Premier League

ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးအသင္းေခါင္းေဆာင္ကို ေရြးခ်ယ္လုိက္တဲ့ ရွီးရား

ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ရွင္ ဂႏၴဝင္တုိက္စစ္မွဴးေဟာင္း အလန္ ရွီးရားက ဒီအမွတ္ေပးၿပဳိင္ပြဲရဲ႕ အသင္း ၂၀ မွာ ကစားေနၾကတဲ့အထဲမွာ အေကာင္းဆုံးအသင္းေခါင္းေဆာင္ဟာ လီဗာပူးလ္အသင္းရဲ႕ ေဂ်ာ္ဒန္ ဟန္ဒါဆန္ပဲျဖစ္တယ္လို႔ ယုံၾကည္ေနေၾကာင္း ေျပာၾကားလုိက္ပါတယ္။

လီဗာပူးလ္အသင္းကို ၂၀၁၁ ခုႏွစ္မွာ ေရာက္ရွိလာခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ အသင္ေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ရဲ႕ ရာထူးကို ဆက္ခံခဲ့တဲ့ ဟန္ဒါဆန္ဟာ ဒီရာသီမွာ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုနဲ႔ PFA အေကာင္းဆုံးဆုေတြကိုပါ ရရွိဖို႔ ေရပန္းစားေနခဲ့သူလည္းျဖစ္ပါတယ္။

ဘရန္ဒန္ ေရာ့ဂ်ားစ္လက္ထက္က အသင္းမွာ အံမဝင္ဘဲျဖစ္ေနခဲ့တဲ့ ဟန္ဒါဆန္ဟာ အဲ့ဒီတုန္းက ဖူလ္ဟမ္ကို ေရာင္းခ်ခံရဖို႔ နီးစပ္ခဲ့ေပမယ့္ ျငင္းဆန္ၿပီး ဆက္ေနခဲ့တာဟာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္ခဲ့သလို ၿပီးခဲ့တဲ့ ၁၈ လအတြင္းက စြမ္းေဆာင္ရည္နဲ႔ ေခါင္းေဆာင္မွဳက သူ႕ကို ထိပ္တန္းအဆင့္ကစားသမားတစ္ဦးအျဖစ္လည္း ရွဳျမင္ရေစပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ အဂၤလန္ကြင္းလယ္လူဟာ အသင္းေခါင္းေဆာင္ဆုိတဲ့ တာဝန္ကို ေကာင္းေကာင္းစီမံခန္႔ခြဲႏုိင္သူျဖစ္ၿပီး ဘယ္အရာကမွ သူ႕ရဲ႕ အခန္းက႑ကို ပ်က္ယြင္းေအာင္မလုပ္ႏိုင္သလို သူ႕ရဲ႕ေျခစြမ္းဟာ အသင္းေခါင္းေဆာင္ျဖစ္ၿပီးမွေတာင္ ပုိမုိတုိးတက္လာခဲ့တယ္လို႔ ရွီးရားက သုံးသပ္လုိက္ပါတယ္။

“ကၽြန္ေတာ္ေျပာႏုိင္တာကေတာ့ ေဂ်ာ္ဒန္ဟာ ဘယ္တုန္းကမွ သူ႕ရဲ႕ ခံယူခ်က္၊ စိတ္ဓာတ္ပုိင္း၊ ဆႏၵျပင္းျပမွဳအတြက္ ခင္ဗ်ားကို စိတ္ပ်က္ဖို႔ မရွိေစႏုိင္ပါဘူး။ အသင္းအတြက္ လုိက္လံေျပးလႊားေနမယ္၊ သူ႕အသင္းသားအတြက္ ကာကြယ္ေပးဖို႔ အသင့္ရွိမယ္၊ ေဘာလုံးကို ပထမဆုံးရယူမယ္… မရရင္ေတာင္ ဒုတိယ၊ တတိယအႀကိမ္ ဆက္လက္လုယူဖို႔ ႀကဳိးစားဦးမယ့္ပုံစံဟာ ကၽြန္ေတာ့္အတြက္ေတာ့ အျမဲတမ္း အေကာင္းဆုံးျဖစ္ေနမွာပါပဲ”လို႔ အလန္ ရွီးရားက DAZN ရဲ႕ စကားဝိုင္းမွာ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAZN & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဂန္ထဝင်တိုက်စစ်မှူးဟောင်း အလန် ရှီးရားက ဒီအမှတ်ပေးပြိုင်ပွဲရဲ့ အသင်း ၂၀ မှာ ကစားနေကြတဲ့အထဲမှာ အကောင်းဆုံးအသင်းခေါင်းဆောင်ဟာ လီဗာပူးလ်အသင်းရဲ့ ဂျော်ဒန် ဟန်ဒါဆန်ပဲဖြစ်တယ်လို့ ယုံကြည်နေကြောင်း ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းကို ၂၀၁၁ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အသင်ခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ရဲ့ ရာထူးကို ဆက်ခံခဲ့တဲ့ ဟန်ဒါဆန်ဟာ ဒီရာသီမှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ PFA အကောင်းဆုံးဆုတွေကိုပါ ရရှိဖို့ ရေပန်းစားနေခဲ့သူလည်းဖြစ်ပါတယ်။

ဘရန်ဒန် ရော့ဂျားစ်လက်ထက်က အသင်းမှာ အံမဝင်ဘဲဖြစ်နေခဲ့တဲ့ ဟန်ဒါဆန်ဟာ အဲ့ဒီတုန်းက ဖူလ်ဟမ်ကို ရောင်းချခံရဖို့ နီးစပ်ခဲ့ပေမယ့် ငြင်းဆန်ပြီး ဆက်နေခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ၁၈ လအတွင်းက စွမ်းဆောင်ရည်နဲ့ ခေါင်းဆောင်မှုက သူ့ကို ထိပ်တန်းအဆင့်ကစားသမားတစ်ဦးအဖြစ်လည်း ရှုမြင်ရစေပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟာ အသင်းခေါင်းဆောင်ဆိုတဲ့ တာဝန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်သူဖြစ်ပြီး ဘယ်အရာကမှ သူ့ရဲ့ အခန်းကဏ္ဍကို ပျက်ယွင်းအောင်မလုပ်နိုင်သလို သူ့ရဲ့ခြေစွမ်းဟာ အသင်းခေါင်းဆောင်ဖြစ်ပြီးမှတောင် ပိုမိုတိုးတက်လာခဲ့တယ်လို့ ရှီးရားက သုံးသပ်လိုက်ပါတယ်။

“ကျွန်တော်ပြောနိုင်တာကတော့ ဂျော်ဒန်ဟာ ဘယ်တုန်းကမှ သူ့ရဲ့ ခံယူချက်၊ စိတ်ဓာတ်ပိုင်း၊ ဆန္ဒပြင်းပြမှုအတွက် ခင်ဗျားကို စိတ်ပျက်ဖို့ မရှိစေနိုင်ပါဘူး။ အသင်းအတွက် လိုက်လံပြေးလွှားနေမယ်၊ သူ့အသင်းသားအတွက် ကာကွယ်ပေးဖို့ အသင့်ရှိမယ်၊ ဘောလုံးကို ပထမဆုံးရယူမယ်… မရရင်တောင် ဒုတိယ၊ တတိယအကြိမ် ဆက်လက်လုယူဖို့ ကြိုးစားဦးမယ့်ပုံစံဟာ ကျွန်တော့်အတွက်တော့ အမြဲတမ်း အကောင်းဆုံးဖြစ်နေမှာပါပဲ”လို့ အလန် ရှီးရားက DAZN ရဲ့ စကားဝိုင်းမှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAZN & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.