲ့ရတာပါ။အာဂ်င္တီးနားအတြက္ေတာ့ စံခ်ိန္ဆိုးေတြကို ရပ္တန႔္ႏိုင္ခဲ့ၿပီး ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္ႏွက္ေစခဲ့တဲ့ ေအာင္ပြဲလည္းျဖစ္ပါတယ္။

၁၀- ၈၄ ႏွစ္အတြင္း ပထမဆုံးႏိုင္ပြဲနဲ႔ ဆုဖလားအမ်ားဆုံး

၂၀၂၁ ကိုပါအေမရိကဖလားကို ဘရာဇီးလ္ေျမမွာ အရယူခဲ့တဲ့ ေအာင္ပြဲကေတာ့ အာဂ်င္တီးနားတို႔အတြက္ ၈၄ ႏွစ္အတြင္း ကိုပါအေမရိကဗိုလ္လုပြဲမွာ ဘရာဇီးလ္ကို အႏိုင္ရခဲ့တဲ့ ပထမဆုံးႏိုင္ပြဲလည္း ျဖစ္ခဲ့သလို ကိုပါအေမရိကဖလားကို အမ်ားဆုံး ဆြတ္ခူးခဲ့တဲ့ အသင္းအျဖစ္ ဥ႐ုေဂြးနဲ႔အတူ ၁၅ ႀကိမ္စီနဲ႔ ရပ္တည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.