Premier League Transfer News

12 Jul နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က အင်္ဂလန်ရဲ့ ယူရိုဖိုင်နယ် ရှုံးနိမ့်မှုမှာ ပင်နယ်တီကန်ဖို့ တာဝန်တွေကို လက်ရှောင်ခဲ့ကြတဲ့ မန်စီးတီးတောင်ပံသမား ရာဟင်းမ် စတာလင်နဲ့ အစ်တီဟတ်ကို ရောက်လုဆဲဆဲ ဂျက်ခ် ဂရီးလစ်ရှ်တို့မှာ တာဝန်ရှိတယ်လို့ လက်ညှိုးထိုး ပြစ်တင်သွားခဲ့။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ ချီလီနဲ့ ကိုပါအမေရိကပွဲက ကန်ချက်ကြောင့် ဘွန်ဒက်စ်လီဂါကို ရောက်တော့မယ်လို့ လှောင်ပြောင်ခံနေရတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ဒီနွေရာသီမှာ ခေါ်ယူသွားလိုနေပြီး ပေါင်သန်း ၆၀ ကျော် ရရှိရင် ဘီဂီရီစတိန်းတို့အဖွဲ့ဘက်က လက်လွှတ်သွားဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားဟောင်း ရှောင် ဂုတ်တာက သူ့ရဲ့အသင်းဟောင်းအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပါဝင်နေတဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ အခိုင်အမာဆိုခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသွားခဲ့။

– ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အွန်ထွာ ဂရီးဇ်မန်းကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာကိုယ်တိုင် ကစားသမားကို ဆက်သွယ်ခဲ့ပြီး ကာတာလန်ကလပ်ရဲ့ ငွေကြေးလိုအပ်ချက်ကြောင့် သူ့အတွက် တောင်းဆိုတဲ့ဈေး တဖြည်းဖြည်း ပမာဏနည်းလာလိမ့်မယ်လို့ အစ်တီဟတ်ဘက်က ယုံကြည်နေ။

– မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အငှားထွက်ကစားချိန်မှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဖိလစ်ပီ ဆန်ဒလာကို ပထမအသင်းကြီးရဲ့ ခံစစ်ပိုင်းအတွက် ထည့်သွင်းစဉ်းစားသွားဖို့ရှိနေသလို လက်ရှိ ယူ-၂၃ မှာလည်း ကြံ့ခိုင်မှု တိုးတက်လာလို့ လာမယ့် ဘောလုံးရာသီမှာ အခွင့်အရေး ပေးသွားဖို့ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်ဟာ အများကြီး စွမ်းဆောင်ခဲ့ပေမယ့် ထိုက်သင့်တဲ့ ချီးကျူးမှုမရခဲ့ကြောင်းနဲ့ အခြားကစားသမားတွေကတော့ နည်းနည်းပဲ စွမ်းဆောင်ပေမယ့် အများကြီး ချီးကျူးခံနေရကြောင်း စပါးစ်ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်က ပြောသွားခဲ့ကြောင်းသိရ။

– စပါးစ်အသင်းဘက်က ပေါင်သန်း ၁၀၀ ကျော်အထိ တောင်းဆိုထားတာကြောင့် ဟာရီကိန်းကို ခေါ်ယူဖို့ တွန့်ဆုတ်နေပြီး ၂၇ နှစ်အရွယ် အထောင်တိုက်စစ်မှူးစစ်စစ်အစား တောင်ပံတွေနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေပါ ကစားနိုင်မယ့် တိုက်စစ်ကစားသမားကို မန်ချက်စတာစီးတီးက ပြောင်းလဲရှာဖွေနေပြီလို့ သတင်းထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္က အဂၤလန္ရဲ႕ ယူ႐ိုဖိုင္နယ္ ရႈံးနိမ့္မႈမွာ ပင္နယ္တီကန္ဖို႔ တာဝန္ေတြကို လက္ေရွာင္ခဲ့ၾကတဲ့ မန္စီးတီးေတာင္ပံသမား ရာဟင္းမ္ စတာလင္နဲ႔ အစ္တီဟတ္ကို ေရာက္လုဆဲဆဲ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔မွာ တာဝန္ရွိတယ္လို႔ လက္ညႇိဳးထိုး ျပစ္တင္သြားခဲ့။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ခ်ီလီနဲ႔ ကိုပါအေမရိကပြဲက ကန္ခ်က္ေၾကာင့္ ဘြန္ဒက္စ္လီဂါကို ေရာက္ေတာ့မယ္လို႔ ေလွာင္ေျပာင္ခံေနရတဲ့ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ဒီေႏြရာသီမွာ ေခၚယူသြားလိုေနၿပီး ေပါင္သန္း ၆၀ ေက်ာ္ ရရွိရင္ ဘီဂီရီစတိန္းတို႔အဖြဲ႕ဘက္က လက္လႊတ္သြားဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကစားသမားေဟာင္း ေရွာင္ ဂုတ္တာက သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ အဂၤလန္အသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ ပါဝင္ေနတဲ့ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ အခိုင္အမာဆိုခဲ့ေၾကာင္း Mirror သတင္းဌာနက ေဖာ္ျပသြားခဲ့။

– ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္ကစားသမား အြန္ထြာ ဂရီးဇ္မန္းကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာကိုယ္တိုင္ ကစားသမားကို ဆက္သြယ္ခဲ့ၿပီး ကာတာလန္ကလပ္ရဲ႕ ေငြေၾကးလိုအပ္ခ်က္ေၾကာင့္ သူ႔အတြက္ ေတာင္းဆိုတဲ့ေဈး တျဖည္းျဖည္း ပမာဏနည္းလာလိမ့္မယ္လို႔ အစ္တီဟတ္ဘက္က ယုံၾကည္ေန။

– မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အငွားထြက္ကစားခ်ိန္မွာလည္း ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဖိလစ္ပီ ဆန္ဒလာကို ပထမအသင္းႀကီးရဲ႕ ခံစစ္ပိုင္းအတြက္ ထည့္သြင္းစဥ္းစားသြားဖို႔ရွိေနသလို လက္ရွိ ယူ-၂၃ မွာလည္း ႀကံ့ခိုင္မႈ တိုးတက္လာလို႔ လာမယ့္ ေဘာလုံးရာသီမွာ အခြင့္အေရး ေပးသြားဖို႔ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ဟာ အမ်ားႀကီး စြမ္းေဆာင္ခဲ့ေပမယ့္ ထိုက္သင့္တဲ့ ခ်ီးက်ဴးမႈမရခဲ့ေၾကာင္းနဲ႔ အျခားကစားသမားေတြကေတာ့ နည္းနည္းပဲ စြမ္းေဆာင္ေပမယ့္ အမ်ားႀကီး ခ်ီးက်ဴးခံေနရေၾကာင္း စပါးစ္ကြင္းလယ္လူေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က ေျပာသြားခဲ့ေၾကာင္းသိရ။

– စပါးစ္အသင္းဘက္က ေပါင္သန္း ၁၀၀ ေက်ာ္အထိ ေတာင္းဆိုထားတာေၾကာင့္ ဟာရီကိန္းကို ေခၚယူဖို႔ တြန႔္ဆုတ္ေနၿပီး ၂၇ ႏွစ္အ႐ြယ္ အေထာင္တိုက္စစ္မႉးစစ္စစ္အစား ေတာင္ပံေတြနဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြပါ ကစားႏိုင္မယ့္ တိုက္စစ္ကစားသမားကို မန္ခ်က္စတာစီးတီးက ေျပာင္းလဲရွာေဖြေနၿပီလို႔ သတင္းထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.